Tue. Oct 26th, 2021

တစ်နေ့ အောင်မြင်မယ်လို့ ဘယ်လို သိနိုင်မလဲ

အောင်မြင်မယ့်သူဟာ နဖူးမှာ စာပါလာတာ မဟုတ်တော့ လူတစ်ယောက် အောင်မြင်လာမယ်ဆိုတာ ဘယ်သူမှ ကြိုမမြင်နိုင်ကြပါဘူး။ ပြောနိုင်တာက အပွေးမြင်အပင်သိဆိုတဲ့ စကားအတိုင်း ကျိန်းသေပေါက် အောင်မြင်မယ့်သူမှာလည်း သူ့လက္ခဏာနဲ့ သူ ရှိကြပါတယ်။

(၁) ကိုယ်လိုချင်တာကို သိတဲ့သူ

 

ဘဝမှာ ဘာမှ မရသေးခင်ကတည်းက ကိုယ်လိုချင်တာ ဘယ်လိုအရာမျိုးလဲ တိတိကျကျ သိနေတာဟာ အောင်မြင်မှုလမ်းပေါ် တက်နေတာပါပဲ။ ပန်းတိုင်ကို ရောက်ဖို့ ပထမဆုံး ကိုယ်သွားမယ့်လမ်းအကြောင်းကို ကြေကြေညက်ညက် သိထားတဲ့သူဟာ သူသွားမယ့်လမ်းကို အစီအစဉ်တကျ ဟန်ချက်ညီညီ လျှောက်လှမ်းနိုင်မှာပါ။

(၂) အရှုံးမပေးတတ်သူ

 

တစ်ခါတစ်လေ ခေါင်းမာတယ်ထင်ရလောက်အောင် သူ့အမြင် သူ့ယုံကြည်ချက်ကို စွဲကိုင်ထားပြီး အကောင်အထည်ဖော်သူတွေကို ဘဝရဲ့ အောင်မြင်မှုစင်ထက်မှာ မြင်ရပါလိမ့်မယ်။ သူတို့ အမြင့်ကို ရောက်လာတယ်ဆိုတာ အကြောင်းမဲ့မဟုတ်ပါဘူး။ သူတို့ ဘဝကလည်း ကျွန်တော်တို့လို ဒုက္ခတွေ ပြဿနာတွေ တစ်လှေကြီး ရှိခဲ့တာပါပဲ။ အရေးကြီးတာက အရှုံးမပေးလိုက်ဖို့ပါ။

(၃) အသွေးအသားထဲက ဖြစ်ချင်စိတ်ရှိသူ

 

Passion ဆိုတာ အလကားမဟုတ်ပါဘူး။ လူတိုင်းမှာ Passion ရှိချင်မှ ရှိမှာ ဖြစ်ပေမယ့် အောင်မြင်သူတိုင်းက Passion တစ်ခုခု ရှိတတ်ကြတာပါပဲ။ သူတို့ ဘဝကို လိုရာခရီးရောက်အောင် မောင်းနှင်ပေးတာလည်း ဒီ Passion ပဲ ဖြစ်ပါတယ်။

(၄) ပတ်ဝန်းကျင်ကနေ သင်ယူသူ

 

အောင်မြင်သူတွေဟာ ဘယ်နေရာရောက်ရောက် သူတို့ဟာ အများထက် ထင်ရှားနေတတ်ပါတယ်။ ဆရာကြီးလုပ်ပြီး နေတာ မဟုတ်ဘဲ သူတို့ရဲ့ ကိုယ်ပိုင် နည်းဗျူဟာတွေကို ဆန်းသစ်ရင်း သူတို့ပတ်ဝန်းကျင်ဆီကနေ သင်ယူရင်း သူတို့ဟာ ထင်ရှားနေတာပါ။ နောက်တစ်ခုက သူတို့ဟာ သူများထက် အမြဲပဲ ပိုကြိုးစားသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ပတ်ဝန်းကျင်ရဲ့ စံတွေကို ကျော်အောင် ကိုယ့်ဘာသာ တွန်းတင်နေသူတွေ ဖြစ်ပါတယ်။ အများထက်ပိုကြိုးစားတဲ့ ရလဒ်ကြောင့် သူ့ကို လူပိုသိလာပြီး သူ့အတွက်လည်း မရေမတွက်နိုင်တဲ့ အခွင့်အရေးတံခါးတွေ ပွင့်လာပါတယ်။

(၅) ဦးတည်ချက် ပြတ်သားသူ

 

 

လူတော်တော်များများမှာ ဒါဇင်နဲ့ ချီတဲ့ ဦးတည်ရာတွေ ရှိကြပေမယ့် အောင်မြင်သူတွေကတော့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်နဲ့အတူ ကိုယ်ပိုင် ဆုံးဖြတ်ထားတဲ့ လမ်းတစ်ခုပဲ ရှိပါတယ်။ သူတို့မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဦးတည်ရာရှိလို့ သူတို့ကို အပျက်သဘောနဲ့ ဝေဖန်လို့လည်း နောက်မတွန့်သလို သူတို့အကျိုးအတွက် အပြုသဘောဆောင်ပြီး ပေးတဲ့ အကြံနဲ့ ဝေဖန်မှုကိုလည်း လက်ခံပြီး ပိုကောင်းအောင် ကြိုးစားတတ်ပါတယ်။

(၆) တင်ပြမှု ကျွမ်းကျင်သူ

 

 

စတိုင်က စွမ်းအားပါ။ တင်ပြမှု ပုံစံကောင်းတစ်ခုဟာ ကိုယ့်အတွက် အခွင့်အလမ်းသစ်တွေကို ဖိတ်ခေါ်လိုက်တာ ဖြစ်တယ်ဆိုတာကို အောင်မြင်သူတွေဟာ သိထားကြပါတယ်။ ဘာသာစကားအသုံးအနှုန်း ၊ ဝတ်ပုံစားပုံနဲ့ ကိုယ်ပိုင်ဟန်ကို Promote လုပ်ခြင်းဟာ အောင်မြင်သူတွေရဲ့ အလေ့တစ်ခု ဖြစ်ပါတယ်။

(၇) ထူးခြားသူ

 

 

နောက်ဆုံးတစ်ခုက အောင်မြင်မယ့်သူဟာ တစ်ခြားသူတွေနဲ့ တစ်နည်းနည်း ကွဲပြားနေပါတယ်။ အထူးသဖြင့် သမိုင်းတွင်အောင်အထိ ပေါက်မြောက်ကျော်ကြားသူတွေမှာ သူတို့ရဲ့ ထူးခြားတဲ့ စရိုက်ရှိပါတယ်။ တကယ်လို့ ကိုယ့်မှာ အများနဲ့ မတူတဲ့ ခပ်ကြောင်ကြောင် ကိုယ်ပိုင်ပုံစံရှိနေရင် စိတ်မပူဖို့ပါ။

 

တစ္ေန႔ ေအာင္ျမင္မယ္လို႔ ဘယ္လို သိႏိုင္မလဲ

ေအာင္ျမင္မယ့္သူဟာ နဖူးမွာ စာပါလာတာ မဟုတ္ေတာ့ လူတစ္ေယာက္ ေအာင္ျမင္လာမယ္ဆိုတာ ဘယ္သူမွ ႀကိဳမျမင္ႏိုင္ၾကပါဘူး။ ေျပာႏိုင္တာက အေပြးျမင္အပင္သိဆိုတဲ့ စကားအတိုင္း က်ိန္းေသေပါက္ ေအာင္ျမင္မယ့္သူမွာလည္း သူ႔လကၡဏာနဲ႔ သူ ရိွၾကပါတယ္။

(၁) ကိုယ္လိုခ်င္တာကို သိတဲ့သူ

 

 

ဘဝမွာ ဘာမွ မရေသးခင္ကတည္းက ကိုယ္လိုခ်င္တာ ဘယ္လိုအရာမ်ိဳးလဲ တိတိက်က် သိေနတာဟာ ေအာင္ျမင္မႈလမ္းေပၚ တက္ေနတာပါပဲ။ ပန္းတိုင္ကို ေရာက္ဖို႔ ပထမဆံုး ကိုယ္သြားမယ့္လမ္းအေၾကာင္းကို ေၾကေၾကညက္ညက္ သိထားတဲ့သူဟာ သူသြားမယ့္လမ္းကို အစီအစဥ္တက် ဟန္ခ်က္ညီညီ ေလွ်ာက္လွမ္းႏိုင္မွာပါ။

(၂) အရံႈးမေပးတတ္သူ

 

 

တစ္ခါတစ္ေလ ေခါင္းမာတယ္ထင္ရေလာက္ေအာင္ သူ႔အျမင္ သူ႔ယံုၾကည္ခ်က္ကို စဲြကိုင္ထားၿပီး အေကာင္အထည္ေဖာ္သူေတြကို ဘဝရဲ႕ ေအာင္ျမင္မႈစင္ထက္မွာ ျမင္ရပါလိမ့္မယ္။ သူတို႔ အျမင့္ကို ေရာက္လာတယ္ဆိုတာ အေၾကာင္းမဲ့မဟုတ္ပါဘူး။ သူတို႔ ဘဝကလည္း ကြ်န္ေတာ္တို႔လို ဒုကၡေတြ ျပႆနာေတြ တစ္ေလွၾကီး ရိွခဲ့တာပါပဲ။ အေရးႀကီးတာက အရံႈးမေပးလိုက္ဖို႔ပါ။

(၃) အေသြးအသားထဲက ျဖစ္ခ်င္စိတ္ရိွသူ

 

 

Passion ဆိုတာ အလကားမဟုတ္ပါဘူး။ လူတိုင္းမွာ Passion ရိွခ်င္မွ ရိွမွာ ျဖစ္ေပမယ့္ ေအာင္ျမင္သူတိုင္းက Passion တစ္ခုခု ရိွတတ္ၾကတာပါပဲ။ သူတို႔ ဘဝကို လိုရာခရီးေရာက္ေအာင္ ေမာင္းႏွင္ေပးတာလည္း ဒီ Passion ပဲ ျဖစ္ပါတယ္။

(၄) ပတ္ဝန္းက်င္ကေန သင္ယူသူ

 

 

ေအာင္ျမင္သူေတြဟာ ဘယ္ေနရာေရာက္ေရာက္ သူတို႔ဟာ အမ်ားထက္ ထင္ရွားေနတတ္ပါတယ္။ ဆရာႀကီးလုပ္ၿပီး ေနတာ မဟုတ္ဘဲ သူတို႔ရဲ႕ ကိုယ္ပိုင္ နည္းဗ်ဴဟာေတြကို ဆန္းသစ္ရင္း သူတို႔ပတ္ဝန္းက်င္ဆီကေန သင္ယူရင္း သူတို႔ဟာ ထင္ရွားေနတာပါ။ ေနာက္တစ္ခုက သူတို႔ဟာ သူမ်ားထက္ အျမဲပဲ ပိုႀကိဳးစားသူေတြ ျဖစ္ပါတယ္။ သူတို႔ဟာ ပတ္ဝန္းက်င္ရဲ႕ စံေတြကို ေက်ာ္ေအာင္ ကိုယ့္ဘာသာ တြန္းတင္ေနသူေတြ ျဖစ္ပါတယ္။ အမ်ားထက္ပိုႀကိဳးစားတဲ့ ရလဒ္ေၾကာင့္ သူ႔ကို လူပိုသိလာၿပီး သူ႔အတြက္လည္း မေရမတြက္ႏိုင္တဲ့ အခြင့္အေရးတံခါးေတြ ပြင့္လာပါတယ္။

(၅) ဦးတည္ခ်က္ ျပတ္သားသူ

 

 

လူေတာ္ေတာ္မ်ားမ်ားမွာ ဒါဇင္နဲ႔ ခ်ီတဲ့ ဦးတည္ရာေတြ ရိွၾကေပမယ့္ ေအာင္ျမင္သူေတြကေတာ့ ကိုယ့္ကိုယ္ကို ယံုၾကည္စိတ္နဲ႔အတူ ကိုယ္ပိုင္ ဆံုးျဖတ္ထားတဲ့ လမ္းတစ္ခုပဲ ရိွပါတယ္။ သူတို႔မွာ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္နဲ႔ ဦးတည္ရာရိွလို႔ သူတို႔ကို အပ်က္သေဘာနဲ႔ ေဝဖန္လို႔လည္း ေနာက္မတြန္႔သလို သူတို႔အက်ိဳးအတြက္ အျပဳသေဘာေဆာင္ၿပီး ေပးတဲ့ အၾကံနဲ႔ ေဝဖန္မႈကိုလည္း လက္ခံၿပီး ပိုေကာင္းေအာင္ ႀကိဳးစားတတ္ပါတယ္။

(၆) တင္ျပမႈ ကြ်မ္းက်င္သူ

 

 

စတိုင္က စြမ္းအားပါ။ တင္ျပမႈ ပံုစံေကာင္းတစ္ခုဟာ ကိုယ့္အတြက္ အခြင့္အလမ္းသစ္ေတြကို ဖိတ္ေခၚလိုက္တာ ျဖစ္တယ္ဆိုတာကို ေအာင္ျမင္သူေတြဟာ သိထားၾကပါတယ္။ ဘာသာစကားအသံုးအႏႈန္း ၊ ဝတ္ပံုစားပံုနဲ႔ ကိုယ္ပိုင္ဟန္ကို Promote လုပ္ျခင္းဟာ ေအာင္ျမင္သူေတြရဲ႕ အေလ့တစ္ခု ျဖစ္ပါတယ္။

(၇) ထူးျခားသူ

 

 

ေနာက္ဆံုးတစ္ခုက ေအာင္ျမင္မယ့္သူဟာ တစ္ျခားသူေတြနဲ႔ တစ္နည္းနည္း ကဲြျပားေနပါတယ္။ အထူးသျဖင့္ သမိုင္းတြင္ေအာင္အထိ ေပါက္ေျမာက္ေက်ာ္ၾကားသူေတြမွာ သူတို႔ရဲ႕ ထူးျခားတဲ့ စရိုက္ရိွပါတယ္။ တကယ္လို႔ ကိုယ့္မွာ အမ်ားနဲ႔ မတူတဲ့ ခပ္ေၾကာင္ေၾကာင္ ကိုယ္ပိုင္ပံုစံရိွေနရင္ စိတ္မပူဖို႔ပါ။

Credit: Original Writer

Sharing By: #Believe In yourself

 

Leave a Reply

Your email address will not be published. Required fields are marked *