Amazing

ကမ္ဘာ့ဒုတိယအရှည်ဆုံးခရီးသွားခဲ့သူ လင်းနို့လေး အိုလံပစ်ဘွဲ့မရခင်မှာပဲ ကြောင်ကိုက်ခံရလို့ သေဆုံး

လင်းနို့တွေဟာ ကမ္ဘာပတ်ခရီးသွားနေတယ်ဆိုတာကို သက်သေပြတဲ့ ပရောဂျက်တွေကို ယူကေနိုင်ငံမှာ လုပ်ဆောင်နေခဲ့တာကြာပါပြီ။ ဗြိတိန်နိုင်ငံမှာပဲတွေ့ရတဲ့လင်းနို့ငှက်တွေရဲ့လည်ပတ်ပုံ၊ မျိုးပွားပုံတွေကို စနစ်တကျ သုတေသနစာတမ်းတွေရဖို့ နိုင်ငံတော်အဆင့်လုပ်ခဲ့ရတာဖြစ်ပါတယ်။

၂၀၁၄ခုနှစ်မှာ လင်းနို့အမျိုးအစား Nathusius’ pipistrelle ပရောဂျက်ကိုစတင်ခဲ့ပါတယ်။ နက်သူစီယက်တွေ ကမ္ဘာပတ်နိုင်တာကိုသိခဲ့ပြီးနောက်မှာ သူတို့ဘယ်အထိရောက်နိုင်လဲကိုသိရဖို့ ခြေရာခံခဲ့ပါတယ်။ အကောင်လေးတွေမှာ ခြေရာခံလက်စွပ်ကွင်းလေးတွေတပ်ဆင်ပြီးတော့ပါ။

Photo Credit

လန်ဒန်တိရစ္ဆာန်ရုံလို့နာမည်ပါတဲ့ လက်စွပ်လေးတွေကို အကောင်လေးတွေမှာတပ်ဆင်ပေးလိုက်ပါတယ်။ လန်ဒန်ကနေ လင်းနို့တွေကိုလွှတ်ပေးလိုက်ပြီး၊ ကမ္ဘာတဝန်းဘယ်အထိကို ခရီးဆက်နိုင်လဲကို ‌သတင်းစွင့်ပါတယ်။ လွယ်မယ်လို့မထင်လိုက်ပါနဲ့။ နှစ်နဲ့ချီကြာလို့ပါ။

Photo Credit

၂၀၁၆မှာ လန်ဒန်ကနေ လွှတ်လိုက်တဲ့ နက်သူစီယက်တကောင်ကို ရုရှားမှာတွေ့ခဲ့ပါတယ်။ ရုရှားနိုင်ငံ၊ Pskovဒေသ၊ မိုလ်ဂျီနိုဆိုတဲ့နေရာက ရွာလေးတရွာမှာပါ။ ၅ နှစ်တောင်ပျံသန်းလာတဲ့လင်းနို့လေးကိုတွေ့လိုက်ရတာကလည်း ကြောက်ခုတ်တာခံထားရလို့ပါပဲ။

Photo Credit

နယ်ခံတယောက်က လင်းနို့လေးကို ကုသပေးဖို့ကြိုးစားနေရင်း အချိန်မမီခဲ့ပါဘူး။ လက်စွပ်လေးကိုတွေ့တဲ့အတွက် အကြောင်းကြားရာကနေ ယူကေက ပရောဂျက်ဌာနဆီကို ပြန်သတင်းရောက်ခဲ့တာဖြစ်ပါတယ်။ နက်သူစီယက်သမိုင်းမှာ ဒုတိယမြောက်အဝေးဆုံးသွားနိုင်တဲ့လင်းနို့ပါပဲ။

Photo Credit

လန်ဒန်ကနေ နက်သူစီယက်ကိုတွေ့တဲ့နေရာအထိဆိုရင် မိုင်ပေါင်း ၁၂၅၄ မိုင်ရှိပါတယ်။ ဒါဟာ ၇နှစ်တာ ပရောဂျက်အတွင်း ဒုတိယမြောက်မိုင်အရှည်ဆုံးကမ္ဘာပတ်ခဲ့တဲ့ လင်းနို့ဖြစ်လို့ အိုလံပစ်လို့ဘွဲ့ပေးခဲ့ပါတယ်။ စိတ်မကောင်းစရာက အိုလံပစ်ဟာဘွဲ့ရတာကိုလည်း လက်မခံလိုက်ရပါဘူး။

Photo Credit

အကောင်အရွယ်အစား လူကြီးလက်မတခုစာ၊ အလေးချိန် ၈ကီလိုဂရမ်ရှိတဲ့ အိုလံပစ်ရဲ့အထက်မှာတော့ မိုင်ပေါင်း ၁၃၈၁မိုင်သွားထားနိုင်တဲ့ တကောင်ရှိပါသေးတယ်။ သူကဗြိတိန်ပရောဂျက်ကမဟုတ်ပါဘူး။ လက်တီဗာနိုင်ငံကနေ စပိန်ထိ ၁၃၈၁မိုင်သွားထားနိုင်ခဲ့တဲ့ နက်သူစီယက်ပါပဲ။ သူ့ကိုလည်း အိုလံပစ်ဘွဲပေးထားပြီး၊ ၂၀၁၉ခုနှစ်မှာစံချိန်တင်ထားခဲ့တယ်လို့မှတ်တမ်းရှိပါတယ်။

Ref:Ladbible

Leave a Comment