Wed. Oct 27th, 2021

အောင်မြင်မှုနဲ့ ပါလာမယ့် ခါးသီးတဲ့ အမှန်တရား ၇ မျိုး

အောင်မြင်ခြင်းဟာ လူတစ်ယောက်ချင်းစီရဲ့ အယူအဆကို လိုက်ပြီး ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ တစ်ချို့သူတွေဟာ ထင်ရှားကျော်ကြားမှုကို အောင်မြင်တယ်လို့ သတ်မှတ်ပြီး တစ်ချို့သူတွေကတော့ ချမ်းသာကြွယ်ဝတာကို အောင်မြင်မှုလို့ အဓိပ္ပါယ်ဖွင့်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် အောင်မြင်မှုဟာ လူတိုင်းကို ချိုတဲ့ အရသာတင်ပေးတာမဟုတ်ဘဲ ခါးသီးတဲ့ အမှန်တရားတစ်ချို့ပါ ထည့်ပေးတတ်ပါတယ်။

(၁) အောင်မြင်တယ်ဆိုတာ ချမ်းသာတာကိုပဲ ပြောတာ မဟုတ်ပါဘူး

 

ငွေရှိရုံနဲ့တင် အောင်မြင်တဲ့ဘဝလို့ ပြောလို့မရပါဘူး။ ကမ္ဘာကျော် ပန်းချီလက်ရာကောင်းတစ်ခုကို ဖန်တီးတဲ့ ပန်းချီဆရာအကျော်အမော်တစ်ယောက်အတွက် ငွေထက် သူ့ရဲ့ ဂန္တဝင် လက်ရာကိုပဲ မက်မောမှာပါ။ ဘဝမှာ ကိုယ်လိုချင်တာကို ရတာ အောင်မြင်မှုဖြစ်တာကြောင့် အောင်မြင်မှုအကြောင်း ပြောမယ်ဆိုရင် ကိုယ်လိုချင်တာ ရနေပြီလားဆိုတဲ့ မေးခွန်းကို မေးပြီး ဖြေရမှာပါ။

(၂) မိတ်ဆွေတစ်ချို့လည်း ဆုံးရှုံးနိုင်တယ်

 

အောင်မြင်ရေးလမ်းကြောင်းကို သွားတဲ့အချိန်ဟာ စိတ်ရောလူရော အပင်ပန်းဆုံး အချိန် ဖြစ်ပါတယ်။ အခန့်မသင့်ရင် မိတ်ဆွေတွေပါ ဆုံးရှုံးနိုင်ပါတယ်။ နေ့တိုင်း အလုပ်တွေ ပိုလုပ်ရလာပြီး တစ်ချို့လူတွေကို အချိန်မပေးချင်တော့တာ ဖြစ်လာပါမယ်။ လူမှုရေးအရ သွားတွေ့ရမယ့် ပွဲတွေနဲ့ လူတွေကို အဆက်အသွယ် ဖြတ်တာ များလာတာကြောင့် တစ်ချို့သူတွေလည်း ကိုယ့်ဘဝထဲက ထွက်သွားကြပါလိမ့်မယ်။

(၃) ကိုယ်ကြိုက်တာတိုင်းလည်း လုပ်ဖြစ်မှာ မဟုတ်ဘူး

 

လူတွေဟာ ကိုယ်သတ်မှတ်တဲ့ အောင်မြင်မှု အဓိပ္ပါယ်ကို ဖြည့်တင်းရင်းနဲ့အချိန်တွေ အများကြီး ကုန်သွားကြပါတယ်။ မနက် ၉ နာရီကနေ ညနေ ၅ နာရီအလုပ်လုပ်ရတဲ့ ဝန်ထမ်းတွေရဲ့ ဘဝမှာရော ပျော်တယ်လို့ ထင်ပါသလား။ ကိုယ်ကြိုက်တာ ကိုယ်လုပ်လို့ ပြောမယ်ဆိုရင် လူတိုင်းဟာ ကမ်းခြေသွားပြီး ဘီယာပုလင်းလေးနဲ့ ငြိမ့်ချင်ကြမှာပါ။ တကယ်တမ်းတော့ အောင်မြင်မှုဆီ သွားတဲ့ အချိန်မှာ ကိုယ် ကြိုက်တာတိုင်းလည်း လုပ်ဖြစ်မှာ မဟုတ်ပါဘူး။

(၄) စွန့်လွှတ်မှုတွေ များမယ်

 

 

အောင်မြင်မှုနောက် လိုက်ကြရင်း ကိုယ့်မှာ လက်လွှတ်လိုက်ရတာတွေ များလာပါလိမ့်မယ်။ အားလပ်တဲ့ အချိန်တွေ နည်းလာမယ် ၊ တစ်ရက်ကို အလုပ်ချိန် နာရီ ၆၀-၇၀ ဖြစ်လာမယ် ၊ သူငယ်ချင်းတွေနဲ့ အရင်လို နေနိုင်ဖို့ မလွယ်တော့ဘူး။ နောက်ဆုံး ကိုယ့်ကောင်မလေးကိုပါ အချိန်ပေးနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါတွေဟာ အောင်မြင်ဖို့အတွက် ကြိုးစားချိန်မှာ မဖြစ်မနေဆိုသလို ကြုံလာနိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။

(၅) ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ အများကြီး ချရမယ်

 

 

အထက်ကို ရောက်လာတဲ့သူတွေ ပြတ်သားတယ်ဆိုတာ အကြောင်းမဲ့ မဟုတ်ပါဘူး။ သူတို့ဘဝမှာ ဘေးကျပ်နံကျပ် ခက်ခဲလှတဲ့ ဆုံးဖြတ်ချက်တွေကို တစ်ခုမက ချခဲ့ပြီးသလို နောင်လည်း အလားတူ ဆုံးဖြတ်ချက် ချဖို့လိုရင် ဒီလိုပဲ ဆုံးဖြတ်ချက် ချသွားမှာပါ။

(၆) ကိုယ့်မှာ တာဝန်တွေ များလာတယ်

 

 

ကောင်းတာပဲ ဖြစ်ဖြစ် ဆိုးတာပဲ ဖြစ်ဖြစ် တစ်ခုခု ဖြစ်တိုင်းလည်း ကိုယ့်ခေါင်းပေါ်ပဲ ရောက်လာမှာပါ။ ဒါကို ရှောင်လွဲှလို့မရသလို တာဝန်ယူမှုလည်း အပြည့်ရှိလာပါတယ်။ စိန်ခေါ်မှုတွေ ၊ ရွေးစရာတွေနဲ့ မတူကွဲပြားတဲ့ စတေးမှုတွေ ရှိလာပါပြီ ။ အမေ့ကိုလည်း ပြောလို့မရ ၊ အဖေ့ကိုလည်း ပြောလို့မရ ကိုယ်ရွေးထားတဲ့ ဘဝမှာ ကိုယ့်လက်ကိုယ့်ခြေကိုပဲ အားကိုး ရှေ့ဆက်ရတော့မယ့်အချိန်ပါပဲ။

(၇) အပြောင်းအလဲတွေကို လက်ခံရမယ်

 

 

အောင်မြင်ချင်ရင် အပြောင်းအလဲတွေကို ရှောင်လို့မရပါဘူး။ မကောင်းတဲ့ လူနဲ့လည်း မျက်နှာချင်းဆိုင် စကားပြောရသလို ၊ မလုပ်ချင်တဲ့ အလုပ်ခွင်မှာလည်း အလိုက်သင့် နေရပါလိမ့်မယ်။ ဈေးကွက်တစ်ခုမှာ ကျင်လည်နေတယ်ဆိုရင် ဒီဈေးကွက်ရဲ့ ရေစီးကြောင်းကို အများကြီး ကြိုတွက်ဖို့ လိုသလို တွေ့လာမယ့် စိန်ခေါ်မှုတွေနဲ့ အပြောင်းအလဲတွေအတွက်လည်း ကိုယ့်ကိုယ်ကို ပြင်ဆင်ထားရပါတယ်။

 

ေအာင္ျမင္မႈနဲ႔ ပါလာမယ့္ ခါးသီးတဲ့ အမွန္တရား ၇ မ်ိဳး

ေအာင္ျမင္ျခင္းဟာ လူတစ္ေယာက္ခ်င္းစီရဲ႕ အယူအဆကို လိုက္ၿပီး ကဲြျပားျခားနားမႈေတြ ရိွပါတယ္။ တစ္ခ်ိဳ႕သူေတြဟာ ထင္ရွားေက်ာ္ၾကားမႈကို ေအာင္ျမင္တယ္လို႔ သတ္မွတ္ၿပီး တစ္ခ်ိဳ႕သူေတြကေတာ့ ခ်မ္းသာၾကြယ္ဝတာကို ေအာင္ျမင္မႈလို႔ အဓိပၸါယ္ဖြင့္ၾကပါတယ္။ ဘာပဲျဖစ္ျဖစ္ ေအာင္ျမင္မႈဟာ လူတိုင္းကို ခ်ိဳတဲ့ အရသာတင္ေပးတာမဟုတ္ဘဲ ခါးသီးတဲ့ အမွန္တရားတစ္ခ်ိဳ႕ပါ ထည့္ေပးတတ္ပါတယ္။

(၁) ေအာင္ျမင္တယ္ဆိုတာ ခ်မ္းသာတာကိုပဲ ေျပာတာ မဟုတ္ပါဘူး

 

 

ေငြရွိရံုနဲ႔တင္ ေအာင္ျမင္တဲ့ဘဝလို႔ ေျပာလို႔မရပါဘူး။ ကမၻာေက်ာ္ ပန္းခ်ီလက္ရာေကာင္းတစ္ခုကို ဖန္တီးတဲ့ ပန္းခ်ီဆရာအေက်ာ္အေမာ္တစ္ေယာက္အတြက္ ေငြထက္ သူ႔ရဲ႕ ဂႏၱဝင္ လက္ရာကိုပဲ မက္ေမာမွာပါ။ ဘဝမွာ ကိုယ္လိုခ်င္တာကို ရတာ ေအာင္ျမင္မႈျဖစ္တာေၾကာင့္ ေအာင္ျမင္မႈအေၾကာင္း ေျပာမယ္ဆိုရင္ ကိုယ္လိုခ်င္တာ ရေနၿပီလားဆိုတဲ့ ေမးခြန္းကို ေမးၿပီး ေျဖရမွာပါ။

(၂) မိတ္ေဆြတစ္ခ်ိဳ႕လည္း ဆံုးရံႈးႏိုင္တယ္

 

 

ေအာင္ျမင္ေရးလမ္းေၾကာင္းကို သြားတဲ့အခ်ိန္ဟာ စိတ္ေရာလူေရာ အပင္ပန္းဆံုး အခ်ိန္ ျဖစ္ပါတယ္။ အခန္႔မသင့္ရင္ မိတ္ေဆြေတြပါ ဆံုးရံႈးႏိုင္ပါတယ္။ ေန႔တိုင္း အလုပ္ေတြ ပိုလုပ္ရလာၿပီး တစ္ခ်ိဳ႕လူေတြကို အခ်ိန္မေပးခ်င္ေတာ့တာ ျဖစ္လာပါမယ္။ လူမႈေရးအရ သြားေတြ႔ရမယ့္ ပဲြေတြနဲ႔ လူေတြကို အဆက္အသြယ္ ျဖတ္တာ မ်ားလာတာေၾကာင့္ တစ္ခ်ိဳ႕သူေတြလည္း ကိုယ့္ဘဝထဲက ထြက္သြားၾကပါလိမ့္မယ္။

(၃) ကိုယ္ႀကိဳက္တာတိုင္းလည္း လုပ္ျဖစ္မွာ မဟုတ္ဘူး

 

 

လူေတြဟာ ကိုယ္သတ္မွတ္တဲ့ ေအာင္ျမင္မႈ အဓိပၸါယ္ကို ျဖည့္တင္းရင္းနဲ ့အခ်ိန္ေတြ အမ်ားႀကီး ကုန္သြားၾကပါတယ္။ မနက္ ၉ နာရီကေန ညေန ၅ နာရီအလုပ္လုပ္ရတဲ့ ဝန္ထမ္းေတြရဲ႕ ဘဝမွာေရာ ေပ်ာ္တယ္လို႔ ထင္ပါသလား။ ကိုယ္ႀကိဳက္တာ ကိုယ္လုပ္လို႔ ေျပာမယ္ဆိုရင္ လူတိုင္းဟာ ကမ္းေျခသြားျပီး ဘီယာပုလင္းေလးနဲ႔ ၿငိမ့္ခ်င္ၾကမွာပါ။ တကယ္တမ္းေတာ့ ေအာင္ျမင္မႈဆီ သြားတဲ့ အခ်ိန္မွာ ကိုယ္ ႀကိဳက္တာတိုင္းလည္း လုပ္ျဖစ္မွာ မဟုတ္ပါဘူး။

(၄) စြန္႔လႊတ္မႈေတြ မ်ားမယ္

 

 

ေအာင္ျမင္မႈေနာက္ လိုက္ၾကရင္း ကိုယ့္မွာ လက္လႊတ္လိုက္ရတာေတြ မ်ားလာပါလိမ့္မယ္။ အားလပ္တဲ့ အခ်ိန္ေတြ နည္းလာမယ္ ၊ တစ္ရက္ကို အလုပ္ခ်ိန္ နာရီ ၆၀-၇၀ ျဖစ္လာမယ္ ၊ သူငယ္ခ်င္းေတြနဲ႔ အရင္လို ေနႏိုင္ဖို႔ မလြယ္ေတာ့ဘူး။ ေနာက္ဆံုး ကိုယ့္ေကာင္မေလးကိုပါ အခ်ိန္ေပးႏုိင္မွာ မဟုတ္ေတာ့ပါဘူး။ ဒါေတြဟာ ေအာင္ျမင္ဖို႔အတြက္ ႀကိဳးစားခ်ိန္မွာ မျဖစ္မေနဆိုသလို ၾကံဳလာႏိုင္တဲ့ အခ်က္ေတြ ျဖစ္ပါတယ္။

(၅) ခက္ခဲတဲ့ ဆံုးျဖတ္ခ်က္ေတြ အမ်ားႀကီး ခ်ရမယ္

 

 

အထက္ကို ေရာက္လာတဲ့သူေတြ ျပတ္သားတယ္ဆိုတာ အေၾကာင္းမဲ့ မဟုတ္ပါဘူး။ သူတို႔ဘဝမွာ ေဘးက်ပ္နံက်ပ္ ခက္ခဲလွတဲ့ ဆံုးျဖတ္ခ်က္ေတြကို တစ္ခုမက ခ်ခဲ့ၿပီးသလို ေနာင္လည္း အလားတူ ဆံုးျဖတ္ခ်က္ ခ်ဖို႔လိုရင္ ဒီလိုပဲ ဆံုးျဖတ္ခ်က္ ခ်သြားမွာပါ။

(၆) ကိုယ့္မွာ တာဝန္ေတြ မ်ားလာတယ္

 

 

ေကာင္းတာပဲ ျဖစ္ျဖစ္ ဆိုးတာပဲ ျဖစ္ျဖစ္ တစ္ခုခု ျဖစ္တိုင္းလည္း ကိုယ့္ေခါင္းေပၚပဲ ေရာက္လာမွာပါ။ ဒါကို ေရွာင္လဲႊလို႔မရသလို တာဝန္ယူမႈလည္း အျပည့္ရိွလာပါတယ္။ စိန္ေခၚမႈေတြ ၊ ေရြးစရာေတြနဲ႔ မတူကဲြျပားတဲ့ စေတးမႈေတြ ရိွလာပါၿပီ ။ အေမ့ကိုလည္း ေျပာလို႔မရ ၊ အေဖ့ကိုလည္း ေျပာလို႔မရ ကိုယ္ေရြးထားတဲ့ ဘဝမွာ ကိုယ့္လက္ကိုယ့္ေျခကိုပဲ အားကိုး ေရွ႕ဆက္ရေတာ့မယ့္အခ်ိန္ပါပဲ။

(၇) အေျပာင္းအလဲေတြကို လက္ခံရမယ္

 

 

ေအာင္ျမင္ခ်င္ရင္ အေျပာင္းအလဲေတြကို ေရွာင္လို႔မရပါဘူး။ မေကာင္းတဲ့ လူနဲ႔လည္း မ်က္ႏွာခ်င္းဆိုင္ စကားေျပာရသလို ၊ မလုပ္ခ်င္တဲ့ အလုပ္ခြင္မွာလည္း အလိုက္သင့္ ေနရပါလိမ့္မယ္။ ေစ်းကြက္တစ္ခုမွာ က်င္လည္ေနတယ္ဆိုရင္ ဒီေစ်းကြက္ရဲ႕ ေရစီးေၾကာင္းကို အမ်ားႀကီး ႀကိဳတြက္ဖို႔ လိုသလို ေတြ႔လာမယ့္ စိန္ေခၚမႈေတြနဲ႔ အေျပာင္းအလဲေတြအတြက္လည္း ကိုယ့္ကိုယ္ကို ျပင္ဆင္ထားရပါတယ္။

 

Credit: Original Writer
Sharing By: #Believe In yourself

 

Leave a Reply

Your email address will not be published. Required fields are marked *