Tue. Oct 26th, 2021

ဘဝမှာအောင်မြင်ချင်ရင် ဒီအရာတွေဆောင်ထားပါ

လူသားတိုင်း လူသားတိုင်းက အောင်မြင်ချင်ကြတဲ့သူတွေချည်းပါပဲ။ ဘဝမှာ မအောင်မြင်ချင်ကြဘူးဆိုတဲ့သူ မရှိပါဘူး။ အောင်မြင်မှုရယူချင်တယ်ဆိုတဲ့အရာကိုတော့ လူတိုင်းက စိတ်ကူးယဉ်ပြီး အိပ်မက်မက်ကြပေမယ့် တကယ်တမ်း အောင်မြင်မှုကို ဆွတ်ခူးရရှိနိုင်သူတွေကတော့ အနည်းအကျဉ်းပဲ ရှိကြပါတယ်။

အောင်မြင်တဲ့သူတွေကရော ဘာ့ကြောင့် အောင်မြင်ကြရတာလဲ၊ ဘယ်လိုအချက်အလက်တွေ ပိုင်ဆိုင်ထားကြလို့ အောင်မြင်ကြတာလဲ၊ မအောင်မြင်သေးတဲ့သူတွေကရော ဘယ်လိုအချက်တွေ လိုအပ်နေတာကြောင့် မအောင်မမြင်ဖြစ်နေကြတာလဲဆိုတာကို ဒီဆောင်းပါးလေးမှာ ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

ရဲရင့်ပြတ်သားခြင်း

 

အောင်မြင်တဲ့သူတွေက တိကျပြတ်သားတဲ့ ရည်မှန်းချက်ပန်းတိုင်တစ်ခုရှိကြပါတယ်။ ကိုယ်ဘာဖြစ်ချင်တာလဲ၊ ကိုယ်ဘာလုပ်ချင်တာလဲဆိုတာကို ရေရေရာရာမသိဘဲ ဇဝေဇဝါဖြစ်မနေကြပါဘူး။ ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကို ဘယ်လိုရောက်အောင်သွားရမလဲဆိုတာကို သိရှိပြီး မှန်ကန်တဲ့ကြိုးစားအားထုတ်မှုကို ပြုလုပ်တတ်ကြပါတယ်။ ဆန့်ကျင့်ဘက်အနေနဲ့ မအောင်မြင်သေးတဲ့သူတွေကတော့ ဆုံးဖြတ်ချက်တစ်ခုချရာမှာ ချီတုံချတုံဖြစ်လေ့ရှိကြပါတယ်။

ကတိသစ္စာ တည်ကြည်ခြင်း

 

အောင်မြင်တဲ့သူတွေက ကတိတစ်ခုပေးပြီးရင် တည်အောင်ကြိုးစားလေ့ရှိကြပါတယ်။ ကိုယ်မတည်နိုင်တဲ့ကတိကိုလည်း လက်လွတ်စပယ်ပြီးပြီးရော မပေးတတ်ကြပါဘူး။ ဒါ့အပြင် စကားကို ခုတစ်မျိုး၊ တော်ကြာတစ်မျိုး မပြောတတ်ကြဘဲ တစ်ခွန်းဆိုတစ်ခွန်း အတိအကျပြောကြလေ့ရှိကြပါတယ်။ ဒါ့အပြင် ထိုသူတွေက သူတစ်ပါးနောက်ကျောကို ဓားနဲ့ထိုးတဲ့ အောက်တန်းကျတဲ့လုပ်ရပ်မျိုးကို မလုပ်တတ်ကြပါဘူး။

အချိန်ကို တန်ဖိုးထားခြင်း

 

လောကမှာ တန်ဖိုးရှိပြီး အဖိုးမဖြတ်နိုင်တဲ့အရာတွေထဲမှာ အချိန်ကလည်း တစ်ခုအပါအဝင်ပါပဲ။ ကုန်ဆုံးသွားတဲ့အချိန်တွေကို ငွေနဲ့ပြန်ဝယ်လို့မရဘူးဆိုတာ အောင်မြင်တဲ့သူတွေက သိကြပါတယ်။ ဒါ့ကြောင့် သူတို့တွေက အောင်မြင်မှုပန်းတိုင်ဆီလျှောက်လှမ်းနေကြတဲ့အချိန်မှာ ဘယ်တော့မှ အချိန်ဆွဲလေ့မရှိကြပါဘူး။ အချိန်ဆွဲခြင်း အလေ့အကျင့်က မကောင်းတဲ့အလေ့အကျင့်တစ်ခုဆိုတာကို အောင်မြင်သူတွေက အသေအချာသိရှိထားကြတာကြောင့် လုပ်စရာရှိတဲ့အလုပ်ကို အခုချက်ချင်းပြုလုပ်လေ့ရှိကြပါတယ်။ ဒါကလည်း အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်တစ်ခုပါပဲ။

တစ်ဖက်သားအပေါ် လေးစားသမှုရှိခြင်း

 

 

ဒီလူကတော့ ပိုက်ဆံချမ်းသာတဲ့သူမို့လို့ အလေးပေးပြီး ဆက်ဆံမယ်၊ ဒီလူကတော့ လူမွဲမို့ မျက်နှာလွှဲခဲပစ်ဆက်ဆံမယ်ဆိုတဲ့စိတ်ဓာတ်မျိုး အောင်မြင်သူတွေဆီမှာ မရှိကြပါဘူး။ အောင်မြင်သူတွေက လူလူချင်းလေးစားသမှု ရှိကြပါတယ်။ ဒီလူကတော့ ကိုယ့်ကုမ္ပဏီက သန့်ရှင်းရေးဝန်ထမ်းမို့ နှိမ့်ချဆက်ဆံမယ်ဆိုတဲ့စိတ် စိုးစဉ်းမျှမရှိကြပါဘူး။ မိမိနေ့စဉ်ဘဝမှာ ကြုံတွေ့ဆက်ဆံနေရတဲ့သူတိုင်းကို အသက်ကြီးသည်၊ အသက်ငယ်သည် ပဓာနမထားဘဲ အယုတ်အလတ်အမြတ်မရွေး တန်းတူညီတူဆက်ဆံလေ့ရှိကြပါတယ်။

မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း

 

အောင်မြင်မှုရဲ့ အခြေခံအုတ်မြစ်ကတော့ မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းပဲဖြစ်ပါတယ်။ ကြောက်စိတ်ဝင်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတဲ့သူတွေက လူပုံအလယ်မတင့်တယ်တာကြောင့် အောင်မြင်မှုနဲ့လည်း အလှမ်းဝေးသွားနိုင်ပါတယ်။

ကိုယ်ခန္ဓာအတွက် အစာအာဟာရဖြည့်တင်းရသလို စဉ်းစားတွေးခေါ်နိုင်စွမ်းမြင့်မားဖို့အတွက် လေ့လာသင်ယူရမယ့် အသစ် အသစ်သောအရာတွေကို လေ့လာတယ်၊ ဗဟုသုတတွေ ရှာဖွေဆည်းပူးရင်း မိမိကိုယ်ကို တိုးတက်မြင့်မားအောင် အမြဲတမ်းကြံဆလေ့ရှိသူတွေကတော့ အောင်မြင်နေကြတဲ့သူတွေပဲဖြစ်ပါတယ်။

 

ဘဝမွာေအာင္ျမင္ခ်င္ရင္ ဒီအရာေတြေဆာင္ထားပါ

လူသားတိုင္း လူသားတိုင္းက ေအာင္ျမင္ခ်င္ၾကတဲ့သူေတြခ်ည္းပါပဲ။ ဘဝမွာ မေအာင္ျမင္ခ်င္ၾကဘူးဆိုတဲ့သူ မ႐ွိပါဘူး။ ေအာင္ျမင္မႈရယူခ်င္တယ္ဆိုတဲ့အရာကိုေတာ့ လူတိုင္းက စိတ္ကူးယဥ္ၿပီး အိပ္မက္မက္ၾကေပမယ့္ တကယ္တမ္း ေအာင္ျမင္မႈကို ဆြတ္ခူးရ႐ွိႏိုင္သူေတြကေတာ့ အနည္းအက်ဥ္းပဲ ႐ွိၾကပါတယ္။

ေအာင္ျမင္တဲ့သူေတြကေရာ ဘာ့ေၾကာင့္ ေအာင္ျမင္ၾကရတာလဲ၊ ဘယ္လိုအခ်က္အလက္ေတြ ပိုင္ဆိုင္ထားၾကလို႔ ေအာင္ျမင္ၾကတာလဲ၊ မေအာင္ျမင္ေသးတဲ့သူေတြကေရာ ဘယ္လိုအခ်က္ေတြ လိုအပ္ေနတာေၾကာင့္ မေအာင္မျမင္ျဖစ္ေနၾကတာလဲဆိုတာကို ဒီေဆာင္းပါးေလးမွာ ေဖာ္ျပေပးသြားမွာပဲျဖစ္ပါတယ္။

ရဲရင့္ျပတ္သားျခင္း

 

 

ေအာင္ျမင္တဲ့သူေတြက တိက်ျပတ္သားတဲ့ ရည္မွန္းခ်က္ပန္းတိုင္တစ္ခု႐ွိၾကပါတယ္။ ကုိယ္ဘာျဖစ္ခ်င္တာလဲ၊ ကိုယ္ဘာလုပ္ခ်င္တာလဲဆိုတာကို ေရေရရာရာမသိဘဲ ဇေဝဇဝါျဖစ္မေနၾကပါဘူး။ ကိုယ္ေရာက္ခ်င္တဲ့ပန္းတိုင္ကို ဘယ္လိုေရာက္ေအာင္သြားရမလဲဆိုတာကို သိ႐ွိၿပီး မွန္ကန္တဲ့ႀကိဳးစားအားထုတ္မႈကို ျပဳလုပ္တတ္ၾကပါတယ္။ ဆန္႔က်င့္ဘက္အေနနဲ႔ မေအာင္ျမင္ေသးတဲ့သူေတြကေတာ့ ဆံုးျဖတ္ခ်က္တစ္ခုခ်ရာမွာ ခ်ီတံုခ်တံုျဖစ္ေလ့႐ွိၾကပါတယ္။

ကတိသစၥာ တည္ၾကည္ျခင္း

 

 

ေအာင္ျမင္တဲ့သူေတြက ကတိတစ္ခုေပးၿပီးရင္ တည္ေအာင္ႀကိဳးစားေလ့႐ွိၾကပါတယ္။ ကိုယ္မတည္ႏိုင္တဲ့ကတိကိုလည္း လက္လြတ္စပယ္ၿပီးၿပီးေရာ မေပးတတ္ၾကပါဘူး။ ဒါ့အျပင္ စကားကို ခုတစ္မ်ိဳး၊ ေတာ္ၾကာတစ္မ်ိဳး မေျပာတတ္ၾကဘဲ တစ္ခြန္းဆိုတစ္ခြန္း အတိအက်ေျပာၾကေလ့႐ွိၾကပါတယ္။ ဒါ့အျပင္ ထိုသူေတြက သူတစ္ပါးေနာက္ေက်ာကို ဓားနဲ႔ထိုးတဲ့ ေအာက္တန္းက်တဲ့လုပ္ရပ္မ်ိဳးကို မလုပ္တတ္ၾကပါဘူး။

အခ်ိန္ကို တန္ဖိုးထားျခင္း

 

 

ေလာကမွာ တန္ဖိုး႐ွိၿပီး အဖိုးမျဖတ္ႏိုင္တဲ့အရာေတြထဲမွာ အခ်ိန္ကလည္း တစ္ခုအပါအဝင္ပါပဲ။ ကုန္ဆံုးသြားတဲ့အခ်ိန္ေတြကို ေငြနဲ႔ျပန္ဝယ္လို႔မရဘူးဆိုတာ ေအာင္ျမင္တဲ့သူေတြက သိၾကပါတယ္။ ဒါ့ေၾကာင့္ သူတို႔ေတြက ေအာင္ျမင္မႈပန္းတိုင္ဆီေလွ်ာက္လွမ္းေနၾကတဲ့အခ်ိန္မွာ ဘယ္ေတာ့မွ အခ်ိန္ဆြဲေလ့မ႐ွိၾကပါဘူး။ အခ်ိန္ဆြဲျခင္း အေလ့အက်င့္က မေကာင္းတဲ့အေလ့အက်င့္တစ္ခုဆိုတာကို ေအာင္ျမင္သူေတြက အေသအခ်ာသိ႐ွိထားၾကတာေၾကာင့္ လုပ္စရာ႐ွိတဲ့အလုပ္ကို အခုခ်က္ခ်င္းျပဳလုပ္ေလ့႐ွိၾကပါတယ္။ ဒါကလည္း ေအာင္ျမင္ျခင္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္တစ္ခုပါပဲ။

တစ္ဖက္သားအေပၚ ေလးစားသမႈ႐ွိျခင္း

 

 

ဒီလူကေတာ့ ပိုက္ဆံခ်မ္းသာတဲ့သူမို႔လို႔ အေလးေပးၿပီး ဆက္ဆံမယ္၊ ဒီလူကေတာ့ လူမြဲမို႔ မ်က္ႏွာလႊဲခဲပစ္ဆက္ဆံမယ္ဆိုတဲ့စိတ္ဓာတ္မ်ိဳး ေအာင္ျမင္သူေတြဆီမွာ မ႐ွိၾကပါဘူး။ ေအာင္ျမင္သူေတြက လူလူခ်င္းေလးစားသမႈ ႐ွိၾကပါတယ္။ ဒီလူကေတာ့ ကိုယ့္ကုမၸဏီက သန္႔႐ွင္းေရးဝန္ထမ္းမို႔ ႏွိမ့္ခ်ဆက္ဆံမယ္ဆိုတဲ့စိတ္ စိုးစဥ္းမွ်မ႐ွိၾကပါဘူး။ မိမိေန႔စဥ္ဘဝမွာ ႀကံဳေတြ႔ဆက္ဆံေနရတဲ့သူတိုင္းကို အသက္ႀကီးသည္၊ အသက္ငယ္သည္ ပဓာနမထားဘဲ အယုတ္အလတ္အျမတ္မေရြး တန္းတူညီတူဆက္ဆံေလ့႐ွိၾကပါတယ္။

မိမိကိုယ္ကို ယံုၾကည္မႈ႐ွိျခင္း

 

 

ေအာင္ျမင္မႈရဲ႕ အေျခခံအုတ္ျမစ္ကေတာ့ မိမိကိုယ္ကိုယံုၾကည္မႈ႐ွိျခင္းပဲျဖစ္ပါတယ္။ ေၾကာက္စိတ္ဝင္ၿပီး ကိုယ့္ကိုယ္ကိုယံုၾကည္မႈမ႐ွိတဲ့သူေတြက လူပံုအလယ္မတင့္တယ္တာေၾကာင့္ ေအာင္ျမင္မႈနဲ႔လည္း အလွမ္းေဝးသြားႏိုင္ပါတယ္။

ကိုယ္ခႏၶာအတြက္ အစာအာဟာရျဖည့္တင္းရသလို စဥ္းစားေတြးေခၚႏိုင္စြမ္းျမင့္မားဖို႔အတြက္ ေလ့လာသင္ယူရမယ့္ အသစ္ အသစ္ေသာအရာေတြကို ေလ့လာတယ္၊ ဗဟုသုတေတြ ႐ွာေဖြဆည္းပူးရင္း မိမိကိုယ္ကို တိုးတက္ျမင့္မားေအာင္ အၿမဲတမ္းႀကံဆေလ့႐ွိသူေတြကေတာ့ ေအာင္ျမင္ေနၾကတဲ့သူေတြပဲျဖစ္ပါတယ္။

 

 

Leave a Reply

Your email address will not be published. Required fields are marked *