ရှေးအခါတုန်းက ရွာတစ်ရွာမှာ အလွန်ဆင်းရဲတဲ့ လင်မယား နှစ်ယောက် ရှိလေတယ်။ ထို လင်မယား ဆင်းရဲနေသည်ကို ယခင်ဘဝက တော်စပ်ဖူးသော သူငယ်ချင်းဟောင်း ရုက္ခစိုးနတ်မင်း မြင်လေသော် သူငယ်ချင်း လင်မယားကို ကူညီလို၍ သိကြားမင်းကို တိုင်ပင်လေတယ်။ သိကြားမင်းက အခုလို ကူညီဖို့ကို လက်မခံကြောင်း ပြောလေတယ်။
လက်မခံရခြင်း အကြောင်းကား သူဆင်းရဲ လင်မယားမှာ အနေအထိုင်ဆင်းရဲသလို နေထိုင်မှုမှာလည်း စည်းကမ်းမရှိပဲ ကုသိုလ်ရေးနဲ့ ဘာသာရေးလည်း မလိုက်စားတာမို့ သိကြားမင်းက စည်းကမ်း မရှိတဲ့ လင်မယားကို မကူညီစေလိုတာ ဖြစ်ပါတယ်။
သိကြားမင်း တားမြစ်နေသော်လည်း ကူညီလိုစိတ် ပြင်းပြနေတဲ့ ရုက္ခစိုးဟာ သူငယ်ချင်း သူဆင်းရဲ လင်မယားကို မိမိအစွမ်းအစနဲ့မိမိ ကူညီဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တစ်နေ့ သူငယ်ချင်းဖြစ်သူ အိပ်ပျော်နေခိုက်မှာ ရုက္ခစိုးက ယခုလို အိပ်မက်ပေးလေတယ်။
“ သူငယ်ချင်း ထတော့ ရွာအရှေ့ဘက် ညောင်ပင်အောက် မြောက်ဘက်ကို ခြေလှမ်း (၇) လှမ်း လှမ်းလိုက်ရင် ရွှေအိုးတစ်လုံး ရှိတယ်။ သွားတူးချေတော့။ ” ဟု ဆိုလေတယ်။ အိပ်မက်ထဲမှာ သူငယ်ချင်းကို ရုက္ခစိုးအဖြစ် မြင်လိုက်ရတဲ့ အမျိုးသားဟာ ဝမ်းသာအားရနဲ့ အိပ်မက်ကနိုးသော် ဇနီးဖြစ်သူကို နှိုးပြီး..
“ ရှင်မရေ ထ ထ ငါ့သူငယ်ချင်း အောင်အောင်တစ်ယောက် ရုက္ခစိုးဖြစ်ပြီး ငါ့ကို ကူညီဖို့ လာတယ်။ ကံထလို့ ဟန်ကြပြီ မိန်းမရေ၊ ရွှေအိုးသွားတူးစို့ – ထ ထ ” လို့ ဆိုလေတယ်။ ဇနီးဖြစ်သူဟာ ရွှေဆိုသော အသံကြားတာနဲ့ မျက်လုံးကျယ်သွားပြီး ခင်ပွန်းဖြစ်သူကို မေးမြန်းလို့ အိပ်မက်အကြောင်းကို သေချာနားထောင်လေတယ်။ ခင်ပွန်းဖြစ်သူရဲ့ အိပ်မက်အကြောင်းကို ကြားသိရအပြီးမှာတော့ ချက်ချင်းပင် ရွှေအိုးသွားတူးရန် ခင်ပွန်းဖြစ်သူအား ဆော်ဩလေတယ်။
ဒီလိုနဲ့ သူဆင်းရဲ လင်မယားတို့ဟာ တူရွင်းပေါက်ပြားများ ကိုင်ကာ ရွှေအိုးရှိရာ ညောင်ပင်ဆီသို့ ချီတက်ခဲ့ကြတယ်။ လင်မယားနှစ်ယောက် ရွာအရှေ့ဘက်ရှိ ညောင်ပင်သို့ရောက်သော် ရုက္ခစိုး အိပ်မက်ပေးသည့်အတိုင်း မြောက်ဘက်ကို ခြေလှမ်း (၇) လှမ်း လှမ်းလို့ ခင်ပွန်းဖြစ်သူက မြေကိုတူး ဇနီးဖြစ်သူက မြေတွေကို ဖယ်နှင့် တက်ညီလက်ညီ တူးလိုက်ရာ မကြာခင်အချိန်မှာပဲ ရွှေအိုးကို တွေ့ပြီး ထိုထဲမှ ရွှေပိဿာချိန် (၇) ပိဿာကို ရရှိခဲ့တယ်။ ရွှေတွေကို ပုဆိုးကောင်းနဲ့ ထုပ်ပြီး အိမ်ပြန်လာလို့ အိမ်ရောက်သော် ခင်ပွန်းဖြစ်သူဟာ အိမ်ရှေ့ ကွပ်ပျစ်မှာထိုင်လို့ ဒီလို စဉ်းစားလေတယ်။
“ ရွှေတွေတော့ ရပြီးပြီ။ ဒီရွှေတွေကို မြို့မှာသာ တက်ရောင်းလိုက်ရင် ငွေတွေများများ ရမယ်။ ဒါပေမယ့် ဒီငွေတွေနဲ့ ငါ့မိန်းမနဲ့ မတန်ဘူးထင်တယ်။ အ တဲ့ အိမ်က မိန်းမကိုထားပြီး ငွေရှိရင် သွက်သွက်လက်လက် မိန်းမယူပြီး အလုပ်ကြိုးစားရမယ်။” လို့ တွေးလေတယ်။ ထိုအချိန်မှာလည်း ဇနီးဖြစ်သူက ဒီလိုတွေးနေသတဲ့။
“ဒီယောကျ်ားနဲ့ ငါ ဆက်ပေါင်းလို့တော့ မဖြစ်ဘူး။ ငါ့ကိုလည်း နှိပ်စက်တဲ့ ဒီယောကျ်ားကို ထားလို့ ငွေတွေယူပြီး အခြေအနေပေးရင် သွက်လက်ထက်မြက်တဲ့ အမျိုးသားနဲ့ အကြောင်းပါနိုင်သေးတယ်။” လို့တွေးနေသတဲ့။ လင်မယား နှစ်ယောက်စလုံးရဲ့ စိတ်ထဲမှာတော့ အကောက်ကြံ ဖောက်ပြန်ဖို့ကိုသာ တွေးနေကြလေတယ်။
နောက်နေ့ မနက်မှာ ယောကျ်ားဖြစ်သူက မိန်းမဖြစ်သူကို ရှင်းပစ်ဖို့ မနေ့ကလိုပဲ အိပ်မက်ထပ်မက်ကြောင်း ရွှေသွားတူးရန် လှည့်ဖြားပြီး ခေါ်လေတယ်။ မိန်းမဖြစ်သူကလည်း ယောကျ်ားဖြစ်သူကို အပျောက်ရှင်းမယ့် အကြံနဲ့ စားစရာတွေကို အဆိပ်ထည့်လို့ ညောင်ပင်ရှိရာ လာခဲ့လေတယ်။ မနေ့က တွင်းထက် ပိုနက်အောင် တူးလိုက်တဲ့ ခင်ပွန်းဖြစ်သူဟာ ထိုတွင်းကြီးထဲမှာ ဇနီးဖြစ်သူကို တူရွင်းနဲ့ ရိုက်သတ်ပြီး မြှုပ်ပစ်ဖို့ ကြံလေတယ်။
ထိုအကြံတိုင်း ဇနီးဖြစ်သူကို မြေဖို့ပြီး အိမ်ကရွှေတွေကို ပြန်ယူဖို့ အသွား ဇနီးသည် ပြင်ပေးထားသော အစားအစာများကို အရင်စားလိုက်ရာ ခတ်ထားသော အဆိပ်ကြောင့် ညောင်ပင်အောက်မှာပဲ အစာအဆိပ်တက်ပြီး ဆုံးပါးရလေတယ်။ ဒီလိုနဲ့ လောဘရမ္မက် ကြီးကြတဲ့ လင်မယားနှစ်ယောက်ဟာ ညောင်ပင်အောက်မှာပဲ ခြေလှမ်း (၇) လှမ်းအကွာနဲ့ အသက်ဆုံးပါး သွားကြလေတယ်။
ဒီပုံပြင်လေး ကတော့ လောဘရမ္မက် ကြီးခြင်းဟာ မိမိကိုကော တစ်ပါးသူကိုပါ အကျိုးယုတ်စေပြီး အဆုံးသတ်မှာ မည်သူမျှ ကောင်းကျိုး မဖြစ်ထွန်းစေနိုင်ကြောင်း အသိပညာကို ပေးသွားတာ ဖြစ်ပါတယ်။
Tuesday Story
for zawgyi
ေလာဘႀကီးျခင္း၏ အက်ိဳး
ေရွးအခါတုန္းက ႐ြာတစ္႐ြာမွာ အလြန္ဆင္းရဲတဲ့ လင္မယားႏွစ္ေယာက္ ရွိေလတယ္။ ထို လင္မယား ဆင္းရဲေနသည္ကို ယခင္ဘဝက ေတာ္စပ္ဖူးေသာ သူငယ္ခ်င္းေဟာင္း ႐ုကၡစိုးနတ္မင္း ျမင္ေလေသာ္ သူငယ္ခ်င္း လင္မယားကို ကူညီလို၍ သိၾကားမင္းကို တိုင္ပင္ေလတယ္။ သိၾကားမင္းက အခုလို ကူညီဖို႔ကို လက္မခံေၾကာင္း ေျပာေလတယ္။
လက္မခံရျခင္း အေၾကာင္းကား သူဆင္းရဲ လင္မယားမွာ အေနအထိုင္ဆင္းရဲသလို ေနထိုင္မႈမွာလည္း စည္းကမ္းမရွိပဲ ကုသိုလ္ေရးနဲ႔ ဘာသာေရးလည္း မလိုက္စားတာမို႔ သိၾကားမင္းက စည္းကမ္း မရွိတဲ့ လင္မယားကို မကူညီေစလိုတာ ျဖစ္ပါတယ္။ သိၾကားမင္း တားျမစ္ေနေသာ္လည္း ကူညီလိုစိတ္ ျပင္းျပေနတဲ့ ႐ုကၡစိုးဟာ သူငယ္ခ်င္း သူဆင္းရဲ လင္မယားကို မိမိအစြမ္းအစနဲ႔မိမိ ကူညီဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ တစ္ေန႔ သူငယ္ခ်င္းျဖစ္သူ အိပ္ေပ်ာ္ေနခိုက္မွာ ႐ုကၡစိုးက ယခုလို အိပ္မက္ေပးေလတယ္။
“ သူငယ္ခ်င္း ထေတာ့ ႐ြာအေရွ႕ဘက္ ေညာင္ပင္ေအာက္ ေျမာက္ဘက္ကို ေျခလွမ္း (၇) လွမ္း လွမ္းလိုက္ရင္ ေ႐ႊအိုးတစ္လုံး ရွိတယ္။ သြားတူးေခ်ေတာ့။ ” ဟု ဆိုေလတယ္။ အိပ္မက္ထဲမွာ သူငယ္ခ်င္းကို ႐ုကၡစိုးအျဖစ္ ျမင္လိုက္ရတဲ့ အမ်ိဳးသားဟာ ဝမ္းသာအားရနဲ႔ အိပ္မက္ကႏိုးေသာ္ ဇနီးျဖစ္သူကို ႏႈိးၿပီး..
“ ရွင္မေရ ထ ထ ငါ့သူငယ္ခ်င္း ေအာင္ေအာင္တစ္ေယာက္ ႐ုကၡစိုးျဖစ္ၿပီး ငါ့ကို ကူညီဖို႔ လာတယ္။ ကံထလို႔ ဟန္ၾကၿပီ မိန္းမေရ၊ ေ႐ႊအိုးသြားတူးစို႔ – ထ ထ ” လို႔ ဆိုေလတယ္။ ဇနီးျဖစ္သူဟာ ေ႐ႊဆိုေသာ အသံၾကားတာနဲ႔ မ်က္လုံးက်ယ္သြားၿပီး ခင္ပြန္းျဖစ္သူကို ေမးျမန္းလို႔ အိပ္မက္အေၾကာင္းကို ေသခ်ာနားေထာင္ေလတယ္။ ခင္ပြန္းျဖစ္သူရဲ႕ အိပ္မက္အေၾကာင္းကို ၾကားသိရအၿပီးမွာေတာ့ ခ်က္ခ်င္းပင္ ေ႐ႊအိုးသြားတူးရန္ ခင္ပြန္းျဖစ္သူအား ေဆာ္ဩေလတယ္။
ဒီလိုနဲ႔ သူဆင္းရဲ လင္မယားတို႔ဟာ တူ႐ြင္းေပါက္ျပားမ်ား ကိုင္ကာ ေ႐ႊအိုးရွိရာ ေညာင္ပင္ဆီသို႔ ခ်ီတက္ခဲ့ၾကတယ္။ လင္မယားႏွစ္ေယာက္ ႐ြာအေရွ႕ဘက္ရွိ ေညာင္ပင္သို႔ေရာက္ေသာ္ ႐ုကၡစိုး အိပ္မက္ေပးသည့္အတိုင္း ေျမာက္ဘက္ကို ေျခလွမ္း (၇) လွမ္း လွမ္းလို႔ ခင္ပြန္းျဖစ္သူက ေျမကိုတူး ဇနီးျဖစ္သူက ေျမေတြကို ဖယ္ႏွင့္ တက္ညီလက္ညီ တူးလိုက္ရာ မၾကာခင္အခ်ိန္မွာပဲ ေ႐ႊအိုးကို ေတြ႕ၿပီး ထိုထဲမွ ေ႐ႊပိႆာခ်ိန္ (၇) ပိႆာကို ရရွိခဲ့တယ္။ ေ႐ႊေတြကို ပုဆိုးေကာင္းနဲ႔ ထုပ္ၿပီး အိမ္ျပန္လာလို႔ အိမ္ေရာက္ေသာ္ ခင္ပြန္းျဖစ္သူဟာ အိမ္ေရွ႕ ကြပ္ပ်စ္မွာထိုင္လို႔ ဒီလို စဥ္းစားေလတယ္။
“ ေ႐ႊေတြေတာ့ ရၿပီးၿပီ။ ဒီေ႐ႊေတြကို ၿမိဳ႕မွာသာ တက္ေရာင္းလိုက္ရင္ ေငြေတြမ်ားမ်ား ရမယ္။ ဒါေပမယ့္ ဒီေငြေတြနဲ႔ ငါ့မိန္းမနဲ႔ မတန္ဘူးထင္တယ္။ အ တဲ့ အိမ္က မိန္းမကိုထားၿပီး ေငြရွိရင္ သြက္သြက္လက္လက္ မိန္းမယူၿပီး အလုပ္ႀကိဳးစားရမယ္။” လို႔ ေတြးေလတယ္။ ထိုအခ်ိန္မွာလည္း ဇနီးျဖစ္သူက ဒီလိုေတြးေနသတဲ့။
“ဒီေယာက်္ားနဲ႔ ငါ ဆက္ေပါင္းလို႔ေတာ့ မျဖစ္ဘူး။ ငါ့ကိုလည္း ႏွိပ္စက္တဲ့ ဒီေယာက်္ားကို ထားလို႔ ေငြေတြယူၿပီး အေျခအေနေပးရင္ သြက္လက္ထက္ျမက္တဲ့ အမ်ိဳးသားနဲ႔ အေၾကာင္းပါႏိုင္ေသးတယ္။” လို႔ေတြးေနသတဲ့။ လင္မယား ႏွစ္ေယာက္စလုံးရဲ႕ စိတ္ထဲမွာေတာ့ အေကာက္ႀကံ ေဖာက္ျပန္ဖို႔ကိုသာ ေတြးေနၾကေလတယ္။
ေနာက္ေန႔ မနက္မွာ ေယာက်္ားျဖစ္သူက မိန္းမျဖစ္သူကို ရွင္းပစ္ဖို႔ မေန႔ကလိုပဲ အိပ္မက္ထပ္မက္ေၾကာင္း ေ႐ႊသြားတူးရန္ လွည့္ျဖားၿပီး ေခၚေလတယ္။ မိန္းမျဖစ္သူကလည္း ေယာက်္ားျဖစ္သူကို အေပ်ာက္ရွင္းမယ့္ အႀကံနဲ႔ စားစရာေတြကို အဆိပ္ထည့္လို႔ ေညာင္ပင္ရွိရာ လာခဲ့ေလတယ္။ မေန႔က တြင္းထက္ ပိုနက္ေအာင္ တူးလိုက္တဲ့ ခင္ပြန္းျဖစ္သူဟာ ထိုတြင္းႀကီးထဲမွာ ဇနီးျဖစ္သူကို တူ႐ြင္းနဲ႔ ႐ိုက္သတ္ၿပီး ျမႇဳပ္ပစ္ဖို႔ ႀကံေလတယ္။
ထိုအႀကံတိုင္း ဇနီးျဖစ္သူကို ေျမဖို႔ၿပီး အိမ္ကေ႐ႊေတြကို ျပန္ယူဖို႔ အသြား ဇနီးသည္ ျပင္ေပးထားေသာ အစားအစာမ်ားကို အရင္စားလိုက္ရာ ခတ္ထားေသာ အဆိပ္ေၾကာင့္ ေညာင္ပင္ေအာက္မွာပဲ အစာအဆိပ္တက္ၿပီး ဆုံးပါးရေလတယ္။ ဒီလိုနဲ႔ ေလာဘရမၼက္ ႀကီးၾကတဲ့ လင္မယားႏွစ္ေယာက္ဟာ ေညာင္ပင္ေအာက္မွာပဲ ေျခလွမ္း (၇) လွမ္းအကြာနဲ႔ အသက္ဆုံးပါး သြားၾကေလတယ္။
ဒီပုံျပင္ေလး ကေတာ့ ေလာဘရမၼက္ ႀကီးျခင္းဟာ မိမိကိုေကာ တစ္ပါးသူကိုပါ အက်ိဳးယုတ္ေစၿပီး အဆုံးသတ္မွာ မည္သူမွ် ေကာင္းက်ိဳး မျဖစ္ထြန္းေစႏိုင္ေၾကာင္း အသိပညာကို ေပးသြားတာ ျဖစ္ပါတယ္။
Tuesday Story