One Daily News

ဂျပန်လူမျိုးများ ထမင်းစားရာတွင် ထိုင်ခုံကို မသုံးမပြုဘဲ ကြမ်းပြင်တွင်သာထိုင်းရခြင်း၏ အကြောင်းအရင်းများ

ဂျပန်လူမျိုးများ ထမင်းစားရာတွင် ထိုင်ခုံကို မသုံးမပြုဘဲ ကြမ်းပြင်တွင်သာထိုင်းရခြင်း၏ အကြောင်းအရင်းများ

ကျွန်တော်တို့ဟာ တစ်နေ့တာရဲ့ အချိန်အများစုကို ထိုင်ခုံပေါ်တွင်ထိုင်၍ ကုန်ဆုံးကြရပါတယ်။အလုပ်တွင်လည်းကောင်း၊ ကားပေါ်တွင်လည်းကောင်း၊ ထမင်းစားပွဲတွင်လည်းကောင်း စသည်ဖြင့် ထိုင်ခုံကိုများစွာအသုံးပြုကြပါတယ်။သို့သေည် ဂျပန်လူမျိုးအများစုကတော့ အစားစားချိန်တွင် ထိုင်ခုံကိုအသုံးမပြုဘဲ ကြမ်းပြင်ပေါ်တွင်သာထိုင်၍ စားသုံးကြပါတယ်။

ဂျပန်နိုင်ငံရဲ့ အဆင့်မြင့်ကြယ်(၅)ပွင့် စားသောက်ဆိုင်ကြီးများမှာပင် ထိုင်ခုံကိုအသုံးပြုတာတွေ့ရခဲပါတယ်။ဒါကြောင့် ဒီတခါမှာ ဂျပန်လူမျိုးများ ကျင့်သုံးကြမ်းပြင်ပေါ်တွင်ထိုင်၍ အစာစားရခြင်းရဲ့ ကောင်းကျိုးများကို လေ့လာကြည့်လိုက်ကြရအောင်။

(၁) အစာခြေဖျက်မှုကို အထောက်အကူဖြစ်စေခြင်း။

ဒူးထောက်ထိုင်၍ အစာစားခြင်းဟာ တချိန်တည်းမှာပဲ ယောဂကျင့်စဉ်တစ်မျိုးကို ပြုလုပ်ပေးပါတယ်။ Sukhasana လို့ခေါ်တဲ့ ဒီအနေအထားဟာ အစာအိမ်ဆီသို့ သွေးစီဆင်းမှုနှုန်းကို မြင့်တင်ပေးပြီး အစာကို အလွယ်တကူခြေဖျက်နိုင်အောင်
ကူညီပေးပါတယ်။

(၂)သင့်ရဲ့ အလေးချိန် (Weight)ကို ထိန်းပေးနိုင်ခြင်း

ကြမ်းပြင်ပါ်တွင်ထိုင်၍ အစာစားခြင်းဟာ Vagus Nerveရဲ့လုပ်ဆောင်ချက်ကို မြှင့်တင်ပေးနိုင်ပါတယ်။ သင့်ရဲ့အစာခြေအဖွဲ့အစည်းက ကောင်းမွန်စွာအစာ‌‌ေခြဖျက်နိုင်တဲ့အခါ leptinလို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို လျင်မြန်စွာထုတ်လုပ်ပေးပါတယ်။ထိုဟော်မုန်းက Vagus Nerveကိုသင်ဗိုက်ပြည့်ပြီဖြစ်ကြောင်း အချက်လှန်းပြတဲ့ပေးတာကြောင့် သင့်ကိုအစာအများကြီးစားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

(၃)သင့်ကို ပို၍ သက်သောင့်သက်သာရှိစေပါတယ်။

ထိုင်ခုံပေါ်တွင်ထိုင်ခြင်းက သင့်ရဲ့ကျောပြင်ကို နာကျင်စေနိုင်ပြီး ကျောရိုးအတွင်းရှိ အရိုးနုလွှာလေးတွေကို ပျက်စီးစေနိုင်ပါတယ်။
ဒူးထောက်တင်ချ၍ ကြမ်းပြင်ပေါ်တွင်ထိုင်ခြင်းက သင့်၍ ဒူးနဲ့တင်ပါးရှိ အကြောများကို ဖြေလျော့ပေးပြီး သင့်၍ကျောပြင်နှင့် ပုခုံးကိုပိုမိုသန်မာလာစေနိုင်ကာ ပို၍ သက်သောင့်သက်သာရှိစေပါတယ်။

(၄)အရိုးအဆစ်တွေကို ပို၍ ကျန်းမာလာစေနိုင်ခြင်း။

ထိုင်ခုံးပေါ်တွင် အချိန်ကြာမြင့်စွာ ထိုင်ခြင်းက သင့်ရဲ့တင်ပါးကို ပုံပျက်စေလာနိုင်ပါတယ်။ ကြမ်းပြင်ပေါ်တွင် ဒူးထောက်၍ထိုင်ခြင်းက ထိုင်ခုံပေါ်တွင် ‌ခြေဆင်း၍ထိုင်သောအခါ activeမဖြစ်သော ကြွက်သားများကို သင်အနားယူနေချိန်အတွင်းမှာပါ လှုပ်ရှားစေနိုင်သောကြောင့် သင့်ရဲ့တင်ပါး၊‌ေပါင်၊ဒူး၊ခြေချင်းဝတ်တို့ကို ပို၍ သန်မာလာစေပါတယ်။

(၅)ကိုယ်ဟန်အနေအထားကို မှန်ကန်စေခြင်း။

ထိုင်ခုံပေါ်တွင်ထိုင်သောအခါ ခန္တာကိုယ်ကို ရှေ့သို့ကိုင်းညွှတ်ပြီး ထိုင်တတ်ကြသောကြောင့် ကိုယ်ဟန်အနေအထားကို ပုံပျက်စေပြီး နောက်ကျောနာခြင်းကို ဖော်ပေါ်လာစေနိုင်ပါတယ်။

(၆) သင့်စိတ်ကိုတည်ငြိမ်စေနိုင်ခြင်း

ဂျပန်လူမျိုးအများစုဟာ ကြမ်းပြင်ပေါ်တွင်ထိုင်၍ အစာစားခြင်းဟာ သင့်စိတ်ကို တည်ငြိမ်စေပြီး အစာတစ်ခုထဲကိုသာ အာရုံစိုက်၍စားနိုင်ကြောင်း လက်ခံထားကြပါတယ်။

(၇)အသက်ပို၍ ရှည်စေခြင်း

အပေါ်မှာ ဖော်ပြခဲ့တဲ့အချက်တွေကြောင့် ကြမ်းပြင်ပေါ်မှာ ထိုင်၍အစာစားခြင်းဟာ ကောင်းကျိုးများစွာရှိပြီး အသက်ပိုရှည်နိုင်စေတယ်ဆိုတာကို ယုံမှားသံသယရှိဖွယ် မရှိပါဘူး။

သင်ရောကြမ်းပြင်ပေါ်မှာထိုင်ပြီး အစာစားတတ်တဲ့အကျင့်ကို တည်ဆောက်တော့မယ်လို့ ဆုံးဖြတ်ပြီးပြီလား။

ဤဆောင်းပါးကိုဖတ်ပြီး သင့်အတွက် ဗဟုသုတရမရ၊ အကျိုးရှိမရှိကို Commentမှာ ဆွေးနွေးပေးသွားပါအုန်းနော်။ကြိုက်နှစ်သက်တယ်ဆိုလျှင် နောက်ည်းဗဟုသုတရဖွယ် ဆောင်းပါးများကို တင်ဆက်ပေးအုန်းမှာဖြစ်လို့ pageကို like and followပြုလုပ်ထားဖို့ မမေ့ပါနဲ့နော်။

Source Brightside

Written One Daily Media

One Daily Media Copyright © 2021 ကျွန်တော်တို့ကိုယ်တိုင်ဘာသာထားတဲ့အတွက် တခြား websiteမှာကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

 

Leave a Comment