Wed. Oct 27th, 2021

သွေးပြန်ကြောတွေက ခန္ဓာကိုယ်ထဲက သွေးတွေကို နှလုံးဆီသို့ ပို့ဆောင်ပေးတဲ့ အရေးကြီးတဲ့ အရာပါပဲ။ ခန္ဓာကိုယ်မှာ သွေးကြောတွေ ပေါ်လာတာကို လူအများစုက သိပ်ပြီး မစဉ်းစားမိကြပါဘူး။ ထင်ထင်ရှားရှား ပေါ်လွင်နေတဲ့ သွေးကြောတွေက သင့်ရဲ့ ကျန်းမာရေးကို ပြောပြပေးနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ သွေးကြောတွေ ပေါ်လာတာက ကျန်းမာရေးအတွက် အရမ်းအန္တရာယ် မရှိပါဘူး။

1. သွေးကြောတွေကို မြင်နေရတာက အသားအရေ ပုံစံနဲ့လည်း သက်ဆိုင်ပါတယ်။

အသားလတ်တဲ့ သူတွေမှာ သွေးကြောတွေကို ပိုပြီးမြင်တွေ့နိုင် ပါတယ်။ အရေပြားပါးတဲ့ သူတွေ ဆီမှာလည်း သွေးကြောတွေ ပေါ်နေတာ မြင်ရမှာပါ။ အသက်အရွယ် ကြီးလာတဲ့ အခါ အရေပြားအောက်က အဆီလွှာက ပိုပြီး ပါးပါးလာ ပါတယ်။ အဲဒါကြောင့် အသက်အရွယ် ကြီးတဲ့ သူတွေရဲ့ လက်၊ ခြေထောက်နဲ့ အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ သွေးကြောတွေကို မြင်နေရ တာပါ။ ဒါ့အပြင် သွေးကြောတွေက အရေပြားနဲ့ နီးနီးကပ်ကပ် ရှိနေရင်လည်း သွေးကြောတွေကို မြင်ရ မှာပါ။

2. လေ့ကျင့်ခန်း လုပ်တဲ့ အချိန်မှာလည်း သွေးကြောတွေကို ထင်ထင် ရှားရှား မြင်ရတတ်ပါတယ်။

ခန္ဓာကိုယ် လေ့ကျင့်ခန်း လုပ်တဲ့ အခါ ကြွက်သားတွေကလည်း အလုပ်လုပ်ပြီး စူထွက်လာ ပါတယ်။အဲဒီနောက် ကြွက်သားတွေက သွေးကြောတွေကို အရေပြားမျက်နှာပြင် ဆီကို တွန်းပို့ပေး ပါတယ်။ အဲဒါကြောင့် လေ့ကျင့်ခန်းလုပ်ပြီးတဲ့ အခါ ခန္ဓာကိုယ်မှာ သွေးကြောတွေကို မြင်နေရ တာပါ။

3. အမျိုးသမီးတွေမှာ ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးကြောတွေ ထင်ရှားနေတတ် ပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ မျက်နှာမှာလည်း သွေးကြောတွေကို မြင်ရတတ် ပါတယ်။ ဒါပေမယ့် စိုးရိမ်စရာ မရှိပါဘူး။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ သွေးပမာဏက ကိုယ်ဝန်ဆောင် မဟုတ်တဲ့ အမျိုးသမီးတွေ ထက် ပိုများလို့ပါ။ သွေးပမာဏ များလာတဲ့ အခါ သွေးကြောတွေ ပေါ်လာပါတယ်။ တိုးလာတဲ့ သွေးပမာဏတွေကို သန္ဓေသားဆီ ရောက်အောင် ပို့ဖို့အတွက် သွေးကြောလေးတွေက အလုပ် ပိုလုပ်ရ ပါတယ်။ သွေးကြောတွေက ကလေးမွေးဖွားပြီးတဲ့ အခါမှာတော့ ပျောက်သွားမှာပါ။

4. ခန္ဓာကိုယ်မှာ အဆီနည်းတဲ့ အခါမှာလည်း သွေးကြောတွေ ထင်ရှားနေတတ် ပါတယ်။

ပိန်တဲ့သူတွေမှာ အရေပြားအောက်က အဆီလွှာ ကလည်း ပါးတာကြောင့် သွေးကြောတွေကို မြင်နေရတတ်ပါတယ်။ ပါးလွှာတဲ့ အဆီလွှာက သွေးကြောတွေကို အပြည့်အဝ ဖုံးလွှမ်းမထားနိုင် လို့ပါ။

5. သွေးကြောတွေ အလွန် ထင်ရှားလာတယ် ဆိုရင် ဆရာဝန်ဆီ သွားပြသင့်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေက စိတ်ပူစရာမလိုဘဲ သာမန်ဘဲ ဖြစ်ပါတယ်။ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း၊ သွေးပြန်ကြောနားမှာ ပြည်တည်ခြင်း၊ သွေးကြောရောင်ခြင်းစတဲ့ လက္ခဏာတွေနဲ့ အတူ သွေးကြောတွေ အလွန် ထင်ရှားလာခဲ့ရင် ဆရာဝန်ဆီ သွားပြသင့် ပါတယ်။ ဒီရောဂါလက္ခဏာတွေက သွေးကြောထုံးခြင်း၊ သွေးကြောပိတ်ခြင်း၊ သွေးပြန်ကြောနဲ့ သက်ဆိုင်တဲ့ ရောဂါတွေရဲ့ လက္ခဏာ ဖြစ်တာကြောင့် ဂရုမစိုက်ဘဲ မနေသင့် ပါဘူး။

Zombie (Lovemedia)

For Zawgyi

ခႏၶာကိုယ္မွာ ေသြးေၾကာေတြ ေပၚလာရတဲ့ အေၾကာင္းရင္း (၅) ခ်က္

ေသြးျပန္ေၾကာေတြက ခႏၶာကိုယ္ထဲက ေသြးေတြကို ႏွလုံးဆီသို႔ ပို႔ေဆာင္ေပးတဲ့ အေရးႀကီးတဲ့ အရာပါပဲ။ ခႏၶာကိုယ္မွာ ေသြးေၾကာေတြ ေပၚလာတာကို လူအမ်ားစုက သိပ္ၿပီး မစဥ္းစားမိၾက ပါဘူး။ ထင္ထင္ရွားရွား ေပၚလြင္ေနတဲ့ ေသြးေၾကာေတြက သင့္ရဲ႕ က်န္းမာေရးကို ေျပာျပေပးႏိုင္ ပါတယ္။ ခႏၶာကိုယ္မွာ ေသြးေၾကာေတြ ေပၚလာတာက က်န္းမာေရးအတြက္ အရမ္းအႏၲရာယ္ မရွိပါဘူး။

1. ေသြးေၾကာေတြကို ျမင္ေနရတာက အသားအေရ ပုံစံနဲ႔လည္း သက္ဆိုင္ပါတယ္။

အသားလတ္တဲ့ သူေတြမွာ ေသြးေၾကာေတြကို ပိုၿပီးျမင္ေတြ႕ႏိုင္ ပါတယ္။ အေရျပားပါးတဲ့ သူေတြ ဆီမွာလည္း ေသြးေၾကာေတြ ေပၚေနတာ ျမင္ရမွာပါ။ အသက္အ႐ြယ္ ႀကီးလာတဲ့ အခါ အေရျပားေအာက္က အဆီလႊာက ပိုၿပီး ပါးပါးလာ ပါတယ္။ အဲဒါေၾကာင့္ အသက္အ႐ြယ္ ႀကီးတဲ့ သူေတြရဲ႕ လက္၊ ေျခေထာက္နဲ႔ အျခားခႏၶာကိုယ္ အစိတ္အပိုင္းေတြမွာ ေသြးေၾကာေတြကို ျမင္ေနရ တာပါ။ ဒါ့အျပင္ ေသြးေၾကာေတြက အေရျပားနဲ႔ နီးနီးကပ္ကပ္ ရွိေနရင္လည္း ေသြးေၾကာေတြကို ျမင္ရ မွာပါ။

2. ေလ့က်င့္ခန္း လုပ္တဲ့ အခ်ိန္မွာလည္း ေသြးေၾကာေတြကို ထင္ထင္ ရွားရွား ျမင္ရတတ္ ပါတယ္။

ခႏၶာကိုယ္ ေလ့က်င့္ခန္း လုပ္တဲ့ အခါ ႂကြက္သားေတြကလည္း အလုပ္လုပ္ၿပီး စူထြက္လာ ပါတယ္။အဲဒီေနာက္ ႂကြက္သားေတြက ေသြးေၾကာေတြကို အေရျပားမ်က္ႏွာျပင္ ဆီကို တြန္းပို႔ေပး ပါတယ္။ အဲဒါေၾကာင့္ ေလ့က်င့္ခန္းလုပ္ၿပီးတဲ့ အခါ ခႏၶာကိုယ္မွာ ေသြးေၾကာေတြကို ျမင္ေနရ တာပါ။

3. အမ်ိဳးသမီးေတြမွာ ဆိုရင္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေသြးေၾကာေတြ ထင္ရွားေနတတ္ ပါတယ္။

ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြရဲ႕ မ်က္ႏွာမွာလည္း ေသြးေၾကာေတြကို ျမင္ရတတ္ ပါတယ္။ ဒါေပမယ့္ စိုးရိမ္စရာ မရွိပါဘူး။ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြရဲ႕ ေသြးပမာဏက ကိုယ္ဝန္ေဆာင္ မဟုတ္တဲ့ အမ်ိဳးသမီးေတြ ထက္ ပိုမ်ားလို႔ပါ။ ေသြးပမာဏ မ်ားလာတဲ့ အခါ ေသြးေၾကာေတြ ေပၚလာပါတယ္။ တိုးလာတဲ့ ေသြးပမာဏေတြကို သေႏၶသားဆီ ေရာက္ေအာင္ ပို႔ဖို႔အတြက္ ေသြးေၾကာေလးေတြက အလုပ္ ပိုလုပ္ရ ပါတယ္။ ေသြးေၾကာေတြက ကေလးေမြးဖြားၿပီးတဲ့ အခါမွာေတာ့ ေပ်ာက္သြားမွာပါ။

4. ခႏၶာကိုယ္မွာ အဆီနည္းတဲ့ အခါမွာလည္း ေသြးေၾကာေတြ ထင္ရွားေနတတ္ ပါတယ္။

ပိန္တဲ့သူေတြမွာ အေရျပားေအာက္က အဆီလႊာ ကလည္း ပါးတာေၾကာင့္ ေသြးေၾကာေတြကို ျမင္ေနရတတ္ပါတယ္။ ပါးလႊာတဲ့ အဆီလႊာက ေသြးေၾကာေတြကို အျပည့္အဝ ဖုံးလႊမ္းမထားႏိုင္ လို႔ပါ။

5. ေသြးေၾကာေတြ အလြန္ ထင္ရွားလာတယ္ ဆိုရင္ ဆရာဝန္ဆီသြားျပသင့္ပါတယ္။

အထက္မွာ ေဖာ္ျပခဲ့တဲ့ အခ်က္ေတြက စိတ္ပူစရာမလိုဘဲ သာမန္ဘဲ ျဖစ္ပါတယ္။ ရင္ဘတ္ေအာင့္ျခင္း၊ အသက္ရႉမဝျခင္း၊ ေသြးျပန္ေၾကာနားမွာ ျပည္တည္ျခင္း၊ ေသြးေၾကာေရာင္ျခင္းစတဲ့ လကၡဏာေတြနဲ႔ အတူ ေသြးေၾကာေတြ အလြန္ ထင္ရွားလာခဲ့ရင္ ဆရာဝန္ဆီ သြားျပသင့္ ပါတယ္။ ဒီေရာဂါလကၡဏာေတြက ေသြးေၾကာထုံးျခင္း၊ ေသြးေၾကာပိတ္ျခင္း၊ ေသြးျပန္ေၾကာနဲ႔ သက္ဆိုင္တဲ့ ေရာဂါေတြရဲ႕ လကၡဏာ ျဖစ္တာေၾကာင့္ ဂ႐ုမစိုက္ဘဲ မေနသင့္ ပါဘူး။

Zombie (Lovemedia)

Leave a Reply

Your email address will not be published. Required fields are marked *