Tue. Oct 26th, 2021
လွန်ခဲ့တဲ့ ၂၀၁၃ခုနှစ်မှာ ကမ္ဘာတစ်ခုလုံး အုံးအုံးညံခဲ့တဲ့ အိုပါဂန်းနန်းစတိုင်လ်ဆိုတဲ့သီချင်းဟာ တောင်ကိုရီးယားနိုင်ငံရဲ့ Gym ရုံတချို့မှာ ပိတ်ဖို့ညွန်ကြားခံရပါတယ်။ ရုံတချို့လို့ဆိုတာက တခြားမြို့တွေမပါဘဲ ဆိုးလ်မြို့အတွက်ပဲ အခုလိုစာထုတ်ခဲ့လို့ဖြစ်ပါတယ်။
” ကိုဗစ်နောက်ဆက်တွဲအနေနဲ့ ဆိုးလ်မြို့မှာရှိတဲ့ ဂျင်ရုံတွေကို တမိနစ်ကို Beat ၁၂၀ ထက်မြင့်တဲ့ သီချင်းတွေမဖွင့်ဖို့ တရားဝင်ညွန်ကြားခံခဲ့ရပါတယ်။ အဲဒီလိုလုပ်မှသာ လူတွေဟာအသက်အမြန်မရှုတော့မှာဖြစ်သလို တခြားသူတွေကိုလည်း မတော်တဆချွေးစိုတာမျိုးမရှိတော့မှာကြောင့်ပါ’
Photo Credit
သဘောက ဆိုးမြို့ကဂျင်ရုံတွေမှာ လာဆော့တဲ့သူတွေဟာ Beat သိပ်မမြူးတဲ့သီချင်းတွေနဲ့ဂျင်လုပ်ရတဲ့အတွက် အသက်အမြန်ရှုနေတာမျိုးမဖြစ်တော့ပါဘူး။ ကိုဗစ်နောက်ဆက်တွဲအဖြစ် တာဝန်ရှိသူတွေက လုပ်တာဖြစ်တဲ့အတွက် ရုံတွေက ၁၂၀ အောက်တွေကိုပဲဖွင့်ရမှာဖြစ်ပါတယ်။
Photo Credit
Beat ၁၂၀ အောက်ပဲဖွင့်ရမယ်လို့ ဆိုလိုက်တာက ဂန်းနန်းစတိုင်လ်သီချင်းကိုပါ ပိတ်လိုက်တာပါပဲ။ လက်ရှိအချိန်ထိ ဆိုးလ်မြို့က ဂျင်ရုံတွေရဲ့ အသည်းစွဲဖြစ်တဲ့ ဂန်းနန်းစတိုင်လ်ဟာ 132bpm ရှိပါတယ်။ တမိနစ်ကို ၁၃၂ Beat ပါ။
Photo Credit
ဘိမြူးမှကြိုက်တယ်ဆိုတဲ့ ဂျင်ရုံက ကိုကို၊ မမတွေအတွက်ကတော့ အိပ်မက်ဆိုးပါပဲ။ ဂန်းနန်းစတိုင်လ်အပြင် တခြားနာမည်ကြီးသီချင်းတွေလည်း ဖွင့်ခွင့်မရတော့ဘဲ မြူးတယ်ဆိုရုံလေးတွေပဲ ခံစားရတော့မှာဖြစ်ပါတယ်။ ကျန်းမာရေးရှုထောင့်နဲ့ကြည့်ပြီးပိတ်တာမလို့ အပြစ်ဆိုလို့တော့မရပါဘူး။
Ref:unilad
Zawgyi
အိုပါဂန်းနမ်းစတိုင်လ်သီချင်းကို ဂျင်ရုံတချို့မှာ မဖွင့်ဖို့ ညွန်ကြားလိုက်တဲ့ တောင်ကိုရီးယား
Ref:unilad
Leave a Reply
Your email address will not be published. Required fields are marked *