Tue. Oct 26th, 2021

လုပ်ငန်းခွင်၌ အောင်မြင်ပျော်ရွှင်စွာ အလုပ်လုပ်ကိုင်နိုင်မယ့် နည်းလမ်း ၆ ချက်

ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာဆိုတဲ့အတိုင်းမှာ ကျောင်းပြီးဘွဲ့ရတဲ့အခါ လုပ်ငန်းခွင်ဝင်ဖို့ ကြိုးစားရပါတော့တယ်။ မိမိလိုချင်တဲ့အလုပ်အကိုင်လေးရဖို့အရေး ကိုယ်ရေးအချက်အလက်ကို ပြီးပြည့်စုံအောင်ရေး၊ ပြီးတဲ့အခါ လူတွေ့စစ်ဆေးအောင်မြင်ပြီဆိုရင်တော့ အလုပ်ရသွားပြီပေါ့။

အလုပ်စစဝင်ချင်းမှာတော့ စိတ်ဓာတ်တက်ကြွနေပြီး လအတော်ကြာလာတဲ့အခါမှာတော့ အလုပ်ရဲ့ဖိစီးမှုဒဏ်တွေကြောင့် မပျော်မရွှင်ဖြစ်ပြီး ငြီးငွေ့လာပါတော့တယ်။ ဒါပေမဲ့ သင့်ရဲ့ အချိန်တွေကို ပျင်းရိငြီးငွေ့စွာနဲ့ပဲ ကုန်ဆုံးလိုက်တော့မှာလား။ လုပ်ငန်းခွင်မှာ အချိန်ကုန်တာချင်းအတူတူ ရာထူးတွေတစ်ခုပြီးတစ်ခုတိုးသွားပြီး အောင်မြင်ပျော်ရွှင်စွာနဲ့ အချိန်မကုန်ဆုံးချင်ဘူးလား။ ဒါဆိုရင်တော့ အခုဖော်ပြမယ့် နည်းလမ်း ၅ ချက်ကို ဆက်ဖတ်ကြည့်လိုက်ရအောင်။

မိမိအလုပ်ကို တာဝန်ကျေပွန်စွာလုပ်ဆောင်ပါ

 

ဒီအချက်ကတော့ အင်မတန်အရေးကြီးပါတယ်။ ကိုယ့်ကို ပေးအပ်လာတဲ့တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်မယ်ဆိုရင်တော့ သင့်သူဌေးကလည်း သင့်ကို သဘောတွေ့မှာအမှန်ပါပဲ။ ဒါပေမဲ့ သတိထားရမယ့်တစ်ချက်က ကိုယ်လုပ်ရမယ့်တာဝန်ကို သေချာနားလည်ရဲ့လားဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ နားမလည်သေးဘူးဆိုရင် မေးခွန်းမေးဖို့ အားမနာပါနဲ့။ မကြောက်ပါနဲ့။

ကိုယ့်အမှားကနေ သင်ယူပါ

 

လူရယ်လို့ဖြစ်လာရင် ပြီးပြည့်စုံတဲ့လူဆိုတာ မရှိပါဘူး။ အမှားတွေ ပြုလုပ်မိတာကတော့ သဘာဝပါပဲ။ အမှားများလွန်းလို့လည်း ငါက အသုံးမကျလေခြင်းဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်မမြင်ပါနဲ့၊ စိတ်ဓာတ်မကျလိုက်ပါနဲ့။ ကိုယ်ကျူးလွန်မိတဲ့ အမှားတွေကနေ သင်ခန်းစာယူပါ။ သို့ပေမယ့် တူညီတဲ့အမှားမျိုးကို ထပ်တလဲလဲမကျူးလွန်မိပါစေနဲ့။

စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာပါ

 

 

အကွပ်မဲ့ကြမ်း ပရမ်းပတာဆိုတဲ့အတိုင်းပဲ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာတတ်ခြင်းက သင့်ရဲ့အဆင့်အတန်းကို တစ်ဆင့်မြှင့်တင်ပေးလိုက်သလိုပါပဲ။ သင့်လုပ်ငန်းခွင်မှာ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာပါ။ တစ်ယောက်ယောက်က ကိုယ့်ကို ချောက်ချချင်လို့ လာထောက်ပြရင်လည်း ကိုယ်က စည်းကမ်းအတိုင်းလိုက်နာတာဖြစ်ကြောင်း ပြန်ချေပလို့ရတာပေါ့။

ယဉ်ကျေးပျူငှာတတ်ပါစေ

 

 

မိမိကိုယ်ကို ယုံကြည်ချက်ရှိမှု၊ ပြုံးရယ်တတ်မှုနဲ့ ရင်းနှီးဖော်ရွေမှုတွေက သင့်ရဲ့ သူဌေး၊ သင့်အထက်လူကြီး၊ သင့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။ ဒါပေမဲ့ လိုတာထက် မပိုဖို့တော့ အရေးကြီးပါတယ်။ နို့မဟုတ်ရင် သင့်ကို ဖားတတ်တဲ့သူဆိုပြီး အထင်မြင်လွဲခြင်းကို ခံရနိုင်ပါတယ်။ ဟာသဉာဏ်ရွှင်တဲ့သူကို လူတိုင်းသဘောကျပေမယ့် မှတ်ထားရမယ့် အရာတစ်ခုက သင်က လုပ်ငန်းခွင်ကို အလုပ်လုပ်ဖို့သွားတာဖြစ်ပြီး ဟေးလားဝါးလားနဲ့ အာလူးဖုတ်ဖို့ မဟုတ်ဘူးဆိုတာပါပဲ။ သင့်ရဲ့အချိန်တွေကို အကျိုးရှိရှိကုန်ဆုံးတတ်ပါစေ။

ပူးပေါင်းလုပ်ဆောင်တတ်တဲ့စိတ်ဓာတ် မွေးမြူပါ

 

 

အစည်းအဝေးတက်ရတဲ့အခါ အခြားသူပြောတာကို ဂရုတစိုက်နားထောင်ပေးခြင်းက သင်က သူတို့ရဲ့ ထင်မြင်ယူဆချက်ကို အလေးထားတယ်လို့ ခံစားရတာကြောင့် သင့်ရဲ့စိတ်ဓာတ်ကို အသိအမှတ်ပြုလေးစားပါလိမ့်မယ်။ ဒါပေမဲ့ သင်ကိုယ်တိုင်လည်း ပါဝင်ဆွေးနွေးဖို့ မမေ့ပါနဲ့။ ဒါမှ သင်ရဲ့စိတ်အားထက်သန်မှုကို မြင်တွေ့ရမှာမို့လို့ပါ။

မိမိလုပ်ငန်းခွင်မှာ စံနမူနာထားအပ်တဲ့သူ၊ ကိုယ်လေးစားရမယ့် ပုဂ္ဂိုလ်တစ်ယောက် ထားရှိပါ

 

 

လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်၊ ဒါမှမဟုတ် ကိုယ့်အထက်လူကြီး ကိုယ်လေးစားအားကျရတဲ့သူတစ်ယောက်တော့ရှိမှာပါပဲ။ အဲ့ဒီလို စံနမူထားအပ်တဲ့သူဆီက အကြံဉာဏ်တွေ တောင်းခံခြင်းက သင့်ရဲ့လုပ်ငန်းခွင်ဘဝအတွက် အထောက်အကူပြုပါတယ်။ အရင်ဆုံး ထိုသူနဲ့ရင်းနှီးကျွမ်းဝင်လာအောင် လုပ်ပါ။ ပြီးရင် ရံဖန်ရံခါ အကြံဉာဏ်များ တောင်းခံခြင်းဖြင့် သင့်တို့နှစ်ယောက်ကြားဆက်ဆံရေးကို ခိုင်မာလာအောင် ပြုလုပ်ပါ။ ဒါဆိုရင်တော့ သင့်လုပ်ငန်းခွင်မှာ အောင်မြင်မှုတွေ ဆွတ်ခူးရရှိလာမှာ အမှန်ပါပဲ။

 

zawgyi

လုုပ္ငန္းခြင္၌ ေအာင္ျမင္ေပ်ာ္႐ႊင္စြာ အလုပ္လုပ္ကိုင္ႏိုင္မယ့္ နည္းလမ္း ၆ ခ်က္

ပထမအရြယ္မွာ ပညာ႐ွာ၊ ဒုတိယအ႐ြယ္မွာ ဥစၥာ႐ွာဆိုတဲ့အတိုင္းမွာ ေက်ာင္းၿပီးဘြဲ႔ရတဲ့အခါ လုပ္ငန္းခြင္ဝင္ဖို႔ ႀကိဳးစားရပါေတာ့တယ္။ မိမိလိုခ်င္တဲ့အလုပ္အကိုင္ေလးရဖို႔အေရး ကိုယ္ေရးအခ်က္အလက္ကို ၿပီးျပည့္စံုေအာင္ေရး၊ ၿပီးတဲ့အခါ လူေတြ႔စစ္ေဆးေအာင္ျမင္ၿပီဆိုရင္ေတာ့ အလုပ္ရသြားၿပီေပါ့။ အလုပ္စစဝင္ခ်င္းမွာေတာ့ စိတ္ဓာတ္တက္ၾကြေနၿပီး လအေတာ္ၾကာလာတဲ့အခါမွာေတာ့ အလုပ္ရဲ႕ဖိစီးမႈဒဏ္ေတြေၾကာင့္ မေပ်ာ္မ႐ႊင္ျဖစ္ၿပီး ၿငီးေငြ႔လာပါေတာ့တယ္။ ဒါေပမဲ့ သင့္ရဲ႕ အခ်ိန္ေတြကို ပ်င္းရိၿငီးေငြ႔စြာနဲ႔ပဲ ကုန္ဆံုးလိုက္ေတာ့မွာလား။ လုပ္ငန္းခြင္မွာ အခ်ိန္ကုန္တာခ်င္းအတူတူ ရာထူးေတြတစ္ခုၿပီးတစ္ခုတိုးသြားၿပီး ေအာင္ျမင္ေပ်ာ္႐ႊင္စြာနဲ႔ အခ်ိန္မကုန္ဆံုးခ်င္ဘူးလား။ ဒါဆိုရင္ေတာ့ အခုေဖာ္ျပမယ့္ နည္းလမ္း ၅ ခ်က္ကို ဆက္ဖတ္ၾကည့္လိုက္ရေအာင္။

မိမိအလုပ္ကို တာဝန္ေက်ပြန္စြာလုပ္ေဆာင္ပါ

 

 

ဒီအခ်က္ကေတာ့ အင္မတန္အေရးႀကီးပါတယ္။ ကိုယ့္ကို ေပးအပ္လာတဲ့တာဝန္ကို ေက်ပြန္ေအာင္ လုပ္ေဆာင္မယ္ဆိုရင္ေတာ့ သင့္သူေဌးကလည္း သင့္ကို သေဘာေတြ႔မွာအမွန္ပါပဲ။ ဒါေပမဲ့ သတိထားရမယ့္တစ္ခ်က္က ကိုယ္လုပ္ရမယ့္တာဝန္ကို ေသခ်ာနားလည္ရဲ႕လားဆိုတာ ကိုယ့္ကိုယ္ကို ျပန္ေမးၾကည့္ပါ။ နားမလည္ေသးဘူးဆိုရင္ ေမးခြန္းေမးဖို႔ အားမနာပါနဲ႔။ မေၾကာက္ပါနဲ႔။

ကိုယ့္အမွားကေန သင္ယူပါ

 

 

လူရယ္လို႔ျဖစ္လာရင္ ၿပီးျပည့္စံုတဲ့လူဆိုတာ မ႐ွိပါဘူး။ အမွားေတြ ျပဳလုပ္မိတာကေတာ့ သဘာဝပါပဲ။ အမွားမ်ားလြန္းလို႔လည္း ငါက အသံုးမက်ေလျခင္းဆိုၿပီး ကိုယ့္ကိုယ္ကို အျပစ္မျမင္ပါနဲ႔၊ စိတ္ဓာတ္မက်လိုက္ပါနဲ႔။ ကိုယ္က်ဴးလြန္မိတဲ့ အမွားေတြကေန သင္ခန္းစာယူပါ။ သို႔ေပမယ့္ တူညီတဲ့အမွားမ်ိဳးကို ထပ္တလဲလဲမက်ဴးလြန္မိပါေစနဲ႔။

စည္းမ်ဥ္း စည္းကမ္းေတြကို လိုက္နာပါ

 

 

အကြပ္မဲ့ၾကမ္း ပရမ္းပတာဆိုတဲ့အတိုင္းပဲ စည္းမ်ဥ္း စည္းကမ္းေတြကို လိုက္နာတတ္ျခင္းက သင့္ရဲ႕အဆင့္အတန္းကို တစ္ဆင့္ျမွင့္တင္ေပးလိုက္သလိုပါပဲ။ သင့္လုပ္ငန္းခြင္မွာ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြကို လိုက္နာပါ။ တစ္ေယာက္ေယာက္က ကိုယ့္ကို ေခ်ာက္ခ်ခ်င္လို႔ လာေထာက္ျပရင္လည္း ကိုယ္က စည္းကမ္းအတိုင္းလိုက္နာတာျဖစ္ေၾကာင္း ျပန္ေခ်ပလို႔ရတာေပါ့။

ယဥ္ေက်းပ်ဴငွာတတ္ပါေစ

 

 

မိမိကိုယ္ကို ယံုၾကည္ခ်က္႐ွိမႈ၊ ၿပံဳးရယ္တတ္မႈနဲ႔ ရင္းႏွီးေဖာ္ေရြမႈေတြက သင့္ရဲ႕ သူေဌး၊ သင့္အထက္လူႀကီး၊ သင့္လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးတစ္ခုကို ဖန္တီးေပးႏိုင္ပါတယ္။ ဒါေပမဲ့ လိုတာထက္ မပိုဖို႔ေတာ့ အေရးႀကီးပါတယ္။ ႏို႔မဟုတ္ရင္ သင့္ကို ဖားတတ္တဲ့သူဆိုၿပီး အထင္ျမင္လြဲျခင္းကို ခံရႏိုင္ပါတယ္။ ဟာသဥာဏ္႐ႊင္တဲ့သူကို လူတိုင္းသေဘာက်ေပမယ့္ မွတ္ထားရမယ့္ အရာတစ္ခုက သင္က လုပ္ငန္းခြင္ကို အလုပ္လုပ္ဖို႔သြားတာျဖစ္ၿပီး ေဟးလားဝါးလားနဲ႔ အာလူးဖုတ္ဖို႔ မဟုတ္ဘူးဆိုတာပါပဲ။ သင့္ရဲ႕အခ်ိန္ေတြကို အက်ဳိး႐ွိ႐ွိကုန္ဆံုးတတ္ပါေစ။

ပူးေပါင္းလုပ္ေဆာင္တတ္တဲ့စိတ္ဓာတ္ ေမြးျမဴပါ

 

 

အစည္းအေဝးတက္ရတဲ့အခါ အျခားသူေျပာတာကို ဂ႐ုတစိုက္နားေထာင္ေပးျခင္းက သင္က သူတို႔ရဲ႕ ထင္ျမင္ယူဆခ်က္ကို အေလးထားတယ္လို႔ ခံစားရတာေၾကာင့္ သင့္ရဲ႕စိတ္ဓာတ္ကို အသိအမွတ္ျပဳေလးစားပါလိမ့္မယ္။ ဒါေပမဲ့ သင္ကိုယ္တိုင္လည္း ပါဝင္ေဆြးေႏြးဖို႔ မေမ့ပါနဲ႔။ ဒါမွ သင္ရဲ႕စိတ္အားထက္သန္မႈကို ျမင္ေတြ႔ရမွာမို႔လို႔ပါ။

မိမိလုပ္ငန္းခြင္မွာ စံနမူနာထားအပ္တဲ့သူ၊ ကိုယ္ေလးစားရမယ့္ ပုဂၢိဳလ္တစ္ေယာက္ ထား႐ွိပါ

 

 

လုပ္ငန္းခြင္မွာ ကိုယ့္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္၊ ဒါမွမဟုတ္ ကိုယ့္အထက္လူႀကီး ကိုယ္ေလးစားအားက်ရတဲ့သူတစ္ေယာက္ေတာ့႐ွိမွာပါပဲ။ အဲ့ဒီလို စံနမူထားအပ္တဲ့သူဆီက အႀကံဥာဏ္ေတြ ေတာင္းခံျခင္းက သင့္ရဲ႕လုပ္ငန္းခြင္ဘဝအတြက္ အေထာက္အကူျပဳပါတယ္။ အရင္ဆံုး ထိုသူနဲ႔ရင္းႏွီးကြ်မ္းဝင္လာေအာင္ လုပ္ပါ။ ၿပီးရင္ ရံဖန္ရံခါ အႀကံဥာဏ္မ်ား ေတာင္းခံျခင္းျဖင့္ သင့္တို႔ႏွစ္ေယာက္ၾကားဆက္ဆံေရးကို ခိုင္မာလာေအာင္ ျပဳလုပ္ပါ။ ဒါဆိုရင္ေတာ့ သင့္လုပ္ငန္းခြင္မွာ ေအာင္ျမင္မႈေတြ ဆြတ္ခူးရ႐ွိလာမွာ အမွန္ပါပဲ။

 

Leave a Reply

Your email address will not be published. Required fields are marked *