Tue. Oct 26th, 2021

ကလေးငယ်များ၏ စိတ်ကျန်းမာရေးကို ထိခိုက်စေမည့် အပြစ်ဒဏ်များအတွက် သတိပြုဖွယ်များ

ကလေးအထူးကုများ‌ရော နှင့်စိတ်ပညာရှင်များကပါ ကလေးငယ်များအပေါ် ရုပ်ပိုင်းဆိုင်ရာအပြစ်ပေးခြင်းများဟာ ကလေးအား ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါများစွာထိခိုက်စေ ကြောင်းအတည်ပြုပြောဆိုထားပါတယ်။

စစ်တမ်းတစ်ခုအရလွန်ခဲ့သော ၂၅ နှစ်အတွင်းမိဘ ၈၀% ဟာ ၎င်းတို့၏ကလေးများအားရိုက်နှက်ဆုံးမကြပြီး ယနေ့ခေတ်တွင် တော့ ၆၇ ရာခိုင်နှုန်းခန့်သာ ရှိတော့တာကြောင့် ရာခိုင်နှုန်း လျော့ကျလာသော်လည်း ထပ်မံလျော့ကျနိုင်ရန် များစွာလိုအပ်နေပါသေးတယ်။

ဒါဟာလျစ်လျူရှူထားလို့မရတဲ့ကိစ္စပဲဖြစ်ပါတယ်။ထို့ကြောင့် အရေးကြီးအချက်အလက်တချို့ကို စုစည်းဖော်ပြပေးလိုပါတယ်။

(၁) တစ်ချို့လူတွေဟာ ကလေးတွေကိုအနိုင်ကျင့်မိ‌နေတယ်လို့ပင် ကိုယ့်ကိုကိုယ်သံသယမ၀င်ကြပါဘူး။

ရုပ်ပိုင်းဆိုင်ရာစော်ကားမှုသည် ပုံစံအမျိုးမျိုးရှိနိုင်ပါတယ်။ အထင်ရှားဆုံးက‌တော့ ကလေးများကို ခါးပတ် (သို့) တုတ် ကဲ့သို့အရာဝတ္ထုဖြင့်ဖြစ်‌ စေ ၊ လက်နှင့်ဖြစ်‌စေ ရိုက်နှက်ခြင်းများဖြစ်ပါတယ် ။

ထို့အပြင် ရုပ်ပိုင်းဆိုင်ရာစော်ကားမှုအမျိုးအစားများတွင် ကလေးများကိုကိုင်‌ ဆောင့်ခြင်း၊ ဆံပင်ဆွဲခြင်း၊ နားအုံရိုက်ခြင်း ၊ မသက်မသာအနေအထားတွင်နေခိုင်းခြင်းတို့လည်း ပါဝင်ပါတယ်။

အတင်းအကြပ် ပါးစပ်ဆေးစေခြင်း၊ လက်ကိုဆေးခြင်း သို့မဟုတ် အတင်းအကျပ် အစာကျွေးခြင်း ကဲ့သို့သောအဓမ္မပြုကျင့်မှုများဟာလည်း လူအများထင်မှတ်မထားသည့် အခြားရုပ်ပိုင်းဆိုင်ရာစော်ကားမှုများဖြစ်ပါတယ်။

ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာမဟုတ်တဲ့ အခြားအနိုင်ကျင့်တဲ့ပုံစံတွေလည်းရှိပါသေးတယ်။ခြိမ်းခြောက်ခြင်း၊ အရှက်ခွဲခြင်း၊ လိမ်လည်ခြင်း၊ ကြောက်ရွံ့စေခြင်းနှင့်အော်ဟစ်ခြင်းတို့ပါဝင်တယ်။

လက်ဆုပ်လက်ကိုင် ပြစရာ ဒဏ်ရာမရပေမဲ့ နှုတ်ဖြင့်စော်ကားခြင်းသည်လည်း ကလေးများအတွက်အန္တရာယ်မနည်းလှပါဘူး။
လေ့လာမှုများအရ အသက် ၁၃ နှစ်မတိုင်မီနှုတ်ဖြင့် အနိုင်ကျင့်ခံရသောကလေးများဟာ နောက်ပိုင်းတွင်စိတ်ကျရောဂါလက္ခဏာများပိုခံစားရပါတယ် ။ကလေးများနှင့်မိဘများအကြား နွေးထွေးသောဆက်ဆံရေး ရှိသည်ပင်လျှင်စိတ်ကျ‌ရောဂါကိုမကာကွယ်နိုင်ပါဘူး။

(၂) ရိုက်နှက်အပြစ်ပေးခြင်းသည်အကြမ်းဖက်မှုအဖြစ်အများဆုံးပုံစံဖြစ်သည်။

ပထမဦးစွာ ၎င်းဟာ ကလေးတစ်ဦး၏အခြေခံလူ့အခွင့်အရေးကိုချိုးဖောက်တာပဲဖြစ်ပါတယ်။ ထို့အပြင် ကလေးများကိုတိုက်ရိုက်ထိခိုက်စေပြီးဒဏ်ရာဖြစ်နိုင်ခြေကိုလည်း မြင့်တက်စေပါတယ်။

ပေါ့ပေါ့ပါးပါး ရုပ်ပိုင်းဆိုင်ရာအပြစ်ပေးခြင်းကိုပင်လျှင် ဒေါသကြီးသောမိဘများကတစ်ခါတစ်ရံ ကိုယ့်ကိုကိုယ်မထိန်းနိုင်ကြပါဘူး။
မတရားအနိုင်ကျင့်ခံရသောကလေးများက နောင်တွင်ပိုမိုရန်လိုတတ်သည်ကိုတွေ့ရှိရပြီး ရိုက်နှက်ခြင်းသည်လည်း ထို့အတူပင်ဖြစ်ပါတယ်။

လေ့လာမှုတစ်ခုအရ ရုပ်ပိုင်းဆိုင်ရာအပြစ်ပေးခံရခြင်း၏ အကျိုးဆက်အဖြစ်အများဆုံး တွေ့ရပြီး ၅၄% သောကလေးများမှာ တွေ့ကြုံရပါတယ်။

(၃) ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုအပြင်စိတ်ကျန်းမာရေးကိုလည်းပျက်စီးစေပါတယ်

ဤအကျိုးဆက်များသည်ကလေးများနှင့်အတူရှိနေပြီး ကြီးပြင်းလာချိန်ထိ လိုက်ပါနှောင့်ယှက်နေမှာပါ ။

များစွာသောလေ့လာမှုများကအပြစ်ပေးခံရခြင်းဟာ စိတ်ကျန်းမာရေးအပေါ်ပြင်းထန်သောအကျိုးသက်ရောက်မှုရှိစေပြီး စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မိမိကိုယ်ကိုယုံကြည်မှုနည်းခြင်း၊ စိတ်ပိုင်းဆိုင်ရာမတည်ငြိမ်ခြင်းနှင့်မူမမှန် သောအမူအကျင့်များဖြစ်စေပါတယ်။


လေ့လာမှုတစ်ခုကလည်း ဤအရာဟာ အမှန်ဖြစ်ကြောင်းထပ်မံသက်သေပြခဲ့ပါတယ်။ သာမန်အားဖြင့်ရုပ်ပိုင်းဆိုင်ရာအပြစ်ဒဏ်အတွေ့အကြုံရှိသူများဟာ စိတ်ကျန်းမာရေးအကဲဖြတ်မှုနှင့်စိတ်ကျရောဂါစမ်းသပ်မှုများတွင်ပိုဆိုးသော ရလဒ်များထွက်ပေါ်တတ်ပါတယ်။

BONUS : ကလေးများနှင့်ဆက်ဆံနည်း

စိတ်ပညာရှင်များက သင့်တော်သောစည်းကမ်းနည်းလမ်းများ ပြောပြထားပါတယ်။

အချိန်‌ပေးခြင်း-ကလေးအား နှစ်မိနစ်လောက်သီးသန့်စိတ်အေးအေးထားပြီးစဉ်းစားစေပါ။ ထို့နောက်မှအခြေအနေကိုစိတ်ရှည်ရှည်ဆွေးနွေးနိုင်ပြီးဘာကြောင့်မကောင်းတာကိုရှင်းပြပေးရပါမယ်။

အခွင့်ထူးတစ်ခုကိုကန့်သတ်ပါ – သူတို့ကိုရိုက်နှက်မည့်အစား ကာတွန်းတစ်ရက်မကြည့်ရန်၊သကြားလုံးမစားရန် အစရှိသည့်အခွင့်ထူးတစ်ခုခုကို အမှားအတွက်ပေးဆပ်စေပါ။

ဤနည်းလမ်းများဟာ ထိရောက်ပြီးကလေးရဲ့ အပြုအမူများအပေါ် ရေရှည်အကျိုးသက်ရောက်မှုရှိ‌စေပါတယ်။ သာမန်ပြစ်ဒဏ်အသေးအမွှားတစ်ခုနှင့်ပင် သူတို့အပေါ်အကျိုးသက်ရောက်မှုရှိရန်လုံလောက်ပါသည်ဟု ကျွမ်းကျင်သူများကဆိုပါတယ်။

 

source Brightside

written One Daily Media

One Daily Media Copyright © 2021 ကျွန်တော်တို့ကိုယ်တိုင်ဘာသာထားတဲ့အတွက် တခြား websiteမှာကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

 

Leave a Reply

Your email address will not be published. Required fields are marked *