Uncategorized

(14)နှစ်အရွယ်ကောင်လေးတစ်ယောက်လိုပုံစံကြောင့် နာမည်ကြီးနေတဲ့ (32)နှစ်အမျိုးသား

ရုရှားနိုင်ငံကDennisလို့ခေါ်တဲ့အမျိုးသားတစ်ယောက်ဟာ၊(1987)ခုနှစ်မှာမွေးဖွားပီးယခုအခါမှာတော့အသက်(32)နှစ်ရှိပီဖြစ်ပါတယ်။သို့ပေမဲ့၎င်းရဲ့ရုပ်ရည်ဟာ၊အသက်အရွယ်ထက်အများကြီးနုနေပီး၊ငယ်ရွယ်တဲ့ဆယ်ကျော်သက်ကောင်လေးတစ်ယောက်လိုပုံစံကြောင့်၊ရုရှားနိုငင်ငံရဲ့social media မှာလူပြောများနာမည်ကြီးနေခဲ့ပါတယ်။Dennisရဲ့ကြီးထွားမှုပုံစံဟာငယ်စဥ်တည်းကအခြားခလေးတွေနဲ့မတူပဲ၊ ထူးခြားနေတာကို၎င်းရဲ့မိဘတွေကသတိထားမိခဲ့ကြပါတယ်။


Dennisနဲ့တစ်နှစ်တည်းမွေးတဲ့သူငယ်ချင်းအုပ်စုမှာဆိုရင်၊၎င်းကအသက်အငယ်ဆုံးကလေးပုံလိုဖြစ်နေခဲ့ပါတယ်။သို့ပေမဲ့၎င်းရဲ့ဖြစ်တည်မှုကြောင့်၊လှောင်ပြောင်ခံရတာတော့မကြုံဖူးပါဘူး။ကျောင်းဆင်းပွဲမှာရိုက်ထားတဲ့ဓာတ်ပုံတပုံမှာဆိုရင်တော့၊Dennisတစ်ယောက်တည်းကလေးရုပ်နဲ့ဆယ်ကျော်သက်အရွယ်ပုံစံလိုဖြစ်နေခဲ့ပါတယ်။Dennisဟာကားလိုင်စင်စစ်ခံရတုန်းကဆိုရင်၊၎င်းကိုရဲများကလုံးဝမယုံကြည့်ခဲ့ပေမဲ့၊သေချာရှင်းပြမှတ်ပုံတင်ကိုပြမှယုံကြည်ခဲ့ကြတာလို့ဆိုပါတယ်။


ထို့အပြင်Dennisဟာမနက်မိုးလင်းတိုင်း၊သူ့ရဲ့ခလေးမျက်နှာလိုနဲ့ခန္ဓာကိုယ်တည်ဆောက်မှုကိုဘဝင်မကျဘူးလို့ဆိုပါတယ်။သို့ပေမဲ့Dennisလိုပဲ၊ဂျပန်နိုင်ငံကအသက်(27)နှစ်အရွယ်အမျိုးသားတစ်ယောက်လဲ၊၎င်းလိုမျိုးဆယ်ကျော်သက်ခလေးပုံစံလိုဖြစ်နေတာတစ်ယောက်ရှိဖူးတယ်လို့သိရပါတယ်။


Gabar News


zawgyi









Gabar News

Leave a Comment