Tue. Oct 26th, 2021

စိတ်ညစ်ညူးပြီး စိတ်ဓာတ်ကျနေတဲ့အခါ ဒီအရာတွေကို လုပ်ဆောင်ပါ

စိတ်ညစ်ညူးပြီး လုပ်သမျှ အဆင်မပြေလို့ စိတ်ဓာတ်ကျနေသူတွေအတွက် စိတ်ဓာတ်တွေ ပြန်လည်မြှင့်တင်စေနိုင်မယ့် နည်းလမ်းကောင်းတချို့ကို ပြောပြပေးချင်ပါတယ်။ ဘဝမှာ စိတ်ကအရမ်းအရေးပါတဲ့အတွက် စိတ်ဓာတ်ကျနေလို့တော့ မဖြစ်ပါဘူး။ ဒီတော့ စိတ်ဓာတ်ကျနေတဲ့အခါမျိုးတွေမှာ ဘာတွေလုပ်သင့်တယ်ဆိုတာ ကြည့်လိုက်ကြရအောင်ပါ။

ပြုံးပါ။

 

စိတ်ဓာတ်ကျနေချိန်မှာ ပြုံးဖို့မလွယ်ကူဘူးဆိုတာ သိပါတယ်။ ဒါပေမယ့်လည်း ပြုံးပြီးနေနိုင်အောင် ကြိုးစားကြည့်ပါ။ ကိုယ့်ပတ်ဝန်းကျင်က တွေ့သမျှလူတိုင်းကို ပြုံးပြပါ။ နောက်ဆုံး ပြုံးပြစရာလူမရှိရင် မှန်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်ပြုံးပြလိုက်ပါ။

ခွင့်လွှတ်ပါ။

 

စိတ်ဓာတ်ကျနေတဲ့အချိန်မျိုးမှာ လူတိုင်းရဲ့အမှားတွေကို ခွင့်လွှတ်ဖို့ ကြိုးစားကြည့်ပါ။ လူတိုင်းက မှားနိုင်တယ်ဆိုတာကို စိတ်ကူးနဲ့ ပုံဖော်ကြည့်ပါ။ စိတ်ဓာတ်ကျမှုဟာ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်မှုကနေ အများဆုံးလာတတ်ကြတာပါ။ ဒီတော့ အားလုံးကမှားတတ်ကြတယ်။ ငါလည်း မှားတာတွေလုပ်မိတယ်။ ဒီထဲကမှ မှန်အောင်ကြိုးစားမယ်လို့ ကိုယ့်ကိုယ်ကိုယ် နှလုံးသွင်းပါ။

တက်တက်ကြွကြွနေပါ။

 

စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်ကို တက်တက်ကြွကြွ နေခိုင်းတယ်ဆိုတာ တကယ်တော့ နောက်နေသလိုပါပဲ။ ဒါပေမယ့် တကယ်ကိုယ်က စိတ်ဓာတ်ကျနေတာကြီးကို ကျော်လွှားချင်တဲ့ ဆန္ဒရှိသူဆိုရင်တော့ တက်တက်ကြွကြွ နေကြည့်ဖို့ ကြိုးစားအားထုတ်ရပါမယ်။

မကဲ့ရဲ့ပါနဲ့။

 

 

မယုံမရှိပါနဲ့။ သူများကို ကဲ့ရဲ့တာမျိုး၊ အဆိုးမြင်တတ်တာမျိုးတွေဟာ ကိုယ့်ကိုယ်လည်း ထိခိုက်စေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူများကို ကဲ့ရဲ့တတ်သူ၊ သူများရဲ့အပြစ်ကို အမြဲမြင်တတ်သူတွေဟာ သူတို့ကိုယ်တိုင်လည်း ကိုယ့်အပြစ်နဲ့ချို့ယွင်းချက်တွေကို သူများကဲ့ရဲ့မှာ သေမလောက်ကြောက်ပါတယ်။ ဒီလို စိုးရိမ်ပူပန်မှု အကြီးစားတွေဟာ စိတ်ဓာတ်ကျစေတော့တာပါပဲ။ ဒါ့ကြောင့် သူများကိုကဲ့ရဲ့ တာမျိုးတွေ ရှောင်ကြဉ်ပါ။

 

 

zawgyi

စိတ္ညစ္ညဴးၿပီး စိတ္ဓာတ္က်ေနတဲ့အခါ ဒီအရာေတြကို လုပ္ေဆာင္ပါ

စိတ္ညစ္ညဴးၿပီး လုပ္သမွ် အဆင္မေျပလို႔ စိတ္ဓာတ္က်ေနသူေတြအတြက္ စိတ္ဓာတ္ေတြ ၿပန္လည္ၿမွင့္တင္ေစႏိုင္မယ့္ နည္းလမ္းေကာင္းတခ်ိဳ႕ကို ေၿပာျပေပးခ်င္ပါတယ္။ ဘဝမွာ စိတ္ကအရမ္းအေရးပါတဲ့အတြက္ စိတ္ဓာတ္က်ေနလို႔ေတာ့ မၿဖစ္ပါဘူး။ ဒီေတာ့ စိတ္ဓာတ္က်ေနတဲ႔အခါမ်ိဳးေတြမွာ ဘာေတြလုပ္သင့္တယ္ဆိုတာ ၾကည့္လိုက္ၾကရေအာင္ပါ။

ၿပံဳးပါ။

 

 

စိတ္ဓာတ္က်ေနခ်ိန္မွာ ၿပံဳးဖို႔မလြယ္ကူဘူးဆိုတာ သိပါတယ္။ ဒါေပမယ့္လည္း ၿပံဳးၿပီးေနႏိုင္ေအာင္ ႀကိဳးစားၾကည့္ပါ။ ကိုယ့္ပတ္ဝန္းက်င္က ေတြ႔သမ်ွလူတိုင္းကို ၿပံဳးၿပပါ။ ေနာက္ဆံုး ၿပံဳးၿပစရာလူမရွိရင္ မွန္ၾကည့္ၿပီး ကိုယ့္ကိုယ္ကိုယ္ၿပံဳးၿပလိုက္ပါ။

ခြင့္လႊတ္ပါ။

 

 

စိတ္ဓာတ္က်ေနတဲ့အခ်ိန္မ်ိဳးမွာ လူတိုင္းရဲ႕အမွားေတြကို ခြင့္လႊတ္ဖို႔ ႀကိဳးစားၾကည့္ပါ။ လူတိုင္းက မွားနိုင္တယ္ဆိုတာကို စိတ္ကူးနဲ႔ ပံုေဖာ္ၾကည့္ပါ။ စိတ္ဓာတ္က်မႈဟာ ကိုယ့္ကိုယ္ကိုယ္ အားမလိုအားမရၿဖစ္မႈကေန အမ်ားဆံုးလာတတ္ၾကတာပါ။ ဒီေတာ့ အားလံုးကမွားတတ္ၾကတယ္။ ငါလည္း မွားတာေတြလုပ္မိတယ္။ ဒီထဲကမွ မွန္ေအာင္ႀကိဳးစားမယ္လို႔ ကိုယ့္ကိုယ္ကိုယ္ နွလံုးသြင္းပါ။

တက္တက္ၾကြၾကြေနပါ။

 

 

စိတ္ဓာတ္က်ေနတဲ႔သူတစ္ေယာက္ကုိ တက္တက္ၾကြၾကြ ေနခိုင္းတယ္ဆိုတာ တကယ္ေတာ့ ေနာက္ေနသလိုပါပဲ။ ဒါေပမယ့္ တကယ္ကိုယ္က စိတ္ဓာတ္က်ေနတာႀကီးကို ေက်ာ္လႊားခ်င္တဲ့ ဆႏၵရွိသူဆိုရင္ေတာ့ တက္တက္ၾကြၾကြ ေနၾကည့္ဖို႔ ႀကိဳးစားအားထုတ္ရပါမယ္။

မကဲ့ရဲ႕ပါနဲ႔။

 

 

မယံုမရွိပါနဲ႔။ သူမ်ားကို ကဲ့ရဲ႕တာမ်ိဳး၊ အဆိုးၿမင္တတ္တာမ်ိဳးေတြဟာ ကိုယ့္ကိုယ္လည္း ထိခိုက္ေစပါတယ္။ ဘာၿဖစ္လို႔လဲဆိုေတာ့ သူမ်ားကို ကဲ့ရဲ႕တတ္သူ၊ သူမ်ားရဲ႕အၿပစ္ကုိ အၿမဲၿမင္တတ္သူေတြဟာ သူတို႔ကိုယ္တိုင္လည္း ကိုယ့္အၿပစ္နဲ႔ခ်ိဳ႕ယြင္းခ်က္ေတြကို သူမ်ားကဲ့ရဲ႕မွာ ေသမေလာက္ေၾကာက္ပါတယ္။ ဒီလို စိုးရိမ္ပူပန္မႈ အႀကီးစားေတြဟာ စိတ္ဓာတ္က်ေစေတာ့တာပါပဲ။ ဒါ့ေၾကာင့္ သူမ်ားကိုကဲ့ရဲ႕ တာမ်ိဳးေတြ ေရွာင္ၾကဥ္ပါ။

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *