Wed. Oct 27th, 2021

ချမ်းသာချင်ရင် ရှောင်သင့်တဲ့ ငွေကြေးစည်းမျဉ်း ၅ ချက်

ငွေဟာ အဝင်ခက်ပြီး အထွက်ကြမ်းတဲ့ သဘောမှာ ရှိပါတယ်။ လတိုင်း ငွေရှာနေပေမယ့် ချမ်းသာသွားပါတယ်ဆိုတဲ့ လူက ခပ်ရှားရှားရယ်။ ဒါကလည်း သူတို့ဟာ ငွေကြေးဆိုင်ရာ လိုက်နာသင့်တဲ့ အခြေခံစည်းမျဉ်း ၅ ချက်ထဲက တစ်ခုခုကို လက်ကိုင်ထားလို့ ဖြစ်ပါတယ်။

(၁) အသေးအဖွဲ ဝယ်တာ သတိမပြုမိခြင်း

ဒီနေ့ ပိုက်ဆံဘယ်လောက် သုံးမိလဲ ပြန်တွေးမိပါသလား။ တစ်ခါတစ်လေ ငွေသောင်းဂဏန်း ၊ သိန်းဂဏန်း ကုန်တဲ့ ပစ္စည်းဝယ်တာပဲ တွက်လို့ ရပြီး ကျန်တာ စာရင်းပျောက်နေတာ ကြုံမှာပါ။ ဒါက တကယ့်ကို ယိုပေါက်ပါ။ တော်ရုံနဲ့တော့ ငွေအပုံလိုက်ကြီး ကုန်မယ့် ကိစ္စဟာ တစ်လကို သုံး-လေးခါထက် မလာပါဘူး။ အသေးအမွှား အသုံးစရိတ်ကို စိစစ်တာဟာ ချမ်းသာသူတွေရဲ့ အကျင့်ထဲမှာ ပါပါတယ်။

(၂) ခရစ်ဒစ်ကတ်နဲ့ ဈေးဝယ်တာ

 

ငွေသားတွေရဲ့ အားသာချက်တစ်ခုက သုံးရင်းနဲ့ ဘယ်လောက်တော့ ကုန်သွားပြီဆိုတာကို စိတ်နဲ့ ကိုယ် အလိုလို ဒက်ခနဲ သိနေတာ ဖြစ်ပါတယ်။ Credit Card နဲ့ ငွေချေရင်တော့ ကတ်ထဲ ဘယ်လောက်ကျန်သလဲ ဆိုတာလည်း မသိရ ၊ နောက်ပြီး လစဉ် အတိုးကလည်း တရိပ်ရိပ်တက်နဲ့ သုံးဖို့ လွယ်ပြီး ဆပ်ဖို့ခက်တဲ့ ကိန်းကြုံမှာပါ။ ဒီကနေမှ အကြွေးသံသရာထဲကနေ မထွက်နိုင်တာမျိုး ဖြစ်လာဖို့ရှိပါတယ်။

(၃) အကြွေးကင်းမှ ငွေစုပါ၊ ရင်းနှီးမြှုပ်နှံပါ

 

အကြွေးယူပြီး အလုပ်လုပ်တာဟာ စွန့်စားမှု များပါတယ်။ မမှန်ဘူးလို့ မပြောနိုင်ပေမယ့် ဖြစ်နိုင်ရင် အကြွေးကို အရင်ရှင်းပြီးမှ အလုပ်လုပ်တာ ကောင်းပါတယ်။ နောက်တစ်ခု သတိထားသင့်တာက ငွေစုမယ်ဆိုရင်လည်း အရင်ဆုံး အကြွေးတွေ ချေပြီးမှ စုဆောင်းသင့်တယ်။ ဒါမှသာ ကိုယ်စုထားသမျှ အဖတ်တင်မှာ ဖြစ်ပါတယ်။

(၄) ဝင်ငွေရဲ့ ၁၀% ကို မစုဆောင်းမိခြင်း

 

အခြေခံကျတဲ့ စည်းမျဉ်းတစ်ခုက လုပ်ငန်းတစ်ခု မထူထောင်နိုင်သေးချိန်မှာ ကိုယ့်ရဲ့ လစဉ် ဝင်ငွေထဲကနေ ၁၀% စုဆောင်းတာမျိုး လုပ်တာက အမှန်ဆုံးနဲ့ အလွယ်ဆုံးပါပဲ။ စုထားတဲ့ ငွေအရင်းအနှီး ရှိလာပြီဆိုရင် ကိုယ်လုပ်ချင်တာလေးတွေ စိတ်အေး လက်အေး လုပ်နိုင်မှာ ဖြစ်ပါတယ်။

(၅) အိမ်မဝယ်ဘဲ ငှားနေခြင်း

 

အိမ်တစ်လုံး ဝယ်ဖို့ဆိုတာ တော်တော်လေး ခက်တာ မှန်ပါတယ်။ ဒါပေမယ့် အိမ်ပဲ ငှားနေပြီး ကိုယ်ပိုင် အိမ်ဝယ်ဖို့ မကြိုးစားတာက ရှာထားသမျှ သဲထဲ ရေသွန် ဖြစ်စေမယ့် ကိစ္စ ဖြစ်ပါတယ်။ ချမ်းသာချင်ရင် ကိုယ်ပိုင်ဘဝကို ကိုယ့်ခြေထောက်ပေါ် ရပ်နိုင်အောင် အထိ အရင်ဆုံး ကြိုးစားနေရမှာပါ။

 

zawgyi

ခ်မ္းသာခ်င္ရင္ ေရွာင္သင့္တဲ့ ေငြေၾကးစည္းမ်ဥ္း ၅ ခ်က္

ေငြဟာ အဝင္ခက္ၿပီး အထြက္ၾကမ္းတဲ့ သေဘာမွာ ရိွပါတယ္။ လတိုင္း ေငြရွာေနေပမယ့္ ခ်မ္းသာသြားပါတယ္ဆိုတဲ့ လူက ခပ္ရွားရွားရယ္။ ဒါကလည္း သူတို႔ဟာ ေငြေၾကးဆိုင္ရာ လိုက္နာသင့္တဲ့ အေျခခံစည္းမ်ဥ္း ၅ ခ်က္ထဲက တစ္ခုခုကို လက္ကိုင္ထားလို႔ ျဖစ္ပါတယ္။

(၁) အေသးအဖဲြ ဝယ္တာ သတိမျပဳမိျခင္း

 

 

ဒီေန႔ ပိုက္ဆံဘယ္ေလာက္ သံုးမိလဲ ျပန္ေတြးမိပါသလား။ တစ္ခါတစ္ေလ ေငြေသာင္းဂဏန္း ၊ သိန္းဂဏန္း ကုန္တဲ့ ပစၥည္းဝယ္တာပဲ တြက္လို႔ ရၿပီး က်န္တာ စာရင္းေပ်ာက္ေနတာ ၾကံဳမွာပါ။ ဒါက တကယ့္ကို ယိုေပါက္ပါ။ ေတာ္ရံုနဲ႔ေတာ့ ေငြအပံုလိုက္ႀကီး ကုန္မယ့္ ကိစၥဟာ တစ္လကို သံုး-ေလးခါထက္ မလာပါဘူး။ အေသးအမႊား အသံုးစရိတ္ကို စိစစ္တာဟာ ခ်မ္းသာသူေတြရဲ႕ အက်င့္ထဲမွာ ပါပါတယ္။

(၂) ခရစ္ဒစ္ကတ္နဲ႔ ေစ်းဝယ္တာ

 

 

ေငြသားေတြရဲ႕ အားသာခ်က္တစ္ခုက သံုးရင္းနဲ႔ ဘယ္ေလာက္ေတာ့ ကုန္သြားၿပီဆိုတာကို စိတ္နဲ႔ ကိုယ္ အလိုလို ဒက္ခနဲ သိေနတာ ျဖစ္ပါတယ္။ Credit Card နဲ႔ ေငြေခ်ရင္ေတာ့ ကတ္ထဲ ဘယ္ေလာက္က်န္သလဲ ဆိုတာလည္း မသိရ ၊ ေနာက္ၿပီး လစဥ္ အတိုးကလည္း တရိပ္ရိပ္တက္နဲ႔ သံုးဖို႔ လြယ္ၿပီး ဆပ္ဖို႔ခက္တဲ့ ကိန္းႀကံဳမွာပါ။ ဒီကေနမွ အေၾကြးသံသရာထဲကေန မထြက္ႏိုင္တာမ်ိဳး ျဖစ္လာဖို႔ရိွပါတယ္။

(၃) အေၾကြးကင္းမွ ေငြစုပါ၊ ရင္းႏွီးျမွဳပ္ႏွံပါ

 

 

အေၾကြးယူၿပီး အလုပ္လုပ္တာဟာ စြန္႔စားမႈ မ်ားပါတယ္။ မမွန္ဘူးလို႔ မေျပာႏိုင္ေပမယ့္ ျဖစ္ႏိုင္ရင္ အေၾကြးကို အရင္ရွင္းၿပီးမွ အလုပ္လုပ္တာ ေကာင္းပါတယ္။ ေနာက္တစ္ခု သတိထားသင့္တာက ေငြစုမယ္ဆိုရင္လည္း အရင္ဆံုး အေၾကြးေတြ ေခ်ၿပီးမွ စုေဆာင္းသင့္တယ္။ ဒါမွသာ ကိုယ္စုထားသမွ် အဖတ္တင္မွာ ျဖစ္ပါတယ္။

(၄) ဝင္ေငြရဲ႕ ၁၀% ကို မစုေဆာင္းမိျခင္း

 

 

အေျခခံက်တဲ့ စည္းမ်ဥ္းတစ္ခုက လုပ္ငန္းတစ္ခု မထူေထာင္ႏိုင္ေသးခ်ိန္မွာ ကုိယ့္ရဲ႕ လစဥ္ ဝင္ေငြထဲကေန ၁၀% စုေဆာင္းတာမ်ိဳး လုပ္တာက အမွန္ဆံုးနဲ႔ အလြယ္ဆံုးပါပဲ။ စုထားတဲ့ ေငြအရင္းအႏွီး ရိွလာၿပီဆုိရင္ ကိုယ္လုပ္ခ်င္တာေလးေတြ စိတ္ေအး လက္ေအး လုပ္ႏိုင္မွာ ျဖစ္ပါတယ္။

(၅) အိမ္မဝယ္ဘဲ ငွားေနျခင္း

 

 

အိမ္တစ္လံုး ဝယ္ဖို႔ဆိုတာ ေတာ္ေတာ္ေလး ခက္တာ မွန္ပါတယ္။ ဒါေပမယ့္ အိမ္ပဲ ငွားေနၿပီး ကိုယ္ပိုင္ အိမ္ဝယ္ဖို႔ မႀကိဳးစားတာက ရွာထားသမွ် သဲထဲ ေရသြန္ ျဖစ္ေစမယ့္ ကိစၥ ျဖစ္ပါတယ္။ ခ်မ္းသာခ်င္ရင္ ကိုယ္ပိုင္ဘဝကို ကိုယ့္ေျခေထာက္ေပၚ ရပ္ႏိုင္ေအာင္ အထိ အရင္ဆံုး ႀကိဳးစားေနရမွာပါ။

Credit: Original Writer
Sharing By: #Believe In yourself

 

Leave a Reply

Your email address will not be published. Required fields are marked *