Wed. Oct 27th, 2021

သင့်ခွေးလေးရဲ့ ခံစားချက်ကို သိနိုင်မယ့် အမူအယာပြ သတင်းစကား (၆)ချက်

ခွေးပေါက်လေးများ လက်ဖဝါးကိုမြှောက်ပြနုတ်ဆက်ခြင်းဟာ အမူအရာအားဖြင့်ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုသာ ဖြစ်သော်လည်း ၎င်းနောက်ကွယ်တွင်အဓိပ္ပာယ်များစွာရှိပါတယ်။ ၎င်းတို့သည်စိုးရိမ်သောကခံစားရသောကြောင့် စိတ်ဖြေသာစရာ လုံခြုံမှုကို ရှာဖွေတာလည်း ဖြစ်နိုငိပါတယ်။

ဒါကြောင့် သင့်ခွေးက သင့်ကို လက်နဲ့ပုတ်ပြီး နုတ်ဆက်ကြတဲ့အခါတိုင်း ဖြစ်နိုင်တဲ့လက္ခဏာ ၆ ချက်ကိုရှင်းပြချင်ပါတယ်။

(၁) ချစ်ခင် ပျော်ရွှင်ခြင်း

ခွေးတွေဟာ သူတို့ရဲ့ချစ်ခင်မှုကိုဖော်ပြတဲ့နည်းလမ်းတွေထဲကတစ်ခုကတော့သူတို့ရဲ့ ခြေ ၊လက်တွေကိုသင့်ခြေထောက်တွေ ဒါမှမဟုတ် သင့်ရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေပေါ်မှာတင်တာပါပဲ။ သူတို့က အချစ်တော်ခံ ဖြစ်ချင်တာကြောင့် ရိုးရှင်းစွာပဲ သူတို့ရဲ့ချစ်ခြင်းမေတ္တာကိုဖော်ပြချက်တစ်ခုပါပဲ။

အမြီးနန့်ခြင်းအပြင် ခွေးများဟာ ပျော့ပျောင်းသောနားအနေအထား၊ ဝမ်းဗိုက်ပေါ်တွင် မှောက်အိပ်ခြင်းစသည့်အခြားတည်ငြိမ်သောအပြုအမူများဖြင့်ပျော်ရွှင်မှုကိုဖော်ပြနိုင်ပါတယ် ။ ထို့အပြင် စက်ဝိုင်းသဏ္ဍာန်လှည့်ခြင်း (သို့) မရပ်မနား ခုန်ပေါက်ခြင်းတို့ ဟာလည်း ကျန်းမာသန်စွမ်းပြီး ပျော်ရွှင်မှုလွန်ကဲခြင်းများပဲ ဖြစ်ပါတယ်။ ဂရုပြုဖို့ကတော့ သင့်ခွေးရဲ့အမူအကျင့်များကိုအမှတ်မမှားမိဖို့အရေးကြီးပါတယ်။

(၂) အောက်ကျို့ခြင်း

ခွေးများအချင်းချင်းပေါင်းသင်းဆက်ဆံရာမှာ အသုံးအများဆုံးအပြုအမူများထဲမှ လက်အောက်ခံခြင်းနှင့်ကြီးစိုးခြင်း များကိုသင်တွေ့ရလိမ့်မည်။ပုံမှန်အားဖြင့် နှိမ့်ချတတ်သောသဘောရှိသော ခွေးတစ်ကောင်ဟာ သူတို့ရဲ့နေရာကိုလက်ခံကြောင်းသိစေလိုသောအခါ သူတို့၏ကျောကိုလှန်ကာရှေ့ခြေကိုမြှင့်ထားလေ့ရှိပါတယ်။

(၃) အတူကစားလိုခြင်း

 

ခွေးများဟာ အခြားခွေးများအား၎င်းတို့နှင့်ကစားရန်ဖိတ်ခေါ်ရာတွင် ကွဲပြားသောနည်းလမ်းများရှိပြီး ၎င်းတို့အားလုံးတွင်ခန္ဓာကိုယ်အမူအရာပြ ဘာသာစကား မရှိမဖြစ်လိုအပ်ပါတယ်။ ခွေးများအသုံးပြုသောအရေးကြီးဆုံးကိုယ်ဟန်အနေအထားများအနက်တစ်ခုမှာ “ play bow” ဟုလူသိများပြီး အခြားတိရစ္ဆာန်တွေကိုသာမကလူတွေကိုလည်းခေါ်ဖို့သုံးလေ့ရှိပါတယ်။
ဒီအမူအရာတွေအပြင် ကစားတဲ့အခါ ကိုက်တာ၊ ဟောင်တာ၊ ဟောက်တာများ ဖြစ်နိုင်ပါတယ်။ ဤအပြုအမူများကိုတစ်ခါတစ်ရံလူသားများကရန်လိုသည်ဟုအဓိပ္ပာယ်ကောက်လွဲနိုင်ပါတယ်။ သို့သော် မဟုတ်ပါဘူး။ ကစားပုံကြမ်းတမ်းလာသည်နှင့်အမျှခွေးများရဲ့ ခန္ဓာကိုယ်ဟန်ပန်ပြောင်းသွားပါတယ်။ ခုန်ပေါက်ခြင်း စက်ဝိုင်းသဏ္ဍာန်ခှည့်လည်နေခြင်းများ မပါတော့ပဲ သူတို့ဟာ ပိုမိုတောင့်တင်းလာပြီး လှုပ်ရှားမှုများလျင်မြန်လာပါတယ်။

(၄) ကြောက်ရွံ့ခြင်း

ခွေးတစ်ကောင်နှင့် အဆင်ပြေသောဆက်ဆံရေးကိုထိန်းသိမ်းနိုင်ရန် ထိတွေ့မှုများဟာ အရေးကြီးဆုံးသောရှုထောင့်တစ်ခုဖြစ်ပါတယ်။ သာမန်အားဖြင့် ကျွန်ုပ်တို့အပေါ်ကို ခြေ၊လက်တင်ခြင်းအားဖြင့် မလုံခြုံမှုဒါမှမဟုတ်ကြောက်ရွံ့မှုကို ဖော်ပြကြပါတယ်။ သူတို့ရဲ့အမူအရာ ဘာသာစကားကိုသတိထားဖို့အရေးကြီးပါတယ်။ နားကို ဖြေလျော့ထားခြင်းနှင့်သမ်းခြင်းတို့ဟာ စိုးရိမ်သောက ၏အခြားလက္ခဏာများဖြစ်ပါတယ်။

(၅) အာရုံစိုက်ခံလိုမှု

ကျွန်ုပ်တို့ အလုပ်များပြီး သူတို့ကိုသိပ်ပြီးဂရုမစိုက်နိုင်တဲ့အခါ ကျွန်ုပ်တို့ရဲ့အာရုံစိုက်မှုကိုလိုချင်တာ‌ ကြောင့် သူတို့မပျော်ဘူးဆိုတာ အသိပေးဖို့ကွဲပြားတဲ့နည်းလမ်းတွေရှာကြပါတယ် ၊ အဲဒီ့နည်းလမ်းတွေထဲမှာ ကျွန်ုပ်တို့ကိုလက်ယက်ခေါ်ခြင်း ၊ ဟောင်ခြင်း၊ ကစားစရာများရှာဖွေခြင်း၊ ပရိဘောဂများပေါ်တက်ခြင်းစသည့်အခြားသာမန်အပြုအမူများကဲ့သို့ပဲ ဆင်တူပဲဖြစ်ပါတယ်။
ဒါပေမယ့် ခွေးကအရမ်းတောင်းဆိုလာတဲ့အခါ ဒါမှမဟုတ် သူတို့ရဲ့အာရုံစူးစိုက်ခံလိုမှုကအလွန်အကျွံများလာတဲ့အခါ ကျန်းမာရေးပြသာနာများရှိနေခြင်းလည်း ဖြစ်နေတတ်ပါတယ်။ ဆိုလိုတာက သူတို့မှာ မျိူသိပ်ထားရတာတွေ ၊ ညည်းငွေ့မှုတွေ အလွန်များနေပြီး လိုအပ်တဲ့စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုတွေမရှိဘူးလို့ဆိုလိုတာပဲဖြစ်ပါတယ်။

(၆) ဆာလောင်ခြင်း

ခွေးများ အမူအယာဖြင့် ကြိုးစားလေ့ရှိသောအ အရေးကြီး သတင်းစကားတစ်ခု ဖြစ်ပါတယ်။။ ပုံမှန်အားဖြင့်ခွေးတစ်ကောင်သည်စားရမည့်အချိန်ကိုသိသောကြောင့်၎င်းတို့သည်နည်းလမ်းများစွာဖြင့်အစာတောင်းနေပါလိမ့်မယ်။ သင့်ဆီမှ ကျေနပ်စရာသောတုံ့ပြန်မှု မရမခြင်း
မြည်တမ်းခြင်း ၊ ပူးကပ်ခြင်း ၊ ခြေလက်များဖြင့် ပုတ်ခတ်ခြင်းများ ပြုလုပ်ပါလိမ့်မယ်။

ဒါလေးဖတ်ပြီးရင်တော့ သင့်ခွေးလေးရဲ့ အမူအယာများနှင့် တူညီမှုများ ရှိမရှိကိုလည်း မျှဝေ ရေးသားပေးခဲ့ပါဦးနော်

source Brightside

Written One Daily Media

Leave a Reply

Your email address will not be published. Required fields are marked *