Amazing

ထောင်သားကိုအရူးအမူးချစ်သွားလို့ ထွက်ပြေးနိုင်အောင်ကူညီပေးခဲ့တဲ့ အရာရှိမမ၊ ခြံခုန်ခံရပြီး ထောင်သုံးနှစ်ကျ

ထောင်သားတယောက်ကိုချစ်မိလို့ ထွက်ပြေးနိုင်အောင်ကူညီပေးခဲ့တဲ့အမှုနဲ့ အရာရှိမတဦးဟာ ထောင်ချခံခဲ့ရပါတယ်။ ၃၃နှစ်အရွယ် ထောင်အရာရှိ အဲရစ်ကာဟာ မိုက်ကယ် ဆက်ဒွန်ဆိုတဲ့ထောင်သားကို ချစ်ကြိုက်မိသွားရာကနေ အခုလိုနောက်ဆက်တွဲတွေ ဖြစ်လာခဲ့တာပါ။

အဖြစ်အပျက်အစက အဲရစ်ကာဟာ ၁၁နှစ်လောက်လက်တွဲလာတဲ့ ယောက်ျားနဲ့ကွာရှင်းခံခဲ့ရပါတယ်။ အသည်းကွဲနေတဲ့အဲရစ်ကာဟာ ထောင်ထဲမှာတာဝန်ထမ်းဆောင်နေရင်း အမြဲတွေ့နေကျ ထောင်သားမိုက်ကယ်ရဲ့တော်ကီတွေကြောင့် ချက်ချင်းအစားထိုးလိုက်ပါတယ်။

Photo Credit

အစားထိုးပေမဲ့ ချစ်မိသွားတယ်လို့ဆိုပါတယ်။ ဘဝမှာရူးခါနေအောင်ချစ်တာဆိုလို့မင်းပဲရှိတာပါ ဖြစ်လာချိန်မှာ မကြံစည်သင့်တာတွေ ကြံစည်ပါတော့တယ်။ မိုက်ကယ်ကိုထောင်ကနေပြေးနိုင်အောင်ကူညီပေးဖို့ပါ။ ၁ ရက်၊ အောက်တိုဘာ၊ ၂၀၁၉မှာ မိုက်ကယ်ဟာ ထောင်ကလွတ်သွားပါတယ်။

Photo Credit

နဂိုထောင်ကနေ လုံခြုံရေးနည်းတဲ့ထောင်ကို မိုက်ကယ်ပြောင်းခံရမှာလို့ အဲရစ်ကာက ကြိုသတိပေးထားပါတယ်။ အုတ်တံတိုင်းကို ကြိုးနဲ့တွယ်တက်ပြီး၊ ထွက်ပြေးရင် လွတ်တာကိုအကြံပေးခဲ့သလို ထွက်လာချိန်မှာ အဲရစ်ကာက အပြင်ကနေကားနဲ့စောင့်ခေါ်သွားတာပါ။

Photo Credit

လွတ်လာတဲ့မိုက်ကယ်ကို သူ့အိမ်မှာခေါ်တင် ဖွက်ထားလိုက်ပါတယ်။ မိုက်ကယ်နဲ့ မတ်ချ်လ၂၆ရက်နေ့အထိ အချစ်နန်းတော်တည်ဆောက်ခဲ့ပေမဲ့ ၂၇က်နေ့မှာ မိုက်ကယ်အဖမ်းခံလိုက်ရပါတယ်။ နောက်ရည်းစားနဲ့ လျှောက်သွားနေတဲ့ မိုက်ကယ်ကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့တာပါ။

Photo Credit

အဲရစ်ကာကတော့ ခြံခုန်ခံရတာမသိခဲ့ပေမဲ့ ဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တာကိုရဲတပ်ဖွဲ့က သက်သေပြနိုင်ခဲ့ပါတယ်။ မိုက်ကယ်နဲ့(၂၀၁၇)ကဇန်နဝါရီ ၈ရက်နေ့မှာ ထောင်ထဲဘာညာအချစ်ဇာတ်လမ်းတွေကို စီစီတီဗီမှတ်တမ်းတင်ထားနိုင်ခဲ့လိုပါ။ နောက်တခုက ထောင်သားကိုဖွက်ထားတဲ့အမှုနဲ့ဖြစ်ပါတယ်။

Photo Credit

မိုက်ကယ်ရဲ့ဝန်ခံချက်အရတော့ ခြံခုန်ခဲ့တာ ဇန်နဝါရီလ ၂၂ရက် ၂၀၂၀ကတည်းကဖြစ်ပြီး၊ မတ်ချ်လ ၂၇ရက်နေ့မှာ မိသွားခဲ့တာလို့ဆိုပါတယ်။ အဲရစ်ကာကို တရား ရုံးမှာ အမှုကြားနာခဲ့ကာ ပြီးခဲ့တဲ့အပတ်ထဲမှာ သုံးနှစ်ထောင်ကျခံစေဖို့ အမိန့်ချခဲ့ပါတယ်။ အခုအဖြစ်အပျက်ဖြစ်သွားခဲ့တာက အင်္ဂလန်နိုင်ငံ၊ ဒါဘီရှိုင်းယားဒေသက အိတ်ချ်အမ်ပီ ဆပ်ဘာရီအကျဉ်းထောင်မှာလို့ ဘီဘီရဲ့ဖော်ပြချက်အရ သိရပါတယ်။

Ref:BBC

Leave a Comment