Mon. May 23rd, 2022

စိတ်လက်ပေါ့ပါးစေတဲ့ အသက်ရှူလေ့ကျင့်ခန်း

လူတွေမှာစိတ်ရှုပ်နေတာစိတ်နောက်နေတာတွေ ကြုံကြရစမြဲပါပဲ။ ဒီလိုစိတ်နောက်လာတဲ့အခါမျိုးမှာဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲချောင်ထဲမှာပဲကုပ်ပြီး ငြိမ်နေတတ်ကြတာများပါတယ်။ တကယ်တော့ လွယ်ကူပြီးထိရောက်တဲ့ နည်းလမ်းရှိပါတယ်။ ဘယ်လိုနည်းလမ်းလေးပါလိမ့်။

 

 

 

အသက်ရှူလေ့ကျင့်ခန်း…။ ဘာများခက်ခဲနေပါသလဲ။ နေ့စဉ် အသက်ရှင်နေထိုင်ဖို့ အတွက် လူတွေဟာအသက် ရှူနေကြရတာပါ။ တကယ်တော့ အသက်ရှူတာဟာအသက်ရှင်ဖို့ တစ်ခုတည်းတင်မဟုတ်ပါဘူး။ စိတ်သက်သာရာရစေတာမျိုးလည်း ဖြစ်ပါတယ်။

 

 

ဒီတိုင်းရိုးရိုးလူတွေ စက္ကန့်မလပ်အသက်ရှူနေကြတာမျိုးမဟုတ်ဘဲသပ်သပ်အနေနဲ့ အသက်ရှူလေ့ကျင့်ခန်းကိုလုပ်ကိုလုပ်ပေးသင့်ပါတယ်။ ဒါဟာတကယ်ကိုစိတ်သက်သာရာရစေသလိုကျန်းမာရေးအတွက်လည်းအရမ်းကိုကောင်းတဲ့ လေ့ကျင့်ခန်းပါ။

ဘယ်လိုလုပ်ရမလဲ

 

 

အသက်ရှူလေ့ကျင့်ခန်းကစိတ်နဲ့ခန္ဓာ နှစ်မျိုးစလုံးကိုပြေလျော့စေပါတယ်။ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာသက်သောင့်သက်သာထိုင်ပါ။ မျက်လုံးတွေကိုမှိတ်ထားပြီးခြေထောက်ကစလို့ မျက်နှာရောက်တဲ့ အထိ ကြွက်သားတွေကို ဖြည်းညင်းစွာဖြေလျှော့ပါ။ လေကိုခပ်ဖြည်းဖြည်းနဲ့ ညင်ညင်သာသာ ရှူသွင်းရှူထုတ်လုပ်ပါ။ ကြွက်သားတွေ ဖြေလျှော့ထားရင်းအသက်ရှူတာကိုတလှည့်စီမှတ်ပါ။

 

 

ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးဖြစ်ပြီး ၁၀ မိနစ်ကနေမိနစ် ၂၀ ထိလုပ်နိုင်ပါတယ်။

 

zawgyi

စိတ္လက္ေပါ့ပါးေစတဲ့ အသက္ရွဴေလ့က်င့္ခန္း

လူေတြမွာစိတ္ရွဳပ္ေနတာစိတ္ေနာက္ေနတာေတြ ၾကံဳၾကရစၿမဲပါပဲ။ ဒီလိုစိတ္ေနာက္လာတဲ့အခါမ်ိဳးမွာဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိဘဲေခ်ာင္ထဲမွာပဲကုပ္ၿပီး ၿငိမ္ေနတတ္ၾကတာမ်ားပါတယ္။ တကယ္ေတာ့ လြယ္ကူၿပီးထိေရာက္တဲ့ နည္းလမ္းရွိပါတယ္။ ဘယ္လိုနည္းလမ္းေလးပါလိမ့္။

 

 

အသက္ရွဴေလ့က်င့္ခန္း…။ ဘာမ်ားခက္ခဲေနပါသလဲ။ ေန႔စဥ္ အသက္ရွင္ေနထိုင္ဖို႔ အတြက္ လူေတြဟာအသက္ ရွဴေနၾကရတာပါ။ တကယ္ေတာ့ အသက္ရွဴတာဟာအသက္ရွင္ဖို႔ တစ္ခုတည္းတင္မဟုတ္ပါဘူး။ စိတ္သက္သာရာရေစတာမ်ိဳးလည္း ၿဖစ္ပါတယ္။

 

 

ဒီတိုင္းရိုးရိုးလူေတြ စကၠန္႔မလပ္အသက္ရွဴေနၾကတာမ်ိဳးမဟုတ္ဘဲသပ္သပ္အေနနဲ႔ အသက္ရွဴေလ့က်င့္ခန္းကိုလုပ္ကိုလုပ္ေပးသင့္ပါတယ္။ ဒါဟာတကယ္ကိုစိတ္သက္သာရာရေစသလိုက်န္းမာေရးအတြက္လည္းအရမ္းကိုေကာင္းတဲ့ ေလ့က်င့္ခန္းပါ။

ဘယ္လိုလုပ္ရမလဲ

 

 

အသက္ရွဴေလ့က်င့္ခန္းကစိတ္နဲ႔ခႏၶာ ႏွစ္မ်ိဳးစလံုးကိုေၿပေလ်ာ့ေစပါတယ္။ တိတ္ဆိတ္ၿငိမ္သက္တဲ့ေနရာမွာသက္ေသာင့္သက္သာထိုင္ပါ။ မ်က္လံုးေတြကိုမွိတ္ထားၿပီးေၿခေထာက္ကစလို႔ မ်က္ႏွာေရာက္တဲ့ အထိ ၾကြက္သားေတြကို ၿဖည္းညင္းစြာေၿဖေလွ်ာ့ပါ။ ေလကိုခပ္ၿဖည္းၿဖည္းနဲ႔ ညင္ညင္သာသာ ရွဴသြင္းရွဴထုတ္လုပ္ပါ။ ၾကြက္သားေတြ ေၿဖေလွ်ာ့ထားရင္းအသက္ရွဴတာကိုတလွည့္စီမွတ္ပါ။

 

 

ရိုးရွင္းလြယ္ကူတဲ့ နည္းလမ္းေလးၿဖစ္ၿပီး ၁၀ မိနစ္ကေနမိနစ္ ၂၀ ထိလုပ္ႏိုင္ပါတယ္။

 

 

Leave a Reply

Your email address will not be published.