Wed. Oct 27th, 2021

ဆိုဖာပေါ်တွင် အိပ်စက်ခြင်းက သင့်ကျန်းမာရေးအတွက် ဘာကြောင့်မသင့်‌‌ေလျာ်ပါသလဲ

အလုပ်ကပြန်လာလြိ့ အရမ်းပင်ပန်းတဲ့အချိန်ပဲဖြစ်ဖြစ်၊ရုပ်ရှင်ကြည့်ရင်းပဲဖြစ်ဖြစ် ကျွန်တော်တို့အများစုဟာ ဆိုဖာပေါ်တွင် အိပ်ပျော်သွားလေ့ရှိကြပါတယ်။ တော်တော်များများလည်း ဆို‌ဖာပေါ်တွင်အိပ်ရတာကို သဘောကျကြပါတယ်။ဒါပေမယ့် ဆိုဖာပေါ်တွင်။ အိပ်စက်ခြင်းက သင့်ခန္ဓာကိုယ်အတွက်ရော ကျန်းမာရေးအတွက်ပါ ဆိုးကျိုးများစွာရှိတယ်ဆိုတာကို သင်သိပါလား။ မသိသေးရင်တော့ ကျွန်တော်အခုဖော်ပြပေးမယ့် အချက်တွေကို ကြည့်လိုက်ကြရအောင်။

(၁) သင့်ဆိုဖာက သင်ထင်ထားသလောက် မသန့်ရှင်းပါဘူး။

ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ ဆိုဖာဟာ ဖုန်နဲ့ ဘက်တီးရီးယားများစွာ စွဲကပ်နေပါတယ်။ ပစ္စညအတိုအစလေးများတင်ခြင်း၊ အပြင်ကပြန်လာတဲ့အခါ အဝတ်အစားမလဲဘဲထိုင်ခြင်း၊ ဧည့်သည်များအသုံးပြုခြင်းကြောင့်


ဒါဟာ အံ့ဩစရာတော့မရှိပါဘူး။သင်နေ့စဉ်သန့်ရှင်းရေးလုပ်စေကာမှု သေးငယ်တဲ့ဖုန်နဲ့ ရောဂါးပိုးများကိုတော့ မဖယ်ရှားနိုင်ပါဘူး။ ထိုဖုန်နဲ့ရောဂါပိုးများဟာ သင့်ရဲ့မျက်နှာအသားအရည်ကို များစွာပျက်စီးစေနိုင်ပါတယ်။

(၂)သင့်ရဲ့ အိပ်စက်မှု အနေအထားဟာ မှန်ကန်မှုရှိမှာ မဟုတ်ပါဘူး

ဆိုဟာတွေဟာ ဘယ်လောက်ပဲခေတ်မှီအဆင့်မြင့်ပြီး သက်တောင့်သက်သာရှိတယ်ပဲဆိုဆို ထိုင်ဖို့အတွက်သာဖြစ်ပါတယ်။ ဆိုဖာပေါ်တွင် အိပ်စက်ခြင်းပ ခေါင်းကိုက်ခြင်းနှင့် ကိုယ်လက်ကိုက်ခဲခြင်းများကို ‌ဖြစ်ပေါ်စေနိုင်ပါတယ်။ နောက်ဆုံး ကြမ်းပြင်ပေါ်တွင်အိပ်စက်ခြင်းက ဆိုဖာပေါ်တွင်အိပ်စက်ဖြင်းထက် ပို၍ အဆင်ပြေစေပါိလိမ့်မယ်။

(၃)သင့်ရဲ့အိပ်စက်မှုကို အဟန့်အတားဖြစ်စေပါတယ်။

ပုံမှန်အားဖြင့် ဆိုဖာကို TV, မီးအိမ်၊ နာရီအစရှိတဲ့ ပစ္စည်းများထားရှိတဲ့ ဧည့်ခန်းတွင် ထားရှိတတ်ကြပါတယ်။TVနှင့်အခြားအီလက်ထရောနစ်ပစ္စည်းများမှ အလင်းရောင်နှင့် နာရီသံတွေဟာ သင့်အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ရေတိုတွင်တော့ မသိသာနိုင်ပေမယ့် ရေရည်ဆိုရင်တော့ သင်ဘယ်လောက်ကြာကြာပဲ အိပ်အိပ် သင့်ရဲ့ပင်ပန်းနွမ်းနွယ်မှုတွေက ပြေပြောက်သွားမှာ မဟုတ်ပါဘူး။

ဒါဆိုရင်တော့ ဘာကြောင့်ဆိုဖာပေါ်မအိပ်သင့်လည်းဆိုတာကို အနည်းအများ သဘောပေါက်လိမ့်မယ့်ထင်ပါတယ်။သင်ရော အများအားဖြင့် ဘယ်နေရာမှာ အိပ်တတ်ပါသလဲ။ လူတိုင်း ကောင်းမွန်စွာအိပ်စက်ပြီး သာယာပျော်ရွှင်တဲ့နေ့ရက်တွေကို အမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေ။

Source Brightside

Written One Daily Media

Leave a Reply

Your email address will not be published. Required fields are marked *