Wed. Oct 27th, 2021

အောင်မြင်သူတွေ အိပ်ယာနိုးနိုးချင်းလုပ်လေ့ရှိတဲ့ အလေ့အကျင့်ကောင်းများ

 

နေ့တစ်နေ့မှာ အစပျိုးတဲ့ မနက်ခင်းအစကို အဓိပ္ပါယ်ရှိစွာ စတင်ဖို့လိုအပ်ပါတယ်။ လူတစ်ယောက်အတွက် မနက်ခင်းအိပ်ယာထတဲ့အချိန်ဟာ ဘာမှမထူးခြားဘူးလို့ ထင်ရပေမယ့် မနက်ခင်းမှာပြဿနာတွေ စိတ်ညစ်စရာတွေနဲ့ စတင်ရပြီဆိုရင် အဲ့ဒီနေ့တစ်နေ့လုံးဟာ လုံးဝအဆင်ပြေပြေဖြတ်သန်းနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် စိတ်ကြည်လင်လန်းဆန်းစွာနဲ့ နိုးထနိုင်ဖို့က အရမ်းကိုအရေးကြီးပါတယ်။ ဒီနေ့မှာတော့ အောင်မြင်ကျော်ကြားတဲ့ သူတွေရဲ့ အိပ်ယာနိုးနိုးချင်းလုပ်လေ့ရှိတဲ့ အလေ့အထကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) စောစောအိပ်ယာထခြင်း

 

ဘဝမှာ အောင်မြင်နေတဲ့သူတော်တော်များများ နေမြင့်တဲ့အချိန်အထိ အိပ်စက်လေ့မရှိဘဲ မနက်ခင်း စောစောအိပ်ယာထတဲ့အလေ့အကျင့်ကို နှစ်သက်ကြပါတယ်။ လူတစ်ယောက်အတွက် မနက်အိပ်ယာထချိန်ဟာ စိတ်အကြည်လင်ဆုံးနဲ့ အားအင်ပြည့်ဝမှုအရှိဆုံးဖြစ်တာကြောင့် အချိန်အရေးကြီးလုပ်ငန်းဆောင်တာတွေကို မနက်စောစောမှာပြုလုပ်လေ့ရှိပါတယ်။ ဒါအပြင် အကြံဉာဏ်ကောင်းတွေ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုလည်း ချမှတ်နိုင်တာကြောင့် မနက်ခင်းစောစောထဖို့ တက်ကြွကြပါတယ်။

(၂) အီးမေးလ်စစ်ဆေးခြင်း

 

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အများစုဟာ မနက်ခင်းအီးမေးလ်စစ်တဲ့အလေ့အထကို ကျင့်သုံးကြပါတယ်။ အရေးကြီးတဲ့သတင်း အချက်အလက်တွေ လုပ်ငန်းတာဝန်တွေအတွက် မဖြစ်မနေ အီးမေးလ်စစ်တာတွေ အီးမေးလ်ပို့တာတွေကိုပြုလုပ်တတ်ကြပါတယ်။ မနက်ခင်းဟာ အာရုံစူးစိုက်မှုအကောင်းဆုံးအချိန်တစ်ခုဖြစ်တာကြောင့် ကိုယ်လုပ်ကိုင်တဲ့အလုပ်တစ်ခုအပေါ် အမှားနည်းပြီး ပိုမိုတိကျမှန်ကန်မှုရှိစေမှာဖြစ်ပါတယ်။

(၃) စာဖတ်ခြင်း

 

လူတစ်ယောက်အတွက် ဗဟုသုတနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ရာ စာဖတ်နာဖို့လိုပါတယ်။ အောင်မြင်သူတိုင်းဟာ စာဖတ်ရတာ အလွန်အမင်းဝါသနာပါသူတွေလို့ဆိုရင် မမှားနိုင်ပါဘူး။ သူတို့အတွက် စာဖတ်စရာနေရာကောင်းကောင်းတစ်ခုကို ဖန်တီးထားတတ်ကြပြီး မနက်ခင်းကို ဗဟုသုတဖြည့်တင်းတဲ့ စာဖတ်ခြင်းအလုပ်နဲ့ စတင်ကြပါတယ်။

(၄) မိသားစုနဲ့မနက်စာစားခြင်း

 

အောင်မြင်တဲ့ပုဂ္ဂိုလ်တွေဟာ ဘယ်လောက်ပဲ အလုပ်များနေပါစေ မိသာစုနဲ့ အတူတူမနက်စာစားတဲ့ အကျင့်ကိုပြုလုပ်လေ့ရှိပါတယ်။ မြန်မာနိုင်ငံသူတွေတော်တော်များများကတော့ မနက်ကိုဖြစ်သလိုပဲ လမ်းမှာဖြစ်စေ ရုံးမှာဖြစ်စေ စားတတ်ကြတာဖြစ်ပါတယ်။ လူတစ်ယောက်အတွက် အရေးကြီးဆုံးအရာတွေထဲမှာ အဟာပြည့်ဝတဲ့ မနက်စာတစ်ခုကလည်း မဖြစ်မနေပါဝင်နေသလို မိသားစုနဲ့ အတူ မနက်စာစားခြင်းအားဖြင့် ပိုမိုနွေးထွေးတဲ့ မိသားစုကမ္ဘာလေးတစ်ခုကို ရရှိမှာဖြစ်ပါတယ်။

(၅) လေ့ကျင့်ခန်းပြုလုပ်ခြင်း

 

မနက်ခင်းမှာ လေ့ကျင့်ခန်းတစ်ခုခုပြုလုပ်တာဟာ တစ်နေ့ကုန် တက်ကြွလန်းဆန်းစေပြီး ကျန်းမာကြံ့ခိုင်တဲ့ ဘဝတစ်ခုပိုင်ဆိုင်စေမှာဖြစ်ပါတယ်။ ငွေချမ်းသာပေမယ့် လူမကျန်းမာရင်လည်း ပြီးပြည့်စုံတဲ့ဘဝတစ်ခု ဖြစ်မလာနိုင်ပါဘူး။ ဒါကြောင့် အောင်မြင်ကျော်ကြားသူတိုင်းရဲ့ မနက်ခင်းပြုလုပ်တဲ့ ကဏ္ဍတွေထဲမှာ အားကစားပြုလုပ်ခြင်းဟာလည်း မဖြစ်မနေပါဝင်နေတာဖြစ်ပါတယ်။

ေအာင္ျမင္သူေတြ အိပ္ယာႏိုးႏိုးခ်င္းလုပ္ေလ့ရွိတဲ့ အေလ့အက်င့္ေကာင္းမ်ား

 

ေန႔တစ္ေန႔မွာ အစပ်ဳိးတဲ့ မနက္ခင္းအစကို အဓိပၸါယ္ရွိစြာ စတင္ဖို႔လိုအပ္ပါတယ္။ လူတစ္ေယာက္အတြက္ မနက္ခင္းအိပ္ယာထတဲ့အခ်ိန္ဟာ ဘာမွမထူးျခားဘူးလို႔ ထင္ရေပမယ့္ မနက္ခင္းမွာျပႆနာေတြ စိတ္ညစ္စရာေတြနဲ႔ စတင္ရၿပီဆိုရင္ အဲ့ဒီေန႔တစ္ေန႔လံုးဟာ လံုးဝအဆင္ေျပေျပျဖတ္သန္းႏိုင္မွာ မဟုတ္ေတာ့ပါဘူး။ ဒါေၾကာင့္ စိတ္ၾကည္လင္လန္းဆန္းစြာနဲ႔ ႏိုးထႏိုင္ဖို႔က အရမ္းကိုအေရးႀကီးပါတယ္။ ဒီေန႔မွာေတာ့ ေအာင္ျမင္ေက်ာ္ၾကားတဲ့ သူေတြရဲ႕ အိပ္ယာႏိုးႏုိးခ်င္းလုပ္ေလ့ရွိတဲ့ အေလ့အထေကာင္းေလးေတြကို မွ်ေဝေပးခ်င္ပါတယ္။

(၁) ေစာေစာအိပ္ယာထျခင္း

 

 

 

ဘဝမွာ ေအာင္ျမင္ေနတဲ့သူေတာ္ေတာ္မ်ားမ်ား ေနျမင့္တဲ့အခ်ိန္အထိ အိပ္စက္ေလ့မရွိဘဲ မနက္ခင္း ေစာေစာအိပ္ယာထတဲ့အေလ့အက်င့္ကို ႏွစ္သက္ၾကပါတယ္။ လူတစ္ေယာက္အတြက္ မနက္အိပ္ယာထခ်ိန္ဟာ စိတ္အၾကည္လင္ဆံုးနဲ႔ အားအင္ျပည့္ဝမႈအရွိဆံုးျဖစ္တာေၾကာင့္ အခ်ိန္အေရးႀကီးလုပ္ငန္းေဆာင္တာေတြကို မနက္ေစာေစာမွာျပဳလုပ္ေလ့ရွိပါတယ္။ ဒါအျပင္ အႀကံဥာဏ္ေကာင္းေတြ မွန္ကန္တဲ့ဆံုးျဖတ္ခ်က္ေတြကုိလည္း ခ်မွတ္ႏိုင္တာေၾကာင့္ မနက္ခင္းေစာေစာထဖို႔ တက္ၾကြၾကပါတယ္။

(၂) အီးေမးလ္စစ္ေဆးျခင္း

 

 

ကမာၻ႔အခ်မ္းသာဆံုးပုဂၢိဳလ္အမ်ားစုဟာ မနက္ခင္းအီးေမးလ္စစ္တဲ့အေလ့အထကို က်င့္သံုးၾကပါတယ္။ အေရးႀကီးတဲ့သတင္း အခ်က္အလက္ေတြ လုပ္ငန္းတာဝန္ေတြအတြက္ မျဖစ္မေန အီးေမးလ္စစ္တာေတြ အီးေမးလ္ပို႔တာေတြကိုျပဳလုပ္တတ္ၾကပါတယ္။ မနက္ခင္းဟာ အာရံုစူးစိုက္မႈအေကာင္းဆံုးအခ်ိန္တစ္ခုျဖစ္တာေၾကာင့္ ကိုယ္လုပ္ကိုင္တဲ့အလုပ္တစ္ခုအေပၚ အမွားနည္းၿပီး ပိုမိုတိက်မွန္ကန္မႈရွိေစမွာျဖစ္ပါတယ္။

(၃) စာဖတ္ျခင္း

 

 

လူတစ္ေယာက္အတြက္ ဗဟုသုတနဲ႔ မွန္ကန္တဲ့ဆံုးျဖတ္ခ်က္ေတြခ်ႏိုင္ဖို႔ရာ စာဖတ္နာဖုိ႔လိုပါတယ္။ ေအာင္ျမင္သူတိုင္းဟာ စာဖတ္ရတာ အလြန္အမင္းဝါသနာပါသူေတြလို႔ဆိုရင္ မမွားႏိုင္ပါဘူး။ သူတို႔အတြက္ စာဖတ္စရာေနရာေကာင္းေကာင္းတစ္ခုကို ဖန္တီးထားတတ္ၾကၿပီး မနက္ခင္းကို ဗဟုသုတျဖည့္တင္းတဲ့ စာဖတ္ျခင္းအလုပ္နဲ႔ စတင္ၾကပါတယ္။

(၄) မိသားစုနဲ႔မနက္စာစားျခင္း

 

 

ေအာင္ျမင္တဲ့ပုဂၢိဳလ္ေတြဟာ ဘယ္ေလာက္ပဲ အလုပ္မ်ားေနပါေစ မိသာစုနဲ႔ အတူတူမနက္စာစားတဲ့ အက်င့္ကိုျပဳလုပ္ေလ့ရွိပါတယ္။ ျမန္မာႏိုင္ငံသူေတြေတာ္ေတာ္မ်ားမ်ားကေတာ့ မနက္ကိုျဖစ္သလိုပဲ လမ္းမွာျဖစ္ေစ ရံုးမွာျဖစ္ေစ စားတတ္ၾကတာျဖစ္ပါတယ္။ လူတစ္ေယာက္အတြက္ အေရးႀကီးဆံုးအရာေတြထဲမွာ အဟာျပည့္ဝတဲ့ မနက္စာတစ္ခုကလည္း မျဖစ္မေနပါဝင္ေနသလို မိသားစုနဲ႔ အတူ မနက္စာစားျခင္းအားျဖင့္ ပိုမိုေႏြးေထြးတဲ့ မိသားစုကမာၻေလးတစ္ခုကို ရရွိမွာျဖစ္ပါတယ္။

(၅) ေလ့က်င့္ခန္းျပဳလုပ္ျခင္း

 

 

မနက္ခင္းမွာ ေလ့က်င့္ခန္းတစ္ခုခုျပဳလုပ္တာဟာ တစ္ေန႔ကုန္ တက္ၾကြလန္းဆန္းေစၿပီး က်န္းမာႀကံ႕ခိုင္တဲ့ ဘဝတစ္ခုပိုင္ဆိုင္ေစမွာျဖစ္ပါတယ္။ ေငြခ်မ္းသာေပမယ့္ လူမက်န္းမာရင္လည္း ၿပီးျပည့္စံုတဲ့ဘဝတစ္ခု ျဖစ္မလာႏုိင္ပါဘူး။ ဒါေၾကာင့္ ေအာင္ျမင္ေက်ာ္ၾကားသူတိုင္းရဲ႕ မနက္ခင္းျပဳလုပ္တဲ့ က႑ေတြထဲမွာ အားကစားျပဳလုပ္ျခင္းဟာလည္း မျဖစ္မေနပါဝင္ေနတာျဖစ္ပါတယ္။

 

Credit: Original Writer
Sharing By: #Believe In yourself

 

Leave a Reply

Your email address will not be published. Required fields are marked *