Tue. Oct 26th, 2021

တစ်ခါတုန်းက ရွာကြီးတစ်ရွာမှာ ထူဆန်းတဲ့ အဘိုးအိုတစ်ယောက် ရှိတယ် ။ သူ့မှာ သိပ်လှတဲ့.. မြေးမလေး တစ်ယောက်လည်း ရှိတယ် ။

အဘိုးအိုဟာ ကျွမ်းကျင်ပြီး သိပ်တော် သိပ်ထက်မြတ်လှတဲ့ မျက်လှည့်ပညာကို ပိုင်ဆိုင်ထားပါတယ် ။ အဲ့ဒီ ပညာရပ်နဲ့ပဲ အသက်မွေးဝမ်းကြောင်း ပြုခဲ့တယ် ။ သူ့မြေမလေးကိုလည်း အဲ့ဒီပညာတွေ သင်ပေးခဲ့တယ် ။

တစ်နေ့မှာတော့.. လူစည်ကားတဲ့နေရာမှာ မျက်လှည့်ပြတာပေါ့ ။ ပန်းပွင့်ကနေ ငွေစက္ကူ ဖြစ်တာတွေ ၊ ကြိုးကနေ မြွေဖြစ်သွားတာတွေ စတဲ့ ပြကွက်မျိုးစုံကို ပြနေတာပေါ့ ။ အားလုံးပြပြီးပြီ ဆိုရင် ပရိသတ်ကပေးတဲ့ ငွေကိုပဲ ယူတယ် ။

ဒါပေမယ့် အခုတကြိမ် ပြတဲ့ပြပွဲမှာ အဘိုးအိုက ထူးဆန်းတဲ့ စကားတစ်ခွန်းကို ပြောခဲ့တယ် ။

” မျက်လှည့်ပညာ ဆိုတာ.. မှော်ပညာ မဟုတ်သလို တန်ခိုးစွမ်းအားတွေ မရှိပါဘူး ။ လိမ်တာလည်း မဟုတ်ပါဘူး ။ မျက်လှည့်ပညာမှာ လျို့ဝှက်ချက်တွေ ရှိတယ် ။ အဲ့ဒီ လျို့ဝှက်ချက်တွေကို မသိလို့သာ ခင်ဗျားတို့ လာကြည့်ကြတာ ဖြစ်တယ် ။ ဒီနေ့ မျက်လှည့်ပညာရဲ့ လျို့ဝှက်ချက်တွေကို ပြောပြပါမယ် ။ ”

ပရိသတ်ကြီးဟာ အင်မတန်မှ စိတ်ဝင်စားသွားတယ်။ ကြိုးကနေ ဘယ်လိုမြွေ ဖြစ်သွားတယ် ။ ပန်းကနေ ဘယ်လိုငွေစက္ကူတွေ ဖြစ်သွားတယ် စသည်ဖြင့်ပေါ့ ခဏကြာတော့ အဘိုးအိုဟာ လျို့ဝှက်ချက်တွေကို အကုန် ရှင်းပြသွားခဲ့တယ် ။

ပရိသတ်လည်းပြောတုန်း ခဏတော့ စိတ်ဝင်စားတာပေါ့။ သိလည်းသွားရော.. သြော် ဒီလိုလုပ်တာလား.. ဒါလေးများဟု မျက်လှည့်ပညာကို စိတ်မဝင်စားတော့ဘူးပေါ့ ။

နောက်တစ်နေ့ မြေးလေးကို ခေါ်ပြီး မျက်လှည့် သွားပြတာပေါ့။ ဒါပေမယ့် ပရိသတ် တစ်ယောက်မှ မလာချေတော့ဘူး ။ အဘိုးအိုက..

” မြေးလေးရေ ပရိသတ်တစ်ယောက်မှ မလာပါလား..? ဘာကြောင့်လဲ..? ”

” အဘိုးက မနေ့ကပွဲမှာ လျို့ဝှက်ချက်တွေ အကုန်ပြောပြလိုက်တာကိုး.. ဘယ်သူက စိတ်ဝင်စားတော့မှာလဲ ။ ”

” အေးဟုတ်တယ် မြေးလေး.. အဘိုးအိုတစ်သက်လုံး ကျွေးမွေးခဲ့တဲ့ပညာ အခုတော့ လျို့ဝှက်ချက်လည်း ပြလိုက်ရော ဘယ်သူကမှ စိတ်မဝင်စားတော့ဘူး။ တန်ဖိုးလည်း မရှိတော့ဘူး ။ ”

” မြေးလေးလည်း မှတ်ထားပါ။ လျို့ဝှက်ချက်ဖြစ်တဲ့ မြေးလေးရဲ့ခန္ဓာကိုယ် အလှကိုလည်း ဘယ်သူကိုမှ မပြရဘူးကွဲ့ ။ လျို့ဝှက်ထားရမယ် ။ ဒါဆိုမြေးလေးရဲ့ မိန်းကလေးအလှဟာ တန်ဖိုးကြီးတယ်ကွဲ့ ။ ”

” ဒူးဖော်ပေါင်ဖော် ရင်သားတွေ ပေါ်နေရင် ဘယ်သူမှ စိတ်မဝင်စားတော့ဘဲ တန်ဖိုးမရှိ ဖြစ်သွားလိမ့်မယ် ။ ပြတုန်းခဏပဲ သူတို့က တန်ဖိုးထားကြတာ ဒါကြောင့် အဝတ်စားကို လုံလုံခြုံခြုံ ဝတ်ပါ ။ ”

အဘိုးအိုဟာ သူ့ပညာနဲ့ရင်းပြီးတော့ မြေးလေးကို ဆုံးမခဲ့တယ် ။ Acc ထဲက ညီမငယ်တို့ တစ်တွေလဲ သိရှိနားလည်နိုင်ပါစေ ။ အဘိုးအိုရဲ့ဆုံးမစကားကို နားလည်နိုင်ပါစေ ။

 

အားလုံးသော အမျိုးသမီး အပေါင်းတို့လဲ ကိုယ့်တန်ဖိုးကို ကိုယ်တိုင် ထိမ်းသိမ်းနိုင်ကြပါစေ..

for zawgyi

မ်က္လွည့္ဆရာ အဘိုးအိုက ေျမးမေလးကို ေပးတဲ့သင္ခန္းစာ

တစ္ခါတုန္းက ႐ြာႀကီးတစ္႐ြာမွာ ထူဆန္းတဲ့ အဘိုးအိုတစ္ေယာက္ ရွိတယ္ ။ သူ႔မွာ သိပ္လွတဲ့.. ေျမးမေလး တစ္ေယာက္လည္း ရွိတယ္ ။

အဘိုးအိုဟာ ကြၽမ္းက်င္ၿပီး သိပ္ေတာ္ သိပ္ထက္ျမတ္လွတဲ့ မ်က္လွည့္ပညာကို ပိုင္ဆိုင္ထားပါတယ္ ။ အဲ့ဒီ ပညာရပ္နဲ႔ပဲ အသက္ေမြးဝမ္းေၾကာင္း ျပဳခဲ့တယ္ ။ သူ႔ေျမမေလးကိုလည္း အဲ့ဒီပညာေတြ သင္ေပးခဲ့တယ္ ။

တစ္ေန႔မွာေတာ့.. လူစည္ကားတဲ့ေနရာမွာ မ်က္လွည့္ျပတာေပါ့ ။ ပန္းပြင့္ကေန ေငြစကၠဴ ျဖစ္တာေတြ ၊ ႀကိဳးကေန ေႁမြျဖစ္သြားတာေတြ စတဲ့ ျပကြက္မ်ိဳးစုံကို ျပေနတာေပါ့ ။ အားလုံးျပၿပီးၿပီ ဆိုရင္ ပရိသတ္ကေပးတဲ့ ေငြကိုပဲ ယူတယ္ ။

ဒါေပမယ့္ အခုတႀကိမ္ ျပတဲ့ျပပြဲမွာ အဘိုးအိုက ထူးဆန္းတဲ့ စကားတစ္ခြန္းကို ေျပာခဲ့တယ္ ။

” မ်က္လွည့္ပညာ ဆိုတာ.. ေမွာ္ပညာ မဟုတ္သလို တန္ခိုးစြမ္းအားေတြ မရွိပါဘူး ။ လိမ္တာလည္း မဟုတ္ပါဘူး ။ မ်က္လွည့္ပညာမွာ လ်ိဳ႕ဝွက္ခ်က္ေတြ ရွိတယ္ ။ အဲ့ဒီ လ်ိဳ႕ဝွက္ခ်က္ေတြကို မသိလို႔သာ ခင္ဗ်ားတို႔ လာၾကည့္ၾကတာ ျဖစ္တယ္ ။ ဒီေန႔ မ်က္လွည့္ပညာရဲ႕ လ်ိဳ႕ဝွက္ခ်က္ေတြကို ေျပာျပပါမယ္ ။ ”

ပရိသတ္ႀကီးဟာ အင္မတန္မွ စိတ္ဝင္စားသြားတယ္။ ႀကိဳးကေန ဘယ္လိုေႁမြျဖစ္သြားတယ္ ။ ပန္းကေန ဘယ္လိုေငြစကၠဴေတြ ျဖစ္သြားတယ္ စသည္ျဖင့္ေပါ့ ခဏၾကာေတာ့ အဘိုးအိုဟာ လ်ိဳ႕ဝွက္ခ်က္ေတြကို အကုန္ ရွင္းျပသြားခဲ့တယ္ ။

ပရိသတ္လည္းေျပာတုန္း ခဏေတာ့ စိတ္ဝင္စားတာေပါ့။ သိလည္းသြားေရာ.. ေၾသာ္ ဒီလိုလုပ္တာလား.. ဒါေလးမ်ားဟု မ်က္လွည့္ပညာကို စိတ္မဝင္စားေတာ့ဘူးေပါ့ ။

ေနာက္တစ္ေန႔ ေျမးေလးကို ေခၚၿပီး မ်က္လွည့္ သြားျပတာေပါ့။ ဒါေပမယ့္ ပရိသတ္ တစ္ေယာက္မွ မလာေခ်ေတာ့ဘူး ။ အဘိုးအိုက..

” ေျမးေလးေရ ပရိသတ္တစ္ေယာက္မွ မလာပါလား..? ဘာေၾကာင့္လဲ..? ”

” အဘိုးက မေန႔ကပြဲမွာ လ်ိဳ႕ဝွက္ခ်က္ေတြ အကုန္ေျပာျပလိုက္တာကိုး.. ဘယ္သူက စိတ္ဝင္စားေတာ့မွာလဲ ။ ”

” ေအးဟုတ္တယ္ ေျမးေလး.. အဘိုးအိုတစ္သက္လုံး ေကြၽးေမြးခဲ့တဲ့ပညာ အခုေတာ့ လ်ိဳ႕ဝွက္ခ်က္လည္း ျပလိုက္ေရာ ဘယ္သူကမွ စိတ္မဝင္စားေတာ့ဘူး။ တန္ဖိုးလည္း မရွိေတာ့ဘူး ။ ”

” ေျမးေလးလည္း မွတ္ထားပါ။ လ်ိဳ႕ဝွက္ခ်က္ျဖစ္တဲ့ ေျမးေလးရဲ႕ခႏၶာကိုယ္ အလွကိုလည္း ဘယ္သူကိုမွ မျပရဘူးကြဲ႕ ။ လ်ိဳ႕ဝွက္ထားရမယ္ ။ ဒါဆိုေျမးေလးရဲ႕ မိန္းကေလးအလွဟာ တန္ဖိုးႀကီးတယ္ကြဲ႕ ။ ”

” ဒူးေဖာ္ေပါင္ေဖာ္ ရင္သားေတြ ေပၚေနရင္ ဘယ္သူမွ စိတ္မဝင္စားေတာ့ဘဲ တန္ဖိုးမရွိ ျဖစ္သြားလိမ့္မယ္ ။ ျပတုန္းခဏပဲ သူတို႔က တန္ဖိုးထားၾကတာ ဒါေၾကာင့္ အဝတ္စားကို လုံလုံၿခဳံၿခဳံ ဝတ္ပါ ။ ”

အဘိုးအိုဟာ သူ႔ပညာနဲ႔ရင္းၿပီးေတာ့ ေျမးေလးကို ဆုံးမခဲ့တယ္ ။ Acc ထဲက ညီမငယ္တို႔ တစ္ေတြလဲ သိရွိနားလည္ႏိုင္ပါေစ ။ အဘိုးအိုရဲ႕ဆုံးမစကားကို နားလည္ႏိုင္ပါေစ ။

 

အားလုံးေသာ အမ်ိဳးသမီး အေပါင္းတို႔လဲ ကိုယ့္တန္ဖိုးကို ကိုယ္တိုင္ ထိမ္းသိမ္းႏိုင္ၾကပါေစ..

Leave a Reply

Your email address will not be published. Required fields are marked *