Tue. Oct 26th, 2021

သူများတွေထက် တိုးတက်မှုနှုန်း နှောင့်နှေးနေတာ ဘာကြောင့်လဲ

 

တစ်ကျောင်းထဲအတူတူတက်ခဲ့တဲ့ သူငယ်ချင်းတွေက လက်ရှိမှာနေရာတစ်ခုစီ အသီးသီးရနေကြပြီး ကိုယ်ပဲမဖြစ်စလောက် လစာလေးနဲ့ ကျေနပ်စရာမကောင်းတဲ့ အခြေအနေတစ်ခုမှာ ရပ်တန့်နေတယ်လို့ ခံစားနေရပြီလား။ ဒါဆိုရင် သင့်မှာ ပြောင်းလဲရမယ့်အချက်တွေ အများကြီးရှိနေပါပြီ။ သင်ဟာဒီလိုအခြေအနေမျိုးနဲ့ စိတ်အားငယ်နေတယ်ဆိုရင်တော့ အခုပြောပြမယ် အချက်လေးတွေကို လိုက်နာဆောင်ရွက်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၁) စွန့်စားမှုရှိပါ

 

အောင်မြင်တိုးတက်တဲ့ ဘဝတစ်ခုရရှိဖို့ ထိုင်စဉ်းစားနေရုံနဲ့တော့ လက်တွေ့ဖြစ်မလာနိုင်ပါဘူး။ လက်ရှိနယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ သူတိုင်းဟာလည်း တစ်ချိန်ကသင့်လိုပါပဲ။ ဒါပေမယ့်သူတို့မှာ စွန့်စားလိုစိတ်တော့အပြည့်ရှိကြပါတယ်။ စွန့်စားမှုရှိမှသာ အောင်မြင်မှုဆိုတာဖြစ်လာမှာပါ။ ဘဝအတွက် စွန့်စွန့်စားစားကြိုးစားမယ်လို့ ဆုံးဖြတ်ပြီးရင်လည်း ဘယ်တော့မှ ခြေတုန်ချတုန်မဖြစ်ပါနဲ့။ မျှော်မှန်းထားတဲ့ ရည်မှန်းချက် ပန်းတိုင်ကို အရောက်လှမ်းနိုင်အောင်ကြိုးစားပါ။

(၂) ယုံကြည်မှုရှိပါ

 

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းဟာ အောင်မြင်မှုရဲ့ လမ်းစတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဘာပဲလုပ်လုပ် ငါလုပ်ရင်ဖြစ်နိုင်တယ်ဆိုတဲ့ စိတ်ကိုမွေးမြူထားသင့်ပါတယ်။ ကိုယ်လုပ်နေတဲ့အရာတစ်ခုအပေါ် ဘယ်တော့မှ သံသယမဝင်ပါနဲ့။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမှသာလျှင် ကိုယ်ရဲ့ အလုပ်ရှင် ကိုယ်နဲ့အတူအလုပ်လုပ်ကိုင်မယ့် လုပ်ဖော်ကိုင်ဖက်တွေဟာလည်း ယုံကြည်လေးစားလာမှာဖြစ်ပါတယ်။

(၃) အချိန်ဖြုန်းတာတွေ လျော့ပါ

 

တစ်နေ့ကို ဘယ်နှစ်နာရီလောက် အချိန်ဖြုန်းနေမိလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပါ။ ကိုယ့်အနေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တဲ့အချိန်တွေ များနေပြီလား ဖုန်းတွေ ဆိုရှယ်မီဒီယာတွေသုံးတဲ့ Screen Time တွေ များနေပြီလား ဆိုတာပြန်တွက်ချက်ကြည့်ပါ။ အချိန်ဖြုန်းမိစေမယ့်အရာတွေကို အတတ်နိုင်ဆုံးရှောင်ကျဉ်ပြီး အကျိုးရှိတဲ့အလုပ်တွေနဲ့ အချိန်ကုန်ဆုံးဖို့ကြိုးစားပါ။

(၄) နောက်တစ်နေ့ကိုရွေ့တတ်တဲ့ အကျင့်ကို ဖျောက်ပါ

 

ဒီနေ့တော့ ငါအေးဆေးနေလို့ရသေးတာပဲ နောက်နေ့မှလုပ်လည်း ဖြစ်ပါတယ်ဆိုတဲ့ အကျင့်တွေကို အပြီးတိုင်ဖျောက်လိုက်ပါ။ ဘယ်အရာတွေက သင့်ကိုတားဆီးနေတာလဲ၊ ပင်ပန်းမှုတွေလား ငွေကြေးကြောင့်လား ဒါမှမဟုတ် ပျင်းရိစိတ်ကြောင့် သင်ကိုယ်တိုင် အကျင့်ဆိုးတွေ မွေးယူနေမိတာလားဆိုတာကို သုံးသပ်လေ့လာတတ်ဖို့ လိုပါတယ်။ ဒီနေ့ ပြီးဆုံးအောင်လုပ်ရမယ့်တာဝန်တွေကို နောက်နေ့ကူးတာမျိုး လုံးဝမဖြစ်ပါစေနဲ့။

(၅) လက်လျော့အရှုံးပေးတတ်ခြင်းကို ရှောင်ပါ

 

 

ဘယ်လိုခက်ခဲတဲ့အရာတွေပဲ ရှိနေပါစေ ဘယ်တော့မှ အရှုံးမပေးလိုက်ပါနဲ့။ ကျရှုံးမှုဟာ အရှုံးတစ်ခုမဟုတ်ပါဘူး။ လက်လျော့မှသာ အရှုံးတစ်ခုဖြစ်မှာပါ။ အရှုံးဟာ တကယ်တော့ အကောင်းဆုံးသင်ခန်းစာတွေပဲ ဖြစ်ပါတယ်။ အရှုံးကိုလက်ခံနိုင်ပြီး လက်လျော့မှုမရှိဘဲ ဆက်လက်ကြိုးစားနေမှသာ အောင်မြင်မှုအတိုင်းအတာတစ်ခု ရရှိလာမှာဖြစ်ပါတယ်။

 

သူမ်ားေတြထက္ တိုးတက္မႈႏႈန္း ေႏွာင့္ေႏွးေနတာ ဘာေၾကာင့္လဲ
တစ္ေက်ာင္းထဲအတူတူတက္ခဲ့တဲ့ သူငယ္ခ်င္းေတြက လက္ရွိမွာေနရာတစ္ခုစီ အသီးသီးရေနၾကၿပီး ကိုယ္ပဲမျဖစ္စေလာက္ လစာေလးနဲ႔ ေက်နပ္စရာမေကာင္းတဲ့ အေျခအေနတစ္ခုမွာ ရပ္တန႔္ေနတယ္လို႔ ခံစားေနရၿပီလား။ ဒါဆိုရင္ သင့္မွာ ေျပာင္းလဲရမယ့္အခ်က္ေတြ အမ်ားႀကီးရွိေနပါၿပီ။ သင္ဟာဒီလိုအေျခအေနမ်ိဳးနဲ႔ စိတ္အားငယ္ေနတယ္ဆိုရင္ေတာ့ အခုေျပာျပမယ္ အခ်က္ေလးေတြကို လိုက္နာေဆာင္႐ြက္ၾကည့္ဖို႔ အႀကံျပဳခ်င္ပါတယ္။

(၁) စြန႔္စားမႈရွိပါ

 

Source : Ontime Ops

ေအာင္ျမင္တိုးတက္တဲ့ ဘဝတစ္ခုရရွိဖို႔ ထိုင္စဥ္းစားေန႐ုံနဲ႔ေတာ့ လက္ေတြ႕ျဖစ္မလာႏိုင္ပါဘူး။ လက္ရွိနယ္ပယ္အသီးသီးမွာ ေအာင္ျမင္ေနတဲ့ သူတိုင္းဟာလည္း တစ္ခ်ိန္ကသင့္လိုပါပဲ။ ဒါေပမယ့္သူတို႔မွာ စြန႔္စားလိုစိတ္ေတာ့အျပည့္ရွိၾကပါတယ္။ စြန႔္စားမႈရွိမွသာ ေအာင္ျမင္မႈဆိုတာျဖစ္လာမွာပါ။ ဘဝအတြက္ စြန႔္စြန႔္စားစားႀကိဳးစားမယ္လို႔ ဆုံးျဖတ္ၿပီးရင္လည္း ဘယ္ေတာ့မွ ေျခတုန္ခ်တုန္မျဖစ္ပါနဲ႔။ ေမွ်ာ္မွန္းထားတဲ့ ရည္မွန္းခ်က္ ပန္းတိုင္ကို အေရာက္လွမ္းႏိုင္ေအာင္ႀကိဳးစားပါ။

(၂) ယုံၾကည္မႈရွိပါ

 

 

ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိျခင္းဟာ ေအာင္ျမင္မႈရဲ႕ လမ္းစတစ္ခုလို႔ ဆိုႏိုင္ပါတယ္။ ဘာပဲလုပ္လုပ္ ငါလုပ္ရင္ျဖစ္ႏိုင္တယ္ဆိုတဲ့ စိတ္ကိုေမြးျမဴထားသင့္ပါတယ္။ ကိုယ္လုပ္ေနတဲ့အရာတစ္ခုအေပၚ ဘယ္ေတာ့မွ သံသယမဝင္ပါနဲ႔။ ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိမွသာလွ်င္ ကိုယ္ရဲ႕ အလုပ္ရွင္ ကိုယ္နဲ႔အတူအလုပ္လုပ္ကိုင္မယ့္ လုပ္ေဖာ္ကိုင္ဖက္ေတြဟာလည္း ယုံၾကည္ေလးစားလာမွာျဖစ္ပါတယ္။

(၃) အခ်ိန္ျဖဳန္းတာေတြ ေလ်ာ့ပါ

 

 

တစ္ေန႔ကို ဘယ္ႏွစ္နာရီေလာက္ အခ်ိန္ျဖဳန္းေနမိလဲဆိုတာ ကိုယ့္ကိုယ္ကို ျပန္သုံးသပ္ပါ။ ကိုယ့္အေနနဲ႔ လက္ဖက္ရည္ဆိုင္ထိုင္တဲ့အခ်ိန္ေတြ မ်ားေနၿပီလား ဖုန္းေတြ ဆိုရွယ္မီဒီယာေတြသုံးတဲ့ Screen Time ေတြ မ်ားေနၿပီလား ဆိုတာျပန္တြက္ခ်က္ၾကည့္ပါ။ အခ်ိန္ျဖဳန္းမိေစမယ့္အရာေတြကို အတတ္ႏိုင္ဆုံးေရွာင္က်ဥ္ၿပီး အက်ိဳးရွိတဲ့အလုပ္ေတြနဲ႔ အခ်ိန္ကုန္ဆုံးဖို႔ႀကိဳးစားပါ။

(၄) ေနာက္တစ္ေန႔ကိုေ႐ြ႕တတ္တဲ့ အက်င့္ကို ေဖ်ာက္ပါ

 

 

ဒီေန႔ေတာ့ ငါေအးေဆးေနလို႔ရေသးတာပဲ ေနာက္ေန႔မွလုပ္လည္း ျဖစ္ပါတယ္ဆိုတဲ့ အက်င့္ေတြကို အၿပီးတိုင္ေဖ်ာက္လိုက္ပါ။ ဘယ္အရာေတြက သင့္ကိုတားဆီးေနတာလဲ၊ ပင္ပန္းမႈေတြလား ေငြေၾကးေၾကာင့္လား ဒါမွမဟုတ္ ပ်င္းရိစိတ္ေၾကာင့္ သင္ကိုယ္တိုင္ အက်င့္ဆိုးေတြ ေမြးယူေနမိတာလားဆိုတာကို သုံးသပ္ေလ့လာတတ္ဖို႔ လိုပါတယ္။ ဒီေန႔ ၿပီးဆုံးေအာင္လုပ္ရမယ့္တာဝန္ေတြကို ေနာက္ေန႔ကူးတာမ်ိဳး လုံးဝမျဖစ္ပါေစနဲ႔။

(၅) လက္ေလ်ာ့အရႈံးေပးတတ္ျခင္းကို ေရွာင္ပါ

 

 

ဘယ္လိုခက္ခဲတဲ့အရာေတြပဲ ရွိေနပါေစ ဘယ္ေတာ့မွ အရႈံးမေပးလိုက္ပါနဲ႔။ က်ရႈံးမႈဟာ အရႈံးတစ္ခုမဟုတ္ပါဘူး။ လက္ေလ်ာ့မွသာ အရႈံးတစ္ခုျဖစ္မွာပါ။ အရႈံးဟာ တကယ္ေတာ့ အေကာင္းဆုံးသင္ခန္းစာေတြပဲ ျဖစ္ပါတယ္။ အရႈံးကိုလက္ခံႏိုင္ၿပီး လက္ေလ်ာ့မႈမရွိဘဲ ဆက္လက္ႀကိဳးစားေနမွသာ ေအာင္ျမင္မႈအတိုင္းအတာတစ္ခု ရရွိလာမွာျဖစ္ပါတယ္။Credit: Original Writer
Sharing By: #Believe In yourself

 

Leave a Reply

Your email address will not be published. Required fields are marked *