One Daily News

အခက်ခဲ အပင်ပန်းဆုံးအလုပ်တာဝန် (၉) ခု

အခက်ခဲ အပင်ပန်းဆုံးအလုပ်တာဝန် (၉) ခု

သင့်ကိုယ်သင် အလုပ်ပင်ပန်းတယ် လစာနည်းတယ်လို့ ထင်နေရင် ဒီဆောင်းပါးဟာ သင့်ရဲ့ထင်မြင်ချက်များကို သေချာပြောင်းလဲစေပါလိမ့်မယ်။
သင့်ကို အံ့အားသင့်စေမယ့် ကမ္ဘာ့ခက်ခဲပင်ပန်းဆုံး အလုပ် (၉) မျိုး ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ရေဆိုးပြွန်အဖုံးထုတ်လုပ်မှုလုပ်ငန်း , နယူးယောက်မြို့

အိန္ဒိယမှအမျိုးသားများဟာ နယူးယောက်မြို့အတွက် တစ်နှစ်လျှင်အဖုံး ၂၇၇၅၀ ခန့်ထုတ်လုပ်ပါတယ်။ ၎င်းတို့ အသုံးပြုသော တစ်ခုတည်းသောဘေးကင်းလုံခြုံရေးကိရိယာမှာလုံခြုံရေးမျက်မှန်များဖြစ်ပါတယ်။ သွန်းလုပ်‌ သော သတ္တု၏အပူချိန်ဟာ ၂၁၉၀ ဒီဂရီဖာရင်ဟိုက်မှ ၂,၅၅၀ ဒီဂရီဖာရင်ဟိုက်အထိ ရှိပြီး ပြင်းထန်သောအပူလောင်ခြင်းများကိုဖြစ်ပေါ်စေသောကြောင့်ဤအလုပ်ကိုအန္တရာယ်အကြီးဆုံးတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။

(၂) အင်ဒိုနီးရှားနိုင်ငံ Kawah Ijen Volcano မှ မိုင်းတူးဖော်ခြင်းလုပ်ငန်း

Kawah Ijen မီးတောင်သည် Jawa တွင်တည်ရှိပြီး အမြင့် ၈၅၃၀ ပေရှိပါတယ်။ မီးတောင်၏ လေ ၀ င်ပေါက်တစ်ခုတွင် sulfuric ရေကန်ရှိပြီး အလုပ်သမားများဟာ အကာအကွယ်အ ၀တ်နှင့်ဓာတ်ငွေ့မျက်နှာဖုံးများမပါဘဲအလုပ်လုပ်ရသောဒေသခံများဖြစ်ပါတယ် ။ သူတို့ကဟာ လက် ၂ ဖက်ကိုအသုံးပြုပြီးအသက်ပင်မရှူနိုင်အောင် နေ့ရောညပါ ထုတ်ယူကြရပါတယ်။ သို့သော် အလုပ်သမားတစ်ယောက်ကတစ်နေ့ကို ၅ ဒေါ်လာအောက်သာရပါတယ်။

(၃) အိန္ဒိယနိုင်ငံမှ ရေမြောင်းသန့်ရှင်းရေး

အများစုဟာ မိလ္လာသန့်ရှင်းရေးလုပ်ချင်ကြမယ်မထင်ပါဘူး။ သို့သော် သူတို့ရဲ့အလုပ်ချိန်ဟာ ၁၂ နာရီကြာ အမှိုက်နံ့များရှူရှိုက်ရပြီး သတ္တုခြစ်တံများ ၊ ၎င်းတို့၏လက် ၂ ဖက်ကို အသုံးပြုကာ အကျိအချွဲများဖယ်ရှားရပါတယ် ။ သန့်ရှင်းရေးသမားများသည်အထူးအကာအကွယ်ကိရိယာများမပါ၀င်ဘဲ များသောအားဖြင့်အတွင်းခံသာဝတ်လေ့ရှိကြပါတယ်။ သူတို့ဟာလည်း တစ်ရက်ကို ၅ ဒေါ်လာပဲရကြပါတယ်။

(၄) အနံ့စမ်းသပ်သူများ

deodorant နဲ့ antiperspirant ကိုထုတ်လုပ်တဲ့ကုမ္ပဏီတွေမှာ အလုပ်လုပ်ကြသူများ ဖြစ်ပါတယ် ။ စမ်းသပ်သူများဟာ ထုတ်ကုန်များကို ချိုင်းကြားအနံ့များနှင့် အနံ့ခံစေတာ ဖြစ်ပါတယ်။

(၅) Sierra Leoneရှိ စိန်တူးဖော်ရေးလုပ်ငန်း

စိန်တူးဖော်ခြင်းဟာ Sierra Leone မှာတော့ ညစ်ပတ်သောလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ နိုင်ငံ တော်မှထုတ်ယူရရှိသော စိန်များ၏စုစုပေါင်းတန်ဖိုးဟာ ဒေါ်လာသန်း ၃၂၀ ရှိသည်ဟုအစီရင်ခံသော်လည်း အလုပ်သမားများက‌ တော့ လစာနည်းပါးပြီး လူ ဦး ရေ ၂၅၀၀၀၀ ၀ န်းကျင် မိုင်းလုပ်သားအဖြစ်အလုပ်လုပ်သည့် Kono ခရိုင်ဟာ တိုင်းပြည် အတွင်း အဆင်းရဲဆုံးခရိုင်တစ်ခုဖြစ်နေပါတယ်။

(၆) ဆားတူးဖော်ရေးလုပ်ငန်း ၊ အီသီယိုးပီးယား

Danakil Depression တွင်ပူပြင်းသောရာသီဥတုကိုမယုံနိုင်လောက်အောင် အံ့တုနိုင်သောAfar လူမျိုးများကိုသင်တွေ့နိုင်ပါတယ် ။ သူတို့၏ရိုးရာလုပ်ငန်းများအနက်တစ်ခုမှာဆားတူးဖော်ခြင်းဖြစ်သည်။ သဲကန္တာရရှိ အပူချိန်ဟာ ၁၂၅ ဒီဂရီဖာရင်ဟိုက်အထိမြင့်တက်သဖြင့် ဤနေရာအားကမ္ဘာ့အပူဆုံးနေရာတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။

(၇) အမြင့်နေရာများပေါ်မှ လျှပ်စစ်လုပ်သားများ

တရုတ်လျှပ်စစ်ပညာရှင်များဟာ မယုံနိုင်စရာအမြင့်တွင်ဗို့အားမြင့်ဓာတ်အားလိုင်းများအားကာကွယ်ထိန်းသိမ်းခြင်းကိုလုပ်ဆောင် လေ့ရှိကြပါတယ်။ ၎င်းတို့အားလုံခြုံရေးကိရိယာများထောက်ပံ့သော်လည်းလျှပ်စစ်ဓာတ်လိုက်မှု ဖြစ်နိုင်ခြေမှာအလွန်မြင့်မားလှပါတယ်။

(၈) မှုခင်းမြင်ကွင်းရှင်းလင်းရေးသမားများ

သူတို့ဟာ နံရံများ၊ ကြမ်းပြင်များ၊ ကုတင်များနှင့်လူသေအလောင်းများမှ အစွန်းအထင်းများကိုဖယ်ရှားကြရပါတယ်။ ရဲများကသေပြီးနောက်ရက်အနည်းငယ်တွင် အလောင်းတစ်လောင်းတွေ့သည်နှင့်တစ်ပြိုင်နက် သူတို့ဟာ အသက်ရှူကိရိယာပင် အကူအညီပင်မပါပဲ အလုပ်လုပ်ကြရပါတယ်။ထို့‌ကြောင့် သူတို့၏ အခက်ခဲဆုံးပြသာနာကတော့ အနံ့ဆိုးများပင်ဖြစ်ပါတယ်။တစ်ခါတစ်ရံသေပြီးနောက်လအတန်ကြာမှအလောင်းများကိုတွေ့ရသည့်အခါမျိုးများမှာ အင်းဆက်နှင့်ကြွက်များရှိနေလျှင် (သို့) ရှုပ်ထွေး ပေပွနေသော အခန်းမျိုးများ ဖြစ်နေသည့်အခါများတွင် လုပ်ကိုင်ရတာအချိန်ပိုကြာစေပါတယ်။

(၉) ခြင်အန္တရာယ်အတွက်စမ်းသပ်ကြသူများ

ငှက်ဖျားရောဂါ တိုက်ဖျက်ရေးသိပ္ပံပညာရှင်တွေဟာ ငှက်ဖျားခြင်တွေရဲ့အလေ့အကျင့်တွေကိုလေ့လာရပါတယ်။။ ဘရာဇီးသိပ္ပံပညာရှင်များက သူတို့၏အန္တရာယ်ကို ရင်း၍ ခြင်များကိုသူတို့ လက်များပေါ်တွင်ထောင်ချောက်ဆင်ကာ အစမ်းသပ်ခံကြပါတယ်။

BONUS :

အာတိတ်သမုဒ္ဒရာအတွင်းမှအလုပ်နေ့ရက်များ

မည်သည့်အလုပ်က အခက်ခဲဆုံးဖြစ်မယ်လို့ ထင်ပါသလဲ ??

 

source Brightside

Written One Daily Media

Leave a Comment