One Daily News

သတ္တဝါများဟာ ထင်ထားတာထက်ပိုထူးခြားကြောင့်ပြသပေးမည့် ထူးဆန်းဓာတ်ပုံ(၂၀)ပုံ

သတ္တဝါများဟာ ထင်ထားတာထက်ပိုထူးခြားကြောင့်ပြသပေးမည့် ထူးဆန်းဓာတ်ပုံ(၂၀)ပုံ

ကျွန်ုပ်တို့၏ကမ္ဘာပေါ်တွင်ရှင်သန်နိုင်သောမျိုးစိတ် ၁၅ သန်းခန့်အနက် ကျွန်ုပ်တို့ဟာ ၂ သန်းကိုသာရှာဖွေတွေ့ရှိခဲ့ပါတယ်။ သင်ဇီဝဗေဒကိုဘေးဖယ်ထားပြီးပထဝီဝင်ကို လေ့လာရင်တောင် အများကြီးကျန်သေးပါတယ်။ ထို့အပြင် သမုဒ္ဒရာတွေရဲ့ ၁၀% လောက်ကိုပဲ စူးစမ်းလေ့လာပြီးထားပါတယ်။ ထို့ကြောင့်ရှင်းရှင်းပြောရရင် သဘာဝတရားကြီးဟာ အံ့သြဖွယ်ရာများစွာရှိနေပါသေးတယ်။

ထို့အနက်မှ လူသိနည်းသောသဘာဝရှုထောင့်အချို့၊ အံ့သြဖွယ်ကောင်းသောသတ္တဝါများနှင့်နေရာအချို့ကိုတွေ့ရှိခဲ့ပါတယ် ။ ဒါတွေကတော့သင့်ကို အံ့သြ‌စေမယ့် အချက်တွေပါပဲ။

(၁) Himalayan monal ရစ်ငှက်ဟာ ဒေါင်းထက်သာလွန်လှပပါတယ်။

Himalayan monal (သို့) Impeyan pheasant ခေါ်သာ့် ရစ်ငှက်မျိုးဟာ အိန္ဒိယနှင့်နီပေါရှိဟိမဝန္တာဒေသများတွင်နေထိုင်ပြီးလှပသောအမွေးအတောင်ရှိသောငှက်ဖြစ်ပါတယ်။အခြားငှက်များနည်းတူ ၎င်းသည် တောက်ပသောအရောင်ရှိလျှင်အထီးဖြစ်ပြီး၊ အမများက အများအားဖြင့်အညိုရောင်မှိုင်းပါတယ်။

(၂) အရွယ်အစားတူသားကောင်များကို သတ်စားနိုင်စွမ်းရှိသည့် ဦးချိုဖားများ

Jaws ရုပ်ရှင်အသစ်တစ်ခုရိုက်ဖို့ ဆုံးဖြတ်ခဲ့ရင် ငါးမန်းကို မသုံးဘဲ တောင်အမေရိကမှ ဦး ချိုဖားတွေကိုသရုပ်ဆောင်ခိုင်းသင့် လောက်အောင် ဦး ခေါင်း ၁၀၀ မီလီမီတာလောက်ကျယ်တဲ့ဒီဖားတွေထဲကမှ ပိုကြီးတဲ့မျိုးစိတ်များ ကိုက်နိုင်စွမ်းအား (500N)ရှိပါတယ်။၊ အဲဒါကြောင့်လဲ ဒီဖားတွေကို သူတို့အရွယ်အစားအလိုက် သားကောင်လိုက်သတ်ပြီးစားနိုင်ခြင်းဖြစ်ပါတယ်။

(၃) ထူးဆန်းတိမ်ပုံသဏ္ဍာန်

Reddit အသုံးပြုသူ Osogood က ဤပုံကိုစတင်ခဲ့ပြီး-“ အမိအရဖမ်းမိခဲ့တဲ့တိမ်ဖွဲ့စည်းမှုသဏ္ဍာန်” လို့ ရေးသားထားခဲ့ပါတယ်။ ပေါ်နေခဲ့တဲ့ပုံဟာ နဂါးလား၊ မြင်လား မကွဲပြားသော်လည်း နဂါးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

(၄) ယုန်နားရွက်ဖြင့်ခရမ်းချဉ်သီး

Reddit အသုံးပြုသူ တစ်ဦးက ” ခြံဝန်းထဲမှ ယုန်နားရွက်ထောင်လေးဖြင့် ခရမ်းချဉ်သီး” သူသော စာဖြင့်တွဲတင်ခဲ့ပြီး အိမ်နီးချင်းကလေးအားလက်ဆောင်ပေးလိုက်ကြောင်း၊ ကလေးငယ်ကလည်း အလွန်သဘောကျသောကြောင့် ကြည်နူးရကြောင်း ရေးသားထားပါတယ်။

(၅) မြွေနဂါး

အဆိုပါ ချစ်စရာကောင်းသည့်မြွေငယ်လေးသည် Xenodermus ဖြစ်ပြီး၎င်း၏ကိုယ်ပေါ်တွင်နဂါးကဲ့သို့အကြေးခွံများကြောင့်လူသိများခြင်းဖြစ်ပါတယ် ။ ၎င်းသည်အဆိပ်မရှိဘဲ ၊ ဖားနှင့်ကြွက်ငယ်များကို အစာအဖြစ်စားပါတယ်။ ဒေါသထွက်သောအခါ ၎င်းသည်တစ်ကိုယ်လုံးကိုတောင့်တင်းသွားသော်လည်းနဂါးကဲ့သို့မီးမမှုတ်ထုတ်ပါဘူး။ ၎င်းတို့ဟာ လှောင်ပိတ်ထားခံရခြင်းဖြင့်ပင် သေဆုံးသွား‌ လေ့ရှိကြပါတယ်။

(၆)မျောက်မျက်နှာသဏ္ဍာန်သစ်ခွပန်းပွင့်များ

Dracula သစ်ခွ (သို့) Dracula simia ဟုခေါ်သောမျောက်မျက်နှာသစ်ခွသည် epiphytic အပင်တစ်ခုဖြစ်သည်။ ၎င်းသည်ချိုသာသော citrusy ရနံ့ကိုထုတ်လွှတ်သော်လည်းအများအားဖြင့်တောတွင်း၌သာ တွေ့ရပြီး စိုက်ပျိုးမွေးမြူန်ကြိုးစားခြင်း၌မအောင်မြင်ခဲ့ပါဘူး။

(၇)ပြောင်းဖူးစေ့လှလှလေးများ

Native Seeds ဟုခေါ်သောကုမ္ပဏီတစ်ခုကသူတို့၏ အိန္ဒိယအမွေအနှစ်များအားပြန်လည်ရှင်သန်စေရန်ရောင်းချသော စားသုံးနိုင်သောမျိုးစိတ်တစ်ခုဖြစ်ပါတယ် ။ ဒါပေမယ့် မစားရက်နိုင်အောင်ပဲ တော်တော်လှပနေပါတယ်။

(၈) နုတ်ခမ်းပုံပွင့်ဖူးလေးများ

Palicourea elata သည်အပူပိုင်းမိုးသစ်တောအပင်တစ်ခုဖြစ်ပြီးပန်းမပွင့်ခင်နှုတ်ခမ်းနှစ်စုံနှင့်တူပါတယ်။

(၉) သစ်သားချောင်းသဏ္ဍာန်ပိုးဖလံ

သိပ္ပံပညာအရ Phalera bucephala ဟုသိကြသည့် buff-tip ပိုးသည်အနားယူချိန်တွင်ကျိုးပဲ့သောသစ်ကိုင်းသစ်ခက်တစ်ခုနှင့်တူသည်။ ၎င်းတို့သည်မေလနှင့်ဇူလိုင်လများအကြားညဉ့်ပျံနိုင်သောသတ္တဝါများဖြစ်ကြပြီး၎င်းတို့သည်ရွေ့လျားခြင်းမရှိပါက သတိထားမိရန်မလွယ်ကူလှပါဘူး။

(၁၀) inkcap မှိုအစာအဝေး

အခြားမှိုများနှင့်မတူပဲ ထိမိလိုက်လျှင် အနက်ရောင်အပေါက်များ ကျန်ရစ်စေခဲ့တတ်ပါတယ်။
သူတို့ရဲ့ပုံသဏ္ဍာန်တွေကြောင့် Fairies Bonnets ဆိုတဲ့နာမည်ရခဲ့ပါတယ်။ ၎င်းတို့ဟာ ပုပ်နေသောသစ်သားများပေါ်တွင်စုပြုံပြီးကြီးထွားလာပြီးရက်အနည်းငယ်အတွင်းညှိုးနွမ်းသွားကြသည်။ သို့သော်ဤသေးငယ်သောဖြူဖျော့ဖြူမှိုများပွင့်သောအခါ၎င်းသည်မှော်ဝင်လှပမှုတစ်မျိုး မြင်ရစေပါတယ်။

(၁၁) ပန်းတစ်ပွင့်သဖွယ် Praying Mantis

ပန်းအများစုဟာ အင်းဆက်များနှင့်ဆင်တူသော်လည်း ဤသည်မှာသစ်ခွပန်းအဆင်တန်ဆာနှင့်ပိုတူပါတယ် ။ သစ်ခွပင်ကို Mantis ဟုခေါ်သော Hymenopus coronatus ကိုအာရှမိုးသစ်တောများတွင်တွေ့ရပြီး ပန်းပွင့်သဏ္ဍာန်အသွင်အပြင်ဟာ သားကောင်များကိုဖမ်းရန်နှင့်ရှောင်ရှားရန်ကူညီပေးနိုင်ပါတယ်။

(၁၂) ဖန်အကြည်ရောင်ဖား

ဖန်သားရောင်ဖားများ၏ ၀ မ်းဗိုက်ပေါ်ရှိအသားရေဟာ ကြည်လင်နေသောကြောင့် သူတို့၏ကိုယ်တွင်းအင်္ဂါများကိုရှင်းလင်းစွာမြင်နိုင်ပါတယ်။ထို့ကြောင့် ၎င်းတို့ဟာ သားကောင်များ၏အန္တရာယ်မှပုန်းရှောင်ရာတွင် အဆင်ပြေစေပါတယ်။

(၁၃) တရုတ်ခူကောင်

Pine processionary ကဲ့သို့အမွေးကျိုင်းကောင်အချို့သည်သစ်ပင်များနှင့်မြေပြင်ကိုဖြတ်ရန်အချင်းချင်း ရထားတွဲသဖွယ် ချိတ်ဆက်လေ့ရှိပြီး အရှေ့ဆုံးမှ ခူကောင်၏ ခေါင်းကိုသာမြင်နိုင်ပါတယ်။ ဦးဆောင်ခူကောင်ဟာ လမ်းကြောင်းတစ်ခုချန်ထားခဲ့ ပြီးကျန်အ‌ကောင်များက နောက်ကလိုက်ကြသောကြောင့် မီးရထားတွဲကြီးသဖွယ် မြင်ရနိုင်ပါလိမ့်မယ်။

(၁၄) ပုစဉ်းတစ်ကောင်၏ အနီးကပ်ပုံ

အနီရောင်ပုစ‌ဥ်းတစ်ကောင် ဖြစ်ပြီး ၎င်းကိုအများအားဖြင့် ဥရောပတောင်ပိုင်းတွင်တွေ့ရတတ်ပါတယ်။

(၁၅) လှပသော ပျားအုံ

မျက်နှာပြောင် (သို့) မျက်နှာဖြူ ပျားအုံ ဖြစ်ပြီး ၏အဝါရောင်ဖြစ်ပြီး အမှန်တကယ်မှာတော့ ပျားများထက်အဝါရောင်အကျီနှင့်ပိုမိုဆင်တူနေပါတယ်။သူတို့ကသူတို့ရဲ့အသိုက်တွေကိုသစ်သားနဲ့စက္ကူတို့မှရတဲ့ အမျှင်တွေနဲ့ပြုလုပ်ပြီး အရမ်းရန်လိုကြပါတယ်။

(၁၆) ဂြိုဟ်တုယာဉ်ပျံမဟုတ် ၊ တိမ်တိုက်များသာဖြစ်ပါတယ်။

အလွန်ထူးဆန်းလွန်း သောတိမ်အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး တစ်ချိန်ကလူတို့ကို UFOs များဟုမှားယွင်းစေနိုင်ခဲ့ပါတယ်။ Lenticular (သို့) မှန်ဘီလူးပုံသဏ္ဍာန်ရှိသောတိမ်များသည် အများအားဖြင့် stratosphere ရှိလေ၏ရွေ့လျားမှုကိုမျဉ်းပြိုင်ပုံစံဖြင့်ဖွဲ့စည်းထားတာ‌ကြောင့် ဆန်းကြယ်သော သဘာဝတစ်ခုပဲ ဖြစ်ပါတယ်။

(၁၇) အလှပဆုံးပင့်ကူ

စပါးစေ့အရွယ်ခန့်သာရှိသောဒေါင်းပင့်ကူများဟာ ကမ္ဘာတွင်အတောက်ပဆုံးသောသတ္တဝါများထဲမှတစ်ခုဖြစ်ပါတယ်။။ ကျန်တဲ့သဘာဝတရားတွေလိုပင် အရောင်တောက်ပ ထူးဆန်းပြီး အမမျိုးစိတ်များကိုဆွဲဆောင်ဖို့ အကအခုန်လုပ် နိုင်တဲ့အထီးတွေဘဲဖြစ်ပါတယ်။

(၁၈)သွေးစုပ်ရေသမင်

နည်းပညာအရ ၎င်းတို့သွားများဟာ မိတ်လိုက်အခွင့်အရေးများနှင့် ပိုင်နက်နယ်မြေများအတွက်တိုက်ပွဲများတွင် အသုံးပြုသောအစွယ်များဖြစ်ပါတယ်။သို့သော်သူတို့မှာ သွေးစုပ်ခြင်းနှငိ့ပတ်သက်သော သသဘာဝမရှိပါဘူး။ အာရှတိုက်၌တွေ့ရများပြီး ရေသမင်များဟာ သမင်မျိုးနွယ်စု၏ အခြားမည်သည့်သတ္တဝါထက်မဆိုသမင်နှင့်သာပိုနီးစပ်ပါတယ်။

(၁၉) ကိုလံဘီယာရှိ အရောင် ၅ မျိုးဖြင့်စီးဆင်းသည့် Caño Cristales မြစ်

ဇွန်လနှင့်နိုဝင်ဘာလများအကြားတွင် ကိုလံဘီယာရှိ ရိုးရှင်းသောစီးဆင်းနေသောမြစ်သည်အရောင် ၅ ရောင်ရောစပ်ထားပါတယ်။ Macarenia clavigera ဟုခေါ်သော မြစ်အတွင်းရှိရေနေအပင်တစ်မျိုး၏ ပန်းပွင့်ခြင်းကြောင့်မြစ်ဟာ အနီရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အပြာရောင်နှင့်အနက်ရောင်သို့ပြောင်းသွားလေ့ရှိပါတယ်။

(၂၀) ဟွန်ဒူရပ်စ်မှ အဖြူရောင်လင်းနို့

၆ ဂရမ်သာ အလေးချိန်ရှိသော လင်းနို့လေးများကိုဟာ Heliconia အရွက်များကိုရွက်ဖျင်တဲများပြုလုပ်ပြီး သင်္ဘောသဖန်းသီးများကိုသာစားကြသောကြောင့်၎င်းတို့ကို ကာရစ်ဘီယံရွက်ဖျင်တဲလုပ်တဲ့လင်းနို့များဟုလည်းလူသိများပါတယ်။ ၎င်းတို့အတောင်ပံဟာ ၁၀ စင်တီမီတာရှိပြီးအတောင်ပံများပါသောဝက်သေးသေးလေးများကဲ့သို့ ထင်ရနိုင်ပါတယ်။

ဤခမ်းနားထည်ဝါသောသတ္တဝါများနှင့်မြင်ကွင်းများက သင့်အားအံ့အားသင့်စေခဲ့ရဲ့လား?? သင့်ရဲ့ ဝေဖန်ထင်မြင်ချက်များကိုလဘ်း ကျွန်ုပ်တို့နှင့်မျှဝေပေးနိုင်ပါတယ်။

 

Source Brightside

Written One Daily Media

Leave a Comment