success

သူတစ်ပါးကို ကူညီသင့်တဲ့ အကြောင်းရင်း

သူတစ်ပါးကို ကူညီသင့်တဲ့ အကြောင်းရင်း

ကျွန်မဟာ လေဆိပ်တစ်ခုကို ရောက်နေတာပါ။ ကျွန်မရဲ့ နေ့လည်စာ အထုပ်ကို ဆွဲပီး ထိုင်စားလို့ရတဲ့နေရာ လိုက်ရှာနေတာပါ။ လမ်းဘေး ဆိုင်လေးတစ်ခုမှာ လူတစ်ယောက်ကလွဲပြီး ခုံတွေ အကုန်အားနေပါတယ်။

အဲဒိမှာ ထိုင်ပြီးစားမယ်လုပ်တော့ စားပွဲထိုးက လာပြောတာ ဘာမှ မဝယ်ရင် ထိုင်လို့မရပါဘူး တဲ့။ ကျွန်မက နောက်နေတယ် မှတ်တာပါ။ ပြီးတော့ သူက အတည်ကြီးလာပြောနေတော့ တော်တော်လေး ဒေါသထွက်သွားပါတယ်။ ပြီးတော့ စားပွဲထိုးက မန်နေဂျာ သွားခေါ်မယ်ဆိုပြီး ထွက်သွားတော့ ကျွန်မလဲ ပေထိုင်နေပါတယ်။

အဲဒိအချိန်မှာ ဘေးခုံကလူက ကျွန်မကို ရေဘူး အသစ်တစ်ဘူး လှမ်းပေးလိုက်ပါတယ်။ ပြီးတော့ “ကဲ အခု နင် ရေဘူးဝယ်လိုက်တော့ သူတို့ နှင်ထုတ်လို့ မရတော့ဘူး။ အဲဒိဘူးက ပိုက်ဆံပေးပြီးသား ” ဆိုပြီး ကျွန်မ ဘာမှမပြောနိုင်ခင် ထထွက်သွားပါတယ်။ ကျွန်မကိုယ်ကျွန်မ အရမ်းရှက်မိပါတယ်။

ဟိုလူကိုလဲ အရမ်းလေးစားမိပါတယ်။ ကျွန်မက စကားများဖို့မလိုတဲ့အချိန်မှာ စကားများမိတယ်၊ သူက ကျွန်မကို ကူညီစရာမလိုပဲ ကူညီခဲ့တယ်။ အဲဒိလူရဲ့ မိသားစုတွေ သူ့အတွက် ဘယ်လောက်ဂုဏ်ယူမလဲ။

လုပ်ဖော်ကိုင်ဘက်တွေရော ဘယ်လောက် တန်ဖိုးထားမလဲ။ သူက ကျွန်မထက် စိတ် တည်ငြိမ်တယ်ဆိုတာကတော့ ကျိန်းသေပေါက်ပါပဲ။

ကူညီတတ်တဲ့လူတွေဟာ ကူညီခြင်းရဲ့ သိပ္ပံနည်းကျ အကျိုးကျေးဇူးတွေ ခံစားရပါတယ်။ – သူတစ်ပါးကို ကူညီလိုက်တာဟာ ကျွန်တော်တို့ကို စိတ်အားတက်ကြွစေပါတယ်။
ပျော်ရွှင်စေပါတယ်။ – အခက်အခဲတွေနဲ့ ကြုံရတဲ့အခါမှာ ကူညီတတ်ခြင်းဟာ သင့်ကို ပြန်ကူညီမယ့်သူများစေပြီး စိတ်ဖိစီးမှု လျော့ပါးစေပါတယ်။

ကူညီခြင်းက ဒီလောက် အကျိုးကြီးမားတာတောင် ဘာလို့ မကူညီကြတာလဲ? ကျွန်တော်တို့က ခက်ခဲကြမ်းတမ်းတဲ့ လောကကြီးမှာ နေထိုင်တာပါ။ မတတ်နိုင်တဲ့အခါ၊ ဒါမှမဟုတ် သင်နဲ့မဆိုင်တဲ့အခါ မကူညီလိုက်ဖို့ ပိုများပါတယ်။

ကိုယ့်ဘာသာနေတဲ့ အကျင့်က စွဲနေပါပြီ။ သူတစ်ပါးတွေကို ကူညီမိဖို့က v လုပ်တာပါပဲ။ တစ်နေ့ကို ကူညီမှု တစ်ခု အနည်းဆုံးလုပ်မယ်လို့ အဓိဋ္ဌာန် ပြုထားပါ။

တစ်နေ့ကိုတစ်ခါ သင်ကူညီစရာ မလိုပေမယ့် သင် ကူညီချင်တာ တစ်ခုကို ကူညီမယ်လို့ အဓိဋ္ဌာန်ပြုထားပါ။ နောက်ပိုင်းမှာကြာသွားရင် လွယ်တဲ့ဟာတွေ၊ သင်ကူညီချင်တဲ့ဟာတွေမက ခက်တဲ့ဟာတွေ၊ သင် မကူညီချင်တဲ့ဟာတွေကိုပါ ကူညီနိုင်သွားပါလိမ့်မယ်။ ကူညီခြင်းဟာ အကျိုးအများကြီး ရှိပါတယ်။ တခြားသူတွေကို ကူညီပြီး သင့်ရဲ့ ကမ္ဘာကြီးကို ပြောင်းလဲလိုက်ပါတော့။

ယခုလဲ မြန်မာနိုင်ငံ တစ်ဝန်း ဒေသတချို့ မှာ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပါတယ်။ ငွေဖြင့်သာ သူတစ်ပါးကို ကူညီနိုင်တာမဟုတ်ဘူး…. ပညာဖြင့်ကူညီခြင်း၊ လုပ်အားဖြင့် တထောင့်တနေရာမှ ကူညီခြင်း။ အမှန်တကယ် ကူညီမည့် သူများအား ကူညီခြင်း၊ ငွေအားဖြင့်မတတ်နိုင်သော်လည်း အခြားသော ကူညီခြင်းများစွာရှိပါတယ်…. တတ်နိုင်သ၍ သင်ကူညီနိုင်ပါကြောင်း ဒီပုံပြင်လေးနဲ့ အသိပေးအပ်ပါတယ်။။။။

 

zawgyi

သူတစ္ပါးကုိ ကူၫီသင့္တဲ့ အေၾကာင္းရင္း

ကြၽန္မဟာ ေလဆိပ္တစ္ခုကို ေရာက္ေနတာပါ။ ကြၽန္မရဲ႕ ေန႔လည္စာ အထုပ္ကို ဆြဲပီး ထိုင္စားလို႔ရတဲ့ေနရာ လိုက္႐ွာေနတာပါ။ လမ္းေဘး ဆိုင္ေလးတစ္ခုမွာ လူတစ္ေယာက္ကလြဲၿပီး ခံုေတြ အကုန္အားေနပါတယ္။

အဲဒိမွာ ထိုင္ၿပီးစားမယ္လုပ္ေတာ့ စားပြဲထိုးက လာေျပာတာ ဘာမွ မဝယ္ရင္ ထိုင္လို႔မရပါဘူး တဲ့။ ကြၽန္မက ေနာက္ေနတယ္ မွတ္တာပါ။ ၿပီးေတာ့ သူက အတည္ႀကီးလာေျပာေနေတာ့ ေတာ္ေတာ္ေလး ေဒါသထြက္သြားပါတယ္။ ၿပီးေတာ့ စားပြဲထိုးက မန္ေနဂ်ာ သြားေခၚမယ္ဆိုၿပီး ထြက္သြားေတာ့ ကြၽန္မလဲ ေပထိုင္ေနပါတယ္။

အဲဒိအခ်ိန္မွာ ေဘးခံုကလူက ကြၽန္မကို ေရဘူး အသစ္တစ္ဘူး လွမ္းေပးလိုက္ပါတယ္။ ၿပီးေတာ့ “ကဲ အခု နင္ ေရဘူးဝယ္လိုက္ေတာ့ သူတို႔ ႏွင္ထုတ္လို႔ မရေတာ့ဘူး။ အဲဒိဘူးက ပိုက္ဆံေပးၿပီးသား ” ဆိုၿပီး ကြၽန္မ ဘာမွမေျပာႏိုင္ခင္ ထထြက္သြားပါတယ္။ ကြၽန္မကိုယ္ကြၽန္မ အရမ္း႐ွက္မိပါတယ္။

ဟိုလူကိုလဲ အရမ္းေလးစားမိပါတယ္။ ကြၽန္မက စကားမ်ားဖို႔မလိုတဲ့အခ်ိန္မွာ စကားမ်ားမိတယ္၊ သူက ကြၽန္မကုိ ကူညီစရာမလိုပဲ ကူညီခဲ့တယ္။ အဲဒိလူရဲ႕ မိသားစုေတြ သူ႔အတြက္ ဘယ္ေလာက္ဂုဏ္ယူမလဲ။

လုပ္ေဖာ္ကိုင္ဘက္ေတြေရာ ဘယ္ေလာက္ တန္ဖိုးထားမလဲ။ သူက ကြၽန္မထက္ စိတ္ တည္ၿငိမ္တယ္ဆိုတာကေတာ့ က်ိန္းေသေပါက္ပါပဲ။

ကူညီတတ္တဲ့လူေတြဟာ ကူညီျခင္းရဲ႕ သိပၸံနည္းက် အက်ိဳးေက်းဇူးေတြ ခံစားရပါတယ္။ – သူတစ္ပါးကို ကူညီလိုက္တာဟာ ကြၽန္ေတာ္တို႔ကို စိတ္အားတက္ႂကြေစပါတယ္။
ေပ်ာ္ရႊင္ေစပါတယ္။ – အခက္အခဲေတြနဲ႔ ၾကံဳရတဲ့အခါမွာ ကူညီတတ္ျခင္းဟာ သင့္ကို ျပန္ကူညီမယ့္သူမ်ားေစၿပီး စိတ္ဖိစီးမႈ ေလ်ာ့ပါးေစပါတယ္။

ကူၫီျခင္းက ဒီေလာက္ အက်ိဳးႀကီးမားတာေတာင္ ဘာလို႔ မကူညီၾကတာလဲ? ကြၽန္ေတာ္တို႔က ခက္ခဲၾကမ္းတမ္းတဲ့ ေလာကႀကီးမွာ ေနထိုင္တာပါ။ မတတ္ႏိုင္တဲ့အခါ၊ ဒါမွမဟုတ္ သင္နဲ႔မဆိုင္တဲ့အခါ မကူညီလိုက္ဖို႔ ပိုမ်ားပါတယ္။

ကိုယ့္ဘာသာေနတဲ့ အက်င့္က စြဲေနပါၿပီ။ သူတစ္ပါးေတြကို ကူညီမိဖို႔က v လုပ္တာပါပဲ။ တစ္ေန႔ကို ကူညီမႈ တစ္ခု အနည္းဆံုးလုပ္မယ္လို႔ အဓိ႒ာန္ ျပဳထားပါ။

တစ္ေန႔ကိုတစ္ခါ သင္ကူညီစရာ မလိုေပမယ့္ သင္ ကူညီခ်င္တာ တစ္ခုကို ကူညီမယ္လို႔ အဓိ႒ာန္ျပဳထားပါ။ ေနာက္ပိုင္းမွာၾကာသြားရင္ လြယ္တဲ့ဟာေတြ၊ သင္ကူညီခ်င္တဲ့ဟာေတြမက ခက္တဲ့ဟာေတြ၊ သင္ မကူညီခ်င္တဲ့ဟာေတြကိုပါ ကူညီႏိုင္သြားပါလိမ့္မယ္။ ကူညီျခင္းဟာ အက်ိဳးအမ်ားႀကီး ႐ွိပါတယ္။ တျခားသူေတြကို ကူညီၿပီး သင့္ရဲ႕ ကမၻာႀကီးကို ေျပာင္းလဲလိုက္ပါေတာ့။

ယခုုလဲ ျမန္မာႏိုုင္ငံ တစ္၀န္း ေဒသတခ်ိဳ႕ မွာ ေရၾကီးေရလွ်ံမွုုမ်ားျဖစ္ေပၚေနပါတယ္။ ေငြျဖင့္သာ သူတစ္ပါးကိုု ကူညီႏိုုင္တာမဟုုတ္ဘူး…. ပညာျဖင့္ကူညီျခင္း၊ လုုပ္အားျဖင့္ တေထာင့္တေနရာမွ ကူညီျခင္း။ အမွန္တကယ္ ကူညီမည့္ သူမ်ားအား ကူညီျခင္း၊ ေငြအားျဖင့္မတတ္နိုုင္ေသာ္လည္း အျခားေသာ ကူညီျခင္းမ်ားစြာရွိပါတယ္…. တတ္ႏိုုင္သ၍ သင္ကူညီနိုုင္ပါေၾကာင္း ဒီပံုုျပင္ေလးနဲ႕ အသိေပးအပ္ပါတယ္။။။။

 

 

 

 

Leave a Comment