success
အဓိပါ္ပယ်ရှိသော လူသားတစ်ဦး အဖြစ် ရပ်တည်နိုင်ဖို့အတွက် လိုအပ်ချက်များ
အဓိပါ္ပယ်ရှိသော လူသားတစ်ဦး အဖြစ် ရပ်တည်နိုင်ဖို့အတွက် လိုအပ်ချက်များ
လူတွေတစ်ဦးနဲ့တစ်ဦး တွေ့ဆုံကြတယ်။ ကွဲကွာသွားကြတယ်။ မုန်းတီးမှုတွေ၊ ကလဲ့စားချေလိုမှုတွေ၊ မာန်မာနတွေနဲ့ အချိန်ပြည့် ပူလောင်နေကြရတယ်။ ဘဝကြီးက ဘာများအဓိပ္ပါယ်ရှိပါအုံးမလဲ။ လူ့ဘဝဟာ အင် မတန် တိုတောင်းလှပါတယ်။ တိုတောင်းလှတဲ့ ဘဝကြီးကို အဓိပ္ပါယ်ရှိတဲ့ လူသားတစ်ဦး အနေဖြင့် ဖြတ်သန်း လိုက်ပါ။
လူချမ်းသာတစ်ဦး ဖြစ်ဖု့ိလွယ်ကူပေမယ့် လူကောင်းတစ်ဦး ဖြစ်ဖို့ ကတော့ အင်မတန် ခက်ခဲလှပါ တယ်။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့ အခါမှာ လူပေါင်းစုံနဲ့တွေ့ဆုံနိုင်ပါတယ်။ ကိုယ့်မှာ စစ်မှန်တဲ့ ကိုယ် ကျင့်တရားကို လက်ကိုင်ထားတဲ့အတွက် ဘယ်လိုလူမျိုးနဲ့ပဲ ဆုံပါစေ၊ကိုယ်ကအမြဲ အားသာနေမှာပဲ ဖြစ်ပါတယ်။
ထိန်းချုပ်နိုင်စွမ်း
နေ့စဉ်ဖြတ်သန်းနေရတဲ့ ဘဝမှာ စိတ်ဆိုးစရာ၊ဒေါသထွက်စရာ အကြောင်းကိစ္စများစွာ ရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ ဒေါသ၊မာန်မာနတွေကို ထိန်းချုပ်နိုင်စွမ်းဟာလည်း လူတိုင်းမလုပ်နိုင်ပါဘူး။ မလိုအပ်တဲ့ ဒေါသ၊လော ဘတွေကို ချုပ်တည်းနိုင်ခြင်းကြောင့် ဘဝရဲ့ တိုးတက်မှုတွေကို ရရှိလာနိုင်ပါတယ်။
စိတ်တည်ငြိမ်မှု
အရာရာကို တည်ငြိမ်စွာ ဖြေရှင်းနိုင်ခြင်းဟာ အဆင့်မြင့်တဲ့ အရည်အချင်းတစ်ရပ် ဖြစ်ပါတယ်။ ပြဿနာတွေ၊အခက်အခဲတွေ ကြုံလာတဲ့အခါ မိုက်ရူးရဲဆန်စွာနဲ့ ဂမူးရှူးထိုး ဆုံးဖြတ်ခြင်းကို ရှောင်ကြည် သင့်ပါတယ်။
အပြုံးပန်း
လူမှုဆက်ဆံရေးမှာ အဓိကလိုအပ်ချက်တစ်ခုက အပြုံးပန်းပဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာဖြစ်စေ၊ အပြင်လောကမှာဖြစ်စေ လူတွေနဲ့ တွေ့ဆုံဆက်ဆံရတဲ့အခါ သင့်ဘက်က ဦးစွာပေးလိုက်ရမှာက အပြုံးပဲ ဖြစ်ပါတယ်။ အပြုံးပန်းတစ်ပွင့်ကြောင့် မထင်မှတ်ထားတဲ့ အဆင်ပြေချောမွေ့မှုတွေ ရရှိလာပါလိမ့်မယ်။
zawgyi
အဓိပ္ပါယ်ရှိသော လူသားတစ်ဦး အဖြစ် ရပ်တည်နိုင်ဖို့အတွက် လိုအပ်ချက်များ
Source : ncmm.org
Source: ThePinsta
စိတ်တည်ငြိမ်မှု
အပြုံးပန်း
Leave a Comment