Tue. Oct 26th, 2021

မြောက်ကိုရီးယားတွင် တားမြစ်ထားသော အချက်(16)ချက်

တစ်ကမ္လာလုံးက မြောက်ကိုရီးယားနိုင်ငံအပေါ် စိတ်ဝင်စားမှုမြင့်တက်လာတာနဲ့အမျှ မြောက်ကိုရီးယား‌ေခါင်း‌ေဆာင်နှင့်အစိုးရများကလည်း တိုင်းတပါးယဉ်ကျေးမှုများ နိုင်ငံအတွင်းလွှမ်းမိုးမှုမရှိစေရန် ကြိုးစားကြလျက်ဖြစ်ပါတယ်။

ဒါတွေကပဲ မြောက်ကိုရီးယားကို စိတ်ဝင်စားမှု၊ စူစမ်းလိုစိတ်များ ပိုမြင့်တက်လာစေပါတယ်။
မြောက်ကိုရီးယားတွင် ပုံမှန်မဟုတ်သော တားမြစ်ချက်များကို စာဖတ်သူများ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါတယ်။

(၁၆) အနောက်တိုင်းဖက်ရှင်များ

မြောက်ကိုရီးယားခေါင်းဆောင် ကမ်ဂျုံအန်ဟာ တရုတ်နဲ့ထိစပ်နေတဲ့ ပြည်နယ်နှစ်ခုကလွဲလျှင် ဂျင်းမ်နှင့် အခြားအနောက်တိုင်း ဝတ်ဆင်ပုံများကို ပြင်းထန်စွာကန့်သတ်ထားပါတယ်။

(၁၅) Coca – Cola

မြောက်ကိုရီးယားမှာ သင် Coca Colaကို တွေ့ရမှာ မဟုတ်ပါဘူး။
ဒါပေမယ့် တရုတ်မှ ထုတ်လုပ်တဲ့ Cokeဘူးများကိုတော့ ပြုံးယမ်းမှ ဆိုင်တချို့တွင် ဝယ်ယူနိုင်ပါတယ်။

(၁၄) ဆံပင်စတိုင်

ကင်ကျုံအန်ဟာ မြောက်ကိုရီးယားအမျိုးသမီးများအတွက် ဆံပင်ပုံစံ

(၁၈)မျိုးနှင့် အမျိုးသားများအတွက် (၁၅)မျိုးကိုသာ တရားဝင်ညှပ်ခွင့်ပြုထားပါတယ်။ဒါအပြင် ဆံပင်ကိုပင်ကိုယ်အရောင်အတိုင်းသာ ထားခွင့်ရှိပြီး ဆေးဆိုးခွင့် လုံးဝမရှိပါ။

(၁၃) အမျိုးသမီးလစဉ်သုံးများ

တခါသုံးpadတွေနဲ့ Tamponတွေဟာ မြောက်ကိုရီးယားတွင် သုံးခွင့်မရှိပါဘူး။
အမျိုးသမီးများဟာ အဝတ်စနှင့်ပြုလုပ်ထားသော padကိုသာ ထပ်ခါထပ်ခါ အသုံးပြုကြရပါတယ်။

(၁၂) Condom
မြောက်ကိုရီးယားတွင် ကလေးမွေးဖွားနှုန်းကို ထိန်းချုပ်ခွင့်မရှိတာကြောင့် ကွန်ဒုံးကိုလည်း သင်အလွယ်တကူဝယ်နိုင်မှာ မဟုတ်ပါဘူး။ အရွယ်ရောက်ပြီးသား ယောက်ျားလေးများဟာ condomကို လက်ဆောင်အဖြစ်သာ ရရှိနိုင်ကြပါတယ်။

(၁၁)ပိုင်ဆိုင်မှု

မြောက်ကိုရီးယားအစိုးရသာလျှင် အိမ်ယာမြေအဆောက်အဦးများကို ငှားရမ်းရောင်ချနိုင်ခွင့်ရှိပြီး
သာမန်နိုင်ငံသားများတွင်တော့ တရားဝင်ငှားရမ်းရောင်းချနိုင်ခွင့်မရှိပါဘူး။

(၁၀) ဖိနပ်

သင်သာ မြောက်ကိုရီးယားတွင်ဆိုလျှင်တော့ ဒေါက်ဖိနပ်ကဲ့သို့သော ဖိနပ်အမျိုးမျိုးကို စီးခွင့်မရှိပါဘူး။
အမျိုးသမီးများဟာ လူမြင်ကွင်းသို့လာလျှင် သတ်မှတ်ထားသော ရှူးဖိနပ်တစ်မျိုးကိုသာ စီးခွင့်ရှိပါတယ်။
သို့သော် တရုတ်နှင့် နယ်ချင်းထိစပ်နေသော ပြည်နယ်များတွင်တော့ တရုတ်ထုတ် ဖိနပ်အမြင့်များကို တွေ့ရနိုင်ပါတယ်။

(၉) Christmas tree

မြောက်ကိုရီးယားဟာ ဘာသာမဲ့နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့် တခြားဘာသာများရဲ့ အသုံးအဆောင်ပစ္စည်း ( ဥပမာ- Christmasသစ်ပင်ကဲ့သို့သော)ကို ဝယ်ယူခြင်းက ပြစ်မှုမြောက်ပါတယ်။

(၈) Starbucks
ဘယ်ဘက်ကပုံကြောင့် သင်ထွေဝါးသွားနိုင်ပါတယ်။ဒါဟာ နိုင်ငံခြားသားခရီးသွားတစ်ဦးမှ အပျေယ်သဘောဖြင့်ရိုက်ကူးထားသော Fake photoတစ်ခုဖြစ်ပါတယ်။

မြောက်ကိုရီးယားတွင် Starbucksမရရှိနိုင်သလို ရိုးရိုးကော်ဖီကိုပင် ဆိုင်အနည်းငယ်မှာသာ ရရှိနိုင်ပါတယ်။

(၇)Cable TV
မြောက်ကိုရီးယားတွင် တရားဝင် ချန်နယ်လေးခုကိုသာရှိပြီး အခြားသောchannleများကိုလည်း ကြည့်ရှုခွင့်မရပါဘူး။

(၆)အနောက်တိုင်း မဂ္ဂဇင်းများ

အနောက်တိုင်းနိုင်ငံများမှ လူနေမှု အဆင့်အတန်းနှင့် ယဉ်ကျေးမှုများပါရှိသော မဂ္ဂဇင်းမျိုးဖတ်ခွင့်မရှိပါ။
မြောက်ကိုရီးဟား၏ နိုင်ငံရေးနှင့် ပညာရေးအကြောင်းအရာသာ ပါရှိသော နိုင်ငံထုတ်စာစောင်ကိုသာ ဖတ်ရှုခွင့်ရှိပါတယ်။

(၅) Wi-fiနှင့် နိုင်ငံတကာဖုန်ခေါ်ဆိုမှုများ

လူဦးရေ (၁၅)သန်းကျော်ရှိသည်ကို (၁)သန်းလောက်သာလျှင် လက်ကိုင်ဖုန်းပိုင်ဆိုင်ကြပြီး နိုင်ငံအတွင်းသာခေါ်ဆိုခွင့်ရှ်ိသော 3G networkကိုသာ အသုံးပြုနိုင်ပါတယ်။ နိုင်ငံခြားသားခရီးသွားများကတော့ နိုင်ငံအတွင်းသို့မဝင်ခင် နိုင်ငံတကာဖုန်းခေါ်ဆိုမှု ပြုလုပ်နိုင်သော SIM cardကိုဝယ်ယူနိုင်ပါတယ်။

(၄)ရှိုးပွဲလက်မှတ်များ

မြောက်ကိုရီးယားတွင် Laibachဟုခေါ်သော Music Bandတစ်ခုထဲသာလျှင် တရားဝင်ဖျော်ဖြေခွင့်ရှိပြီး တောင်ကိုရီးယားမှ အနုပညာရှင် အနည်းငယ်သာ တခါတရံလာရောက်ဖျော်ဖြေခွင့်ရရှိပါတယ်။

(၃) Apple Productများ
Appleကဲ့သို့ အဆင့်မြင့်ခေတ်မှီနည်းပညာ deciceများသုံးစွဲခွင့်မရှိပဲ နိုင်ငံထုတ် tablet PCတစ်ခုထဲကိုသာ အသုံးပြုခွင့်ရှိပါတယ်။

(၂)Sport Carများ

မြောက်ကိုရီးယားတွင် လုံးဝဝယ်ယူ၍မရနိုင်တာကတော့ အဆင့်မြင့်ဇိမ်ခံကားများပင်ဖြစ်ပါတယ်။

(၁)နိုင်ငံခြားသို့ ခရီးသွားခွင့်

အခြားနိုင်ငံသို့ ခရီးသွားခြင်းဟာ သာမန်လူ့အခွင့်အရေးတစ်ခုဖြစ်ပေမယ့် မြောက်ကိုရီးယားနိုင်ငံမှာတော့ နိုင်ငံတော် အရေးကိစ္စမဟုတ်လျှင် နိုင်ငံတပါးသို့ သွားရောက်ခွင့်မရှိပါဘူး

သင်သာဆိုရင်ကော ဒီလိုပညက်ချက်များနှင့် မြောက်ကိုရီးယားနိုင်ငံတွင် နေထိုင်‌နိုင်မည်ထင်ပါသလား။သင်လေ့လာမှတ်သားဖူးသော မြောက်ကိုရီးယားရဲ့ တခြားပညက်ချက်များရှိပါလျှင် Comment sectionတွင် ဝေမျှပေးသွားပါအုန်းနော်

Leave a Reply

Your email address will not be published. Required fields are marked *