Wed. Oct 27th, 2021

ငွေအရင်းအနှီးအများကြီးမလိုဘဲ လုပ်ကိုင်လို့ရမယ့် စီးပွားရေးလုပ်ငန်း (၅) ခု

လူတစရာမှာ (၉၀) လောက်က ဝန်ထမ်းဘဝကို စိတ်ကုန်နေကြပါတယ်။ ဒါပေမယ့်လည်း ငွေအရင်းအနှီးများများစားစား မတတ်နိုင်တာကတစ်ကြောင်း ရှိတဲ့အရင်းအနှီးလေးနဲ့ ရင်းလိုက်လို့ အရှုံးပေါ်သွားမှာကြောက်ကြတာကတစ်ကြောင်းဆိုတော့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို လုပ်ကိုင်ဖို့ ခြေတုန်ချတုန်ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ ငွေအရင်းအနှီးအများကြီးလည်း စိုက်မထုတ်ချင်ဘူး။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုလည်း စတင်ကြည့်ချင်တယ်ဆိုရင်တော့ အခုပြောပြပေးမယ့် လုပ်ငန်း (၅) ခုဟာ အများကြီး အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။

(၁) အွန်လိုင်းရှော့ပင်း

 

နည်းပညာခေတ်ကြီးရောက်လာတာနဲ့ အမျှ လူတော်တော်များများ ဆိုရှယ်မီဒီယာတွေပေါ်မှာပဲ အချိန်ကုန်ဆုံးမှုများလာကြပါတယ်။ လူတွေ အွန်လိုင်း အသုံးပြုမှုများလာတဲ့အတွက် အွန်လိုင်းပေါ်ကနေ အလွယ်တကူ ဈေးဝယ်ခြင်းဟာလည်း ရေပန်းစားလို့လာပါတယ်။ အွန်လိုင်းပေါ်က ဈေးရောင်းခြင်းဟာ ဆိုင်ခန်းခတွေ ပစ္စည်းအရင်းအနှီးတွေအများကြီးမလိုဘဲ ဝယ်ယူသူနဲ့ တိုက်ရိုက်ဆက်ဆံရောင်းဝယ်လို့တဲ့ အကောင်းဆုံး စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

(၂) အမြန်ချောပို့ (Delivery)

 

ကုန်ပစ္စည်းပို့ဆောင်ရေး (Delivery) လုပ်ငန်းဟာလည်း အရင်းအနှီးများစွာမလိုဘဲ လုပ်ကိုင်လို့ရမယ် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ တစ်နိုင်တစ်ပိုင်ပဲ လုပ်ကိုင်မယ်ဆိုလည်း အဆင်ပြေနိုင်သလို သူငယ်ချင်း သုံးလေးယောက်စုပြီး လုပ်ကိုင်မယ်ဆိုလည်း သင့်တော်တဲ့လုပ်ငန်းတစ်ခုပါ။ ယနေ့ခေတ်မှာ လူသုံးကုန်ပစ္စည်းတွေ သာမက အစားအသောက်တွေကို Delivery စနစ်နဲ့ အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြတာကြောင့် ဝယ်သူနဲ့ ရောင်းသူကြားကို ချိတ်ဆက်ပေးတဲ့ ပိုဆောင်ရေးလုပ်ငန်းဟာ အသင့်တော်ဆုံး စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်စေမှာပါ။

(၃) Pet Spa And Hotel

 

အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးသူတွေအတွက်တော့ Pet Spa And Hotel လုပ်ငန်းဟာ အသင့်တော်ဆုံး အိမ်တွင်းစီးပွားရေးတစ်ခုဖြစ်စေမှာပါ။ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားတဲ့သူတွေအနေနဲ့ သူတို့ရဲ့ အချစ်တော် ကြောင်လေး ခွေးတွေရဲ့ သန့်ရှင်းမှုပိုင်းဆိုင်ရာ အမွှေးညှပ်ခြင်း၊ ခြေသည်းလက်သည်းညှပ်ခြင်း၊ ရေချိုးသန့်စင်ခြင်း စတဲ့လုပ်ငန်းတွေကို အချိန်ကုန်ခံပြီး ပြုလုပ်မနေတော့ဘဲ Pet Spa တွေမှာ သွားရောက်ပြုလုပ်ကြလေ့ရှိပါတယ်။ နယ်ဝေးခရီးသွားမယ့်သူတွေအနေနဲ့လည်း အိမ်မွေးတိရစ္ဆာန်လေးတွေကို ကြည့်ရှု့စောင့်ရှောက်ပေးမယ့် Pet Hotel တွေဟာ ခေတ္တခဏသွားထားကြပါတယ်။ ဒါကြောင့် Pet Sap And Hotel လုပ်ငန်းဟာလည်း အရင်းအနှီးအများကြီးမကုန်ဘဲ တစ်နိုင်တစ်ပိုင်ပြုလုပ်လို့ရမယ့် အိမ်တွင်းစီးပွားရေးတစ်ခုဖြစ်ပါတယ်။

(၄) ပင်မင်း

 

ပင်မင်းလုပ်ငန်းဟာ အဝတ်လျှော်စက်လေးတစ်လုံးရှိရုံနဲ့ စတင်နိုင်မယ့် အကောင်းဆုံးစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ယနေ့ခေတ်မှာ ကျောင်းသူကျောင်းသားတွေ အဆောင်နေတဲ့ ဝန်ထမ်းတွေ မအားမလပ်တဲ့သူတွေအနေနဲ့ မိမိတို့ရဲ့ အဝတ်အစားတွေကို ပင်မင်းဆိုင်ပို့ကြပါတယ်။ ကိုယ့်အနေနဲ့ အဝတ်လျှော်စက်တစ်လုံးထဲနဲ့ လုပ်ကိုင်နိုင်မှာဖြစ်သလို ချဲ့ရင်ချဲ့သလို လုပ်ငန်းတွင်ကျင်မှာဖြစ်တာကြောင့် ပင်မင်းလုပ်ငန်းဟာလည်း အကောင်းဆုံးကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေထဲကတစ်ခုဖြစ်ပါတယ်။

(၅) စီးပွားရေးအကြံပေး

 

စီးပွားရေးအကြံပေးလုပ်ငန်း လုပ်ကိုင်မယ့်သူတွေအနေနဲ့ စီးပွားရေးဗဟုသုတပြည့်ဝနေဖို့လိုသလို ပြောင်းလဲနေတဲ့ ခေတ်နဲ့အညီ မျက်ခြေမပျက်ရှိနေဖို့လည်း အရေးကြီးပါတယ်။ မိမိကို ယုံကြည်စွာ အလုပ်အပ်နှံတဲ့ Client ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ လိုအပ်ချက်တွေကို အကွက်စေ့ထောင့်စေ့လေ့လာပြီး ပိုမိုကောင်းမွန်တဲ့လုပ်ငန်းတစ်ခုဖြစ်လာဖို့ အကောင်းဆုံးအကြံဉာဏ်တွေကို ပေးရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ငန်း လုပ်ကိုင်မယ့်သူအနေနဲ့ အသိပညာဗဟုသုတပိုင်းသာမက Personal ပိုင်းဆိုင်ရာ ဝတ်စားဆင်ယင်မှု ၊ ပြောဆိုနေထိုင်မှုတွေကအစ ဂရုစိုက်ရမှာဖြစ်ပါတယ်။ ဒါမှလည်း လူအများအထင်ကြီးလေးစားမှုရှိစေပြီး ယုံကြည်စွာ အကြံကောင်း ဉာဏ်ကောင်းတွေကို တောင်းခံကြမှာဖြစ်ပါတယ်။ လူအများနဲ့ ပေါင်းသင်းဆက်ဆံရတာနှစ်သက်ပြီး အကောင်းဆုံးအကြံဉာဏ်တွေကိုပေးရတာ ဝါသနာပါတယ်ဆိုရင်တော့ ဒီလုပ်ငန်းဟာအဆင်ပြေဆုံး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

ေငြအရင္းအႏွီးအမ်ားႀကီးမလိုဘဲ လုပ္ကိုင္လို႔ရမယ့္ စီးပြားေရးလုပ္ငန္း (၅) ခု

လူတစရာမွာ (၉၀) ေလာက္က ဝန္ထမ္းဘဝကို စိတ္ကုန္ေနၾကပါတယ္။ ဒါေပမယ့္လည္း ေငြအရင္းအႏွီးမ်ားမ်ားစားစား မတတ္ႏိုင္တာကတစ္ေၾကာင္း ရွိတဲ့အရင္းအႏွီးေလးနဲ႔ ရင္းလိုက္လို႔ အရံႈးေပၚသြားမွာေၾကာက္ၾကတာကတစ္ေၾကာင္းဆိုေတာ့ ကိုယ္ပိုင္လုပ္ငန္းတစ္ခုကို လုပ္ကိုင္ဖို႔ ေျခတုန္ခ်တုန္ျဖစ္ေနတတ္ပါတယ္။ ဒါေပမယ့္ သင့္အေနနဲ႔ ေငြအရင္းအႏွီးအမ်ားႀကီးလည္း စိုက္မထုတ္ခ်င္ဘူး။ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းတစ္ခုလည္း စတင္ၾကည့္ခ်င္တယ္ဆိုရင္ေတာ့ အခုေျပာျပေပးမယ့္ လုပ္ငန္း (၅) ခုဟာ အမ်ားႀကီး အေထာက္အကူျဖစ္ေစမယ္လို႔ ယံုၾကည္ပါတယ္။

(၁) အြန္လိုင္းေရွာ့ပင္း

 

 

နည္းပညာေခတ္ႀကီးေရာက္လာတာနဲ႔ အမွ် လူေတာ္ေတာ္မ်ားမ်ား ဆိုရွယ္မီဒီယာေတြေပၚမွာပဲ အခ်ိန္ကုန္ဆံုးမႈမ်ားလာၾကပါတယ္။ လူေတြ အြန္လိုင္း အသံုးျပဳမႈမ်ားလာတဲ့အတြက္ အြန္လိုင္းေပၚကေန အလြယ္တကူ ေစ်းဝယ္ျခင္းဟာလည္း ေရပန္းစားလို႔လာပါတယ္။ အြန္လိုင္းေပၚက ေစ်းေရာင္းျခင္းဟာ ဆိုင္ခန္းခေတြ ပစၥည္းအရင္းအႏွီးေတြအမ်ားႀကီးမလိုဘဲ ဝယ္ယူသူနဲ႔ တိုက္ရိုက္ဆက္ဆံေရာင္းဝယ္လို႔တဲ့ အေကာင္းဆံုး စီးပြားေရးလုပ္ငန္းတစ္ခု ျဖစ္ပါတယ္။

(၂) အျမန္ေခ်ာပို႔ (Delivery)

 

ကုန္ပစၥည္းပို႔ေဆာင္ေရး (Delivery) လုပ္ငန္းဟာလည္း အရင္းအႏွီးမ်ားစြာမလိုဘဲ လုပ္ကိုင္လို႔ရမယ္ စီးပြားေရးလုပ္ငန္းတစ္ခုျဖစ္ပါတယ္။ ကိုယ့္အေနနဲ႔ တစ္ႏုိင္တစ္ပုိင္ပဲ လုပ္ကိုင္မယ္ဆိုလည္း အဆင္ေျပႏုိင္သလို သူငယ္ခ်င္း သံုးေလးေယာက္စုၿပီး လုပ္ကိုင္မယ္ဆိုလည္း သင့္ေတာ္တဲ့လုပ္ငန္းတစ္ခုပါ။ ယေန႔ေခတ္မွာ လူသံုးကုန္ပစၥည္းေတြ သာမက အစားအေသာက္ေတြကို Delivery စနစ္နဲ႔ အိမ္တိုင္ရာေရာက္ပို႔ေဆာင္ေပးတဲ့ ဝန္ေဆာင္မႈလုပ္ငန္းေတြကို တြင္တြင္က်ယ္က်ယ္အသံုးျပဳေနၾကတာေၾကာင့္ ဝယ္သူနဲ႔ ေရာင္းသူၾကားကို ခ်ိတ္ဆက္ေပးတဲ့ ပိုေဆာင္ေရးလုပ္ငန္းဟာ အသင့္ေတာ္ဆံုး စီးပြားေရးလုပ္ငန္းတစ္ခုျဖစ္ေစမွာပါ။

(၃) Pet Spa And Hotel

 

 

အိမ္ေမြးတိရစာၦန္ေလးေတြကို ခ်စ္ျမတ္ႏိုးသူေတြအတြက္ေတာ့ Pet Spa And Hotel လုပ္ငန္းဟာ အသင့္ေတာ္ဆံုး အိမ္တြင္းစီးပြားေရးတစ္ခုျဖစ္ေစမွာပါ။ အိမ္ေမြးတိရစာၦန္ေလးေတြ ေမြးထားတဲ့သူေတြအေနနဲ႔ သူတို႔ရဲ႕ အခ်စ္ေတာ္ ေၾကာင္ေလး ေခြးေတြရဲ႕ သန္႔ရွင္းမႈပိုင္းဆိုင္ရာ အေမႊးညွပ္ျခင္း၊ ေျခသည္းလက္သည္းညွပ္ျခင္း၊ ေရခ်ဳိးသန္႔စင္ျခင္း စတဲ့လုပ္ငန္းေတြကို အခ်ိန္ကုန္ခံၿပီး ျပဳလုပ္မေနေတာ့ဘဲ Pet Spa ေတြမွာ သြားေရာက္ျပဳလုပ္ၾကေလ့ရွိပါတယ္။ နယ္ေဝးခရီးသြားမယ့္သူေတြအေနနဲ႔လည္း အိမ္ေမြးတိရစာၦန္ေလးေတြကို ၾကည့္ရႈ႕ေစာင့္ေရွာက္ေပးမယ့္ Pet Hotel ေတြဟာ ေခတၱခဏသြားထားၾကပါတယ္။ ဒါေၾကာင့္ Pet Sap And Hotel လုပ္ငန္းဟာလည္း အရင္းအႏွီးအမ်ားႀကီးမကုန္ဘဲ တစ္ႏိုင္တစ္ပိုင္ျပဳလုပ္လို႔ရမယ့္ အိမ္တြင္းစီးပြားေရးတစ္ခုျဖစ္ပါတယ္။

(၄) ပင္မင္း

 

 

ပင္မင္းလုပ္ငန္းဟာ အဝတ္ေလွ်ာ္စက္ေလးတစ္လံုးရွိရံုနဲ႔ စတင္ႏိုင္မယ့္ အေကာင္းဆံုးစီးပြားေရးလုပ္ငန္းတစ္ခုျဖစ္ပါတယ္။ ယေန႔ေခတ္မွာ ေက်ာင္းသူေက်ာင္းသားေတြ အေဆာင္ေနတဲ့ ဝန္ထမ္းေတြ မအားမလပ္တဲ့သူေတြအေနနဲ႔ မိမိတို႔ရဲ႕ အဝတ္အစားေတြကို ပင္မင္းဆိုင္ပို႔ၾကပါတယ္။ ကိုယ့္အေနနဲ႔ အဝတ္ေလွ်ာ္စက္တစ္လံုးထဲနဲ႔ လုပ္ကိုင္ႏုိင္မွာျဖစ္သလို ခ်ဲ႕ရင္ခ်ဲ႕သလို လုပ္ငန္းတြင္က်င္မွာျဖစ္တာေၾကာင့္ ပင္မင္းလုပ္ငန္းဟာလည္း အေကာင္းဆံုးကိုယ္ပိုင္စီးပြားေရးလုပ္ငန္းေတြထဲကတစ္ခုျဖစ္ပါတယ္။

(၅) စီးပြားေရးအႀကံေပး

 

 

စီးပြားေရးအႀကံေပးလုပ္ငန္း လုပ္ကိုင္မယ့္သူေတြအေနနဲ႔ စီးပြားေရးဗဟုသုတျပည့္ဝေနဖို႔လိုသလို ေျပာင္းလဲေနတဲ့ ေခတ္နဲ႔အညီ မ်က္ေျခမပ်က္ရွိေနဖို႔လည္း အေရးႀကီးပါတယ္။ မိမိကို ယံုၾကည္စြာ အလုပ္အပ္ႏွံတဲ့ Client ရဲ႕ စီးပြားေရးလုပ္ငန္းေတြမွာ လိုအပ္ခ်က္ေတြကို အကြက္ေစ့ေထာင့္ေစ့ေလ့လာၿပီး ပိုမိုေကာင္းမြန္တဲ့လုပ္ငန္းတစ္ခုျဖစ္လာဖို႔ အေကာင္းဆံုးအႀကံဥာဏ္ေတြကို ေပးရမွာျဖစ္ပါတယ္။ ဒီလိုလုပ္ငန္း လုပ္ကိုင္မယ့္သူအေနနဲ႔ အသိပညာဗဟုသုတပိုင္းသာမက Personal ပိုင္းဆိုင္ရာ ဝတ္စားဆင္ယင္မႈ ၊ ေျပာဆိုေနထိုင္မႈေတြကအစ ဂရုစိုက္ရမွာျဖစ္ပါတယ္။ ဒါမွလည္း လူအမ်ားအထင္ႀကီးေလးစားမႈရွိေစၿပီး ယံုၾကည္စြာ အႀကံေကာင္း ဥာဏ္ေကာင္းေတြကို ေတာင္းခံၾကမွာျဖစ္ပါတယ္။ လူအမ်ားနဲ႔ ေပါင္းသင္းဆက္ဆံရတာႏွစ္သက္ၿပီး အေကာင္းဆံုးအႀကံဥာဏ္ေတြကိုေပးရတာ ဝါသနာပါတယ္ဆိုရင္ေတာ့ ဒီလုပ္ငန္းဟာအဆင္ေျပဆံုး ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းတစ္ခု ျဖစ္ပါတယ္။

 

 

Leave a Reply

Your email address will not be published. Required fields are marked *