Wed. Oct 27th, 2021

စိတ်ကျရောဂါများကို အနိုင်ယူနည်း (၇) နည်း

အနောက်နိုင်ငံများမှာ အများအားဖြင့် ဆောင်းရာသီအချမ်းဓာတ်ကြောင့် အိမ်တွင်းပုန်းနေခြင်းဟာ အထီးကျန်ခြင်း၊ ၀မ်းနည်းခြင်း စတဲ့ဆောင်းရာသီစိတ်ကျရောဂါဟုခေါ်သော ရောဂါခံစားရလေ့ရှိကြပါတယ်။

အအေးဓာတ်ဟာ ကျွန်ုပ်တို့ကို အားစိုက်ထုတ်မှုလျော့နည်းစေပြီး ရလဒ်အနေနှင့်ကျွန်ုပ်တို့အတွက် ဘာကိုမှလုပ်ရန်စိတ်အားတက်ကြွမှုမရှိဟုခံစားရစေပါတယ်။ ဒါပေမယ့်စိတ်မပူပါနဲ့ သင့်အတွက် နည်းလမ်းကောင်းများရှိပါတယ်။ စိတ်မရွှင်ပျတဲ့ဆောင်းရာသီ နေ့ရက်တွေကိုကာကွယ်ဖို့နည်းလမ်းအချို့ကိုဖော်ပြလိုက်ပါတယ်။

(၁) အပြာရောင်အလင်းတန်းများနှင့်ထိတွေချိန်ကို လျှော့ချပါ။

သင့်ရဲ့ circadian rhythm (အိပ်စက်ခြင်း/နိုးထခြင်း လည်ပတ်မှု) ကို အပြာရောင်အလင်းတန်းများက ရှုပ်ထွေးစေပါတယ်။ ထိုအလင်းတန်းများကိုအချိန်ကြာမြင့်စွာထိတွေ့သောအခါ melatonin ထုတ်လွှတ်မှုနှေးကွေးသွားပါတယ်။အိပ်ရာမ ၀ င်ခင် ဖုန်းကို အလွန်အကျွံ သုံးနေပါက ပင်ပန်းနွမ်းနယ်ခြင်းတို့ဖြင့် နိုးထလာပါလိမ့်မယ်။ အပြာရောင်အလင်းတန်းကို သင့်ရဲ့ဖုန်း၊ ကွန်ပျူတာ၊ တီဗီ၊း စတဲ့ ပစ္စည်းတွေမှာတွေ့နိုင်ပါတယ်။ နည်းပညာ‌ ခေတ်ရဲ့အသုံးအဆောင်များကိုမအိပ်ခင် အနည်းဆုံးတစ်နာရီအလိုလောက်ကတည်းက နားထားသင့်ပါတယ်။

(၂) အကြောင်းအရင်းမရှိလဲ ကောင်းမွန်စွာဝတ်စားပါ

စိတ်ခံစားမှု အဆိုးဆုံးအခြေအနေများကိုခံစားရတဲ့အခါ ကိုယ့်ကိုယ်ကိုဂရုမစိုက်တာသာ လူတွေလုပ်လေ့ရှိတဲ့အမှားတစ်ခုပါပဲ။ စိတ်ဓာတ်ကျရုံတင်မကဘဲ စိတ်အနှောင့်အယှက်ပါ ပိုဖြစ်ရပါတယ်။ သင်တကယ်နှစ်သက်သော ဝတ်ကောင်းစားလှများဝတ်ဆင်ပါ ။အသားအရေထိန်းသိမ်းမှု ၊ ဆံပင်အလှဆင်မှုတို့လုပ်ပါ ။ ကိုယ့်ကိုကိုယ် ပြုပြင်မွန်းမံခြင်းကဲ့ ရလဒ် ကတော့ သင့်ရဲ့တစ်နေ့တာကို ပိုမို စိတ်အားတက်ကြွလာ‌စေပါလိမ့်မယ်။

(၃) ကခုန်ပါ

ခံစားချက်တွေကို စကားလုံးနဲ့မဖော်ပြနိုင်တဲ့အခါ လှုပ်ရှားမှုများနဲ့ကျော်ဖြတ်ပါ။သင့်အနေနဲ့လေ့ကျင့်ခန်း လုပ်ဖြစ်သွားတဲ့အပြင် စိတ်ဓာတ်ခွန်အားကိုပါ မြှင့်တင်တဲ့နိုင်ခြင်း‌ကြောင့် ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်နိုင်ခြင်းမျိုးပါပဲ။ ကခုန်ခြင်းဟာ စိတ်ကျရောဂါကိုကာကွယ်ရန်ကူညီသော endorphins (ပျော်ရွှင်သောဟော်မုန်း) ကိုထုတ်လွှတ်‌ ပေးပါတယ် ။ ဒါ့အပြင်ကခုန်ခြင်းဟာ ပျင်းရိငြီး‌ငွေ့စရာကောင်းတဲ့အလုပ်တာဝန်များမှ ကောင်းကောင်းအနားယူနိုင်ခြင်းလည်း ဖြစ်ပါတယ်။

(၄) Vision Board များပြုလုပ်ဖန်တီးပါ

vision board သည်အခြေခံအားဖြင့်ဓာတ်ပုံများ၊ စာသားများ ဖြင့်ဖြတ်ညှပ်ကပ်ကာ ပုံဖော်ကြသော အနုပညာ တစ်ခုဖြစ်ပါတယ် ။ ဒါဟာ အိမ်မက်တွေကိုအကောင်အထည်ဖော်ဖို့နေ့စဉ် လှုံ့ဆော်မှုတစ်ခု အနေနဲ့သုံးပါတယ်။ Vision board နဲ့ သင့်ရဲ့တောက်ပတဲ့အနာဂတ်နဲ့အောင်မြင်မှုတွေအကြောင်းတွေးရုံနဲ့ သင့်ကိုအားတက်စေနိုင်ပါတယ်။မဂ္ဂဇင်းအဟောင်းများဖြတ်တောက်ခြင်း (သို့) ပုံများကိုထုတ်ကာ ဘုတ်ပေါ်တွင်တင်ပြီး၊ ကိုးကားချက်များ စာစုများ ထည့်ပါ ။ သင်၏ပုံအချို့ကိုလဲကပ်ပါ။ ယထို့‌နောက် သင်ဟာကမ္ဘာကြီးကိုရင်ဆိုင်ရန်အဆင်သင့်ဖြစ်နေပါလိမ့်မယ်။

(၅) ရှုပ်ပွနေမှုများကို ရှင်းလင်းပါ

မည်သည့်အလုပ်ကိုမျှလုပ်ရန် တက်ကြွမှုမရှိဘဲပျင်းရိနေမယ် သင့်ရဲ့အခန်းကလုံး၀ရှုပ်ထွေးနေမယ်ဆို သင့်ရဲ့စိတ်ပင်ပန်းနွမ်းနယ်တဲ့ခံစားချက်ကိုပိုဆိုးစေမှာပါ။ဒါကမကောင်းပါဘူး။ အချိန်တစ်ခုသတ်မှတ်ပြီး မည်သည့်နေရာကိုသန့်ရှင်းရန်လိုသည်ကိုဆုံးဖြတ်ပါ ။ စားပွဲတစ်ခု (သို့) သအိပ်ရာလည်းဖြစ်နိုင်ပါတယ် ။ မင်းရဲ့မကောင်းတဲ့ ခံစားချက်များနဲ့အတူ ရှုပ်ပွနေတဲ့အမှိုက်တွေကိုပါစွန့်ပစ်လိုက်ပါ။ တေးဂီတသံ အနည်းငယ်နှင့်အတူ ကခုန်ရင်းလုပ်နိုင်ပါတယ်။သင့်ရဲ့မကောင်းတဲ့စိတ်ခံစားချက်များ ပျောက်သွားပါလိမ့်မယ်။

(၆) လူမှုကွန်ယက်များမှ အနားယူပါ

အထူးသဖြင့်သင်စိတ်ဓာတ်ကျနေတဲ့အချိန်မှာ အခြားသူများရဲ့ လူမှုကွန်ယက်ပေါ်မှ ပြီးပြည့်စုံသော ဘ ၀ ကိုကြည့်ရတာ စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒီပြဿနာကို လက်ချောင်းများနှိပ်ရုံဖြင့်ဖြေရှင်းနိုင်ပါတယ်။ မကောင်းတဲ့ခံစားချက်ကိုဖြစ်စေတဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကို ဖျက်လိုက်ရုံပါပဲ။ ဆိုရှယ်မီဒီယာနဲ့ထိတွေ့တဲ့သူတွေကအထီးကျန်ပြီးပိုစိတ်ဓာတ်ကျတတ်ကြပါတယ်။

(၇) အိမ်ပြင်ထွက်လမ်းလျှောက်ပါ

စိတ်ညစ်နေချိန် စောင်အောက်မှာကြာကြာ နေရတာက သက်တောင့်သက်သာ ရှိပေမယ့် ကြာလာတဲ့အခါ ထောင်ချောက်ထဲကျသွားသလို ပိုတောင်ဆိုးလာပါလိမ့်မယ်။လေကောင်းလေသန့်ရရန်ကြိုးစားပါ။ သိပ္ပံနည်းကျ‌ လေ့လာချက်များအရ နေရောင်ခြည် ထိတွေ့မှုလျော့နည်းခြင်းက melatonin ကိုပိုမိုမြင့်မားစေပြီး အချုပ်အားဖြင့်ဆိုရသော် ဆောင်းရာသီစိတ်ဓာတ်ကျဆင်းမှုကိုဖြစ်စေပါတယ်။

စိတ်ဓာတ်ကျခြင်း ရောဂါဟာ ဆိုးရွားသောကိစ္စဖြစ်ပါတယ်။ သို့သော်အချို့လူများက ဒါကိုစိတ်ကူးယဉ်ခြင်းသာဖြစ်ပြီး တကယ့်ပြဿနာမဟုတ်ဟု ယူဆကြပါတယ် ။ သင့်အမြင်မှာရော လူတွေ ဒီကိစ္စကိုအာရုံစိုက်သင့်လား ??

 

source Brightside

Written One Daily Media

One Daily Media Copyright © 2021 ကျွန်တော်တို့ကိုယ်တိုင်ဘာသာထားတဲ့အတွက် တခြား websiteမှာကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

 

Leave a Reply

Your email address will not be published. Required fields are marked *