Wed. Oct 27th, 2021

ဗီယက်နမ်နိုင်ငံအကြောင်း ဖော်ပြလာတဲ့ ကမ္ဘာလှည့်ခရီးသွားဓာတ်ပုံဆရာတစ်ဦးရဲ့ ရက်ပေါင်း (၂၁၀)ကြာ အာရှခရီးစဉ်

Dima Gilitukha ဟာ သူ၏သိပ္ပံနောက်ခံဗဟုသုတများကိုထူးခြားဆန်းပြားသောနိုင်ငံများသို့ ရှည်လျားသောလေ့လာရေးခရီးများနှင့်ပေါင်းစပ်ကာအောင်မြင်သော ဓာတ်ပုံဆရာတစ်ဦးဖြစ်ပါတယ်။ တောမီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ သူ၏သုတေသနတစ်စိတ်တစ်ပိုင်းဖြစ်သော Gilitukha ၏ဓာတ်ပုံဇာတ်လမ်းတွဲဟာလည်း Depositphotos မှာသူ့ကိုလူသိများစေခဲ့ပါတယ်။

 

Dima ဟာမကြာသေးမီကအာရှတွင်ရက်ပေါင်း ၂၁၀ ကြာနေခဲ့ပြီးဗီယက်နမ်၌ ၁ လနေခဲ့ပါတယ် ။ ခရီးတလျှောက်သူ့ရဲ့ ကင်မရာနှင့်မှန်ဘီလူးအစုံကိုယူဆောင်ခဲ့ပြီး ဓာတ်ပုံဆရာရဲ့ရည်ရွယ်ချက်ကခရီးသွားနေတဲ့အချိန်မှာစတော့ရှယ်ယာတွေဖန်တီးဖို့ပါပဲ။

 

 

ဗီယက်နမ်မှသူ့ရဲ့အ‌တွေ့အကြုံတွေအကြောင်းမေးခွန်းအနည်းငယ်မေးဖို့နဲ့အကောင်းဆုံးရိုက်ချက်အချို့ကိုဝေမျှဖို့ အတွက်ဆက်သွယ်မေးမြန်းထားပါတယ်။

Dima Gilitukha က သူ့ကိုယ်သူခရီးသွားဓာတ်ပုံဆရာဟုခေါ်သော်လည်းတစ်ခါတစ်ရံ customer များအတွက်လဲ ဓာတ်ပုံရိုက်ပေးပါတယ်။ သူရဲ့အသက်မွေးဝမ်းကြောင်းမှုကို သူက -“ ငါက ငါ့ရဲ့ပတ်ဝန်းကျင်ကို မှတ်တမ်းတင်တယ်။

အဲဒါတွေကပုံတူတွေ၊ ဗိသုကာဓာတ်ပုံရိုက်တွေ ဒါမှမဟုတ် ရှုခင်းတွေလဲ ဖြစ်နိုင်တယ်” လို့ရှင်းပြပါတယ်။

 

ဗီယက်နမ်ဟာ Dima ရဲ့အာရှခရီးစဉ်တွင်အလည်အပတ်သွားရန်စီစဉ်ထားသောနိုင်ငံများစာရင်းတွင် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သူကတောင်ပိုင်းမှ မြောက်ပိုင်း သို့ခရီး ထွက်ပြီး သူတို့၏မျိုးနွယ်စုမျိုးစုံကို နေထိုင်လေ့လာခဲ့ပါတယ်။

 

သူက ဟိုချီမင်း၊ ဟနွိုင်း၊ Can Tho နှင့်အခြားမြို့ကြီးများသို့လည်းသွားရောက်ခဲ့ပြီးသူ၏ခရီးစဥ်တစ်လျှောက် ရိုက်ကူးထားသောဓာတ်ပုံများဖြင့် ဆွဲဆောင်မှုရှိသောခရီးသွားဘလော့ဂ်ကိုဖန်တီးခဲ့ပါတယ်။

 

Dima သည်မဲခေါင်မြစ်ဝကျွန်းပေါ်ရှိ Can Tho ရွာလေးမှ သူ၏ခရီးကိုစတင်ခဲ့ပါတယ် ။ ဤဒေသဟာ ရေပေါ်ရွာများနှင့်ကမ္ဘာကျော် Cai Rang စျေးကွက်တို့ကြောင့်ကျော်ကြားပါတယ်။

ထို့နောက်သူက မြောက်ဘက်သို့ခရီးထွက်ခဲ့ပြီး သူအနားယူသော Hoi An ဟုခေါ်သောတရုတ်မြို့တစ်မြို့မှ နို့ဆီနှင့်ဗီယက်နမ်ကော်ဖီတို့ကိုနှစ်သက်သွားပါတယ်။

 

Dima က ကမ္ဘာ့အကြီးဆုံး Hang Son Doong လှိုဏ်ဂူဖြစ်သော Phong Nha-Ke Bang အမျိုးသားဥယျာဉ်ကို လည်း ရောက်ခဲ့ပြီး ဤဒေသရှိလိုဏ်ဂူငယ်များနှင့်မြေအောက်ဥမင်လိုဏ်ခေါင်းဒါဇင်ပေါင်းများစွာကိုကမ္ဘာလှည့်ခရီးသွားများနှင့် speleologists များလာရောက်ကြည့်ရှုနိုင်ကြောင်းလည်း ပြောပြပါတယ်။

Ha Long Bay ရှိ Cat Ba Island ကတော့ Dima ခရီးစဉ်ရဲ့အရေးပါသောမှတ်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်။ ဤဒေသဟာ ယူနက်စကိုမှမှတ်တမ်းတင်ကာကွယ်ထား သောသဘာဝအံ့ဖွယ်များထဲမှတစ်ခုဖြစ်ပြီး မြင့်မားသောပင်လယ်အော် ၊ လှပသောကျောက်ဆောင်များဖြင့်ဘောင်ခတ်ထားပြီး လုံးဝကြည်လင်နေသောရေ တို့ကြောင့်ကျော်ကြားပါတယ်။

ကမ္ဘာတစ်ဝှမ်းမှခရီးသွားများကလည်း ရှုခင်းများကြည့်ရှုရန်၊ လှေစီးအပန်းဖြေရန်၊ ကမ်းခြေတွင်အပန်းဖြေရန်နှင့်ဒေသခံတံငါသည်များဖမ်းသောငါးများကိုမြည်းစမ်းရန် Ha Long Bay သို့ လာရောက် လည်ပတ်ကြပါတယ်။

ကျေးလက်တွင်ရက်အနည်းငယ်ကြာပြီးနောက်ဓာတ်ပုံဆရာသည်ဟနွိုင်းသို့ သွား ရောက်ခဲ့ပါတယ်။ ဤနေရာတွင်လူများက နံနက်ခင်းလေ့ကျင့်ခန်းများဖြင့် နေ့သစ်ကိုစတင်ကြပါတယ်။

ဗီယက်နမ်ဟာ ခရီးသွားများအတွက် ခရီးသွားအရသာအပြည့်အဝ ခံစားနိုင်စေရန် စီစဉ်ထားပါတယ်။ အတွေ့အကြုံမရှိလျှင်တောင် ဘတ်ဂျက်အနည်းငယ်ဖြင့် ဒေသခံယဉ်ကျေးမှုနှင့်သဘာဝကိုစူးစမ်းနိုင်ပြီး နေရာအများအပြားနှင့် ဈေးမကြီးသောလမ်းဘေးအစားအစာများလည်းရှိပါတယ်။

Dima ဟာ Sapa တောင်တန်းရွာ၌ရက်ပေါင်းများစွာနေခဲ့ပြီး Hmong အနွယ်ဝင်များနှင့်လည်းမကြာခဏတွေ့ဆုံခဲ့ရပါသေးတယ်။
တောင်တန်းများတွင်နေထိုင်သောလူမျိုးစုများသည် Can Cau Saturday Market တွင်တစ်လလျှင်တစ်ကြိမ် ကုန်ပစ္စည်းနှင့်သတင်းဖလှယ်ရန် နေရာတွင်စုရုံးလေ့ရှိကြပါတယ်။

ဗီယက်နမ်ဟာ လှည့်လည်သွားလာရန်လွယ်ကူပြီး ကောင်းမွန်သောသယ်ယူပို့ဆောင်ရေးစနစ် ကြောင့် သင့်အား မြို့များ၊ အခြေချနေထိုင်မှုများနှင့်ခရီးသွားဆွဲဆောင်မှုများကို ခံစားနိုင်မှာပါ။ ဘတ်စ်ကားများကလည်း ဗီယက်နမ်တစ်ဝန်းခရီးသွားရာတွင်အလွန်သက်တောင့်သက်သာဖြစ်စေပါတယ်။

Can Tho ရှိရေပေါ်ကျေးရွာများဟာ Dima ၏အကြီးမားဆုံး ရှာဖွေတွေ့ရှိမှုတစ်ခုဖြစ်ပြီး ဒေသခံများသည်အစားအစာချက်ပြုတ်ခြင်း၊ ကလေးများပြုစုပျိုးထောင်ခြင်းနှင့်နေ့စဉ်ဓလေ့ထုံးတမ်းများကို ရေပေါ်တွင်ပြုလုပ်ကြသည်ကိုအံ့သြဖွယ်တွေ့ရှိခဲ့ရပါတယ်။

 

Dima က ဒုတိယအပတ်တွင် Hoi An သို့သွားခဲ့ပြီး သေးငယ်သော်လည်း သက်တောင့်သက်သာရှိသော ဤမြို့လေးက ခရီးသွားများအား ဖော်ရွေသော ပတ်ဝန်းကျင်နှင့်ဆွဲဆောင်ထားပါတယ်။

လမ်းကျဉ်း‌လေးများကို မီးအိမ်များဖြင့်အလှဆင်ထားပြီးစိတ်ရွှင်လန်းစေမယ့် အရောင်များဖြင့်ခြယ်သထားတဲ့အပြင် acoustic ဂီတသံကို လည်း နေရာတိုင်းမှာ သင်ကြားနိုင်ပါတယ်။

Dima အတွက်ဒေသခံများနှင့်ဆက်သွယ် ပြောဆိုရာမှာတော့ ခက်ခဲခဲ့ပြီး မျက်နှာအမူအရာများကိုအာရုံစိုက်ကာ နားလည်မှုယူနိုင်ရန် အဓိကကြိုးစားခဲ့ပါတယ်။

တစ်ခါတစ်ရံ စကားစမြည်ပြောဆိုခြင်းအားဖြင့်လည်း သူ့အပေါ်လူတွေ၏သဘောထားကိုနားလည်အောင် ကြိုးစားကြည့်ခဲ့ပါသေးတယ်။

မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှပုံများကတော့ Dima ၏အကြိုက်ဆုံးများထဲမှတစ်ခုဖြစ်ပါတယ် -“ ဒီကလေးတွေကိုကြည့်လိုက်ပါ။ သူတို့ကကမ္ဘာပေါ်ရှိအလှဆုံးနေရာများထဲမှာကြီးပြင်းလာခဲ့ကြသော်လည်းအများစုကကုန်းပေါ်မရောက်ခဲ့ဖူးပါဘူး။

နေ့တိုင်းသူတို့ကရေအေးနဲ့ရေချိုးပြီးဘဝကိုပျော်ရွှင်ကြတယ်။ ဒေသခံတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါငါသတိထားမိတဲ့အရာကမျိုးနွယ်စုရိုးရာဓလေ့ထုံးတမ်းတွေကိုသူတို့ရဲ့ဆပ်ကကိုးကွယ်မှုကလည်း ငါ့ကို သဘောကျစေတယ် ” – လို့ပြောပါတယ်။

ဒေသခံများက လူစိမ်းများနှင့်မကြာခဏအဆက်အသွယ်မရသော်လည်း Dima သည်သူတို့နှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခုဖန်တီးနိုင်ခဲ့ပါတယ်။ ခြေလျင်ခရီးတစ်ခုသွားကယ အချို့သော လူမျိုးစု ၀င်များနှင့်တွေ့ဆုံခဲ့ပြီးမကြာမီ ရင်းနှီးကျွမ်းဝင်သွားခဲ့ပါတယ်။

Black Hmong နှင့် Red Dzao မျိုးနွယ်စုများသည်အတူတကွနေထိုင်ကြသော်လည်းမတူညီသောဘာသာစကားများကိုပြောဆိုကြပါတယ် ။

အမျိုးသမီးများသည်လက်မှုပညာများ ပြုလုပ်၍ ယောက်ျားများသည်ဆန်စပါးစိုက်ပျိုးကြပါတယ်။ သူတို့ရွာတွေကို တော့ စပါးခင်းတွေနဲ့ဖုံးလွှမ်းထားတဲ့ လှပတဲ့တောင်စောင်းတွေကပတ်လည်ဝိုင်းနေတယ်” ဟု Dima ကကျွန်ုပ်တို့အားပြောကြားခဲ့ပါတယ်။

Dima သည် Depositphotos နဲ့တွဲလုပ်နေသည်မှာ ၆ နှစ်ကျော်ပြီဖြစ်ပါတယ်။ ဓာတ်ပုံစတော့ရှယ်ယာများက သူ၏ကင်မရာမှန်ဘီလူးမှတဆင့်ကမ္ဘာကြီးကိုစူးစမ်းရန်လှုံ့ဆော်ပေးကြောင်း၊ သူ၏ဓာတ်ပုံရိုက်ကူးမှုတိုးတက်စေရန်နှင့်ပရော်ဖက်ရှင်နယ်ဆန်စွာတိုးတက်လာကြောင်းဝန်ခံခဲ့သည်။

ဓာတ်ပုံဆရာများအနေနှင့်ဇွန်လ အချိန်အခါများတွင်ဗီယက်နမ်သို့ အလည်အပတ်သွားရန်အကြံပြုလိုပါတယ်။ ခရီးသွားတစ် ဦးအနေနှင့်ထိုအရပ်၌နေထိုင်ကြ သောအံ့သြဖွယ်လူသားများမှတစ်ဆင့် တိုင်းပြည်ကို ကမ္ဘာကသိရန်လှုံ့ဆော်ပေးလိုကြောင်းလဲ သူက ပြောကြားခဲ့ပါတယ်။

 

Source Brightside

Written One Daily Media

One Daily Media Copyright © 2021 ကျွန်တော်တို့ကိုယ်တိုင်ဘာသာထားတဲ့အတွက် တခြား websiteမှာကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

 

Leave a Reply

Your email address will not be published. Required fields are marked *