Wed. Oct 27th, 2021

သောမတ်အက်ဒီဆင်ရဲ့ အောင်မြင်ရေး သင်ခန်းစာ ၇ ချက်

တီထွင်မှုကဝေကြီးဖြစ်တဲ့ သောမတ်အယ်ဗာအက်ဒီဆင်ကို လူတိုင်းလိုလို သိကြမှာပါ။ သမိုင်းတစ်လျှောက် အထင်ရှားဆုံး တီထွင်သူတွေထဲမှာ ပါတဲ့ အက်ဒီဆင်ဟာ အမေရိကန်က နည်းပညာမူပိုင်ခွင့်ရုံးမှာတင် မူပိုင်ခွင့်ပေါင်း ၁၀၉၃ ခု တင်ခဲ့သလို ပြင်သစ် ၊ ဂျာမဏီနဲ့ ယူကေနိုင်ငံတွေမှာလည်း သူ့ရဲ့ စမ်းသပ်တီထွင်မှုတွေကို နည်းပညာမူပိုင်ခွင့်တင်ထားသူ ဖြစ်ပါတယ်။

စာသင်ရခက်ပြီး ကလေးဘဝမှာ ထက်မြက်မှုကို မပြနိုင်ခဲ့တဲ့ အက်ဒီဆင်ကို လူ့သမိုင်းရဲ့ အကျော်ကြားဆုံး တီထွင်ပညာရှင်အဖြစ်ကို ရောက်စေခဲ့တာ သူ့ရဲ့ အောင်မြင်ရေးနည်းဥပဒေသတွေကြောင့်ပါပဲ။ အက်ဒီဆင်တစ်ယောက် သူ့ ဘဝကို ဘယ်လို မြှင့်တင်ခဲ့ပါသလဲ။

(၁) မဖြစ်နိုင်ခြင်း

 

ခေါင်းထဲက အကြံကောင်းဉာဏ်ကောင်းတွေကို ပွဲထုတ်ပြီး အလုပ်လုပ်တဲ့ အချိန်မှာ ရှေ့ သွားလို့မရအောင် ဖြစ်ရတဲ့အချိန်တွေ ရှိကြမှာပါ။ အက်ဒီဆင်ကတော့ ဒါမျိုးနဲ့ ဖက်မွေးလာတယ်လို့ ပြောရအောင်ကို သူ့ ဘဝမှာ လမ်းပိတ်နေတဲ့အချိန်တွေ အများကြီး ကြုံခဲ့သူဖြစ်ပါတယ်။ ဒီလိုကြုံလာတိုင်း သူ့ အယူအဆအရ အောင်မြင်မှုဟာ ဒီနားမှာပဲ ရှိတာကြောင့် စိတ်မပျက်ရဘူးဆိုတာပါပဲ။

(၂) ချွေး ၊ သွေး စတေး၍

 

အက်ဒီဆင်ရဲ့ နာမည်အကျော်ကြားဆုံး စကားတစ်ခွန်းက ပါရမီဆိုတာ စိတ်ကူးဉာဏ်တစ်ကျပ်သားမှာ ချွေး ၉၉ ကျပ်သားနဲ့ လာတဲ့ အရာဆိုတဲ့ စကားပါပဲ။ အခွင့်အလမ်းတွေကို လူတွေ မသိရတဲ့ အကြောင်းရင်းတစ်ခုက အလုပ်ကြမ်းသမား ဝတ်စုံနဲ့ လျှောက်သွားနေလို့ပါတဲ့။

(၃) စွမ်းဆောင်ရည်

 

ကျွန်တော်တို့ အစွမ်းရှိသလောက် လုပ်သွားရင် ကိုယ့်ဘာသာကိုယ်တောင် ပြန်အံ့သြနေရလိမ့်မယ်လို့တစ်ခါက အက်ဒီဆင် ပြောခဲ့ဖူးပါတယ်။ လူတော်တော်များများဟာ ကိုယ် တကယ့်လုပ်နိုင်စွမ်းရဲ့ အောက်မှာ နေထိုင်ကြတာကြောင့် ကိုယ့်ဘဝရဲ့ အမြင့်ဆုံးအနေအထားအထိ ရောက်မလာကြပါဘူး။

(၄) တစ်ကိုယ်ရည် နေထိုင်ခြင်း

 

အက်ဒီဆင်ဟာ သူ့ရဲ့ အကောင်းဆုံး အတွေးကို တစ်ကိုယ်တည်းနေချိန်မှာ ရခဲ့တယ်လို့ ဆိုပါတယ်။ နေ့စဉ်ဘဝမှာ ကိုယ့်အတွက် တစ်ကိုယ်ရည် နေထိုင်ပြီး ဘဝရှေ့ရေးအတွက်ဖြစ်စေ ၊ မြင့်မားတဲ့ အရည်အသွေးတစ်ခုအတွက် ဖြစ်စေ ၅ မိနစ် (သို့မဟုတ်) ၁၀ မိနစ်နေပေးသင့်ပါတယ်။

(၅) ဆက်တိုက်လုပ်ခြင်း

 

 

မနားမနေ ကြိုးစားတာဟာ တိုးတက်ဖို့ ပထမဆုံး မရှိမဖြစ်လိုတဲ့အရာလို့ အက်ဒီဆင်က ဆိုပါတယ်။ ကိုယ့်ကိုယ်ကို ကျေနပ်ရောင့်ရဲနေတဲ့သူဟာ တိုးတက်ဖို့ စိတ်မပါတာကြောင့် ဘဝတက်လမ်းတွေ ရှာဖြစ်မှာ မဟုတ်ပါဘူး။

(၆) အမြင်

 

 

စမ်းသပ်မှုတစ်ခုမှာ အက်ဒီဆင်ဟာ အကြိမ်ပေါင်း ၁ သောင်းအထိ မအောင်မမြင် ဖြစ်ခဲ့ပါတယ်။ သူကတော့ ဒါဟာ အလုပ်မဖြစ်တဲ့ နည်းလမ်း ၁ သောင်းကို တွေ့ခဲ့တာလို့ မြင်ပါတယ်။ ကိုယ်မြင်တဲ့ ရှုထောင့် ၊ ကိုယ်လက်ခံတဲ့ သဘောတရားဟာ ကိုယ့်ဘဝ အနိမ့်အမြင့်ကို ဆုံးဖြတ်ပါတယ်။

(၇) အလုပ်အောင်မြင်မယ့် နည်း ၃ ခု

 

 

ကိုယ်လုပ်တဲ့ အလုပ်တစ်ခု အောင်အောင်မြင်မြင် ပြီးမြောက်သွားဖို့အတွက် အက်ဒီဆင်မှာ ရိုးရှင်းတဲ့စကား ၃ လုံးနဲ့ လုပ်ပါတယ်။ ဒါကတော့ အလုပ်ကြိုးစားခြင်း ၊ ကျားကုတ်ကျားခဲ စွဲမြဲထက်သန်ခြင်းနဲ့ စိတ်အခံမှန်ဖို့ဆိုတဲ့ အချက်ပါ။ ဒီအချက်တွေဟာ အက်ဒီဆင်ရဲ့ဘဝမှာ နှစ်ပေါင်းများစွာ လေ့လာစမ်းသပ် အသုံးချပြီး ရခဲ့တဲ့ အောင်မြင်ရေး သင်ခန်းစာတွေဆိုလည်း မမှားပါဘူး။

ေသာမတ္အက္ဒီဆင္ရဲ႕ ေအာင္ျမင္ေရး သင္ခန္းစာ ၇ ခ်က္

တီထြင္မႈကေဝႀကီးျဖစ္တဲ့ ေသာမတ္အယ္ဗာအက္ဒီဆင္ကို လူတိုင္းလိုလို သိၾကမွာပါ။ သမိုင္းတစ္ေလွ်ာက္ အထင္ရွားဆံုး တီထြင္သူေတြထဲမွာ ပါတဲ့ အက္ဒီဆင္ဟာ အေမရိကန္က နည္းပညာမူပိုင္ခြင့္ရံုးမွာတင္ မူပိုင္ခြင့္ေပါင္း ၁၀၉၃ ခု တင္ခဲ့သလို ျပင္သစ္ ၊ ဂ်ာမဏီနဲ႔ ယူေကႏိုင္ငံေတြမွာလည္း သူ႔ရဲ႕ စမ္းသပ္တီထြင္မႈေတြကို နည္းပညာမူပိုင္ခြင့္တင္ထားသူ ျဖစ္ပါတယ္။

စာသင္ရခက္ၿပီး ကေလးဘဝမွာ ထက္ျမက္မႈကို မျပႏိုင္ခဲ့တဲ့ အက္ဒီဆင္ကို လူ႔သမိုင္းရဲ႕ အေက်ာ္ၾကားဆံုး တီထြင္ပညာရွင္အျဖစ္ကို ေရာက္ေစခဲ့တာ သူ႔ရဲ႕ ေအာင္ျမင္ေရးနည္းဥပေဒသေတြေၾကာင့္ပါပဲ။ အက္ဒီဆင္တစ္ေယာက္ သူ႔ ဘဝကို ဘယ္လို ျမွင့္တင္ခဲ့ပါသလဲ။

(၁) မျဖစ္ႏိုင္ျခင္း

 

 

ေခါင္းထဲက အႀကံေကာင္းဥာဏ္ေကာင္းေတြကို ပဲြထုတ္ၿပီး အလုပ္လုပ္တဲ့ အခ်ိန္မွာ ေရွ႕ သြားလို႔မရေအာင္ ျဖစ္ရတဲ့အခ်ိန္ေတြ ရိွၾကမွာပါ။ အက္ဒီဆင္ကေတာ့ ဒါမ်ိဳးနဲ႔ ဖက္ေမြးလာတယ္လို႔ ေျပာရေအာင္ကို သူ႔ ဘဝမွာ လမ္းပိတ္ေနတဲ့အခ်ိန္ေတြ အမ်ားႀကီး ႀကံဳခဲ့သူျဖစ္ပါတယ္။ ဒီလိုႀကံဳလာတိုင္း သူ႔ အယူအဆအရ ေအာင္ျမင္မႈဟာ ဒီနားမွာပဲ ရိွတာေၾကာင့္ စိတ္မပ်က္ရဘူးဆိုတာပါပဲ။

(၂) ေခြ်း ၊ ေသြး စေတး၍

 

 

အက္ဒီဆင္ရဲ႕ နာမည္အေက်ာ္ၾကားဆံုး စကားတစ္ခြန္းက ပါရမီဆိုတာ စိတ္ကူးဥာဏ္တစ္က်ပ္သားမွာ ေခြ်း ၉၉ က်ပ္သားနဲ႔ လာတဲ့ အရာဆိုတဲ့ စကားပါပဲ။ အခြင့္အလမ္းေတြကို လူေတြ မသိရတဲ့ အေၾကာင္းရင္းတစ္ခုက အလုပ္ၾကမ္းသမား ဝတ္စံုနဲ႔ ေလွ်ာက္သြားေနလို႔ပါတဲ့။

(၃) စြမ္းေဆာင္ရည္

 

 

ကြ်န္ေတာ္တို႔ အစြမ္းရိွသေလာက္ လုပ္သြားရင္ ကိုယ့္ဘာသာကိုယ္ေတာင္ ျပန္အံ့ၾသေနရလိမ့္မယ္လို ့တစ္ခါက အက္ဒီဆင္ ေျပာခဲ့ဖူးပါတယ္။ လူေတာ္ေတာ္မ်ားမ်ားဟာ ကိုယ္ တကယ့္လုပ္ႏိုင္စြမ္းရဲ႕ ေအာက္မွာ ေနထိုင္ၾကတာေၾကာင့္ ကိုယ့္ဘဝရဲ႕ အျမင့္ဆံုးအေနအထားအထိ ေရာက္မလာၾကပါဘူး။

(၄) တစ္ကိုယ္ရည္ ေနထိုင္ျခင္း

 

 

အက္ဒီဆင္ဟာ သူ႔ရဲ႕ အေကာင္းဆံုး အေတြးကို တစ္ကိုယ္တည္းေနခ်ိန္မွာ ရခဲ့တယ္လို႔ ဆိုပါတယ္။ ေန႕စဥ္ဘဝမွာ ကိုယ့္အတြက္ တစ္ကိုယ္ရည္ ေနထိုင္ၿပီး ဘဝေရွ႕ေရးအတြက္ျဖစ္ေစ ၊ ျမင့္မားတဲ့ အရည္အေသြးတစ္ခုအတြက္ ျဖစ္ေစ ၅ မိနစ္ (သို႔မဟုတ္) ၁၀ မိနစ္ေနေပးသင့္ပါတယ္။

(၅) ဆက္တိုက္လုပ္ျခင္း

 

\

မနားမေန ႀကိဳးစားတာဟာ တိုးတက္ဖို႔ ပထမဆံုး မရိွမျဖစ္လိုတဲ့အရာလို႔ အက္ဒီဆင္က ဆိုပါတယ္။ ကိုယ့္ကိုယ္ကို ေက်နပ္ေရာင့္ရဲေနတဲ့သူဟာ တိုးတက္ဖို႔ စိတ္မပါတာေၾကာင့္ ဘဝတက္လမ္းေတြ ရွာျဖစ္မွာ မဟုတ္ပါဘူး။

(၆) အျမင္

 

 

စမ္းသပ္မႈတစ္ခုမွာ အက္ဒီဆင္ဟာ အႀကိမ္ေပါင္း ၁ ေသာင္းအထိ မေအာင္မျမင္ ျဖစ္ခဲ့ပါတယ္။ သူကေတာ့ ဒါဟာ အလုပ္မျဖစ္တဲ့ နည္းလမ္း ၁ ေသာင္းကို ေတြ႔ခဲ့တာလို႔ ျမင္ပါတယ္။ ကိုယ္ျမင္တဲ့ ရႈေထာင့္ ၊ ကိုယ္လက္ခံတဲ့ သေဘာတရားဟာ ကိုယ့္ဘဝ အနိမ့္အျမင့္ကို ဆံုးျဖတ္ပါတယ္။

(၇) အလုပ္ေအာင္ျမင္မယ့္ နည္း ၃ ခု

 

 

ကိုယ္လုပ္တဲ့ အလုပ္တစ္ခု ေအာင္ေအာင္ျမင္ျမင္ ၿပီးေျမာက္သြားဖို႔အတြက္ အက္ဒီဆင္မွာ ရိုးရွင္းတဲ့စကား ၃ လံုးနဲ႔ လုပ္ပါတယ္။ ဒါကေတာ့ အလုပ္ႀကိဳးစားျခင္း ၊ က်ားကုတ္က်ားခဲ စဲြၿမဲထက္သန္ျခင္းနဲ႔ စိတ္အခံမွန္ဖို႔ဆိုတဲ့ အခ်က္ပါ။ ဒီအခ်က္ေတြဟာ အက္ဒီဆင္ရဲ႕ဘဝမွာ ႏွစ္ေပါင္းမ်ားစြာ ေလ့လာစမ္းသပ္ အသံုးခ်ၿပီး ရခဲ့တဲ့ ေအာင္ျမင္ေရး သင္ခန္းစာေတြဆိုလည္း မမွားပါဘူး။

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *