Wed. Oct 27th, 2021

တိရစ္ဆာန်များမှ ကမ္ဘာကြီးအားမြင်ပုံ။ (တိရစ္ဆာန်တွေ ကမ္ဘာကြီးကို ဘယ်လိုမြင်ကြသလဲ)

ကမ္ဘာကြီးက သင့်အတွက်တော့ အရောင်အသွေးစုံလင်ပြီး လှပတဲ့နေရာဖြစ်ရင်ဖြစ်ပါလိမ့်မယ်။ Humans, လူသားတွေက မူလအရောင်သုံးရောင်ဖြစ်တဲ့ အနီ၊အပြာနဲ့ အစိမ်းရောင်တွေနဲ့ သူတို့မှ ဆင်းသက်လာတဲ့ တခြားအရောင်တွေကို မြင်နိုင်စွမ်းရှိပါတယ်။

တိရစ္ဆာန်တွေရဲ့ မျက်လုံးကတော့ အမြင်အာရုံအမျိုးမျိုး ရှိကြပြီး အချို့တိရစ္ဆာန်များဆို ကျွန်တော်တို့ ပုံပဲဖော်နိုင်တဲ့ အရောင်တွေကိုပါ မြင်နိုင်စွမ်းရှိပါတယ်။
ဒါကြောင့် ယခုတခါမှာတော့ တိရစ္ဆာန်တွေရဲ့မျက်လုံးကနေ ကမ္ဘာကြီးကို ဘယ်လိုမြင်လဲဆိုတာ ဖော်ပြပေးသွားပါမယ်။

(၁)

ဒေါင်း

ဒေါင်းတွေရဲ့ မျက်လုံးတွင် ဆဲလ်လေးခု ပါရှိတာကြောင့် လူသားတွေ မမြင်နိုင်တဲ့ ခရမ်းလွန်ရောင်ခြည်ကိုပါ မြင်နိုင်ကြပါတယ်။ဒါကြောင့် အမဲရောင်အဆင်းရှိတဲ့ငှက်(ဥပမာ -ကျီးကန်း)ကို အခြားငှက်တစ်ကောင်မှ အရောင်အဆင်းရှိတဲ့ငှက်အဖြစ် မြင်နိုင်ပါတယ်။

(၂)ကြောင်

ကြောင်တွေရဲ့ မျက်လုံးထဲတွင် အစက်အပြောက်လေးများပါရှိတာကြောင့် သူတို့မြင်ရတဲ့ ကမ္ဘာကြီးဟာ ကျွန်တော်တို့မြင်ရတဲ့ ကမ္ဘာကြီးထက် ပိုပြီးမှုန်ဝါးပါတယ်။ ဒါပေမယ့် လူသားတွေထက် အမြင်အာရုံပိုကျယ်တာကြောင့် လူသားတွေက ဘေးပတ်ပတ်လည် 180°အထိပဲမြင်နိုင်ချိန်မှာ ကြောင်တွေက 200°အထိ မြင်နိုင်ကြပါတယ်။

(၃)ကင်းပုစွန်

ကင်းပုစွန်တွေကတော့ ခရမ်းလွန်ရောင်ခြည်ကိုသာ မြင်နိုင်တာကြောင့် အခြားအရာဝတ္ထုတွေ မည်ကဲ့သို့ရှိတယ်ဆိုတာကို ပုံဖော်ကြရပါတယ်။

(၄) ဆိတ်

ဆိတ်တွေရဲ့ သူငယ်အိမ်ဟာ လေးထောင့်ပုံရှိတာကြောင့် လူသားတွေမြင်နိုင်တာထက်ပိုပြီး နက်နက်နဲနဲ မြင်နိုင်ပါတယ်။လေးထောင့်ပုံသူငယ်အိမ်ကပဲ ညအချိန်မှာရော ၊ နေ့အချိန်မှာပါ မြင်နိုင်အောင် အလင်းစုပ်ယူမှုအားကို ထိန်းပေးတာကြောင့် ဆိတ်တွေက အချိန်အားလုံးမှာ မြင်နိုင်ပါတယ်

(၅) ကင်းမြီးကောက်

ကင်းမြီးကောက်တွေက ရှေ့တွင် မျက်လုံးနှစ်လုံးနှင့် ဘေားဘက်တွက် မျက်လုံးအစုံ (၅)စုံ အပိုပါသော်လည်း အဖြူအမဲနှင့် လှုပ်ရှားမှုများကိုသာ မြင်နိုင်ပါတယ်။ အမျိုးအစားပေါ်မူတည်၍
အချို့ကင်းမြီးကောက်မျိုးစိတ်များတွင် မျက်လုံးပင် မပါရှိပါ။

(၆) လင်းနို့

လင်းနို့များဟာ လုံးဝအမြင်အာရုံ မရှိတာတော့ မဟုတ်ပါဘူး။ညအချိန်တွင် အစာရှာရန် နားတွေကို အသုံးပြုရသည်မှာ မှန်သော်လည်း နေ့အချိန်မှာတော့ အခြားတိရစ္ဆာန်အများစု မမြင်နိုင်တဲ့ အနီရောင်ကို မြင်နိုင်စွမ်းရှိပါတယ်။

(၇) မြေကြွက်

မြေကြွက်တွေက များသောအားဖြင့် မြေအောက်‌တွင်က အနေများသောကြောင့် သူတို့ရဲ့မျက်လုံးကို သိပ်အသုံးပြုလေ့မရှိပါဘူး။
ပူးတွေနဲ့မတူပဲ မျက်လုံးအပိုသေးသေးလေးတွေ ပါရှိသေးတာကြောင့် အရောင်တွေကို မြင်နိုင်ပါတယ်။
အပြာရောင်နဲ့စိမ်းဝါရောင်တွေကို မြင်နိုင်စွမ်းရှိပေမယ့် အနီရောင်ကိုတော့ မမြင်နိုင်ကြပါဘူး

(၈) ယုန်

တခြားတိရစ္ဆာန်များနည်းတူ ယုန်များကလည်း အနီရောင်ကို မမြင်နိုင်ပါဘူး။ လူသားတွေကဲ့သို့ သူငယ်အိမ်ပါရှိပေမယ့် မှုန်ဝါးဝါးသာ မြင်နိုင်ပါတယ်။ မျက်လုံးများဟာ ဦးခေါင်းရဲ့ ဘေးနှစ်ဖက်တွင် တည်ရှိတာကြောင့် လူသားတွေထက်ပို၍ အမြင်အာရုံကျယ်ပါတယ်။

(၉)ပြည်ကြီးငါး

ပြည်ကြီးငါးတွေက Animal Kingdomတွင် မျက်လုံးအကြီးဆုံးရှိနဲ့ တိရစ္ဆာန်များမှ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မျက်လုံးများဟာ အရှေ့ကိုဦးတည်နေပြီး နှစ်လုံးပြူးမှန်ပြောင်းနီးပါး မြင်နိုင်ပါတယ်။

(၁၀) ပိုးကောင်းများ(Worms)

ပိုကောင်းအများစု (တီကောင်ကဲ့သို့)ဟာ မျက်လုံးမပါရှိကြပါဘူး။ သို့သော် အလင်းနဲ့ အမှောင်ကို ခွဲခြားပေးနိုင်တဲ့ အလင်းလက်ခံပေးတဲ့အရာလေးတွေ ပါရှိပါတယ်။ ဒါကြောင့် မြေပေါ်တွင်လား (သို့)မြေအောက်တွင်လားဆိုတာကိုသာ ခွဲခြားသိနိုင်ပါတယ်။

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *