Tue. Oct 26th, 2021

အန္တရာယ်တစ်စုံတစ်ရာကို အရေးပေါ် ရင်ဆိုင်ရန် ကြိုတင်လေ့လာထားရမည့်အချက် (၁၄)ချက်

ကျွနုပ်တို့ဟာ မှုခင်းသတင်းတွေကို တီ‌‌ဗွီသတင်းမှာသာ မကြာခဏမြင်ရလေ့ရှ်ိပြီး လက်တွေ့အပြင်မှာတော့မိမိကိုယ်ကို မကြုံနိုင်လောက်ဘူးလို့ တွေးထင်နေမိတတ်ကြပါတယ်။တကယ်ကြုံလာချိန်မှာလည်း ခုခံကာကွယ်နိုင်စွမ်းနည်းကြပါတယ်။
အကြံပြုချင်တာကတော့ မမြင်နိုင်တဲ့ လှည့်ကွက်တွေအတွက် ကြိုတင်ပြင်ဆင်ထားရပါမယ်။ထို့ကြောင့် လေ့လာထားသင့်တဲ့ ခုခံနည်း (၁၄) ချက်ကို ဖော်ပြပေးလိုပါတယ်။

(၁) မှန်ကန်သောလက်သီးစုပ်နည်း

များသောအားဖြင့် အရေးကြုံလာလျှင် လက်သီးဖြင့်အလိုလိုထိုးမိတတ်ပါတယ်။ အရေးကြီးတဲ့အချက်က တော့ သင့်ရဲ့လက်ချောင်းတွေကိုမထိခိုက်အောင် စေရန် ဂရုပြုရပါမယ်။ သင်၏လက်မကို လက်ချောင်းများအောက်၌ ထားခြင်းက ကျိုးသွားစေနိုင်ပါတယ်။ လက် ချောင်းများကို လက်မအောက်၌ ထားသင့်ပါတယ်။
တိုက်ပွဲတစ်ခုတွင် လက်ဖဝါးကို သုံးရန်လဲ မမေ့ပါနဲ့ ။

(၂) လက်ကိုကြိုးဖြင့်တုပ်နှောင်ခံရချိန်

သင်လုပ်ရမည့် အဓိကအရာကတော့လေ၀င်လေထွက်ကောင်းရန် နေရာဖန်တီးရမှာဖြစ်ပါတယ် ။ သင်၏လက်များကိုချည်နှောင်ထားလျှင်လက်သီးဆုပ်ထားပါ။ သင့်ခန္ဓာကိုယ်ကို ချည်နှောင်ခံရပါကအသက်ဝဝရှုပါ။ သင့်လက်နဲ့ ချည်တုပ်ထားသော ကြိုးအကြား လေဝင်လေထွက် နေရာပိုကျန်လေ သင် လွတ်မြောက်ဖို့အခွင့်အလမ်းပိုများလေ ဖြစ်ပါတယ်။

(၃) လက်ကိုတိပ်ဖြင့်ပိတ်ချည်တုပ်နှောင်ခံရချိန်

ဒါကတော့ အလွယ်တကူစုတ်ဖြဲနိုင်ပါတယ်။လက်များကို ဦးခေါင်းထက်သို့ မြှောက်တင်ကာ အားသုံး၍ အောက်သို့ထိုးခွဲချခြင်းဖြင့် လွတ်မြောက်နိုင်ပါတယ်။ လက်ပြန်ကြိုး အတုပ်ခံရချိန်မှာလည်း ထိုနည်းတူစွာပင် စုတ်ဖြဲပစ်နိုင်ပါတယ်။

(၄) ခန္ဓာကိုယ်ရဲ့အရေးကြီးအစိတ်အပိုင်းများကို သိပါစေ

သင်ဟာ သင့်ကိုတိုက်ခိုက်သူထက်ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအားနည်းနိုင်ခြေရှိပါတယ်၊ ဒါကြောင့်သင် က ရန်သူအထိနာမည့်အစိတ်အပိုင်းများကို သင်တတ်နိုင်သမျှမြန်မြန်နှင့်ပြင်းပြင်းထန်ထန် တိုက်ခိုက်ရပါမယ်။ တွေဝေတုံ့ဆိုင်းမနေသင့်ပါဘူး။

(၅) လုံခြုံရေး application များ

Family Locator, bSafe နှင့်အခြား သော လုံခြုံရေး application များကိုခေတ်မီနည်းလမ်းများဖြင့်သုံးပါ ။ သင့် သူငယ်ချင်းများနှင့်ဆွေမျိုးသားချင်းများ၏လှုပ်ရှားမှုများကိုခြေရာခံခြင်း (သို့) လိုအပ်လျှင် အချက်ပြခြင်းများပြုလုပ်နိုင်ပါတယ်။

(၆) လျိုဝှက်စကားအသုံးပြုခြင်း

ကလေးဘဝက ဆော့ကစားခဲ့ဖူးတဲ့ စကားအသုံးအနှုန်းအသစ် ၊ ဗန်းစကားများဟာ တချိန်မှာ သင့်အသက်ကိုကာကွယ်ပေးနိုင်ပါတယ်။လျိုဝှက်ထားတဲ့ စကားလုံး က အရေးပေါ်အချက်ပေးချက် (SOS) သင့်ရဲ့အခက်အခဲတွေကိုပြောပြ ပေးပါလိမ့်မယ်။ သာမန်စကားလုံးများကို နှစ်ဦးနှစ်ဖက်သာ အဓိပ္ပါယ်ဖော်နိုင်သော လျိုဝှက်စကားအဖြစ် ကြိုတင်သတ်မှတ်ကာ အသုံးပြုခြင်းက ကယ်ဆယ်ရေးစခန်းက သင်သွားခဲ့တဲ့နေရာ (သို့) သင်ရှိ‌ နေတဲ့နေရာကိုအတိအကျသိနိုင်ပါတယ်။

(၇) မိမိကိုယ်ကို ကာကွယ်ရန်အသုံးဝင်နိုင်မည့် ပစ္စည်းတစ်ခုခုဆောင်ထားခြင်း

သင့်အား အကူအညီပေးနိုင်သောမည်သည့်အရာဝတ္ထုကိုမဆိုသုံးပါ ။ သင်၏ပိုက်ဆံအိတ်ကို ဓားဖြင့်တိုက်ခိုက်ခံရရာတွင် ဒိုင်းလွှားအဖြစ်သုံးနိုင်ပါတယ် ။ ထီးများ၊ အိတ်များနှင့်သင့်အိတ်ကပ်ထဲရှိ သေးငယ်သော အရာဝတ္တု များကြောင့် အကူအညီရစေနိုင်ပါတယ်။ သော့များဟာအကောင်းဆုံးကိရိယာတစ်ခုဖြစ်သည် ။ ၎င်းတို့ကို သော့ဖွင့်ခြင်းတမျိုးတည်းတွင်သာသုံးရန်ကြိုးစားရင်း အချိန်မဖြုန်းပါနှင့်။

(၈) ငရုတ်ကောင်း spray ဗူးဆောင်ထားရန်

အရေးကြုံလာလျှင် ကာကွယ်‌ရေးကိရိယာများကို တတ်နိုင်သမျှ မြန်မြန်ထုတ်သုံးနိုင်ရန် လိုအပ်ပါတယ်။ ချက်ချင်းသုံးပြီး ထွက်ပြေးနိုင်အောင်သင့်လက်နဲ့အနီးဆုံး အိတ်ကပ်ထဲမှာသိမ်းထားသင့်ပါတယ်။

(၉) လက်ကောက်ဝတ်မှ ဆွဲဖမ်းခံရခြင်း

“thumb of rule” ကို သုံးကာ လက်ဆုပ်ကိုင်ဖမ်းဆွဲခံရခြင်းမှ လွတ်မြောက်နိုင်ပါတယ်။ မိမိလက်ကိုရန်သူ၏ လက်မဘက်ခြမ်းဆီသို့ လျင်မြန်စွာဆွဲတင်ရပါမယ်။ထို့အပြင် ရန်သူ၏ ပေါင်ခြံ ၊ ဒူးကို တိုက်ခိုက်ခြင်းများနှင့်တွဲဖက်တုံ့ပြန်သင့်ပါတယ်။

(၁၀) ဆံပင်ဆောင့်ဆွဲခံရခြင်း

ဤနည်းသည်နာကျင်စေရုံသာမက အန္တရာယ်ပြုခံရမည့် သူ၏ခန္ဓာကိုယ်အားလုံးနီးပါးကိုထိန်းချုပ်နိုင်ပါတယ် ။ ပထမဆုံးအနေနဲ့တိုက်ခိုက်သူရဲ့လက်ကို သင့်လက်နှစ်ဘက်နဲ့ဖမ်းလိုက်ပါ၊ ဒါကသင်ကို ထိန်းချုပ်မှု ကိုပြန်လည် အသာရစေပါလိမ့်မယ်။ ထို့နောက် သင့်ခြေထောက်များကို အသုံးပြုပီး ပြန်လည်တိုက်ခိုက်ပါ။ တိုက်ခိုက်သူ၏လက် ဆုပ်ကိုင်မှုအားလျော့သွားပြီဟုသင်ခံစားရသည်နှင့်ချက်ချင်းလွှတ်လိုက်ပါ။

(၁၁) လည်ပင်းဆွဲညှစ်ခံရချိန်

ရန်သူ၏ပေါင်ခြံ သို့မဟုတ် မျက်လုံးများကိ လက်၂ ချောင်း အပြင်းအထန် တိုက်ခိုက်ပါ။

(၁၂) ဓာတ်လှေကားစီးချိန်

သူစိမ်းတစ်‌ယောက်နဲ့ နှစ်ယောက်တည်းဓာတ်လှေကားတူတူ မစီးသင့်ကြောင်းလူတိုင်းသိပြီး ဖြစ်ပါတယ်။ သို့သော် မလွဲသာပါက ခလုတ်များရှိသောနံရံဘက်ခြမ်းကိုကျောပေးပြီးမတ်တပ်ရပ်ပါ။ ရန်သူက ဓာတ်လှေကားကိုရပ်တန့်လိုက်ခြင်းကြောင့်ပိတ်မိနေမှာထက် ခလုတ်တစ်ခုနှိပ်မိထားနိုင်တာကပိုကောင်းပါတယ်။

(၁၃) ကားစီးချိန်

ဓာတ်လှေကားကိစ္စကဲ့သို့ပင် ရန်သူ၏တိုက်ခိုက်ခြင်းကိုကြိုတင်ကာကွယ်ထားသင့်ပါတယ် ။ ကားရဲ့နံပါတ်၊ အရောင်နဲ့ ဦး တည်ရာကိုချရေးပြီး အသိတစ်ယောက်ဆီဖုန်းဆက်ပြောပြထားပါ (ကားဆရာကြားပါစေ) ။ တိုက်ခိုက်မှုများဆက်ရှိလာပါကပေါင်ခြံ၊ နှာခေါင်းနှင့်မျက်လုံးများကိုထိခိုက်လွယ်သောနေရာများသို့ ဦး တည်တုံ့ပြန်ပါ။

(၁၄) ရှေးဦးလူနာပြုစုနည်းလေ့လာထားပါ

ကံမကောင်းစွာ သင် (သို့) တစ် ဦး ဦး ဒဏ်ရာရရှိသည့်အခြေအနေမျိုးရှိလာပါက ဆေးရုံချက်ချင်းမပို့န်ိုင်ခင် ရှေး ဦးသူနာပြုအစီအမံများကအသက်ကယ်နိုင်စွမ်းရှိပါတယ်။

အခြားသော သတိပြုစရာများ

– သတိရှိပါ ။ နားကြပ်၊ စမတ်ဖုန်းမျက်နှာပြင် (သို့) ခေါင်းငုံ့လမ်း‌ လျှောက်ခြင်းအကျင့်သည် ပြစ်မှုကျူးလွန်သူကို ကြိုတင်သတိမပြုမိရန်သင့်ကိုအာရုံလွဲစေနိုင်ပါတယ်။ ရံဖန်ရံခါ သင့်နောက်ကိုလှည့်ကြည့်ပါ။ တိုက်ခိုက်သူသာ သင့်ရဲ့ သတိကပ်ထားမှု ကြောင့် တိုက်ခိုက်ရန်စိတ်ပြောင်းသွားနိုင်ပါတယ်။

– တံတောင်ဆစ်တစ်ခြမ်းကွေးပြီး လက်များက မေးစေ့နှင့်တစ်တန်းတည်းရှိနေခြင်းက ကာကွယ်မှုအနေအထားတစ်ခု သာမက ကျေအေးရန်လည်းဆို လိုပါတယ်။”စိတ်အေးအေးထားပါ၊ ဒါကိုငြိမ်းချမ်းစွာဖြေရှင်းကြပါစို့” ဟုပြောသောနည်းလမ်းတစ်ခုဖြစ်သည်။ တစ်ချိန်တည်းမှာပင်သင်ကပြန်လည်တိုက်ခိုက်နိုင်စွမ်းရှိသည်ဟုတိုက်ခိုက်သူအားအသိပေးခြင်းလည်းဖြစ်ပါတယ်။

– ပြေးပါ။ တိုက်ကွက်အားလုံးကိုကျွမ်းကျင်ရင်တောင်သင်ကစူပါဟီးရိုးတစ်ယောက်ဖြစ်လာမှာမဟုတ်ပါဘူး။ အကောက်ကြံသူတစ် ဦး နှင့်သင်၏ကာယခွန်အားကိုစမ်းသပ်ရန်မလိုအပ်ပါဘူး။

 

Source Brightside

written One Daily Media

One Daily Media Copyright © 2021 ကျွန်တော်တို့ကိုယ်တိုင်ဘာသာထားတဲ့အတွက် တခြား websiteမှာကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

 

Leave a Reply

Your email address will not be published. Required fields are marked *