Wed. Oct 27th, 2021

လက်ထပ်တယ် ဆိုတာဟာ လူတယောက်ရဲ့ အချစ်ခရီး လမ်းဆုံးပါ ။ အဲ့ဒါကြောင့် ဘယ်သူမဆို ကိုယ်ချစ်တဲ့ ချစ်သူနဲ့ တွေ့ဆုံတဲ့ အခါမှာ လက်ထပ်ဖို့ကို စဉ်းစားကြ ပါတယ် ။ သင်ကော သင့်ရဲ့ချစ်သူလေးနဲ့ လက်ထပ်ဖို့ အဆင်သင့် ဖြစ်နေပြီလား ?

၁။ အကြောင်းအရင်း

သင့်ချစ်သူနဲ့ လပ်ထပ်ချင်တဲ့ အကြောင်းအရင်းတွေ သင့်မှာ လုံလောက်စွာ ရှိနေပါပြီ ။ သင့်ကို သူနဲ့ဘာလို့ လက်ထပ်ချင်သလဲ ဆိုတဲ့ မေးခွန်း အခြားသူ တယောက်က မေးလာရင်လည်း သင့်အနေနဲ့ တည်ငြိမ်စွာ ဖြေနိုင်နေမှာပဲ ဖြစ်ပါတယ် ။

၂။ ချစ်သူ ရည်းစားသက်တမ်း

သင်တို့ နှစ်ယောက်ရဲ့ ချစ်သူ ရည်းစားသက်တမ်းဟာလည်း အတော်အသင့် ရှိလာပြီ ဖြစ်ပြီး နှစ်ဦးသား မခွဲနိုင်မခွာရက် ဖြစ်အောင် ချစ်ခင် မြတ်နိုး နေကြပြီပဲ ဖြစ်ပါတယ်။

၃။ အစီအစဉ်

သင်စီစဉ်နေတဲ့ အရာဟာ သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေး တစ်ခုပါ ။ ကြီးကျယ် ခမ်းနားတဲ့ လက်ထပ်ပွဲတစ်ခု မဟုတ်ပါဘူး ။ သင်ဟာ သူနဲ့ တစ်ဘဝလုံး အေးချမ်းစွာ နေထိုင်သွားဖို့ကိုပဲ ကြိုစားစီစဉ် နေတာဖြစ်ပြီး ၊ ငွေကုန်ကြေးကျ များပြီး လူအထင်ကြီးမယ့် လက်ထပ်ပွဲ အခမ်းအနား မဟုတ်ပါဘူး ။

၄။ Single ဘဝမှာ သင် ပျော်ရွှင်ခဲ့ပြီးပါပီ

သင့်ရဲ့ အသက်ဟာ (25) နှစ်နဲ့ အထက် ရှိနေပြီ ဖြစ်ပြီး Single ဘဝမှာ ပျော်ရွှင်စွာ နေထိုင်ခဲ့ပြီးပြီ ဖြစ်ပါတယ် ။

၅။ အခက်အခဲ

သင်တို့နှစ်ယောက်ဟာ အခက်အခဲတွေ ပြဿနာတွေ အားလုံးကိုလည်း အတူတူ ရင်ဆိုင် ဖြေရှင်းခဲ့ ကြဖူးပါတယ် ။ နောက်ထပ် လာမယ့် အတားအဆီးတွေကို အတူတကွ ရင်ဆိုင်ဖို့အတွက်လည်း နှစ်ယောက် စလုံးမှာ စိတ်ဓာတ် ခွန်အားတွေ အပြည့်အဝ ရှိနေကြပါတယ် ။

၆။ ယုံကြည်မှု

သင်ဟာ သင်ရဲ့ ချစ်သူအပေါ် အလွန် ယုံကြည်ပြီး ၊ သူရဲ့ လုပ်ရပ်တွေဟာလည်း ယုံကြည်စရာ ကောင်းလောက်အောင်ကို သင့်ကို အလွန်ဂရုစိုက် ကြင်နာပြီး သင်ကို တင့်တောင့်တင့်တယ် ထားနိုင်ဖို့ အတွက်လည်း သူ အစွမ်းကုန် ကြိုးစားနေ မှာပါ ။

၇။ လက်ခံနိုင်မှု

သင့်ရဲ့ ချစ်သူကို သင် တစ်ယောက်ထဲတင် မကဘဲ သင့်ရဲ့ မိသားစု ၊ ဆွေမျိုးနဲ့ မိတ်ဆွေ သူငယ်ချင်းတွေကပါ လိုလို လားလား လက်ခံကြပါတယ် ။ ဒါ့အပြင် သင်တို့ စုံတွဲကို လိုက်ဖက်ညီကြောင်း ချီးကျူး ပြောဆိုကြပါ လိမ့်မယ် ။

Lunge

for zawgyi

ဒီအခ်က္ ၇ ခ်က္ သင့္မွာရိွေနရင္ သင္လက္ထပ္ဖို႔ အဆင္သင့္ျဖစ္ေနပါပီ

လက္ထပ္တယ္ ဆိုတာဟာ လူတေယာက္ရဲ႕ အခ်စ္ခရီး လမ္းဆံုးပါ ။ အဲ့ဒါေၾကာင့္ ဘယ္သူမဆို ကိုယ္ခ်စ္တဲ့ ခ်စ္သူနဲ႔ ေတြ႔ဆံုတဲ့ အခါမွာ လက္ထပ္ဖို႔ကို စဥ္းစားၾက ပါတယ္ ။ သင္ေကာ သင့္ရဲ႕ခ်စ္သူေလးနဲ႔ လက္ထပ္ဖို႔ အဆင္သင့္ ျဖစ္ေနၿပီလား ?

၁။ အေၾကာင္းအရင္း

သင့္ခ်စ္သူနဲ႔ လပ္ထပ္ခ်င္တဲ့ အေၾကာင္းအရင္းေတြ သင့္မွာ လံုေလာက္စြာ ႐ွိေနပါၿပီ ။ သင့္ကို သူနဲ႔ဘာလို႔ လက္ထပ္ခ်င္သလဲ ဆိုတဲ့ ေမးခြန္း အျခားသူ တေယာက္က ေမးလာရင္လည္း သင့္အေနနဲ႔ တည္ၿငိမ္စြာ ေျဖႏိုင္ေနမွာပဲ ျဖစ္ပါတယ္ ။

၂။ ခ်စ္သူ ရည္းစားသက္တမ္း

သင္တို႔ ႏွစ္ေယာက္ရဲ႕ ခ်စ္သူ ရည္းစားသက္တမ္းဟာလည္း အေတာ္အသင့္ ႐ွိလာၿပီ ျဖစ္ၿပီး ႏွစ္ဦးသား မခြဲႏိုင္မခြာရက္ ျဖစ္ေအာင္ ခ်စ္ခင္ ျမတ္ႏိုး ေနၾကၿပီပဲ ျဖစ္ပါတယ္။

၃။ အစီအစဥ္

သင္စီစဥ္ေနတဲ့ အရာဟာ သာယာခ်မ္းေျမ့တဲ့ အိမ္ေထာင္ေရး တစ္ခုပါ ။ ႀကီးက်ယ္ ခမ္းနားတဲ့ လက္ထပ္ပြဲတစ္ခု မဟုတ္ပါဘူး ။ သင္ဟာ သူနဲ႔ တစ္ဘဝလံုး ေအးခ်မ္းစြာ ေနထိုင္သြားဖို႔ကိုပဲ ႀကိဳစားစီစဥ္ ေနတာျဖစ္ၿပီး ၊ ေငြကုန္ေၾကးက် မ်ားၿပီး လူအထင္ႀကီးမယ့္ လက္ထပ္ပြဲ အခမ္းအနား မဟုတ္ပါဘူး ။

၄။ Single ဘဝမွာ သင္ ေပ်ာ္ရႊင္ခဲ့ၿပီးပါပီ

သင့္ရဲ႕ အသက္ဟာ (25) ႏွစ္နဲ႔ အထက္ ႐ွိေနၿပီ ျဖစ္ၿပီး Single ဘဝမွာ ေပ်ာ္ရႊင္စြာ ေနထိုင္ခဲ့ၿပီးၿပီ ျဖစ္ပါတယ္ ။

၅။ အခက္အခဲ

သင္တို႔ႏွစ္ေယာက္ဟာ အခက္အခဲေတြ ျပႆနာေတြ အားလံုးကိုလည္း အတူတူ ရင္ဆိုင္ ေျဖ႐ွင္းခဲ့ ၾကဖူးပါတယ္ ။ ေနာက္ထပ္ လာမယ့္ အတားအဆီးေတြကို အတူတကြ ရင္ဆိုင္ဖို႔အတြက္လည္း ႏွစ္ေယာက္ စလံုးမွာ စိတ္ဓာတ္ ခြန္အားေတြ အျပည့္အဝ ႐ွိေနၾကပါတယ္ ။

၆။ ယံုၾကည္မႈ

သင္ဟာ သင္ရဲ႕ ခ်စ္သူအေပၚ အလြန္ ယံုၾကည္ၿပီး ၊ သူရဲ႕ လုပ္ရပ္ေတြဟာလည္း ယံုၾကည္စရာ ေကာင္းေလာက္ေအာင္ကို သင့္ကို အလြန္ဂ႐ုစိုက္ ၾကင္နာၿပီး သင္ကို တင့္ေတာင့္တင့္တယ္ ထားႏိုင္ဖို႔ အတြက္လည္း သူ အစြမ္းကုန္ ႀကိဳးစားေန မွာပါ ။

၇။ လက္ခံႏိုင္မႈ

သင့္ရဲ႕ ခ်စ္သူကို သင္ တစ္ေယာက္ထဲတင္ မကဘဲ သင့္ရဲ႕ မိသားစု ၊ ေဆြမ်ိဳးနဲ ႔ မိတ္ေဆြ သူငယ္ခ်င္းေတြကပါ လိုလို လားလား လက္ခံၾကပါတယ္ ။ ဒါ့အျပင္ သင္တို႔ စံုတြဲကို လိုက္ဖက္ညီေၾကာင္း ခ်ီးက်ဴး ေျပာဆိုၾကပါ လိမ့္မယ္ ။

Lunge

Leave a Reply

Your email address will not be published. Required fields are marked *