Wed. Oct 27th, 2021

လူအများ လေးစားရတဲ့သူ ဖြစ်စေဖို့ ဒီအချက်တွေ သတိပြုပါ

စာဖတ်သူက ဆယ်ကျော်သက်အရွယ် ကျောင်းသားလည်း ဖြစ်နိုင်သလို အလုပ်ခွင်ထဲ ဝင်နေတဲ့ လူငယ်လူလတ်ပိုင်းလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ပတ်ဝန်းကျင်က လူတွေ ကိုယ့်ကို လေးစားမှု ရှိပါသလား။

လေးစားလောက်တယ်ဆိုတဲ့ အချက်ကြောင့် လူတွေရဲ့ လေးစားမှုကိုရဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ဒီအချက်တွေကို သတိထားမယ်ဆိုရင် လူအများက လေးစားရတဲ့ လူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

(၁) ကိုယ့်အလုပ်မှာ ကျွမ်းကျင်ပါ

 

ရပ်ကွက်ထဲမှာ ဘောလုံးကစားတဲ့သူလို့ ကိုယ့်ကိုယ်ကို မြင်ယောင်ကြည့်လိုက်ပါ။ ဘောလုံးမှာ ကိုယ်က တကယ့်ဆရာပေါ့။ ဒါဆို ရပ်ကွက် ဘောလုံးပွဲရာသီတွေ ရောက်ရင် ကိုယ့်ကို လူတွေက ဒီအတိုင်း ပစ်ထားပါ့မလား။ တလေးတစား အိမ်အရောက်တောင် လာခေါ်ဦးမယ်။ ဆိုလိုတာက ကိုယ့်အလုပ်မှာ ကျွမ်းကျင်သူကို လူတွေ အားကိုးကြပါတယ်။

(၂) သူများကိုလည်း လေးစားတတ်ပါစေ

 

လေးစားမှုဟာ နှစ်လမ်းသွားလမ်းတစ်ခုပါ။ ကိုယ့်ကို လူတွေ လေးစားစေချင်ရင် ကိုယ်က သူတို့ကို လေးစားမှု ပြရပါတယ်။ တကယ့်ရင်ထဲက လာတဲ့ စိတ်ကောင်းနှလုံးကောင်းနဲ့ လူတွေကို လေးလေးစားစား ဆက်ဆံပါ။ သူတို့ရဲ့ မမေ့တတ်တဲ့ မှတ်ဉာဏ်ထဲမှာ ကိုယ့်ကို သတိတရ ရှိပြီး ကိုယ့်အပေါ်မှာလည်း လေးစားမှု ရှိလာပါလိမ့်မယ်။

(၃) ရိုးသားပါ

 

လူတိုင်း မရိုးသားကြပေမယ့် ရိုးသားမှုကိုတော့ လူတိုင်းရဲ့ ဂုဏ်ရည်တစ်ခုအနေနဲ့ စံထားကြပါတယ်။ မရိုးသားသူတွေအကြားမှာတောင် ရိုးသားမှု ရှိပါစေ။ ကိုယ့်ရဲ့ ရိုးဂုဏ်က ကိုယ့်ကို စောင့်ရှောက်ပါစေ။

(၄) ဝေဖန်မှုတွေကို လက်ခံပါ

 

လေးစားခံရတဲ့ သူတွေလည်း ဝေဖန်ခံရတာပါပဲ။ ဒီဝေဖန်မှုအပေါ်မှာ မပြိုလဲတဲ့ စိတ် ၊ ကိုယ့်ကိုယ်ကို ပိုကောင်းချင်တဲ့ စိတ်နဲ့ ဒီဝေဖန်မှုကို လက်ခံပါ။ အေးအေးဆေးဆေး အမြော်အမြင်ရှိရှိ ပြန်တုန့်ပြန်ပါ။ ကိုယ်နဲ့ ဆက်ဆံနေတဲ့သူတွေကို သွားပုတ်လေလွင့် မပြောဖို့ကလည်း အရေးကြီးပါတယ်။

(၅) ကိုယ့်ကိုယ်ကိုလည်း လေးစားမှုနဲ့ ဆက်ဆံပါ

 

လူဟာ တစ်ခြားသူတစ်ယောက်ကို အရိုအသေပြုပြီး တလေးတစား ဆက်ဆံတတ်ပေမယ့် ကိုယ့်အပေါ်ကိုယ်တော့ ပစ်ထားတတ်ပါတယ်။ တကယ်အရေးကြီးတာက ကိုယ်ပိုင် လေးစားမှု ထားရှိခြင်းဟာ အကောင်းဆုံး လေးစားနည်းပါပဲ။

(၆) ကိုယ့်ယုံကြည်မှုနဲ့ ကိုယ် နေပါ

 

 

ယုံကြည်မှု ရှိတဲ့သူဟာ ပြတ်သားပါတယ်။ ခေါင်းဆောင်ကောင်းတွေရဲ့ အဓိကအရည်အချင်းဟာ ပြတ်သားတဲ့ ခံယူယုံကြည်မှု ရှိဖို့ပါပဲ။ ဒီအရည်အချင်းကြောင့်လည်း လူတွေဟာ သူ့ကို ဦးညွှတ်ကြရပါတယ်။

လူအမ်ား ေလးစားရတဲ့သူ ျဖစ္ေစဖို႔ ဒီအခ်က္ေတြ သတိျပဳပါ

စာဖတ္သူက ဆယ္ေက်ာ္သက္အရြယ္ ေက်ာင္းသားလည္း ျဖစ္ႏိုင္သလို အလုပ္ခြင္ထဲ ဝင္ေနတဲ့ လူငယ္လူလတ္ပိုင္းလည္း ျဖစ္ႏိုင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ကိုယ့္ပတ္ဝန္းက်င္က လူေတြ ကိုယ့္ကို ေလးစားမႈ ရိွပါသလား။

ေလးစားေလာက္တယ္ဆိုတဲ့ အခ်က္ေၾကာင့္ လူေတြရဲ႕ ေလးစားမႈကိုရဖို႔ မလြယ္ပါဘူး။ ဒါေပမယ့္ ဒီအခ်က္ေတြကို သတိထားမယ္ဆိုရင္ လူအမ်ားက ေလးစားရတဲ့ လူတစ္ေယာက္ ျဖစ္လာႏိုင္ပါတယ္။

(၁) ကိုယ့္အလုပ္မွာ ကြ်မ္းက်င္ပါ

 

 

ရပ္ကြက္ထဲမွာ ေဘာလံုးကစားတဲ့သူလို႔ ကိုယ့္ကိုယ္ကို ျမင္ေယာင္ၾကည့္လိုက္ပါ။ ေဘာလံုးမွာ ကိုယ္က တကယ့္ဆရာေပါ့။ ဒါဆို ရပ္ကြက္ ေဘာလံုးပဲြရာသီေတြ ေရာက္ရင္ ကိုယ့္ကို လူေတြက ဒီအတိုင္း ပစ္ထားပါ့မလား။ တေလးတစား အိမ္အေရာက္ေတာင္ လာေခၚဦးမယ္။ ဆိုလိုတာက ကိုယ့္အလုပ္မွာ ကြ်မ္းက်င္သူကို လူေတြ အားကိုးၾကပါတယ္။

(၂) သူမ်ားကိုလည္း ေလးစားတတ္ပါေစ

 

 

ေလးစားမႈဟာ ႏွစ္လမ္းသြားလမ္းတစ္ခုပါ။ ကိုယ့္ကို လူေတြ ေလးစားေစခ်င္ရင္ ကိုယ္က သူတို႔ကို ေလးစားမႈ ျပရပါတယ္။ တကယ့္ရင္ထဲက လာတဲ့ စိတ္ေကာင္းႏွလံုးေကာင္းနဲ႔ လူေတြကို ေလးေလးစားစား ဆက္ဆံပါ။ သူတို႔ရဲ႕ မေမ့တတ္တဲ့ မွတ္ဥာဏ္ထဲမွာ ကိုယ့္ကို သတိတရ ရိွၿပီး ကိုယ့္အေပၚမွာလည္း ေလးစားမႈ ရိွလာပါလိမ့္မယ္။

(၃) ရိုးသားပါ

 

 

လူတိုင္း မရိုးသားၾကေပမယ့္ ရိုးသားမႈကိုေတာ့ လူတိုင္းရဲ႕ ဂုဏ္ရည္တစ္ခုအေနနဲ႔ စံထားၾကပါတယ္။ မရိိုးသားသူေတြအၾကားမွာေတာင္ ရိုးသားမႈ ရိွပါေစ။ ကိုယ့္ရဲ႕ ရိုးဂုဏ္က ကိုယ့္ကို ေစာင့္ေရွာက္ပါေစ။

(၄) ေဝဖန္မႈေတြကို လက္ခံပါ

 

 

ေလးစားခံရတဲ့ သူေတြလည္း ေဝဖန္ခံရတာပါပဲ။ ဒီေဝဖန္မႈအေပၚမွာ မၿပိဳလဲတဲ့ စိတ္ ၊ ကိုယ့္ကိုယ္ကို ပိုေကာင္းခ်င္တဲ့ စိတ္နဲ႔ ဒီေဝဖန္မႈကို လက္ခံပါ။ ေအးေအးေဆးေဆး အေျမာ္အျမင္ရိွရိွ ျပန္တုန္႔ျပန္ပါ။ ကိုယ္နဲ႔ ဆက္ဆံေနတဲ့သူေတြကို သြားပုတ္ေလလြင့္ မေျပာဖုိ႔ကလည္း အေရးႀကီးပါတယ္။

(၅) ကိုယ့္ကိုယ္ကိုလည္း ေလးစားမႈနဲ႔ ဆက္ဆံပါ

 

 

လူဟာ တစ္ျခားသူတစ္ေယာက္ကို အရိုအေသျပဳၿပီး တေလးတစား ဆက္ဆံတတ္ေပမယ့္ ကိုယ့္အေပၚကိုယ္ေတာ့ ပစ္ထားတတ္ပါတယ္။ တကယ္အေရးႀကီးတာက ကိုယ္ပိုင္ ေလးစားမႈ ထားရိွျခင္းဟာ အေကာင္းဆံုး ေလးစားနည္းပါပဲ။

(၆) ကိုယ့္ယံုၾကည္မႈနဲ႔ ကိုယ္ ေနပါ

 

 

ယံုၾကည္မႈ ရိွတဲ့သူဟာ ျပတ္သားပါတယ္။ ေခါင္းေဆာင္ေကာင္းေတြရဲ႕ အဓိကအရည္အခ်င္းဟာ ျပတ္သားတဲ့ ခံယူယံုၾကည္မႈ ရိွဖို႔ပါပဲ။ ဒီအရည္အခ်င္းေၾကာင့္လည္း လူေတြဟာ သူ႔ကို ဦးညႊတ္ၾကရပါတယ္။

 

Leave a Reply

Your email address will not be published. Required fields are marked *