Wed. Oct 27th, 2021

ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုမလဲ

လူတိုင်းဟာ တစ်နေရာရာမှာ ခေါင်းဆောင်ဖြစ်နေကြတာပါပဲ။ အလုပ်ထဲမှာ ၊ လမ်းထဲမှာ ၊ အိမ်မှာ ၊ ကျောင်းမှာ နောက်ဆုံး ဈေးဝယ်တာ ၊ ခရီးထွက်တာအထိ ရှေ့ကနေ ဦးစီးဦးဆောင်နေတာ ခေါင်းဆောင်မှုသဘောပဲ ဖြစ်ပါတယ်။ အခုပြောမှာက ပိုပြီး ကောင်းမွန်တဲ့ Leader တစ်ယောက်ဖြစ်ဖို့အတွက် ရှိသင့်တဲ့ အရည်အသွေးတွေပါ။

(၁) ကိုယ့်ရဲ့ ခေါင်းဆောင်မှုပုံစံကို နားလည်ပါ

 

ကိုယ်က ဘယ်လို ခေါင်းဆောင်မျိုးလဲ။ ကိုယ့်အောက်က လူတွေက ဘယ်လိုလူတွေလဲ။ ဘယ်လို ခေါင်းဆောင်မှုက သူတို့နဲ့ အံအဝင်ဆုံး ဖြစ်မလဲဆိုတာ အရေးကြီးပါတယ်။ စစ်တပ် တပ်ရင်းတစ်ခုကို ခေါင်းဆောင်တဲ့သူနဲ့ တီးဝိုင်းတစ်ဝိုင်းကို ခေါင်းဆောင်တဲ့သူ နှစ်ဦးဟာ Leadership Style ဘယ်လိုမှ တူမှာမဟုတ်ပါဘူး။ ဒီအတွက် ကိုယ် ဦးဆောင်မယ့် ခေါင်းဆောင်နယ်ပယ် ၊ လူပုဂ္ဂိုလ်နဲ့ လိုအပ်တဲ့ အရည်အသွေးတွေကို ဖြည့်ဆည်းထားဖို့ လိုပါတယ်။

(၂) ဖန်တီးမှုကို အားပေးပါ

 

ငယ်သားတွေကို ပျင်းအောင် မထားဖို့က အရေးကြီးပါတယ်။ သူတို့ ထက်သန်တက်ကြွနေပါစေ။ သူတို့ရဲ့ ခေါင်းထဲက ကွန့်မြူးမှုကို အားပေးပြီး လမ်းညွှန်ပါ။ အဖွဲ့လိုက် Challenge လေးတွေ ပေးတာ ၊ ဒါမှမဟုတ် သူတို့အိုင်ဒီယာတွေကို ချပြလို့ရမယ့် အစီအစဉ်တစ်ခုခု ထားတာမျိုး လုပ်သင့်ပါတယ်။

(၃) စံပြဖြစ်နေပါစေ

 

လေးစားမှု လိုချင်သူဟာ ကိုယ့်ကိုယ်ကို မာန်မထားဘဲ နှိမ့်ချရပါတယ်။ နားလည်မှု လိုချင်သူဟာ စာနာတတ်ရပါတယ်။ ကိုယ်ပြောတဲ့ စကား နားထောင်စေချင်ရင် ကိုယ်က အရင် သူ့ကို ပေးပြောပါစေ။ စံထားထိုက်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်နေဖို့ ကိုယ်လိုချင်တဲ့ စံတွေ အရင်ဆုံး ကိုယ့်မှာ ရှိနေဖို့လိုပါတယ်။

(၄) တကယ် ဆက်သွယ်ပါ

 

နောက်ထပ် အရေးကြီးတာတစ်ခုက အဖွဲ့တစ်ခုကို ဦးဆောင်ရတဲ့ ခေါင်းဆောင်ဟာ အဖွဲ့တစ်ခုလုံးနဲ့ရော အဖွဲ့ဝင် တစ်ယောက်ချင်းစီနဲ့ပါ ထိတွေ့ ဆက်ဆံမှု လုပ်ရပါတယ်။ ဒီလို ဆက်သွယ်ရာမှာ ရိုးသားတဲ့ စိတ်နဲ့ သဘောထားကြီးကြီးထားပြီး ဆက်ဆံဖို့လိုပါတယ်။ တစ်ဦးချင်းရဲ့ ပြဿနာကို ခေါင်းကြီးကြီးနဲ့ စဉ်းစားလမ်းပြပေးပါ။ တစ်ခါတစ်လေမှာ စကားနဲ့ လမ်းပြ ၊ တစ်ခါတစ်လေမှာ အလုပ်နဲ့ လမ်းညွှန်ရပါတယ်။ အပြုသဘောဆောင်တဲ့ စိတ်ကို ရှေ့တန်းတင်ပြီး လူတွေကို ဆက်သွယ်ဖို့ ဆိုတာ ခေါင်းဆောင်တစ်ယောက်ရဲ့ အရည်အသွေးကောင်းတစ်ခုပါ။

(၅) အားလုံး ပါဝင်ခွင့်ပြုပါ

 

နေရာတိုင်း ငါက အရေးကြီးတယ် အတွေးနဲ့ ဦးဆောင်ရင် မှားပါလိမ့်မယ်။ ပရောဂျက်တစ်ခု စတင်တိုင်း လူတိုင်းရဲ့ ခေါင်းကို အလုပ်လုပ်ခွင့် ၊ လူတိုင်း ပါးစပ်ကို ဟခွင့် ပေးလိုက်ပါ။ တက်ကြွထက်သန်တဲ့ Group တစ်ခုအဖြစ် ပုံသွင်းနိုင်ရင် အဲဒီပရောဂျက်ဟာ တကယ်အောင်မြင်ပါလိမ့်မယ်။ ကိုယ့်အောက်လက်ငယ်သားတွေကို စိတ်အားထက်သန်စေဖို့ လိုပါတယ်။ သင့်တော်လျောက်ပတ်တဲ့ ချီးကျူးဂုဏ်ပြုမှုနဲ့အသိအမှတ်ပြုမှုတို့ဟာ အလကားပေးလို့ရတဲ့ တန်ဖိုးကြီးပစ္စည်းတွေပါပဲ။

ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္ဖို႔ ဘာေတြလိုမလဲ

လူတိုင္းဟာ တစ္ေနရာရာမွာ ေခါင္းေဆာင္ျဖစ္ေနၾကတာပါပဲ။ အလုပ္ထဲမွာ ၊ လမ္းထဲမွာ ၊ အိမ္မွာ ၊ ေက်ာင္းမွာ ေနာက္ဆံုး ေစ်းဝယ္တာ ၊ ခရီးထြက္တာအထိ ေရွ႕ကေန ဦးစီးဦးေဆာင္ေနတာ ေခါင္းေဆာင္မႈသေဘာပဲ ျဖစ္ပါတယ္။ အခုေျပာမွာက ပိုၿပီး ေကာင္းမြန္တဲ့ Leader တစ္ေယာက္ျဖစ္ဖို႔အတြက္ ရိွသင့္တဲ့ အရည္အေသြးေတြပါ။

(၁) ကိုယ့္ရဲ႕ ေခါင္းေဆာင္မႈပံုစံကို နားလည္ပါ

 

 

ကိုယ္က ဘယ္လို ေခါင္းေဆာင္မ်ိဳးလဲ။ ကိုယ့္ေအာက္က လူေတြက ဘယ္လိုလူေတြလဲ။ ဘယ္လို ေခါင္းေဆာင္မႈက သူတို႔နဲ႔ အံအဝင္ဆံုး ျဖစ္မလဲဆိုတာ အေရးၾကီးပါတယ္။ စစ္တပ္ တပ္ရင္းတစ္ခုကို ေခါင္းေဆာင္တဲ့သူနဲ႔ တီးဝိုင္းတစ္ဝုိင္းကို ေခါင္းေဆာင္တဲ့သူ ႏွစ္ဦးဟာ Leadership Style ဘယ္လိုမွ တူမွာမဟုတ္ပါဘူး။ ဒီအတြက္ ကိုယ္ ဦးေဆာင္မယ့္ ေခါင္းေဆာင္နယ္ပယ္ ၊ လူပုဂၢိဳလ္နဲ႔ လိုအပ္တဲ့ အရည္အေသြးေတြကို ျဖည့္ဆည္းထားဖို႔ လိုပါတယ္။

(၂) ဖန္တီးမႈကို အားေပးပါ

 

 

ငယ္သားေတြကို ပ်င္းေအာင္ မထားဖို႔က အေရးၾကီးပါတယ္။ သူတို႔ ထက္သန္တက္ၾကြေနပါေစ။ သူတို႔ရဲ႕ ေခါင္းထဲက ကြန္႔ျမဴးမႈကို အားေပးၿပီး လမ္းညႊန္ပါ။ အဖဲြ႔လိုက္ Challenge ေလးေတြ ေပးတာ ၊ ဒါမွမဟုတ္ သူတို႔အိုင္ဒီယာေတြကို ခ်ျပလို႔ရမယ့္ အစီအစဥ္တစ္ခုခု ထားတာမ်ိဳး လုပ္သင့္ပါတယ္။

(၃) စံျပျဖစ္ေနပါေစ

 

 

ေလးစားမႈ လိုခ်င္သူဟာ ကိုယ့္ကိုယ္ကို မာန္မထားဘဲ ႏွိမ့္ခ်ရပါတယ္။ နားလည္မႈ လိုခ်င္သူဟာ စာနာတတ္ရပါတယ္။ ကိုယ္ေျပာတဲ့ စကား နားေထာင္ေစခ်င္ရင္ ကိုယ္က အရင္ သူ႔ကို ေပးေျပာပါေစ။ စံထားထိုက္တဲ့ ေခါင္းေဆာင္တစ္ေယာက္ျဖစ္ေနဖို႔ ကိုယ္လိုခ်င္တဲ့ စံေတြ အရင္ဆံုး ကိုယ့္မွာ ရိွေနဖို ့လိုပါတယ္။

(၄) တကယ္ ဆက္သြယ္ပါ

 

 

ေနာက္ထပ္ အေရးႀကီးတာတစ္ခုက အဖဲြ႔တစ္ခုကို ဦးေဆာင္ရတဲ့ ေခါင္းေဆာင္ဟာ အဖဲြ႔တစ္ခုလံုးနဲ႔ေရာ အဖဲြ႔ဝင္ တစ္ေယာက္ခ်င္းစီနဲ႔ပါ ထိေတြ႔ ဆက္ဆံမႈ လုပ္ရပါတယ္။ ဒီလို ဆက္သြယ္ရာမွာ ရိုးသားတဲ့ စိတ္နဲ႔ သေဘာထားႀကီးႀကီးထားၿပီး ဆက္ဆံဖို႔လိုပါတယ္။ တစ္ဦးခ်င္းရဲ႕ ျပႆနာကို ေခါင္းႀကီးႀကီးနဲ႔ စဥ္းစားလမ္းျပေပးပါ။ တစ္ခါတစ္ေလမွာ စကားနဲ႔ လမ္းျပ ၊ တစ္ခါတစ္ေလမွာ အလုပ္နဲ႔ လမ္းညႊန္ရပါတယ္။ အျပဳသေဘာေဆာင္တဲ့ စိတ္ကို ေရွ႕တန္းတင္ၿပီး လူေတြကို ဆက္သြယ္ဖို႔ ဆိုတာ ေခါင္းေဆာင္တစ္ေယာက္ရဲ႕ အရည္အေသြးေကာင္းတစ္ခုပါ။

(၅) အားလံုး ပါဝင္ခြင့္ျပဳပါ

 

 

ေနရာတိုင္း ငါက အေရးႀကီးတယ္ အေတြးနဲ႔ ဦးေဆာင္ရင္ မွားပါလိမ့္မယ္။ ပေရာဂ်က္တစ္ခု စတင္တိုင္း လူတိုင္းရဲ႕ ေခါင္းကို အလုပ္လုပ္ခြင့္ ၊ လူတိုင္း ပါးစပ္ကို ဟခြင့္ ေပးလိုက္ပါ။ တက္ၾကြထက္သန္တဲ့ Group တစ္ခုအျဖစ္ ပံုသြင္းႏိုင္ရင္ အဲဒီပေရာဂ်က္ဟာ တကယ္ေအာင္ျမင္ပါလိမ့္မယ္။ ကိုယ့္ေအာက္လက္ငယ္သားေတြကို စိတ္အားထက္သန္ေစဖို႔ လိုပါတယ္။ သင့္ေတာ္ေလ်ာက္ပတ္တဲ့ ခ်ီးက်ဴးဂုဏ္ျပဳမႈနဲ႔အသိအမွတ္ျပဳမႈတို႔ဟာ အလကားေပးလို႔ရတဲ့ တန္ဖိုးႀကီးပစၥည္းေတြပါပဲ။

Credit: Original Writer
Sharing By: #Believe In yourself

 

Leave a Reply

Your email address will not be published. Required fields are marked *