Mon. May 23rd, 2022

လေ့လာချက်များအရ အိပ်ရာမဝင်ခင် ရေချိုးခြင်းဟာ သင့်ရဲ့အိပ်စက်ခြင်းကိုများစွား အထောက်အကူဖြစ်ကြောင်း သိရပါတယ်။ ဒါကို တကမ္ဘာလုံးထက် ဂျပန်လူမျိုးများက ‌နှစ်ပေါင်းများစွာစော၍သိရှိခဲ့ဟန်ပေါ်ပါတယ်။ ယခုတခါမှာတော့ ဂျပန်လူမျိုးများ အဘယ်ကြောင့် ညဘက်တွင်သာ ရေချိုးကြသလဲဆိုတာကို ဖော်ပြပေးသွားပါမယ်‌ေနာ်။

(၁) အချိန်အတိုင်းအတာတစ်ခုယူ၍ ရေချိုးခြင်း

ရေချိုးရာမှာ ဂျပန်လူမျိုးများက ရှေးယခင်ကတည်းက အဆင့်ပေါင်းများစွာ ပါဝင်ပါတယ်။ ပထမဆုံး ဖုန်၊ချွေးနဲ့ အညစ်အကြေးများကို ရေနဲ့သန့်စင်ပြီး ရေချိုးကြွေဇလုံတွင် စိမ်ကြပါတယ်။ ထိုသို့ပြုလုပ်ရာတွင်လည်း အသားအရေနှင့် စိတ်ခံစားချက်များကို များစွာ အထောက်အကူပြုတဲ့ လက္ဘက်စိမ်းနှင့် အခြားသဘာဝသစ်ဥသစ်ဖုအဆီအနှစ်များကို ထည့်သွင်းအသုံးပြုကြပါတယ်။

ထို့အပြင် ဂျပန်လူမျိုးများဟာ ရေရဲ့အပူချိန်ကိုလည်း အလွန်သတိထားကြပါတယ်။သက်တောင့်သက်သာရှိစေရန်နှင့် အသားအရေခမ်းခြောက်မှု မဖြစ်စေရန်အတွက် ရေအပူချိန်ကို 40°C ကိူသာ အသုံးပြုကြပါတယ်။

(၂) ဘိုးဘွားစဉ်ဆက်အစဉ်အလာ

19ရာစုနှစ်အထိ ဂျပန်အိမ်များတွင် ရေပူမရှိသေးပါ။ ဒါကြောင့် ရှေးဂျပန်လူမျိုးများက ရေချိုးရန်အတွက်။ ရေကို အရင်ဆုံးအပူပေးကျိုကြရတာကြောင့် ညနေပိုင်းနှင့် ညပိုင်းတွင်သာ ရေချိုးကြပါတယ်။
ဒါကြောင့် ညနေပိုင်းတွင်ရေချိုးခြင်းဟာ အစဉ်အလာတစ်ခုသဖွယ် ဖြစ်နေပါတော့တယ်။

(၃) အများသုံးရေချိုးခန်းများနှငိ့ ရေပူစမ်းများ

ဂျပန်နိုင်ငံတွင် အများသုံးရေချိုးများနှငိ့ ရေပူစမ်းများဟာ လွန်စွာထင်ရှားပါတယ်။အသက်အရွယ်မရွေးသွားလာကြပြီး ရေချိုးဖို့တင်သာမက ဤနေရာများကို ဇိမ်ခံပစ္စည်းများအဖြစ် သတ်မျက်ကြပါတယ်။ဒါကြောင့် ဂျပန်လူမျိုးများဟာ လူပါးတဲ့ ညအချိန်တွင် လာလေ့ရှိပါတယ်။

(၄) မနက်ခင်းတွင် အချိန်ပိုမရှိခြင်း

 

ဂျပန်လူမျိုးအများစုဟာ အလုပ်သရဲများဖြစ်ကြပါတယ်။ 4.5သန်းထက်ပိုသော အချိန်ပြည့်အလုပ်သမားများ (9-5)ဟာ ဒုတိယအလုပ်တစ်ခုရှိကြပါသေးတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံတွင် အချိန်လေးစားခြင်းကို များစွာတန်ဖိုးထားကြပါတယ်။ မိနစ်အနည်းငယ်မျှနောက်ကျခြင်းပင်လျှင် သင့်အတွက် မှတ်တမ်းဆိုးတစ်ခုဖြစ်သွားနိုင်ပါတယ်။ ဒ့ကြောင့် ဂျပန်လူမျိုးများဟာမ မနက်ခင်းတွင် အချိန်ပိုမရှိကြပါဘူး။

(၅) ရာသီဥတု

ဂျပန်နိုင်ငံရဲ့ နွေရာသီဟာ အလွန်ပူပြင်းပြီ စိုထိုင်းထိုင်းရှိပါတယ်။ထို့အပြင် ဂျပန်နိုင်ငံသားအများစုဟာ ကိုယ်ပိုင်ကားများထက် public transportများကို အသုံးပြုကြပြီး ရာသီဥတုအခြေအနေကို အပြည့်အဝခံစားကြပါတယ်။ ဒါကြောင့်မို့ ညပိုင်းတွင် ရေမချိုးလျှင့် သက်တောင့်သက်သာနဲ့ အိပ်စက်နိုင်မှာ မဟုတ်ပါဘူး။

ဆောင်းရာသီတွက်လျှင်လည်း ဂျပန်အိမ်အများစုဟာ အလွန်အေးကြပါတယ်။ဒါကြောင့် အပန်းဖြေရန်နှငိ့ နွေးထွေးစေရန် ရေနွေးနှင့်စိမ်၍ ရေချိုးကြခြင်းဖြစ်ပါတယ်။

 

Source  Brightside

Written One Daily Media

Leave a Reply

Your email address will not be published.