Tue. Oct 26th, 2021

လူသားတွေရဲ့ဥာဏ်ရည်ထက်မြက်မှုဟာ ကန့်သတ်ချက်မရှိပါဘူး။ ကျွန်တော်တို့ရဲ့နယ်နမိတ်တွေကိုကျော်လွှားပြီး နယ်နိမိတ်အသစ်တွေကိုစူးစမ်းလေ့လာခြင်းက ယနေ့ခေတ်အနေနဲ့သိသာထင်ရှားနေပါတယ်။ ပြဿနာတွေကိုဖြေရှင်းရန်နှင့် ပိုမိုထိရောက်သောနည်းလမ်းများကိုရှာဖွေရန်မှာ လူသားတွေရဲ့သဘာဝသာဖြစ်ပါတယ်။ ထို့ကြောင့် ဒီဥပမာတစ်ခုက ငါးကိုဖမ်းဖို့ပလတ်စတစ်ဘူးတွေကိုဘယ်လိုသုံးလိုက်တယ်ဆိုတာကိုပြသနေပါတယ်။ ဗီဒီယိုထဲက ပုံမှန်မဟုတ်တဲ့ငါးဖမ်းနည်းက ရယ်စရာကောင်းတယ်လို့သင်ထင်မိသွားနိုင်ပေမဲ့ ဗီဒီယိုအဆုံးမှာ သူဘာကိုဆွဲထုတ်လိုက်လဲဆိုတာကို သင်စောင့်ကြည့်နိုင်ပါတယ်။

လူတို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာများကိုပိုမိုလွယ်ကူစေမည့်အဆင့်မြင့်နည်းပညာသုံးကိရိယာများကို အကန့်အသတ်ဖြင့်သာရရှိနိုင်တဲ့ကျေးလက်ဒေသများရှိလူတို့ဟာ လုပ်ဆောင်ရန်နည်းလမ်းသစ်များနှင့်အတူ ၎င်းတို့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းနှင့်ရှင်သန်မှုစွမ်းရည်ကိုသာ အသုံးပြုခဲ့ကြရပါတယ်။ ၎င်းတို့ရဲ့ဆန်းသစ်တဲ့နည်းလမ်းတွေက ထူးဆန်းတယ်လို့ထင်ရပေမဲ့လည်း အရေးကြီးတာမှာ ၎င်းဟာ အလုပ်ဖြစ်နေပါတယ်။ ဗီဒီယိုထဲရှိအမျိုးသားဟာ ပလပ်စတစ်ဘူး ၁၀ ဘူးနှင့် ငါးမြားချိတ် ၁၀ ခုတို့ကိုသာအသုံးပြုပြီး ၎င်းတို့ကို ကြိုးဖြင့် ဝါးတုတ်ချောင်းရှည်ပေါ်တွင် ချိတ်စေပါတယ်။

ဗီဒီယိုထဲအရ ပလပ်စတစ်ဘူးများကအကုန်အဝါဆိုပေမဲ့ အဝါမှမဟုတ်ဘဲ အခြားအရောင်ကိုလည်းအသုံးပြုနိုင်ပါတယ်။ ထို့နောက် ၎င်းပလပ်စတစ်ဘူးနှင့်ငါးမြားချိတ်ကိုချိတ်ဆွဲထားတဲ့ဝါးတုတ်ချောင်းကို ရေထဲ၌သေချာစွာနေရာချထားပြီးတာနဲ့ ၎င်းတို့လုပ်စရာရှိတာက ခဏစောင့်ဖို့သာဖြစ်ပြီး သိပ်မကြာခင်မှာ ၎င်းတို့ဟာ ငါးတစ်ကောင်ပြီးတစ်ကောင်ကို ဆွဲထုတ်လာခဲ့ကြပါတယ်။ အဆိုပါအမျိုးသားဟာ ပစ္စည်းနှစ်မျိုး ၊သုံးမျိုးနဲ့တင် အလွယ်လေးငါးဖမ်းပြသွားခဲ့တာပါဘဲ။ ဒီနည်းလမ်းဟာ ကြိုးနဲ့ ကောက်ချိတ်ကိုချည်ပြီး ပလပ်စတစ်ဘူးနဲ့ချိတ်တာတွေက အနည်းငယ်အချိန်ကြာပေမဲ့ တကယ်လည်း လုပ်ရကြိုးနပ်အောင် အလုပ်ဖြစ်နေပါတယ်။

Mia (KB Chimmy One)

Reference : goodtimes

Zawgyi

 

 

လူသားေတြရဲ႕ဥာဏ္ရည္ထက္ျမက္မႈဟာ ကန႔္သတ္ခ်က္မရွိပါဘူး။ ကြၽန္ေတာ္တို႔ရဲ႕နယ္နမိတ္ေတြကိုေက်ာ္လႊားၿပီး နယ္နိမိတ္အသစ္ေတြကိုစူးစမ္းေလ့လာျခင္းက ယေန႔ေခတ္အေနနဲ႔သိသာထင္ရွားေနပါတယ္။ ျပႆနာေတြကိုေျဖရွင္းရန္ႏွင့္ ပိုမိုထိေရာက္ေသာနည္းလမ္းမ်ားကိုရွာေဖြရန္မွာ လူသားေတြရဲ႕သဘာဝသာျဖစ္ပါတယ္။ ထို႔ေၾကာင့္ ဒီဥပမာတစ္ခုက ငါးကိုဖမ္းဖို႔ပလတ္စတစ္ဘူးေတြကိုဘယ္လိုသုံးလိုက္တယ္ဆိုတာကိုျပသေနပါတယ္။ ဗီဒီယိုထဲက ပုံမွန္မဟုတ္တဲ့ငါးဖမ္းနည္းက ရယ္စရာေကာင္းတယ္လို႔သင္ထင္မိသြားႏိုင္ေပမဲ့ ဗီဒီယိုအဆုံးမွာ သူဘာကိုဆြဲထုတ္လိုက္လဲဆိုတာကို သင္ေစာင့္ၾကည့္ႏိုင္ပါတယ္။

လူတို႔ရဲ႕ေန႔စဥ္လုပ္ငန္းေဆာင္တာမ်ားကိုပိုမိုလြယ္ကူေစမည့္အဆင့္ျမင့္နည္းပညာသုံးကိရိယာမ်ားကို အကန႔္အသတ္ျဖင့္သာရရွိႏိုင္တဲ့ေက်းလက္ေဒသမ်ားရွိလူတို႔ဟာ လုပ္ေဆာင္ရန္နည္းလမ္းသစ္မ်ားႏွင့္အတူ ၎တို႔ရဲ႕တီထြင္ဖန္တီးႏိုင္စြမ္းႏွင့္ရွင္သန္မႈစြမ္းရည္ကိုသာ အသုံးျပဳခဲ့ၾကရပါတယ္။ ၎တို႔ရဲ႕ဆန္းသစ္တဲ့နည္းလမ္းေတြက ထူးဆန္းတယ္လို႔ထင္ရေပမဲ့လည္း အေရးႀကီးတာမွာ ၎ဟာ အလုပ္ျဖစ္ေနပါတယ္။ ဗီဒီယိုထဲရွိအမ်ိဳးသားဟာ ပလပ္စတစ္ဘူး ၁၀ ဘူးႏွင့္ ငါးျမားခ်ိတ္ ၁၀ ခုတို႔ကိုသာအသုံးျပဳၿပီး ၎တို႔ကို ႀကိဳးျဖင့္ ဝါးတုတ္ေခ်ာင္းရွည္ေပၚတြင္ ခ်ိတ္ေစပါတယ္။

ဗီဒီယိုထဲအရ ပလပ္စတစ္ဘူးမ်ားကအကုန္အဝါဆိုေပမဲ့ အဝါမွမဟုတ္ဘဲ အျခားအေရာင္ကိုလည္းအသုံးျပဳႏိုင္ပါတယ္။ ထို႔ေနာက္ ၎ပလပ္စတစ္ဘူးႏွင့္ငါးျမားခ်ိတ္ကိုခ်ိတ္ဆြဲထားတဲ့ဝါးတုတ္ေခ်ာင္းကို ေရထဲ၌ေသခ်ာစြာေနရာခ်ထားၿပီးတာနဲ႔ ၎တို႔လုပ္စရာရွိတာက ခဏေစာင့္ဖို႔သာျဖစ္ၿပီး သိပ္မၾကာခင္မွာ ၎တို႔ဟာ ငါးတစ္ေကာင္ၿပီးတစ္ေကာင္ကို ဆြဲထုတ္လာခဲ့ၾကပါတယ္။ အဆိုပါအမ်ိဳးသားဟာ ပစၥည္းႏွစ္မ်ိဳး ၊သုံးမ်ိဳးနဲ႔တင္ အလြယ္ေလးငါးဖမ္းျပသြားခဲ့တာပါဘဲ။ ဒီနည္းလမ္းဟာ ႀကိဳးနဲ႔ ေကာက္ခ်ိတ္ကိုခ်ည္ၿပီး ပလပ္စတစ္ဘူးနဲ႔ခ်ိတ္တာေတြက အနည္းငယ္အခ်ိန္ၾကာေပမဲ့ တကယ္လည္း လုပ္ရႀကိဳးနပ္ေအာင္ အလုပ္ျဖစ္ေနပါတယ္။credit

Leave a Reply

Your email address will not be published. Required fields are marked *