Knowledge

ရုပ်ရည်မလှလည်း တန်ဖိုးရှိတဲ့ မိန်းကလေးဆိုတာ

(၁) မနာလိုစိတ် မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးပီး တည်ငြိမ်တယ်။ မျက်နှာက လမင်းလို ကြည်လင် ဝင်းပတယ်။

(၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေး တွေဟာ နူးညံ့သိမ်မွေ့တယ်။ မျက်ဝန်းထဲမှာ စစ်မှန်တဲ့ ရိုးသားမှုတွေ ရှိတယ်။

(၃) စကားပြော ညင်သာပျော့ပျောင်းပြီး စကားကြမ်းမပြောတဲ့ မိန်းကလေး တွေဟာ ပန်းလေးတစ်ပွင့်နဲ့ တူတယ်။ ခူးယူသူရဲ့ လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။

(၄) ရမ္မက်လောဘ ကင်းရှင်းတဲ့ မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ ရုပ်ကိုဆောင်တယ်။ ရည်မွန်ကျော့ရှင်းတယ်။

(၅) စိတ်ကြီးမဝင်တဲ့ မိန်းကလေး တွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေလို အေးမြတယ်။

(၆) သက်ရှိတွေအပေါ် ချစ်ခင် နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့ ပေးဆပ်တဲ့ မိခင်လို မေတ္တာရောင်ခြည်မျိုး ထွန်းတောက်တယ်။ ညှာတာကြင်နာတယ်။

(၇) အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာတယ်။

(၈) အာရုံစိုက်ပြီး လုပ်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ မိန်းကလေးတွေဟာ အသားအရည်ဝင်းပပြီး တည်ကြည်တယ်။ လရဲ့ အလင်းတန်းလို ကြည်လင်ပြီး ဆွဲဆောင်မှုနဲ့ ပြည့်လို့နေပါတယ်။

မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည် မလှပချင် နေပါစေ.. ဘဝကိုတော့ လှလှပပ ရှင်သန်နေထိုင် သင့်ပါတယ်။

 

Zawgyi

(၁) မနာလိုစိတ္ မရွိတဲ့ မိန္းကေလးေတြဟာ ေအးေဆးပီး တည္ၿငိမ္တယ္။ မ်က္ႏွာက လမင္းလို ၾကည္လင္ ဝင္းပတယ္။

(၂) အမုန္းရန္ၿငိဳးမရွိတဲ့ မိန္းကေလး ေတြဟာ ႏူးညံ့သိမ္ေမြ႕တယ္။ မ်က္ဝန္းထဲမွာ စစ္မွန္တဲ့ ႐ိုးသားမႈေတြ ရွိတယ္။

(၃) စကားေျပာ ညင္သာေပ်ာ့ေပ်ာင္းၿပီး စကားၾကမ္းမေျပာတဲ့ မိန္းကေလး ေတြဟာ ပန္းေလးတစ္ပြင့္နဲ႔ တူတယ္။ ခူးယူသူရဲ႕ လက္ကို ရနံ႔ေတြနဲ႔ ေမႊးႀကိဳင္ေစတယ္။

(၄) ရမၼက္ေလာဘ ကင္းရွင္းတဲ့ မိန္းကေလးေတြဟာ ျမင့္ျမတ္တဲ့ ႐ုပ္ကိုေဆာင္တယ္။ ရည္မြန္ေက်ာ့ရွင္းတယ္။

(၅) စိတ္ႀကီးမဝင္တဲ့ မိန္းကေလး ေတြဟာ ႐ိုးသားစစ္မွန္တယ္။ စိမ့္စမ္းေရလို ေအးျမတယ္။

(၆) သက္ရွိေတြအေပၚ ခ်စ္ခင္ ႏွစ္သက္တဲ့ မိန္းကေလးေတြဟာ တန္းတူေမတၱာနဲ႔ ေပးဆပ္တဲ့ မိခင္လို ေမတၱာေရာင္ျခည္မ်ိဳး ထြန္းေတာက္တယ္။ ညႇာတာၾကင္နာတယ္။

(၇) အလိုမႀကီး၊ မၿငီးတြားတဲ့ မိန္းကေလးေတြဟာ ၾကည္လင္ၿပီး စိတ္ေရာကိုယ္ပါ က်န္းမာတယ္။

(၈) အာ႐ုံစိုက္ၿပီး လုပ္တတ္တဲ့၊ စိတ္႐ိုးရွင္းတဲ့ မိန္းကေလးေတြဟာ အသားအရည္ဝင္းပၿပီး တည္ၾကည္တယ္။ လရဲ႕ အလင္းတန္းလို ၾကည္လင္ၿပီး ဆြဲေဆာင္မႈနဲ႔ ျပည့္လို႔ေနပါတယ္။

မိန္းကေလးတိုင္း ေမြးရာပါ ႐ုပ္ရွည္ မလွပခ်င္ ေနပါေစ.. ဘဝကိုေတာ့ လွလွပပ ရွင္သန္ေနထိုင္ သင့္ပါတယ္။

 

Leave a Comment