Tue. Oct 26th, 2021

အကောင်းမြင်စိတ်ရှိသူမှန်း ဘယ်လို သိနိုင်မလဲ

လူတိုင်း အကောင်းမြင်သမား မဖြစ်နိုင်ပေမယ့် အကောင်းမြင်စိတ်ရှိတဲ့ သူတွေဟာ အမြဲပျော်ရွှင်ရပါတယ်။ သူတို့ဟာ လောကကို ကျေနပ်စရာအဖြစ် မြင်တတ်တာကြောင့်ပဲ စိတ်ချမ်းမြေ့ရသလို ပိုပြီး သာယာတဲ့ ဘဝကို လျှောက်လှမ်းနိုင်ကြပါတယ်။ ဒါဆို အကောင်းမြင်သူဆိုတာ ဘယ်လိုမျိုးလဲ ၊ အကောင်းမြင်စိတ်ရှိတဲ့ သူရဲ့ အရည်အချင်းတွေက ဘာတွေ ဖြစ်မလဲ။

(၁) ကိုယ့်ကိုယ်ကို အားပေးနှိုးဆော်တတ်သူ

 

အကောင်းမြင်သမားတွေဟာ Self-Motivation ရှိတဲ့ သူတွေပါ။ လဲကျနေတာကနေ ကိုယ့်ကိုယ်ထူဖို့ဆိုပြီး သူတို့ဟာ စနစ်တကျ တွေးခေါ်ခံယူထားပါတယ်။ ပြဿနာထက် ဘယ်လိုလုပ်ရင် အဆင်ပြေမလဲ သိနိုင်တာကြောင့် သူတို့လုပ်ရပ်တွေလည်း အောင်မြင်အထမြောက်ကြပါတယ်။

(၂) အကောင်းမြင်တတ်သူတွေနဲ့ပဲ ပေါင်းသင်းပါတယ်

 

တူရာတူရာ စုတယ်ဆိုတဲ့ အတိုင်း အကောင်းမြင်စိတ်ရှိသူတွေဟာ အကောင်းမြင်တတ်သူတွေနဲ့ ပိုပြီး အပေါင်းအသင်းလုပ်ပါတယ်။ မကောင်းမြင်သမားတွေနဲ့ ပေါင်းတဲ့သူဟာ တစ်နေ့မှာ အရှုံးသမားအဖြစ်နဲ့ပဲ နိဂုံးချုပ်တတ်ပါတယ်။ အကောင်းမြင်စိတ် များချင်ရင် အဆိုးမြင်သူတွေနဲ့ ဝေးဝေးက နေလိုက်ပါ။

(၃) ကျေးဇူးသိတတ်တယ်

 

အကောင်းမြင်သူတွေရဲ့ နောက်ထပ် အရည်အသွေးကောင်းတစ်ခုက ကျေးဇူးတရားကို မကြာခဏ ဖော်ပြတတ်တာပါပဲ။ ဘာတွေပဲ ဖြစ်လာဖြစ်လာ သူတို့ဟာ ကျေးဇူးတရားကို တန်ဖိုးထားတတ်ပြီး အဲဒီကျေးဇူးကိုလည်း အခါအားလျော်စွာ ပြန်ဆပ်ဖြစ်အောင် ကြိုးစားတတ်ပါတယ်။

(၄) ဘေးထိုင်ဘုပြောသမား စကား နားမထောင်တတ်ဘူး

 

 

အောင်မြင်တဲ့သူဟာ ဘေးက ပေါက်ကရပြောတဲ့သူရဲ့ စကားကို နားထဲ အဝင်မခံပါဘူး။ အကောင်းမြင်စိတ်ရှိသူဟာလည်း ဘဝနဲ့ လောကကို အကောင်းမြင်စိတ်နဲ့ တည်ဆောက်ဖို့အတွက် အပျက်သဘောဆောင်တဲ့ အရာတွေ နားထောင်လေ့ မရှိပါဘူး။

(၅) မကြာခဏဆိုသလို ပျော်ရွှင်နေတတ်တယ်

 

 

စိတ်ညစ်စရာရှိတာချင်းအတူတူ အကောင်းမြင်သူက ဘဝမှာ ကျေနပ်စရာ ရှာပြီး ပျော်အောင် နေတတ်ပါတယ်။ သူတို့ဟာ တောက်ပတဲ့ အနာဂါတ်ဘဝကို ယုံကြည်သူတွေ ဖြစ်ပြီး အကောင်းမြင်စိတ်ရှိတာကြောင့် တကယ်လည်း ပျော်နိုင် ပြုံးနိုင်ကြပါတယ်။Credit: Original Writer

 

Leave a Reply

Your email address will not be published. Required fields are marked *