Wed. Oct 27th, 2021

ဘာကြောင့် အခုထိ မအောင်မြင်သေးတာလဲ

New Year’s Resolution တွေ နှစ်တိုင်းနှစ်တိုင်း လုပ်ပြီး ပန်းတိုင်မရောက်ခင် ခဏခဏ ပျက်စီးသွားတတ်ပြီဆိုရင် တစ်ခုခုတော့ မှားနေပြီ ထင်ပါတယ်။ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို ပြန်မေးသင့်တာက ငါ ဘာလို့အခုထိ မအောင်မြင်သေးတာလဲ ဆိုတာပါပဲ။ ဒီမေးခွန်းအတွက် အဖြေရှာရခက်ရင် အောက်မှာပါတဲ့ အချက်အလက်တွေက ပြန်ဖော်ပေးမှာပါ။

(၁) ပြတ်သားတဲ့ အာရုံမရှိတာ

 

ရည်ရွယ်ချက် ပန်းတိုင်ကို မရောက်တဲ့ အကြောင်းတစ်ခုက ကိုယ့်ပန်းတိုင်ကို ပြတ်ပြတ်သားသား အာရုံ မစိုက်နိုင်တဲ့ အချက်လည်း ပါပါတယ်။ ပြင်းပြတဲ့ စိတ်ဆန္ဒ ရှိရိုးမှန်ရင် အဲဒီဆီကို သွားဖို့အတွက် အာရုံပြည့်ထားရမှာပါ။

(၂) ပြင်ဆင်ခြင်း

 

ဒီနေ့အလုပ်လုပ် နောက်တစ်နေ့ အောင်မြင်မယ်ဆိုတာ ရုပ်ရှင်ထဲမှာပဲ ရှိပါတယ်။ တကယ်တမ်းမှာတော့ ခဏခဏ လဲကျ ၊ လွဲမှားတဲ့ အဖြစ်တွေက ကျွန်တော်တို့နဲ့ အနီးဆုံးမှာ အမြဲလိုလို ရှိပါတယ်။ ပန်းတိုင်တစ်ခု ထားရင် တစ်ခါတည်း တွေးရမှာက ရှုံးနိမ့်နိုင်တယ်။ ဒါကို ဘယ်လို ပြင်ဆင်မလဲဆိုတာပါပဲ။ အချက်အလက် ၊ သတင်းအဆက်အသွယ်တွေနဲ့ အဆက်မပြတ်စေပါနဲ့။ ခေတ်ထဲမှာ စီးမျောရုံ မဟုတ်ဘဲ ခေတ်ရေစီးကို ငုံ့ကြည့်နိုင်ဖို့ ကြိုးစားပါ။

(၃) အစီအစဉ် မထားခြင်း

 

Source: ShutterStock

တိကျတဲ့ လုပ်ငန်းအစီအစဉ် ရှိခြင်းဟာ စိတ်အားလည်း ဖြစ်စေသလို တစ်ခုခု မှားသွားချိန်မှာလည်း ပြန်ပြီး နာလန်ထူဖို့ အဆင်သင့်ဖြစ်စေမှာပါ။

(၄) စည်းကမ်းမရှိခြင်း

 

 

အစီအစဉ်ကို လိုက်နာဖို့ ကိုယ့်ကိုယ်ကို စည်းကမ်းထားဖို့ လိုပါတယ်။ ကိုယ်တိုင်ထားတဲ့ စည်းကမ်းကို စောင့်ထိန်းဖို့က ကိုယ့်ရဲ့ သမာဓိပါပဲ။ သမာဓိရင့်သူတွေသာ အောင်မြင်ပါတယ်။ ကိုယ့်ကိုယ်ကို လိုတာထက် အပျော်မကြူးဖို့ ၊ ကြီးမားတဲ့ အမှားတွေ မလုပ်မိဖို့ အရေးကြီးဆုံးက စည်းကမ်းပါ။

(၅) အောင်မြင်မှုကို မရူးသွပ်ခြင်း

 

 

တစ်ခုခုကို လိုချင်တယ်ဆိုရင် စွဲလမ်းရူးသွပ်ဖို့ လိုပါတယ်။ အထူးသဖြင့် ဘဝမှာ ထိပ်တန်းရောက်ခဲ့သူတွေဟာ ဒီနေရာအတွက် နှစ်ပေါင်းများစွာ အိပ်မက်တစ်ခုထဲပဲ ထူးထူးခြားခြား ရူးသွပ်ခဲ့ကြတာပါ။

ဘာေၾကာင့္ အခုထိ မေအာင္ျမင္ေသးတာလဲ

New Year’s Resolution ေတြ ႏွစ္တိုင္းႏွစ္တိုင္း လုပ္ၿပီး ပန္းတိုင္မေရာက္ခင္ ခဏခဏ ပ်က္စီးသြားတတ္ၿပီဆိုရင္ တစ္ခုခုေတာ့ မွားေနၿပီ ထင္ပါတယ္။ တစ္ခါတစ္ေလ ကိုယ့္ကိုယ္ကို ျပန္ေမးသင့္တာက ငါ ဘာလို ့အခုထိ မေအာင္ျမင္ေသးတာလဲ ဆိုတာပါပဲ။ ဒီေမးခြန္းအတြက္ အေျဖရွာရခက္ရင္ ေအာက္မွာပါတဲ့ အခ်က္အလက္ေတြက ျပန္ေဖာ္ေပးမွာပါ။

(၁) ျပတ္သားတဲ့ အာရံုမရိွတာ

 

 

ရည္ရြယ္ခ်က္ ပန္းတိုင္ကို မေရာက္တဲ့ အေၾကာင္းတစ္ခုက ကိုယ့္ပန္းတိုင္ကို ျပတ္ျပတ္သားသား အာရံု မစုိက္ႏိုင္တဲ့ အခ်က္လည္း ပါပါတယ္။ ျပင္းျပတဲ့ စိတ္ဆႏၵ ရိွရိုးမွန္ရင္ အဲဒီဆီကို သြားဖို႔အတြက္ အာရံုျပည့္ထားရမွာပါ။

(၂) ျပင္ဆင္ျခင္း

 

 

ဒီေန႔အလုပ္လုပ္ ေနာက္တစ္ေန႔ ေအာင္ျမင္မယ္ဆိုတာ ရုပ္ရွင္ထဲမွာပဲ ရိွပါတယ္။ တကယ္တမ္းမွာေတာ့ ခဏခဏ လဲက် ၊ လဲြမွားတဲ့ အျဖစ္ေတြက ကြ်န္ေတာ္တို႔နဲ႔ အနီးဆံုးမွာ အျမဲလိုလို ရိွပါတယ္။ ပန္းတိုင္တစ္ခု ထားရင္ တစ္ခါတည္း ေတြးရမွာက ရံႈးနိမ့္ႏိုင္တယ္။ ဒါကို ဘယ္လို ျပင္ဆင္မလဲဆိုတာပါပဲ။ အခ်က္အလက္ ၊ သတင္းအဆက္အသြယ္ေတြနဲ႔ အဆက္မျပတ္ေစပါနဲ႔။ ေခတ္ထဲမွာ စီးေမ်ာရံု မဟုတ္ဘဲ ေခတ္ေရစီးကို ငံု႔ၾကည့္ႏုိင္ဖို႔ ႀကိဳးစားပါ။

(၃) အစီအစဥ္ မထားျခင္း

 

 

တိက်တဲ့ လုပ္ငန္းအစီအစဥ္ ရိွျခင္းဟာ စိတ္အားလည္း ျဖစ္ေစသလို တစ္ခုခု မွားသြားခ်ိန္မွာလည္း ျပန္ၿပီး နာလန္ထူဖို႔ အဆင္သင့္ျဖစ္ေစမွာပါ။

(၄) စည္းကမ္းမရိွျခင္း

 

 

အစီအစဥ္ကို လုိက္နာဖို႔ ကိုယ့္ကိုယ္ကို စည္းကမ္းထားဖို႔ လိုပါတယ္။ ကိုယ္တိုင္ထားတဲ့ စည္းကမ္းကို ေစာင့္ထိန္းဖို႔က ကိုယ့္ရဲ႕ သမာဓိပါပဲ။ သမာဓိရင့္သူေတြသာ ေအာင္ျမင္ပါတယ္။ ကိုယ့္ကိုယ္ကို လိုတာထက္ အေပ်ာ္မၾကဴးဖို႔ ၊ ႀကီးမားတဲ့ အမွားေတြ မလုပ္မိဖို႔ အေရးႀကီးဆံုးက စည္းကမ္းပါ။

(၅) ေအာင္ျမင္မႈကို မရူးသြပ္ျခင္း

 

 

တစ္ခုခုကို လိုခ်င္တယ္ဆိုရင္ စဲြလမ္းရူးသြပ္ဖို႔ လိုပါတယ္။ အထူးသျဖင့္ ဘဝမွာ ထိပ္တန္းေရာက္ခဲ့သူေတြဟာ ဒီေနရာအတြက္ ႏွစ္ေပါင္းမ်ားစြာ အိပ္မက္တစ္ခုထဲပဲ ထူးထူးျခားျခား ရူးသြပ္ခဲ့ၾကတာပါ။

Credit: Original Writer

Sharing By: #Believe In yourself

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *