Tue. Oct 26th, 2021

သင်မကြားဖူးလောက်သေးတဲ့ အံ့ဩစရာဗဟုသုတ (၁၂) ချက်

မွေးမြူ‌ရေးသမားများဟာ သူတို့အကျိုးစီးပွားအတွက် တိရိစ္ဆာန်လေးများကို ကိုယ်ဝန်အတုများ ဖန်တီး‌တတ်ကြသလို ပင်ဂွင်းငှက်များဟာ လူသားတို့မှာ ကင်ဆာရှိမရှိ ပြောဆိုနိုင်ကြပါတယ်။ ကျွန်ုပ်တို့ဟာ ဤကဲ့သို့သောထူးဆန်းမှု အသစ်အဆန်းများကို နေ့စဉ်နဲ့အမျှ မြင်နေကြားနေရပြီး လေ့လာသင်ယူမှု ၊ ရယ်မောပျော်ရွှင်မှုများအပြင် တခါတရံ့ အံ့သြထိတ်လန့်မှူများကိုပင် ဖြစ်စေပါတယ်။

ကျွန်ုပ်တို့ဟာ ဦးနှောက်အစာကျွေးရန်အတွက် လေ့လာသင်ယူစရာ ဗဟုသုတများကို စုဆောင်းရှာဖွေထားပြီး စာဖတ်ပရိတ်သတ်များကိုလည်း အတူတူသိရှိစေလိုသောကြောင့် ယခုလိုပဲ တင်ပြပေးလိုက်ရပါတယ်။

(၁) နုတ်ခမ်းနီများတွင်ပါဝင်‌သောငါးအကြေးခွံ

Guanine ဟုခေါ်သောပါဝင်ပစ္စည်းတမျိုးကို နှုတ်ခမ်းနီများစွာတွင် အရောင်လက်လက် တောက်စေရန်အတွက် သုံးကြပါတယ်။ Guanine ဟာ ငါးအကြေးခွံများမှဆင်းသက်လာပြီးအလှကုန်လုပ်ငန်းများမှာ ၎င်းကို- Pearl Essence လို့ခေါ်ကြပါတယ်။

(၂) လူကဲ့သို့ တီဗွီကြည့်နိုင်စွမ်းရှိသော ခွေးများ

ခွေးများဟာ ကျွန်ုပ်တို့နည်းတူ တီဗီဖန်သားပြင်များမှ ရုပ်ပုံများကိုမြင်နိုင်ပြီး ရုပ်ရှင်များနှင့်တီဗီဇာတ်လမ်းတွဲများတွင်ပြသထားသော တိရိစ္ဆာန်များကိုမှတ်မိနိုင်လောက်အောင်ဥာဏ်ရည်ထက်မြက်ကြပါတယ်။သူတို့မမြင်ဖူးသောတိရိစ္ဆာန်များကိုပင်မှတ်မိနိုင်ကြပါတယ်။

(၃) ဂျပန်နိုင်ငံမှခေါက်ဆွဲပြုတ်ရေပူစမ်း

 

ရေပူစမ်းပိုင်ရှင် Ichiro Furuya က “ အခုနောက်ပိုင်းလူတွေက အသားအရေလှပဖို့အရမ်းဂရုစိုက်ကြပါတယ်၊ ဝက်သားကိုအခြေခံထားတဲ့ဟင်းရည်မှာပါ ၀င်တဲ့ collagen ရဲ့အကျိုးသက်ရောက်မှုတွေကိုသူတို့သိပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒီရေချိုးကန်မှာလူတိုင်းပျော်ပျော်ရွှင်ရွှင်နဲ့ ခေါက်ဆွဲခြောက်ရဲ့ အသားအရည်ကျန်းမာရေးအပေါ် အထောက်အကူပြုမှာတွေကို ခံစားနိုင်တယ် ” လို့ ဆိုပါတယ်။

(၄) အမည်သတ်မှတ်ပေးခံထားရသော နွားများဟာ အမည်မရှိသောနွားများထက် နို့ (၂၅၈) လီတာ ပိုမိုထုတ်လုပ်နိုင်စွမ်းရှိ

ဗြိတိသျှသုတေသီများက နိုင်ငံ၏ National Milk Records မှထုတ်လုပ်မှုကိုနှိုင်းယှဉ်ကြည့်ပြီး နွားပိုင်ရှင် ၅၁၆ ဦးရဲ့နို့ရရှိမှုနှင့်နွားနာမည်သတ်မှတ်ခြင်းကြားဆက်စပ်မှုရှိ၊ မရှိ လေ့လာခဲ့ကြပါတယ်။ ၁၀လကြာ နို့ထွက်ရာသီတစ်ခုအတွင်း အမည်မှည့်ပေးထားသော နွားများမှနွားနို့ ၂,၁၀၅ ဂါလံ (၇,၉၃၈ လီတာ) ကို ရရှိချိန်မှာ အခြားနွားများမှ ၂,၀၂၉ ဂါလံ (၇,၆၈၀ လီတာ) သာ ရရှိခဲ့ပါတယ်။

(၅) ခန္ဓာကိုယ်အတွင်းတွေ့ရသောရွှေ (0.2)mg

ရွှေကိုသွေးအတွင်း၌တွေ့ရပြီး ၎င်းဟာအဆစ်အမြစ်များအတွက်လိုအပ်ပါတယ်။ ထို့အပြင် ခန္ဓာကိုယ်အနှံ့ အာရုံကြောအချက်ပြမှုများ ပို့လွှတ်ရာတွင်လည်း မရှိမဖြစ်လိုအပ်သောအစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ ၇၀ ကီလိုဂရမ်အလေးချိန်ရှိသောလူတစ် ဦး ၏ခန္ဓာကိုယ်ဟာ စုစုပေါင်းရွှေ ၀.၂ မီလီဂရမ်ရှိပါတယ်။ လူ၏ခန္ဓာကိုယ်ရှိ ရွှေပမာဏကိုအစိုင်အခဲတုံးအဖြစ်ပြောင်းမည်ဆိုပါက ၀.၂၂ မီလီမီတာခန့်ရှိနိုင်ပါတယ်။

(-) ရေချိုးစဥ်အပေါ့သွားခြင်းဖြင့် ရေ(၅၈၄)ဂါလံချွေတာနိုင်

လေ့လာမှုတွက်ချက်မှုများအရ သင်ဟာ တစ်နေ့တစ်ကြိမ် ရေချိုးရင်း အပေါ့သွားခြင်းဖြင့် အိမ်သာမှရေ ၁.၆ ဂါလံကို ချွေတာနိုင်ခြင်းဖြစ်ပါတယ်။ ထို့ကြောင့်သင်္ချာတွက်နည်းအရ တစ်နှစ်လျှင် ၃၆၅ ရက်အတွက်ရေ ၅၈၄ ဂါလံ ချွေတယနိုင်မှာဖြစ်ပါတယ်။

(၆) “Stop” သင်္ကေတမရှိသော ပဲရစ်မြို့လမ်းမများ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် လမ်းပေါင်း ၆၁၀၀ ရှိသည့် အနက် ရပ်တန့်‌ စေလိုသော “stop”ဆိုင်းဘုတ်တစ်ခုမှမရှိပါဘူး။ နောက်ဆုံးဆိုင်းဘုတ်ကို ၂၀၁၂ နှင့် ၂၀၁၄ လောက်မှာ ဖယ်ရှားခဲ့ပြီး ထိုအချိန်မှစ၍ လမ်းအသွားအလာလုပ်ငန်းများမှာ stop sign များ မပါဝင်တော့ပါဘူး။အကြောင်းအရင်းကတော့ ပဲရစ်ရှိလမ်းမများဟာ ညာဘက်လမ်းကြောမှ ကားကိုအမြဲ ဦး စားပေးထား သောကြောင့်ပဲ ဖြစ်ပါတယ်။

(၇) ကလေးများကို ပိုမိုပျင်းရိစေတဲ့ Batman ဝတ်စုံ

လေ့လာမှုများအရ ကလေးတွေဟာ Batman ဝတ်စုံ ၀တ်ဆင်တဲ့အခါမှာ အလုပ်လုပ်ရန် ခိုင်းရပိုခက်ပါတယ်။ Dark Knight ဟာ ကလေးတွေရဲ့ နေ့စဉ်အလုပ်တွေကို သူရဲကောင်းတွေဖြစ်လာအောင်လှုံ့ဆော်ပေးနိုင်တဲ့ ဇာတ်ကောင်ဝတ်စုံ တစ်ခုတော့ မဟုတ်‌နေပါဘူး။ လေ့လာချက်များအရ Rapunzel နှင့် Dora Explorer ဝတ်စုံတို့သည်လည်း ထိုနည်းတူပင်ဖြစ်ပါတယ်။

(၈) ဂျပန်နိုင်ငံမှ ရေအောက်စာတိုက်ပုံး

နက်ရှိုင်းသောရေအောက် ကမ္ဘာမှ စာပို့သေတ္တာ လေးဟာ နေ့စဉ် မိသားစု ၀င်တွေဆီပို့တဲ့ စာစောင်ရေ ၁၀၀၀ ကနေ ၁.၅၀၀ လောက်ထိ လက်ခံရရှိပါတယ်။ ၎င်းဟာ ဂျပန်နိုင်ငံ Susami Bay တွင်တည်ရှိပြီး ကမ်းခြေအောက် ၁၀ မီတာနက်ပါတယ်။သင် ဟာ ရေငုပ်နေစဉ်စာပို့လိုစိတ်ရှိသူဖြစ်ပါက ရေစိုခံကတ်တစ်ကတ်ဝယ်ထားကာ စာတစ်စောင်ရေးပြီး မည်သူ့ကိုမဆို စိတ်ကြိုက်ပေးပို့နိုင်ပါတယ်။

(၉) ပန်းသီးအရသာကို အရောင်ဖြင့်ခွဲခြားခြင်း

ပန်းသီး အမျိုးအစားကျွမ်းကျင်ခွဲခြားသူများ အဆိုအရ အနီရင့်ရောင်ရှိသော Red Delicious ဟာ အနီရောင်ဖျော့သော Fuji လောက် ချိုမြိန်ခြင်းမရှိပါဘူး ။ သို့ပေမယ့်လည်း အနီရင့်ရောင် ကမှသာ အလွန်ချိုသောအသီး ဟု အများစုက ယူဆလေ့ရှိကြပါတယ်။

(၁၀) မွေးကင်းစကလေးများ၏ အမြင်စွမ်းရည်

မွေးကင်းစ ကလေးများဟာ သူတို့ရဲ့မျက်နှာနဲ့ ၁၀ လက်မအထိ ဝေးတဲ့အရာတွေကို ပိုအာရုံစိုက်ပြိီးကြည့်နိုင်ပါတယ်။ ဒါဟာ နို့တိုက်နေစဉ်သင့်မျက်နှာအား မြင်ရရန် သင့်တော်သောအကွာအဝေးဖြစ်ပါတယ်။
၃ လဝန်းကျင်မှာ သင့်ကလေးရဲ့မျက်လုံးတွေဟာ ပတ်ဝန်းကျင်ကအရာတွေကိုလိုက်ကြည့်နိုင်ပါပြီ။ ဒါကြောင့် သူတို့မျက်လုံးနားမှာရောင်စုံ အရုပ်တစ်ခုကို ဝှေ့ယမ်းပြတိုင်း သင့်လှုပ်ရှားမှုတွေကို သူတို့လိုက်ကြည့်နေပါလိမ့်မယ်။
အသက် ၁၂ လရောက်တဲ့အခါမှာ တော့ ကလေးတွေဟာအနီး အပြင် အဝေးကအရာတွေကိုပါရှင်းရှင်းလင်းလင်းမြင်ရပါပြီ။ သူတို့က လျင်မြန်စွာ ရွေ့လျားနေသောအရာများကိုပင် လျင်မြန်စွာအာရုံစိုက်လိုက်ကြည့်နိုင်ပါတယ်။

(၁၁)ပန်ဒါလေးများရဲ့ ဟန်ဆောင်ကိုယ်ဝန်

ပန်ဒါဝက်ဝံလေးများရဲ့ မွေးဖွားနှုန်းဟာ အလွန် နည်းပါးနေသောကြောင့် မွေးမြူသူများက ပန်ဒါကိုယ်ဝန်ရသောအခါ အထူးဂရုစိုက်‌လေ့ရှိကြပါတယ်။ သူတို့က ပန်ဒါကို အာရုံစိုက်မှုပိုပေးပြီးသူတို့အတွက် ပအရသာရှိ သော အစားအစာများ ကျွေးကြပါတယ် ။ ပန်ဒါများဟာလည်း သူတို့၏ပြုစုစောင့်ရှောက်သူများထံမှ ပိုမိုအာရုံစိုက်မှုခံရစေရန် ကိုယ်ဝန်ဆောင်သည့်ဟန် ပြုမူလေ့ရှိကြပါတယ် ။ ထိုအချိန်များတွင် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများအပါအ ၀င် ကိုယ်ဝန်ဆောင်လက္ခဏာအားလုံးကိုပြသသောကြောင့် အစပိုင်းနေ့ရက်များမှာ ကိုယ်ဝန်အမှန်တကယ် ဆောင်မဆောင် ခွဲခြားရန်ခက်ခဲပါတယ်။

(၁၂) ကျီးကန်းများ၏ အာဃာတများ

လေ့လာတွေ့ရှိချက်များအရ ကျီးကန်းများဟာ သူတို့ အပေါ် အမှားလုပ်သောသူ ၊ ရန်မူသောသူ များ၏ မျက်နှာများကိုမှတ်မိပြီး နောက်ပိုင်းတွင်
၎င်းတို့အားလက်စားချေလေ့ရှိကြောင်း သိရှိရပါတယ်။

 

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *