One Daily News

စိတ်ပူပန်မှု ပိုတိုးစေသော အစားအသောက် ၁၀ မျိုးနှင့် အစားထိုး စားစရာများ

စိတ်ပူပန်မှု ပိုတိုးစေသော အစားအသောက် ၁၀ မျိုးနှင့် အစားထိုး စားစရာများ

လူတစ်ယောက်ဟာ အစားအသောက် အပေါ်များစွာ မူတည်ပါတယ်။ ကျန်မာရေးနှင့် ညီညွတ်သော အစားအသောက်များကို စားနေသည့်တိုင်အောင် သင့်ရှေ့က စားစရာတွေက စိတ်ခံစားချက် ပိုကောင်းစေတယ်လို့ ထင်နေရရင်တောင်မှ သင်ရွေးချယ်လိုက်တဲ့ အစားသောက်တွေက သင့်ကို စိတ်ပူပင်မူ ပိုတိုးပြီး စိတ်ဓာတ်ကျစေနိုင်တယ်ဆိုတာ သင်ကိုယ်တိုင် တောင် သတိထားမိမှာ မဟုတ်ပါဘူး ။

၁။ အသီးဖျော်ရည်များ

အသီးအရသာဖျော်ရည်တွေက အစပိုင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်တယ်ထင်ရပေမယ့် အသီးစစ်စစ်တွေမှာ ပါဝင်နိုင်တဲ့ အမျှင်ဓာတ်(ဖိုင်ဘာ) မပါဝင်ပါဘူး။ အမျှင်ဓာတ်ကသင့်ကိုအားဖြည့်စေပြီး သင့်သွေးကစွမ်းအင် ထုတ်လွှတ်မှုကို နှေးကွေးစေပါတယ်။ အမျှင်ဓာတ်မပါသောဖျော်ရည်တွေက သွေးတွင်းင်းသကြားဓာတ်ကို အလျင်အမြန်တတ်စေနိုင်ပြီး သင့်အား ဆာလောင်မွတ်သိပ်ခြင်း နှင့် ဒေါသထွက်ခြင်းကိုဖြစ်စေသည်။ အဲဒီအစားရေသောက်ပြီး စစ်မှန်တဲ့အသီးတွေကိုစားပါ။

၂။ ဆော်ဒါ

အဆိုးရွားဆုံးအခြေအနေမှာပင်အသီးဖျော်ရည်တွေက အနည်းဆုံးတော့ ဗီတာမင်နှင့်သတ္တုဓာတ်ကဲ့သို့ အာဟာရဓာတ်အချို့ပါဝင်နေသေးသည်။ ဆော်ဒါ(Soda) အချိုရည် မှာတော့ ဘားမှမပါဝင်ပါဘူး။ သကြားများစွာ ပါ၀င်သော ဆိုဒါအချိုရည်တွေက ကျန်းမာရေးနှင့်မညီညွတ်သင့်အပြင် စိတ်ကျရောဂါနှင့်လည်းဆက်စပ်နိုင်သည်။ diet soda သည် သကြားပါဝင်ခြင်း နှင့် ကယ်လိုရီတတ်စေခြင်း ကိုသက်သာစေသော်လည်း စိတ်ကျစေခြင်းကို ကာကွယ်ရန်တော့ ပိုပြီး မကူညီနိုင်ပါ။ နောက်ဆုံး ဆော်ဒါအချိုရည်တွေ မှာ ပါဝင်သောကဖိန်းဓာတ်တွေက စိတ်ပူပန် စိုးရိမ်စိတ်နှင့်ဆက်စပ်နေသေးသည်။ ဆော်ဒါအချိုရည်တွေအစား seltzer ရေ(ကာဗွန်ပါဝင်သောရေ) ပြောင်းသောက်ဖို့ ကြိုးစားကြည့်ပါ။

 

၃။ ပေါင်မုန့် (အဖြူ)

သင် မနက်ခင်းမှာပေါင်မုန့်ကင် စားချင်တယ်၊ ဒါမှမဟုတ်အသားညှပ်ပေါင်မုန့်ကိုတကယ်ကြိုက်တယ်ဆိုရင် ပေါင်မုန့်ဖြူ ကိုရှောင်ဖို့ကြိုးစားပါ။ အဆင့်မြင့်ပြုပြင်ထားသော ဂျုံဖြူတွေက သွေးတွင်းသကြားဓာတ်သို့ လျင်မြန်စွာပြောင်းလဲ သင့် ခန္ဓာကိုယ်အား ပျက်စီးစေပြီးပူလောင်စေပါသည်။ ဒါပေမယ့် ပေါင်မုန့်ကိုဖြတ်ရန်တော့ မလိုပါဘူး အဲ့အစား ပေါင်မု့န်ကြမ်း အစားထိုး စမ်းစားကြည့်ပါ။ ဒါမှမဟုတ် မနက်စာအတွက် အုတ်ဂျုံ လည်းအစားထိုးလို့ရပါတယ်။

၄။ ဒိုးနပ်

ဒိုးနပ်များသည် အချိုတည်းသည့်နေရာတွင် အဓိကအစားအစာတစ်ခုဖြစ်ပြီး အဆင်ပြေ လွယ်ကူ နံနက်စာဖြစ်ကောင်းဖြစ်နိုင်သည်၊ ဒါပေမယ့် အထူးသဖြင့်သင်စိုးရိမ်စိတ်နှင့်စိတ်ကျရောဂါကိုရှောင်ရှားလိုလျှင် တော့ ဒိုးနပ်များကို တစ်ခါတရံ မှသာ စားသင့်သည်။ ဒိုးနပ်များ တွင်အဆီနှင့် သကြားများစွာပါဝင်ပြီး အမျှင်ဓာတ် အနည်းငယ်သာ ပါ၀င်သည်။ တကယ်လို့ မြန်ဆန်လွယ်ကူသော အချိုတည်းစရာဆိုလျှင် ချောကလက်တွေကိုရွေးတာက ပိုပြီး ကောင်းပါတယ်။ ချောကလက် တွေက သွေးတွင် ကော်တီစော (cotisol) ကိုလျော့ချပေးပြီး စိုရိမ်ပူပန်မူတွေကို လည်းနည်းစေပါတယ်။

5. ခရမ်းချဉ်သီးဆောစ့်

ခရမ်းချဉ်သီး ဆောစ့် တွင် သကြားများစွာ နှင့် ပြည့်နှက်နေပြီး ပါဝင်သေး ဆေးသကြား များသည်လည်း စိုးရိမ်စိတ်နှင့် စိတ်ကျရောဂါများ နှင့်ဆက်စပ်နေသည်။ ခရမ်းချဉ်သီးလတ်လတ်ဆတ်ဆတ်များဖြင့် ကိုယ်တိုင် အချဉ် ပြုလုပ်ခြင်းက ဆေးသကြားနှင့် အချိုဓတ်များကိုရှောင်ရှားနိုင်ပါသည်။ ငရုတ်ကောင်း အသုံးပြုခြင်းကလဲ အရသာကို ပိုမိုကောင်းမွန် စေနိုင်ပါသည်။

6.ပဲငံပြာရည်

တကယ်လို့သင်က ဂလူတန်(Gluten) နှင့် ဓာတ်မတည့်ဘူး ဆိုလျှင် ဂလူတန်ပါ ၀ င်သောအစားအစာများက သင့်အား ပူပင်သောက (သို့) စိတ်ဓာတ်ကျစေနိုင်သည်။ ဂလူတန်နှင့် ပါတ်သတ်ပြီး မုန့်ဖုတ်ရာတွင်လူသိများသောပြသနာတစ်ခု ဖြစ်သော်လည်း ပဲငံပြာရည် နှင့်ပါတ်သတ်၍လည်း ပြဿနာတစ်ခုလည်းဖြစ်ပါတယ်။ သင့် ရဲ့အစားအစာကို ပေါ့ပေါ့ပါးပါးအရသာလေး ထပ်ထည့်ချင်တယ်ဆိုရင် သံလွင်ဆီ ကကျန်းမာရေး နဲ့ညီညွတ်တဲ့ အခြားနည်းလမ်းတစ်ခုအနေနဲ့ ထည့်သွင်း အစားထိုး သုံးနိုင်တယ်။

7. Ham

အသင့်စား ပြုလုပ် ထားသော အသားအမျိုးအစားများ ဖြစ်သည့် ဝက်အူချောင်း၊ ဟော့ဒေါ့၊ ဆာလာမီ၊ ဝက်ပေါင်ခြောက် (သို့) စည်သွပ်အသားများတွင် ပါဝင်သော ဆိုဒီယမ်ဆားများ သည် သင်၏ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ များကို ထိခိုက်စေနိုင်သည်။ ငါးများ၊ အထူးသဖြင့်ဆယ်လ်မွန်၊ ငါး၊ ငါးနှင့်ငါးတို့က သင့်ရဲ့ စိတ်ကိ​ု စိတ်အပန်းပြေစေပြီး စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်ပါတယ်။

 

8. ကြက်ကြော်

ကြက်ကြော် နှင့် ဆီကြော် ထားသော အစားအစာအများစု တွင် အသားမှရနိုင်သောကောင်းကျိုးကို ဆန့်ကျင်သော ကျန်းမာရေးနှင့် မညီညွတ်သောအဆီများစွာ ပါဝင်ပါသည်။ ကြက်ဆင်သားကို အစားထိုး စားနိုင်ပါတယ် ။ ကြက်ဆင်သားတွင်ပါဝင်သော ထရစ်တိုဖန်(tryptophan )က စိတ်ဖိစီးမှုကိုသက်သာစေသောကြောင့် လူသိများသည်။

 

9. ရေခဲမုန့်များ

ရေခဲမုန့်များနှင့် ပတ်သက်လျှင် သကြားသည် တစ်ခုတည်းသော ပြဿနာမဟုတ်ပါ။ ရေခဲမုန့်များတွင် ဟိုက်ဒရိုဂျင် ပါသော အဆီအချို့ (ကွတ်ကီးများနှင့်ကိတ်မုန့်များတွင်တွေ့နိုင်) က သင့်အား စိတ်ပူပန်မူ ကိုပိုတိုးစေပါတယ် ။ တကယ်လို့ အချိုအရသာ လိုအပ်လျှင် ဒိန်ချဉ်အားအစားထိုးစားပါ။

 

10. အရွက်သုပ်များ

 

စတိုးဆိုင်မှာရောင်းသော အသင့်စားအရွက်သုပ်များက လက်ဆက်တယ်လို့ ထင်ရပေမယ့် ပါဝင်တဲ့ အများစုက သကြားနှင့် ပြောင်းဖူးအချိုရည် တို့ဖြင့်ပြည့်ဝ နေသည်။ ပေါ့ပါးသောနှင့် သကြားမပါသော အရွက်သုပ်များမှာတောင် အက်စပါတိမ်း(aspartame ) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးပါဝင်နေပြီး ထိုဓာတ်က စိုးရိမ်စိတ်နှင့် စိတ်ကျရောဂါနှင့်တိုက်ရိုက်ဆက်စပ်သည်။ တကယ်လို့ သင်ကအရွက် အသုပ် ကြိုက်တယ်ဆိုလျှင် ဟင်းနုနွယ် ရွက်ခြောက် သုပ်ကိုစားကြည့်ပါ။ ဟင်းနုနွယ်ရွက်သည်စိတ်ဖိစီးမှု နှင့်စိတ်ကျရောဂါကို ကူညီသော သွေးတွင် ကော်တီစုန်းဓာတ်(corticosterone) ကိုလျော့ကျစေသောကြောင့် နာမည်ကြီးပါသည်။

တခြား စိတ်နေစိတ်ထားကိုတိုးတက်ကောင်းမွန်စေတဲ့အခြားအစားအစာတွေ ရှိရင်လဲ မျှဝေပေးပါဦး။

Source brightside

written One Daily Media

 

Leave a Comment