Wed. Oct 27th, 2021

ဘဝအောင်မြင်ရေးအတွက် လူငယ်တိုင်းလိုက်နာသင့်တဲ့ အချက်များ

လူတိုင်းလိုလို ဘဝမှာ အောင်မြင်မှုတွေကိုပဲ လိုလားကြတာပါ။ အသက်အရွယ်အပိုင်းအခြားတစ်ခုကို ရောက်ရှိလာချိန်မှာ ထိုက်သင့်တဲ့ အောင်မြင်မှုရရှိဖို့အတွက် ငယ်ရွယ်စဉ်ကတည်းက ရည်မှန်းချက်တွေ အိပ်မက်တွေထားရှိဖို့ပါတယ်။ ဒီနေ့မှာတော့ အောင်မြင်မှုကို လိုလားတဲ့ လူငယ်တိုင်းလိုလို လိုက်နာကျင့်သုံးသင့်တဲ့ အခြေခံအချက်တွေပြောပြပေးချင်ပါတယ်။

(၁) ရိုးသားကြိုးစားပါ

 

သင်ဟာကြိုးစားမှုပိုင်းမှာတော့ အမှတ်ပြည့်ပေးရလောက်ပါရဲ့ ရိုးသားမှုမရှိဘူးဆိုရင်လည်း အလကားပါပဲ။ ကိုယ်အောင်မြင်ဖို့ တခြားသူတွေကို နင်းတက်ခြင်းဟာ ရေရည်မတည်မြဲခြင်းမရှိတဲ့ အောင်မြင်မှုတစ်ခုပါ။ ဒါကြောင့်ကြိုးစားပါ။ ရိုးသားမှုလည်း အပြည့်ရှိပါ။

(၂) ကြိုတင်ပြင်ဆင်မှုရှိပါ

 

ဘယ်အလုပ်ပဲလုပ်လုပ် ကြိုတင်ပြင်ဆင်မှုရှိခြင်းဟာ ကောင်းတဲ့အလေ့အကျင့်တစ်ခုပါ။ ကိုယ့်ရဲ့ ဘဝအတွက် ကောင်းမွန်တဲ့ အစီစဉ်တွေ ချမှတ်ထားရမှာ ဖြစ်သလို ဖြတ်သန်းနေတဲ့ နေ့စဉ်ဘဝမှာလည်း ပြင်ဆင်မှုတွေရှိဖို့ လိုအပ်ပါတယ်။ ဘယ်အရာကိုမဆို Plan နဲ့ အစီစဉ်တကျဆောင်ရွက်ချင်းဟာ အမှားနည်းစေမှာဖြစ်ပါတယ်။

(၃) အချိန်မဖြုန်းပါနဲ့

 

လူငယ်တော်တော်များ တိုးတက်မှုနှောင့်နှေးတာဟာ အချိန်ဖြုန်းနေမှု အချိန်မလေးစားမှုတို့နဲ့ အများကြီးသက်ဆိုင်ပါတယ်။ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်မယ်ဆိုရင် အချိန်တိုင်းဟာ ရွှေပါ။ ဒါကြောင့် အချိန်မဖြုန်းမိပါစေနဲ့။ ကြိုးစားသင့်သလောက်ကြိုးစားပါ။ နားသင့်သလောက်နားပါ။

(၄) အစဉ်တစိုက်လေ့လာပါ

 

ကိုယ်ဝါသနာပါရာ ပညာရပ်တစ်ခုကို အစဉ်တစိုက်လေ့လာတက်တဲ့ အကျင့်ကိုမွေးပါ။ သူများယောင်လို့ လိုက်မယောင်မိပါစေနဲ့။ သူငယ်ချင်းတွေနဲ့ ဟေလားဝါးလား ကြုံရာသင်တန်းတွေလိုက်တက်နေတာဟာ ခဏတာအတွက်တော့ ပျော်ဖို့ကောင်းတယ်ထင်ရပေမယ့် ရေရှည်မှာ ဘာအကျိုးရလဒ်မှ မကျန်ခဲ့ပါဘူး။ ကိုယ့်ဝါသနာနဲ့ကိုက်ညီတဲ့ Carrier တစ်ခုခုကိုရှာဖွေပြီး အစဉ်တစိုက်လေ့လာပါ။

(၅) လက်တွေ့ကျကျလုပ်ဆောင်ပါ

 

လေထဲတိုက်ဆောက်တဲ့အကျင့်ရှိရင် တစ်ခါတည်းအမြစ်ဖြတ် ရှင်းထုတ်လိုက်ပါ။ ကိုယ်လုပ်ချင်တဲ့အရာတွေကို စိတ်ကူးယဉ်အတွေးတွေထဲမှာပဲ နစ်မြောမနေပါနဲ့။ လက်တွေ့ကျကျလုပ်ဆောင်ကြည့်ပါ။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ကိုယ့်အတွက်ပညာတစ်ခုခုတော့ ကျန်ခဲ့မှာ သေချာပါတယ်။ ရလာတဲ့ သင်ခန်းစာတွေကနေ အကောင်းဆုံးသင်ယူပြီး အမှားတွေပြင်ဆင်နိုင်မှာဖြစ်တာကြောင့် စိတ်ကူးထဲမှာပဲ နစ်မြောမနေပါနဲ့။ ဒီနေ့ပဲ လက်တွေ့လုပ်လိုက်ပါ။

ဘဝေအာင္ျမင္ေရးအတြက္ လူငယ္တိုင္းလိုက္နာသင့္တဲ့ အခ်က္မ်ား

လူတိုင္းလိုလို ဘဝမွာ ေအာင္ျမင္မႈေတြကိုပဲ လုိလားၾကတာပါ။ အသက္အရြယ္အပိုင္းအျခားတစ္ခုကို ေရာက္ရွိလာခ်ိန္မွာ ထိုက္သင့္တဲ့ ေအာင္ျမင္မႈရရွိဖုိ႔အတြက္ ငယ္ရြယ္စဥ္ကတည္းက ရည္မွန္းခ်က္ေတြ အိပ္မက္ေတြထားရွိဖို႔ပါတယ္။ ဒီေန႔မွာေတာ့ ေအာင္ျမင္မႈကို လိုလားတဲ့ လူငယ္တိုင္းလိုလို လိုက္နာက်င့္သံုးသင့္တဲ့ အေျခခံအခ်က္ေတြေျပာျပေပးခ်င္ပါတယ္။

(၁) ရိုးသားႀကိဳးစားပါ

 

 

သင္ဟာႀကိဳးစားမႈပိုင္းမွာေတာ့ အမွတ္ျပည့္ေပးရေလာက္ပါရဲ႕ ရိုးသားမႈမရွိဘူးဆိုရင္လည္း အလကားပါပဲ။ ကိုယ္ေအာင္ျမင္ဖို႔ တျခားသူေတြကို နင္းတက္ျခင္းဟာ ေရရည္မတည္ၿမဲျခင္းမရွိတဲ့ ေအာင္ျမင္မႈတစ္ခုပါ။ ဒါေၾကာင့္ႀကိဳးစားပါ။ ရိုးသားမႈလည္း အျပည့္ရွိပါ။

(၂) ႀကိဳတင္ျပင္ဆင္မႈရွိပါ

 

 

ဘယ္အလုပ္ပဲလုပ္လုပ္ ႀကိဳတင္ျပင္ဆင္မႈရွိျခင္းဟာ ေကာင္းတဲ့အေလ့အက်င့္တစ္ခုပါ။ ကိုယ့္ရဲ႕ ဘဝအတြက္ ေကာင္းမြန္တဲ့ အစီစဥ္ေတြ ခ်မွတ္ထားရမွာ ျဖစ္သလို ျဖတ္သန္းေနတဲ့ ေန႔စဥ္ဘဝမွာလည္း ျပင္ဆင္မႈေတြရွိဖို႔ လိုအပ္ပါတယ္။ ဘယ္အရာကိုမဆို Plan နဲ႔ အစီစဥ္တက်ေဆာင္ရြက္ခ်င္းဟာ အမွားနည္းေစမွာျဖစ္ပါတယ္။

(၃) အခ်ိန္မျဖဳန္းပါနဲ႔

 

\

လူငယ္ေတာ္ေတာ္မ်ား တိုးတက္မႈေႏွာင့္ေႏွးတာဟာ အခ်ိန္ျဖဳန္းေနမႈ အခ်ိန္မေလးစားမႈတို႔နဲ႔ အမ်ားႀကီးသက္ဆိုင္ပါတယ္။ အခ်ိန္ကိုအက်ဳိးရွိစြာ အသံုးခ်တက္မယ္ဆိုရင္ အခ်ိန္တိုင္းဟာ ေရႊပါ။ ဒါေၾကာင့္ အခ်ိန္မျဖဳန္းမိပါေစနဲ႔။ ႀကိဳးစားသင့္သေလာက္ႀကိဳးစားပါ။ နားသင့္သေလာက္နားပါ။

(၄) အစဥ္တစိုက္ေလ့လာပါ

 

 

ကိုယ္ဝါသနာပါရာ ပညာရပ္တစ္ခုကို အစဥ္တစိုက္ေလ့လာတက္တဲ့ အက်င့္ကိုေမြးပါ။ သူမ်ားေယာင္လို႔ လိုက္မေယာင္မိပါေစန႔ဲ။ သူငယ္ခ်င္းေတြနဲ႔ ေဟလားဝါးလား ႀကံဳရာသင္တန္းေတြလိုက္တက္ေနတာဟာ ခဏတာအတြက္ေတာ့ ေပ်ာ္ဖို႔ေကာင္းတယ္ထင္ရေပမယ့္ ေ႐ရွည္မွာ ဘာအက်ဳိးရလဒ္မွ မက်န္ခဲ့ပါဘူး။ ကိုယ့္ဝါသနာနဲ႔ကိုက္ညီတဲ့ Carrier တစ္ခုခုကိုရွာေဖြၿပီး အစဥ္တစိုက္ေလ့လာပါ။

(၅) လက္ေတြ႔က်က်လုပ္ေဆာင္ပါ

 

 

ေလထဲတိုက္ေဆာက္တဲ့အက်င့္ရွိရင္ တစ္ခါတည္းအျမစ္ျဖတ္ ရွင္းထုတ္လိုက္ပါ။ ကိုယ္လုပ္ခ်င္တဲ့အရာေတြကို စိတ္ကူးယဥ္အေတြးေတြထဲမွာပဲ နစ္ေျမာမေနပါနဲ႔။ လက္ေတြ႔က်က်လုပ္ေဆာင္ၾကည့္ပါ။ မွားသည္ျဖစ္ေစ မွန္သည္ျဖစ္ေစ ကိုယ့္အတြက္ပညာတစ္ခုခုေတာ့ က်န္ခဲ့မွာ ေသခ်ာပါတယ္။ ရလာတဲ့ သင္ခန္းစာေတြကေန အေကာင္းဆံုးသင္ယူၿပီး အမွားေတြျပင္ဆင္ႏိုင္မွာျဖစ္တာေၾကာင့္ စိတ္ကူးထဲမွာပဲ နစ္ေျမာမေနပါနဲ႔။ ဒီေန႔ပဲ လက္ေတြ႔လုပ္လိုက္ပါ။

 

Credit: Original Writer
Sharing By: #Believe In yourself

 

Leave a Reply

Your email address will not be published. Required fields are marked *