Knowledge

သွေးတိုးခြင်းကို ၁၀ မိနစ်အတွင်း သက်သာသွားစေမယ့် အလွယ်ကူဆုံး နည်းလမ်းများ

လူအများစုက ခေါင်းကိုက်ခြင်း၊ ပင်ပန်းခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ သွေးတိုးခြင်းတွေ ဖြစ်တတ်ကြပါတယ်။ စိတ်ပင်ပန်းခြင်း၊ အိပ်ချိန်နည်းခြင်း၊ အလွန်ခြင်းစတဲ့ အကြောင်းအရာတွေကြောင့် သွေးတိုးပါတယ်။ သွေးတိုးတာတွေကို ဖြေလျှော့ပေးပြီး သွေးတိုးကို ထိန်းညှိပေးနိုင်မယ့် လွယ်လွယ်ကူကူ နည်းလမ်းလေးတွေ ရှိပါတယ်။

8. လည်ပင်းနှင့် နားရွက်ကြားကို နှိပ်နယ်ပေးခြင်း

ခေါင်းနဲ့ လည်ပင်းမှာ ပါတဲ့ အမှတ်သုံးခုက နှစ်မိနစ် အတွင်း သွေးတိုးကျစေ မှာပါ။ ပထမ အမှတ်က နားရွက် အောက်ခြေ တည့်တည့်ဖြစ်ပြီး ဒုတိယအမှတ်က ပထမအမှတ်နဲ့ တန်းတန်း လည်ပင်းရဲ့ တစ်ဝက်လောက်မှာ ရှိပါတယ် ။ အဲဒီအမှတ် နှစ်ခုကို အပေါ်အောက် ရွေ့ပြီး ညင်ညင်သာသာ နှိပ်ပေးရမှာပါ။

လည်ပင်း နှစ်ဖက် လုံးကို မိနစ် အနည်းငယ် ကြာအောင် နှိပ်ပေးပါ။ တတိယ အမှတ်က နားရွက်အောက်ခြေထက် 2 စင်တီမီတာ ပိုမြင့်ပြီး မျက်နှာပေါ်မှာ ရှိပါတယ်။ တတိယ အမှတ် နေရာကို နာရီလက်တံ အတိုင်း နှိပ်နယ်ပေးပါ။

ဒီလို နှိပ်နယ်ပေးခြင်းက လည်ပင်းကြွက်သားတွေ တင်းနေတာကို ပြေလျော့စေပြီး ဦးနှောက်ဆီ သွေးစီးဆင်းမှု ကိုလည်း ကောင်းမွန်စေ ပါတယ်။

7. ဦးခေါင်း အနောက်ဘက်ကို နှိပ်ပေးခြင်း

ဦးခေါင်းရဲ့ အနောက် အောက်ဘက်က ချိုင့်ခွက်နေရာက ခေါင်းရဲ့ ဘယ်ဘက်ကော ညာဘက်မှာပါ ပါဝင်ပါတယ်။ အဲဒီ ချိုင့်ခွက်နေရာကို ဖြည်းဖြည်းချင်း နှိပ်ပေးရမှာပါ။ 2 မိနစ်အတွင်းမှာ ခေါင်းကိုက်ပျောက်ပြီး အဆင်ပြေသွား မှာပါ ။

6. ဘယ်ဘက်နှာခေါင်းဖြင့် အသက်ရှူခြင်း

ဘယ်ဘက်နှာခေါင်းနဲ့ အသက်ရှူခြင်းက သွေးကြောတွေကို ပြေလျော့စေပြီး စိတ်ဖိအားဖြစ်စေတဲ့ ဟော်မုန်းတွေကို လျှော့ပေးလို့ သွေးတိုးကျစေ ပါတယ်။

– ထိုင်ခုံ သို့မဟုတ် ကြမ်းပြင်ပေါ်မှာ ခါးမတ်မတ် ထိုင်ပါ။

– ဗိုက်ပေါ်ကို ဘယ်ဘက်လက် တင်ထားပါ။

– ဘယ်ဘက်နှာခေါင်းနဲ့ အသက်ကို အကြာကြီး ရှူပြီး ပြန်ထုတ်လိုက်ပါ။

– ဘယ်ဘက်နှာခေါင်းနဲ့ အသက်ရှူသွင်း ရှူထုတ်တာကို 3 မိနစ် ကနေ 5 မိနစ် အထိ ကြာအောင် ပြုလုပ်ပေးပါ။

5. ပျား အသက်ရှူခြင်း

Bhramari Pranayama လို့ခေါ်တဲ့ ပျားအသက်ရှူနည်းက သွေးတိုးခြင်းနဲ့ ဆက်စပ်တဲ့ ခေါင်းကိုက်ခြင်းကို ပျောက်ကင်းစေ ပါတယ်။

– ကြမ်းပြင်ပေါ်မှာ ခါးမတ်မတ်ထားပြီး ထိုင်ပါ။

– လက်ညှိုးကို နားရဲ့အရိုးနုပေါ်မှာ သာသာလေး တင်ထားပါ။

– ပြီးတော့ အသက်ရှူသွင်းလိုက်ပါ။

– အသက်ရှူလိုက်တဲ့ အခါ ပျားအော်နေသလို တဝီဝီ အသံကို ကြားရမှာပါ။

– ဒီလေ့ကျင့်ခန်းကို 7 ကြိမ်ကနေ 10 ကြိမ်အထိ ပြုလုပ်နိုင် ပါတယ်။

4. ဂန္တဝင် သီချင်းများကို နားထောင်ခြင်း

ငြိမ့်ညောင်းတဲ့ ဂန္တဝင်သီချင်းတွေကို နားထောင်ခြင်းက သွေးတိုးကျစေ ပါတယ်။ ဂန္တဝင် သီချင်းတွေက စိတ်ကို တည်ငြိမ်စေပြီး စိတ်ဖိအားဖြစ်စေတဲ့ ဟော်မုန်းတွေကို လျှော့ကျစေ ပါတယ်။

3. ရေသောက်ခြင်း

ရေဓာတ်ခန်းခြောက်ခြင်း ကြောင့်လည်း သွေးတိုးပါတယ်။ ရေဓာတ်လိုလာပြီ ဆိုရင် ခန္ဓာကိုယ်က သွေးထုထည်တွေက ကျဆင်းလာ ပါတယ်။ သွေးတိုးတော့မယ်လို့ ခံစားမိ လာတိုင်း ရေနှစ်ခွက်ခန့် သောက်ပေးပါ။

2. ပက်လက်အိပ်ခြင်း

ပက်လက်အိပ်ခြင်းက နှလုံးခုန်နှုန်းကို နည်းသွားစေပြီး သွေးတိုးကို သိသိသာသာ ကျစေ ပါတယ်။ ပက်လက်အိပ်ပြီး ကြွက်သားတွေကို ဖြေလျှော့လိုက်ပါ။ 10 မိနစ်၊ 15 မိနစ်ခန့် အိပ်ရင် သွေးတိုးသက်သာလာတာကို တွေ့ရမှာပါ။ ဒါ့အပြင် ပက်လက်အိပ်ခြင်းက အာရုံကြော အဖွဲ့အစည်း အတွက်လည်း ကောင်းစေပါတယ်။

1. ခြေထောက်ကို ရေနွေးစိမ်ခြင်း

ခြေထောက်ကို ရေနွေးစိမ်ခြင်းက ခေါင်းနဲ့လည်ပင်းကို အေးသွားစေပြီး ဦးနှောက်ထဲကို သွေးတစ်ဟုန်ထိုး ဝင်ရောက်မှုကို ဟန့်တားပေးပါတယ်။ ဇလုံထဲကို ရေနွေးထည့်ပြီး 10 မိနစ်၊ 15 မိနစ်ကြာ ခြေထောက် ရေစိမ်ပေးရုံပါပဲ။ ခေါင်းက သွေးတွေက ခြေထောက်ဆီကို ရောက်လာပြီး သွေးတိုးတာ ငြိမ်သွားပါတယ်။

သွေးတိုးခြင်းကို ထိန်းချုပ်နိုင်မယ့် လေ့ကျင့်ခန်း

ဘောလုံးလေးတွေကို ညှစ်ခြင်းက သွေးကြောတွေကို ပုံမှန်ဖြစ်စေ ပါတယ်။ ဒီလေ့ကျင့်ခန်းကို တစ်ပတ်ကို သုံးကြိမ်၊ တစ်ကြိမ်ကို 15 မိနစ်ခန့် ပြုလုပ်ပေးရမှာပါ။ တလကြာတဲ့အခါ သွေးတိုးတာ 10 ရာခိုင်နှုန်း လျော့သွားတာကို တွေ့မြင်ရမှာပါ။

Zombie (Lovemedia)

For Zawgyi

ေသြးတိုးျခင္းကို ၁၀ မိနစ္ အတြင္း သက္သာသြားေစမယ့္ အလြယ္ကူဆုံး နည္းလမ္းမ်ား

လူအမ်ားစုက ေခါင္းကိုက္ျခင္း၊ ပင္ပန္းျခင္း၊ ႏွလုံးခုန္မမွန္ျခင္း၊ ရင္ဘတ္ေအာင့္ျခင္း၊ ေသြးတိုးျခင္းေတြ ျဖစ္တတ္ၾကပါတယ္။ စိတ္ပင္ပန္းျခင္း၊ အိပ္ခ်ိန္နည္းျခင္း၊ အလြန္ျခင္းစတဲ့အေၾကာင္းအရာေတြေၾကာင့္ ေသြးတိုးပါတယ္။ ေသြးတိုးတာေတြကို ေျဖေလွ်ာ့ေပးၿပီး ေသြးတိုးကို ထိန္းညႇိေပးႏိုင္မယ့္ လြယ္လြယ္ကူကူ နည္းလမ္းေလးေတြ ရွိပါတယ္။

8. လည္ပင္းႏွင့္ နား႐ြက္ၾကားကို ႏွိပ္နယ္ေပးျခင္း

ေခါင္းနဲ႔ လည္ပင္းမွာ ပါတဲ့ အမွတ္သုံးခုက ႏွစ္မိနစ္ အတြင္း ေသြးတိုးက်ေစ မွာပါ။ ပထမ အမွတ္က နား႐ြက္ ေအာက္ေျခ တည့္တည့္ျဖစ္ၿပီး ဒုတိယအမွတ္က ပထမအမွတ္နဲ႔ တန္းတန္း လည္ပင္းရဲ႕ တစ္ဝက္ေလာက္မွာ ရွိပါတယ္ ။ အဲဒီအမွတ္ ႏွစ္ခုကို အေပၚေအာက္ ေ႐ြ႕ၿပီး ညင္ညင္သာသာ ႏွိပ္ေပးရမွာပါ။ လည္ပင္း ႏွစ္ဖက္ လုံးကို မိနစ္ အနည္းငယ္ ၾကာေအာင္ ႏွိပ္ေပးပါ။ တတိယ အမွတ္က နား႐ြက္ေအာက္ေျခထက္ 2 စင္တီမီတာ ပိုျမင့္ၿပီး မ်က္ႏွာေပၚမွာ ရွိပါတယ္။ တတိယ အမွတ္ ေနရာကို နာရီလက္တံ အတိုင္း ႏွိပ္နယ္ေပးပါ။ ဒီလို ႏွိပ္နယ္ေပးျခင္းက လည္ပင္းႂကြက္သားေတြ တင္းေနတာကို ေျပေလ်ာ့ေစၿပီး ဦးေႏွာက္ဆီ ေသြးစီးဆင္းမႈ ကိုလည္း ေကာင္းမြန္ေစ ပါတယ္။

7. ဦးေခါင္း အေနာက္ဘက္ကို ႏွိပ္ေပးျခင္း

ဦးေခါင္းရဲ႕ အေနာက္ ေအာက္ဘက္က ခ်ိဳင့္ခြက္ေနရာက ေခါင္းရဲ႕ ဘယ္ဘက္ေကာ ညာဘက္မွာပါ ပါဝင္ပါတယ္။ အဲဒီ ခ်ိဳင့္ခြက္ေနရာကို ျဖည္းျဖည္းခ်င္း ႏွိပ္ေပးရမွာပါ။ 2 မိနစ္အတြင္းမွာ ေခါင္းကိုက္ေပ်ာက္ၿပီး အဆင္ေျပသြား မွာပါ ။

6. ဘယ္ဘက္ႏွာေခါင္းျဖင့္ အသက္ရႉျခင္း

ဘယ္ဘက္ႏွာေခါင္းနဲ႔ အသက္ရႉျခင္းက ေသြးေၾကာေတြကို ေျပေလ်ာ့ေစၿပီး စိတ္ဖိအားျဖစ္ေစတဲ့ ေဟာ္မုန္းေတြကို ေလွ်ာ့ေပးလို႔ ေသြးတိုးက်ေစ ပါတယ္။

– ထိုင္ခုံ သို႔မဟုတ္ ၾကမ္းျပင္ေပၚမွာ ခါးမတ္မတ္ ထိုင္ပါ။

– ဗိုက္ေပၚကို ဘယ္ဘက္လက္ တင္ထားပါ။

– ဘယ္ဘက္ႏွာေခါင္းနဲ႔ အသက္ကို အၾကာႀကီး ရႉၿပီး ျပန္ထုတ္လိုက္ပါ။

– ဘယ္ဘက္ႏွာေခါင္းနဲ႔ အသက္ရႉသြင္း ရႉထုတ္တာကို 3 မိနစ္ ကေန 5 မိနစ္ အထိ ၾကာေအာင္ ျပဳလုပ္ေပးပါ။

5. ပ်ား အသက္ရႉျခင္း

Bhramari Pranayama လို႔ေခၚတဲ့ ပ်ားအသက္ရႉနည္းက ေသြးတိုးျခင္းနဲ႔ ဆက္စပ္တဲ့ ေခါင္းကိုက္ျခင္းကို ေပ်ာက္ကင္းေစ ပါတယ္။

– ၾကမ္းျပင္ေပၚမွာ ခါးမတ္မတ္ထားၿပီး ထိုင္ပါ။

– လက္ညႇိဳးကို နားရဲ႕အ႐ိုးႏုေပၚမွာ သာသာေလး တင္ထားပါ။

– ၿပီးေတာ့ အသက္ရႉသြင္းလိုက္ပါ။

– အသက္ရႉလိုက္တဲ့ အခါ ပ်ားေအာ္ေနသလို တဝီဝီ အသံကို ၾကားရမွာပါ။

– ဒီေလ့က်င့္ခန္းကို 7 ႀကိမ္ကေန 10 ႀကိမ္အထိ ျပဳလုပ္ႏိုင္ ပါတယ္။

4. ဂႏၲဝင္ သီခ်င္းမ်ားကို နားေထာင္ျခင္း

ၿငိမ့္ေညာင္းတဲ့ ဂႏၲဝင္သီခ်င္းေတြကို နားေထာင္ျခင္းက ေသြးတိုးက်ေစ ပါတယ္။ ဂႏၲဝင္ သီခ်င္းေတြက စိတ္ကို တည္ၿငိမ္ေစၿပီး စိတ္ဖိအားျဖစ္ေစတဲ့ ေဟာ္မုန္းေတြကို ေလွ်ာ့က်ေစ ပါတယ္။

3. ေရေသာက္ျခင္း

ေရဓာတ္ခန္းေျခာက္ျခင္း ေၾကာင့္လည္း ေသြးတိုးပါတယ္။ ေရဓာတ္လိုလာၿပီ ဆိုရင္ ခႏၶာကိုယ္က ေသြးထုထည္ေတြက က်ဆင္းလာ ပါတယ္။ ေသြးတိုးေတာ့မယ္လို႔ ခံစားမိ လာတိုင္း ေရႏွစ္ခြက္ခန႔္ ေသာက္ေပးပါ။

2.ပက္လက္အိပ္ျခင္း

ပက္လက္အိပ္ျခင္းက ႏွလုံးခုန္ႏႈန္းကို နည္းသြားေစၿပီး ေသြးတိုးကို သိသိသာသာ က်ေစ ပါတယ္။ ပက္လက္အိပ္ၿပီး ႂကြက္သားေတြကို ေျဖေလွ်ာ့လိုက္ပါ။ 10 မိနစ္၊ 15 မိနစ္ခန႔္ အိပ္ရင္ ေသြးတိုးသက္သာလာတာကို ေတြ႕ရမွာပါ။ ဒါ့အျပင္ ပက္လက္အိပ္ျခင္းက အာ႐ုံေၾကာ အဖြဲ႕အစည္း အတြက္လည္း ေကာင္းေစပါတယ္။

1. ေျခေထာက္ကို ေရေႏြးစိမ္ျခင္း

ေျခေထာက္ကို ေရေႏြးစိမ္ျခင္းက ေခါင္းနဲ႔လည္ပင္းကို ေအးသြားေစၿပီး ဦးေႏွာက္ထဲကို ေသြးတစ္ဟုန္ထိုး ဝင္ေရာက္မႈကို ဟန႔္တားေပးပါတယ္။ ဇလုံထဲကို ေရေႏြးထည့္ၿပီး 10 မိနစ္၊ 15 မိနစ္ၾကာ ေျခေထာက္ ေရစိမ္ေပး႐ုံပါပဲ။ ေခါင္းက ေသြးေတြက ေျခေထာက္ဆီကို ေရာက္လာၿပီး ေသြးတိုးတာ ၿငိမ္သြားပါတယ္။

ေသြးတိုးျခင္းကို ထိန္းခ်ဳပ္ႏိုင္မယ့္ ေလ့က်င့္ခန္း

ေဘာလုံးေလးေတြကို ညႇစ္ျခင္းက ေသြးေၾကာေတြကို ပုံမွန္ျဖစ္ေစ ပါတယ္။ ဒီေလ့က်င့္ခန္းကို တစ္ပတ္ကို သုံးႀကိမ္၊ တစ္ႀကိမ္ကို 15 မိနစ္ခန႔္ ျပဳလုပ္ေပးရမွာပါ။ တလၾကာတဲ့အခါ ေသြးတိုးတာ 10 ရာခိုင္ႏႈန္း ေလ်ာ့သြားတာကို ေတြ႕ျမင္ရမွာပါ။

Zombie (Lovemedia)

Leave a Comment