Uncategorized

ပုရိသတွေရဲ့တခဲနက် အားပေးမှုကြောင့် ဆရာဝန်လစာထက် အဆ၂၇၀သာတဲ့ အလုပ်သစ်ပေါ်ပေါက်လာ

ဆရာဝန်ယောက်ဘဝမှာ ကြိုးကြိုးစားစားရှာလို့ရတဲ့ ပိုက်ဆံထက် အဆ၂၇၀သာတဲ့ အလုပ်သစ်ရှိနေပြီဆိုရင် ပရိသတ်တွေ ယုံဖို့ခက်ပါလိမ့်မယ်။ ဆရာဝန်အလုပ်လုပ်ဖို့ဆိုတာ တော်ရုံထူးချွန်ရုံနဲ့မရသလို လူတိုင်းလည်းမလုပ်နိုင်တဲ့အတွက် လစာကောင်းတဲ့ ထိပ်တန်းအလုပ်တခုအဖြစ်ရပ်တည်နေလို့ပါပဲ။

ဒါပေမဲ့ MrQ ဆိုတဲ့ ဂိမ်းဆော့ဖ်ဝဲလ်ရေးတဲ့ ကုမ္ပဏီကနေ လေ့လာမှုတခုပြုလုပ်ခဲ့ပါတယ်။ အခုခေတ်မှာ ခေတ်စားနေတဲ့ Only fans ဆိုတဲ့ ဝက်ဘ်ဆိုက်တွေဟာ တကယ်အလုပ်ဖြစ်လားလို့ပါ။ မသိသေးတဲ့ပရိသတ်တွေအတွက် အိုအက်ဖ်ဝက်ဘ်ဆိုက်အကြောင်းကို နည်းနည်းရှင်းပြပါမယ်။

Photo Credit

အိုအက်ဖ်ဆိုတာက ဆက်စီမော်ဒယ်နဲ့လူကြီးကားမင်းသမီးတွေလုပ်တဲ့ ဈေးကွက်တခုပါ။ လစဉ်ကြေးပေးမယ့် သူတို့ရဲ့ပရိသတ်တွေပဲ သီးသန့်ဝင်ကြည့်လို့ရပြီး၊ အဲဒီအတွက် ဓာတ်ပုံတွေ၊ ဇာတ်ကားတွေ၊ တခြားသရုပ်ပြတာတွေကို ပရိသတ်တွေကို ပြန်ပေးပါတယ်။

Photo Credit

အိုအက်ဖ်ဝက်ဘ်ဆိုက်တွေ မှိုလိုပေါက်လာချိန်မှာ တကယ်အလုပ်ဖြစ်ပါ့မလားလို့လေ့လာခဲ့ချိန်မှာတော့ အင်မတန်ကို အလုပ်ဖြစ်တာတွေ့ခဲ့ရပါတယ်။ လက်ရှိ အိုအက်ဖ်ဝက်ဘ်ဆိုင်ပိုင်ရှင်တွေထဲမှာ @gem101ဆိုတဲ့ အမျိုးသမီးက ဦးဆောင်နေပါတယ်။ တလကို လစဉ်ကြေး ၂၁.၇ပေါင်(ဒေါ်လာ ၃၀)နဲ့ပါ။

Photo Credit

ပရိသတ် ၁၁၇၀၀၀ ကျော်ရှိတဲ့အတွက် ဝင်ငွေဟာ နည်းမှာမဟုတ်ပါဘူး။ MrQ ဝက်ဘ်ဆိုက်ရဲ့တွက်ချက်မှုအရ သူဟာ ပေါင်(၂၁.၃)သန်းကျော်ရှာထားနိုင်ခဲ့ပါပြီ။ဒီပမာဏကို မြင်သာအောင်ပြောရရင် ပုံမှန်ဆရာဝန်တယောက် သူ့ဘဝမှာရှာလို့ရတဲ့ငွေထက် အဆ၂၇၀ များနေတယ်လို့သိရပါတယ်။

Photo Credit

ဒါတောင် အခုလက်ရှိဝင်ငွေပါ။ နောက်လတွေမှာထပ်ဝင်နေဦးမယ်ဆိုရင် ထပ်ချမ်းသာဖို့ပဲရှိပါတယ်။ ဒေါ်လာ ၃၀ ဆိုရင်တောင် မြန်မာငွေနဲ့ငါးသောင်းနီးပါးရှိနေတဲ့အတွက် တလတလဝင်ငွေက မနည်းပါဘူး။ သူတင်မကသေးဘဲ နောက်ထပ်ချမ်းသာနေသူတွေရှိနေပါသေးတယ်။

Photo Credit

ယူကေရဲ့ထိပ်တန်း ၁၀ ယောက်မှာ အောက်ဆုံးကရပ်တည်နေသူတောင် ပေါင် (၃.၂)သန်းရှာထားနိုင်ပါတယ်။ ဒီလောက်ဆိုရင် ပုရိသတွေဟာ အိုအက်ဖ်ဝက်ဘ်ဆိုက်တွေကို ဘယ်လောက်အားပေးကြမ်းလဲမြင်သာနေပြီး၊ အမျိုးသမီးတွေအတွက်တော့ ဘဝရပ်တည်ရေးခိုင်မာတဲ့ အလုပ်အကိုင်အသစ်ပေါ်ပေါက်လာပြီလို့ ဆိုရမှာပါပဲ။

Ref:Ladbible

Leave a Comment