Tue. Oct 26th, 2021

ငွေစုဖြစ်အောင် မဝယ်ဖို့ စိတ်ထိန်းသင့်တဲ့ ပစ္စည်း ၅ မျိုး

ပိုက်ဆံသိပ်မရှိတဲ့အချိန်နဲ့ ပိုက်ဆံများများစားစား ရှိလာတဲ့အချိန် ဘာကွာသလဲဆိုတာ ပြောဖို့လွယ်ပါတယ်။ အများကြီး ပိုသုံးဖြစ်ခြင်းပါပဲ။ ငွေမှာ ပြဿနာနှစ်ခု ရှိပါတယ်။ တစ်ခုက ရှာရခက်ပြီး တစ်ခုက ထိန်းသိမ်းဖို့ခက်တာ ဖြစ်ပါတယ်။ တပင်တပန်းစုထားတဲ့ ငွေကလေးတွေ အလေအလွင့်မဖြစ်စေဖို့ ဒီလိုပစ္စည်းတွေ ဝယ်တာကို တတ်နိုင်မျှ ချုပ်တီးသင့်ပါတယ်။

(၁) အဝတ်အစား

 

တံဆိပ်ကလေး ကြည့်ပြီး တီရှပ်တစ်ထည်ကို ၃-၄ သောင်း ပေးဝတ်တာဟာ ပိုက်ရှိရှိတဲ့ သူတွေအတွက်ပဲ အဆင်ပြေပါတယ်။ ငွေစုနေတုန်းမှာ စားချင်တာလည်း မစားဖြစ်အောင် ရှောင်ရသလို ဝတ်ချင်တာလည်း မဝတ်ချင်အောင် ထိန်းရပါတယ်။ တကယ်လို့ တီရှပ်ဝယ်ချင်တယ်ဆိုရင်လည်း ဈေးသင့်ပြီး အသားအနားကောင်းတဲ့ တီရှပ်ကို တစ်ခါတည်းနဲ့ တစ်ဒါဇင်လောက် ဝယ်ထားတာ ပိုအဆင်ပြေပါတယ်။ အလားတူပဲ အတွင်းခံ ဘောင်းဘီနဲ့ ခြေအိတ်ကအစ အဝတ်အစားကြောင့် ငွေသုံးမများရအောင် ဂရုစိုက်သင့်ပါတယ်။

(၂) အီလက်ထရောနစ် ပစ္စည်း

 

ဖုန်းလိုမျိုး နေ့စဉ်သုံး အီလက်ထရောနစ် ပစ္စည်းတောင်မှပဲ တန်ဖိုးကြီးတာတွေ ဝယ်တာဟာ ပိုက်ဆံစုတဲ့ အလေ့အထကို ဖျက်ရာရောက်ပါတယ်။ အခုခေတ်မှာ ၂ သိန်းခွဲ ၃ သိန်းလောက်ဆိုရင်ကိုပဲ အတော်လေးအဆင်ပြေတဲ့ စမတ်ဖုန်းတွေ ဝယ်နိုင်ပြီဖြစ်လို့ တန်ဖိုးကြီး Flagship ဖုန်းတွေကို စိတ်ရောက်နေတာကို ဖျောက်ပစ်ဖို့ လိုပါတယ်။ နောက်တစ်ခုက ဖုန်းဆိုတာမျိုးက နေ့တိုင်း ငွေတောင်းနေတဲ့ ပစ္စည်းဖြစ်ပြီး သူ့ကို ကောင်းကောင်း အသုံးမချနိုင်ရင် ကိုယ်ပဲ ရှုံးပါတယ်။ ဖုန်းနဲ့ အလုပ်လုပ်တဲ့ သူမျိုး ၊ ဖုန်းကြောင့် ငွေရနေတာမျိုးမှာတောင် အလုပ်ဖြစ်တဲ့ Mid-Range ဖုန်းလောက်ပဲ ဝယ်သုံးသင့်ပါတယ်။

(၃) အစားအသောက်

 

အမျိုးသားတော်တော်များများကတော့ အစားထက် အသောက်ကို ပိုမက်ကြတာ များပါတယ်။ ဒါကလည်း မွဲဆေးဖော်နေသလိုပဲ။ တော်ရုံ သောကြာနေ့မျိုးလောက် သူငယ်ချင်းတွေနဲ့စုပြီး ဘီယာသောက်တာ ပြဿနာမရှိပေမယ့် နေ့စဉ်နဲ့ရက်ဆက်ဆိုသလို ဖြစ်လာရင်တော့ စီးပွားပျက်ကိန်းပါ ဆိုက်နိုင်ပါတယ်။ ဖြစ်နိုင်ရင် အပြင်စာ စားတာကို လျှော့ပြီး ငွေပိုထွက်လာအောင် လုပ်သင့်ပါတယ်။

(၄) အလှကုန်ပစ္စည်း

 

အမျိုးသမီးတွေရဲ့ ပိုက်ဆံအိတ်ကို ဖွင့်အောင် လုပ်ရာမှာ အလှကုန်ပစ္စည်းတွေက ဆရာကြီးပါ။ အမျိုးသား တစ်ချို့တစ်လေမှာလည်း ဒီပြဿနာက ရှိတတ်ပါတယ်။ ဒီအချက်ကို ဂရုစိုက်သင့်ပါတယ်။

(၅) တစ်ခါသုံး ပစ္စည်းများ

 

တစ်ခါသုံး ခွက် ၊ တစ်ခါသုံး မုတ်ဆိတ်ရိတ်ဓါး စတဲ့ ပစ္စည်းလေးတွေဟာ ကိုယ်စုထားတဲ့ ငွေလေးတွေကို မသိမသာ နှိုက်ထုတ်တတ်ပါတယ်။ ရေသန့်ဗူး ဝယ်သောက်တာတို့၊ မသုံးဖြစ်တဲ့ ခရစ်ဒစ်ကဒ်အတွက် အတိုးပေးဆပ်နေရတာတို့ဟာ အတော်လေး အထိနာပါတယ်။ ဒီအချက်ကလေးတွေကို ပြင်မယ်ဆိုရင် ငွေယိုပေါက်နည်းသွားမှာပါ။

ေငြစုျဖစ္ေအာင္ မဝယ္ဖို႔ စိတ္ထိန္းသင့္တဲ့ ပစၥည္း ၅ မ်ိဳး

ပိုက္ဆံသိပ္မရိွတဲ့အခ်ိန္နဲ႔ ပိုက္ဆံမ်ားမ်ားစားစား ရိွလာတဲ့အခ်ိန္ ဘာကြာသလဲဆိုတာ ေျပာဖို႔လြယ္ပါတယ္။ အမ်ားႀကီး ပိုသံုးျဖစ္ျခင္းပါပဲ။ ေငြမွာ ျပႆနာႏွစ္ခု ရိွပါတယ္။ တစ္ခုက ရွာရခက္ျပီး တစ္ခုက ထိန္းသိမ္းဖို႔ခက္တာ ျဖစ္ပါတယ္။ တပင္တပန္းစုထားတဲ့ ေငြကေလးေတြ အေလအလြင့္မျဖစ္ေစဖို႔ ဒီလိုပစၥည္းေတြ ဝယ္တာကို တတ္ႏိုင္မွ် ခ်ဳပ္တီးသင့္ပါတယ္။

(၁) အဝတ္အစား

 

 

တံဆိပ္ကေလး ၾကည့္ျပီး တီရွပ္တစ္ထည္ကို ၃-၄ ေသာင္း ေပးဝတ္တာဟာ ပိုက္ရိွရိွတဲ့ သူေတြအတြက္ပဲ အဆင္ေျပပါတယ္။ ေငြစုေနတုန္းမွာ စားခ်င္တာလည္း မစားျဖစ္ေအာင္ ေရွာင္ရသလို ဝတ္ခ်င္တာလည္း မဝတ္ခ်င္ေအာင္ ထိန္းရပါတယ္။ တကယ္လို႕ တီရွပ္ဝယ္ခ်င္တယ္ဆိုရင္လည္း ေစ်းသင့္ျပီး အသားအနားေကာင္းတဲ့ တီရွပ္ကို တစ္ခါတည္းနဲ႔ တစ္ဒါဇင္ေလာက္ ဝယ္ထားတာ ပိုအဆင္ေျပပါတယ္။ အလားတူပဲ အတြင္းခံ ေဘာင္းဘီနဲ႔ ေျခအိတ္ကအစ အဝတ္အစားေၾကာင့္ ေငြသံုးမမ်ားရေအာင္ ဂရုစိုက္သင့္ပါတယ္။

(၂) အီလက္ထေရာနစ္ ပစၥည္း

 

 

ဖုန္းလိုမ်ိဳး ေန႔စဥ္သံုး အီလက္ထေရာနစ္ ပစၥည္းေတာင္မွပဲ တန္ဖိုးႀကီးတာေတြ ဝယ္တာဟာ ပိုက္ဆံစုတဲ့ အေလ့အထကို ဖ်က္ရာေရာက္ပါတယ္။ အခုေခတ္မွာ ၂ သိန္းခဲြ ၃ သိန္းေလာက္ဆိုရင္ကိုပဲ အေတာ္ေလးအဆင္ေျပတဲ့ စမတ္ဖုန္းေတြ ဝယ္ႏိုင္ျပီျဖစ္လို႔ တန္ဖိုးၾကီး Flagship ဖုန္းေတြကို စိတ္ေရာက္ေနတာကို ေဖ်ာက္ပစ္ဖို႔ လိုပါတယ္။ ေနာက္တစ္ခုက ဖုန္းဆိုတာမ်ိဳးက ေန႔တိုင္း ေငြေတာင္းေနတဲ့ ပစၥည္းျဖစ္ျပီး သူ႔ကို ေကာင္းေကာင္း အသံုးမခ်ႏိုင္ရင္ ကိုယ္ပဲ ရံႈးပါတယ္။ ဖုန္းနဲ႔ အလုပ္လုပ္တဲ့ သူမ်ိဳး ၊ ဖုန္းေၾကာင့္ ေငြရေနတာမ်ိဳးမွာေတာင္ အလုပ္ျဖစ္တဲ့ Mid-Range ဖုန္းေလာက္ပဲ ဝယ္သံုးသင့္ပါတယ္။

(၃) အစားအေသာက္

 

 

အမ်ိဳးသားေတာ္ေတာ္မ်ားမ်ားကေတာ့ အစားထက္ အေသာက္ကို ပိုမက္ၾကတာ မ်ားပါတယ္။ ဒါကလည္း မဲြေဆးေဖာ္ေနသလိုပဲ။ ေတာ္ရံု ေသာၾကာေန႔မ်ိဳးေလာက္ သူငယ္ခ်င္းေတြနဲ႔စုျပီး ဘီယာေသာက္တာ ျပႆနာမရိွေပမယ့္ ေန႔စဥ္နဲ႔ရက္ဆက္ဆိုသလို ျဖစ္လာရင္ေတာ့ စီးပြားပ်က္ကိန္းပါ ဆိုက္ႏိုင္ပါတယ္။ ျဖစ္ႏုိင္ရင္ အျပင္စာ စားတာကို ေလွ်ာ့ျပီး ေငြပိုထြက္လာေအာင္ လုပ္သင့္ပါတယ္။

(၄) အလွကုန္ပစၥည္း

 

 

အမ်ိဳးသမီးေတြရဲ႕ ပိုက္ဆံအိတ္ကို ဖြင့္ေအာင္ လုပ္ရာမွာ အလွကုန္ပစၥည္းေတြက ဆရာႀကီးပါ။ အမ်ိဳးသား တစ္ခ်ိဳ႕တစ္ေလမွာလည္း ဒီျပႆနာက ရိွတတ္ပါတယ္။ ဒီအခ်က္ကို ဂရုစိုက္သင့္ပါတယ္။

(၅) တစ္ခါသံုး ပစၥည္းမ်ား

 

 

တစ္ခါသံုး ခြက္ ၊ တစ္ခါသံုး မုတ္ဆိတ္ရိတ္ဓါး စတဲ့ ပစၥည္းေလးေတြဟာ ကိုယ္စုထားတဲ့ ေငြေလးေတြကို မသိမသာ ႏိႈက္ထုတ္တတ္ပါတယ္။ ေရသန္႔ဗူး ဝယ္ေသာက္တာတို ့၊ မသံုးျဖစ္တဲ့ ခရစ္ဒစ္ကဒ္အတြက္ အတိုးေပးဆပ္ေနရတာတို႔ဟာ အေတာ္ေလး အထိနာပါတယ္။ ဒီအခ်က္ကေလးေတြကို ျပင္မယ္ဆိုရင္ ေငြယိုေပါက္နည္းသြားမွာပါ။

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *