Daily News

ရေမြုပ်နေလို့ သွားမရဖြစ်နေတဲ့ကားကို ဘေးကင်းရာရောက်အောင် ဝိုင်းတွန်းပေးခဲ့တဲ့ခွေးလေး

ရေကြီးနေလို့လမ်းလယ်ခေါင်မှာ ရပ်နေခဲ့တဲ့ကားတစီးကို သခင်နဲ့အတူ ဘေးကင်းရာပို့ပေးခဲ့တဲ့ခွေးလေးတကောင်ဟာ နာမည်ကြီးနေပါတယ်။ စူပါဟီးရိုးလေးလို့ အမည်တွင်နေတဲ့ခွေးလေးက ပတ်ခ်လို့ခေါ်ပြီး၊ ခွေးလေးရဲ့ပိုင်ရှင်က လော်ရီဂီလိုင်လို့ သိရပါတယ်။

စကော့တလန်၊ ဂလက်စဂိုဒေသမှာ မိုးကြီးလွန်းလို့ ရုတ်တရက်ဆိုသလို လမ်းပေါ်ရေလျှံတက်လာပါတယ်။ သွာနေတဲ့ကားတွေဟာ ရေထဲမြုပ်နေပြီး၊ တချို့တွေဟာလမ်းမမှာပဲပိတ်မိနေပါတယ်။ အဲဒီထဲမှာ အခုအဖြစ်အပျက်လေးဖြစ်လာမယ့် ကားကလည်း လမ်းလယ်ခေါင်မှာမြုပ်သွားပါတယ်။

Photo Credit

လော်ရီနဲ့သူ့ခွေးလေးပတ်ခ်ဟာ ပတ်ဝန်းကျင်အခြေအနေသိရဖို့ထွက်လာရင်း အချက်ပြမီးလင်းနေတဲ့ကားကိုတွေ့ခဲ့ပါတယ်။ စကားသွားပြောချိန်မှာ ကားထဲအမျိုးသမီးနှစ်ယောက်ရှိနေပြီး၊ ကားမမျောသွားအောင် ဟန်းဘရိတ်ဆွဲရပ်ထားရလို့ အရှေ့နားထိရောက်အောင်တွန်းပေးဖို့ အကူအညီတောင်းခံရပါတယ်။

Photo Credit

တံခါးကလည်းဖွင့်လို့မရတဲ့အနေအထားမှာ လော်ရီက ကားကိုတွန်းပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ရုတ်တရက်သခင်က ကားတွန်းမှာကိုမြင်လိုက်တဲ့ ပတ်ခ်ဟာ အငြိမ်မနေခဲ့ပါဘူး။ သူလည်းခြေဖျားထောက်ကားကိုဝိုင်းတွန်းခဲ့ကာ အထဲကအမျိုးသမီးနှစ်ယောက်ကို ကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။

Photo Credit

ဒီအဖြစ်အပျက်ကို အပေါ်ကနေ မြင်လိုက်တဲ့ ဒေဗီကီးလ်ဆိုတဲ့အမျိုးသားက ဗီဒီယိုရိုက်နိုင်ခဲ့ပါတယ်။ ဖေ့စ်ဘုတ်ပေါ်ကိုတင်လိုက်ချိန်မှာတော့ ပတ်ခ်ရဲ့ကူညီတတ်ပုံကို လူတွေက မချီးကျူးဘဲမနေနိုင်တော့ပါဘူး။ ခွေးတကောင်ဖြစ်ပေမဲ့ လူတယောက်လိုအသိမြင့်မားနေတာက အံ့ဩဖို့ကောင်းနေပါတယ်။

Photo Credit

အဖြစ်အပျက်က နာမည်ကြီးသွားချိန်မှာ ဒေးလီးရက်ကော့ဆိုတဲ့သတင်းဌာနက ခွေးပိုင်ရှင်ကိုလိုက်စုံစမ်းခဲ့ပြီး၊ အဖြစ်အပျက်တွေကို သတင်းအဖြစ်တင်ဆက်ပေးခဲ့ပါတယ်။ လော်ရီဂီလီက ၃၃နှစ်အရွယ် အမျိုးသမီးတယောက်ဖြစ်ကာ ပတ်ခ်ကသူ့ရဲ့အိမ်မွေးခွေးလေးပါ။

Photo Credit

သူ့ခွေးလေးကိုလည်း အခုလိုကူညီတတ်မှုအတွက် ညစာအသားနဲ့ဘီစကွတ်ကျွေးပြီးပြီးလို့ ကြွားခဲ့ပါသေးတယ်။ အခုလိုမျိုး ကားတွေသွားမရဖြစ်အောင်ထိ စကော့တလန်မှာ မိုးရွာလွန်းတာကြောင့် ရေမြောင်းတွေမနိုင်ဖြစ်နေပြီး၊ ရုတ်တရက်လမ်းပေါ်ရေတက်လာတဲ့ ပြဿနာဟာ ဆိုးရွားနေတယ်လို့ သိရပါတယ်။

Ref:Daily Record

Leave a Comment