Wed. Oct 27th, 2021

တစ်ခါတုန်းက အမျိုးသမီးတစ်ဦးဟာ အိမ်ထောင်ကျပြီးတော့ အမျိုးသားရဲ့ အိမ်မှာနေရပါတယ်။ ဒီတော့ ယောက္ခမနဲ့ နေ့တိုင်း ပြောဆိုဆက်ဆံရတဲ့အခါ ဘယ်လိုမှ မတည့်ဘူးတဲ့။ စကားများရတာတွေ၊ ရန်ဖြစ်ရတာတွေ ခဏခဏ ဖြစ်ပြီး စိတ်လည်း အင်မတန် ညစ်နေရတာပေါ့ ။

ယဉ်ကျေးမှု အရလည်းဖြစ်၊ ဘာသာရေးအရလည်းဖြစ်တော့ ယောက္ခမကို ကြည့်မရပေမဲ့လည်း ထမင်းခူးပေးရတယ်။ ပြီးတော့ အစခပ်သိမ်း ပြင်ဆင်ပေးရတယ်ပေါ့။

တစ်နေ့တော့ ဒီဒဏ်တွေကို မခံနိုင်လို့ ချွေးမဖြစ်သူ အမျိုးသမီးက သူမရဲ့ အဖေဖြစ်သူထံ သွားပြီး အကြံအဉာဏ်တောင်းတယ်။ အဖေဖြစ်သူကလည်း ယောက္ခမစားတဲ့ ထမင်းတိုင်းမှာ အဆိပ်ဆေးကို နေ့စဉ် နည်းနည်းစီခတ်ပြီး ၆ လအတွင်း မသိမသာနဲ့ သေဆုံးသွားအောင် လုပ်ရန်ရကြောင်း နည်းလမ်းပေးလိုက်သတဲ့။

ပြီးတော့ ဆေးလည်း ပေးလိုက်ပါသတဲ့။ ဆေးခတ်နေတဲ့ ၆ လအတွင်းမှာ ယောက္ခမကို ကြည်ကြည်ဖြူဖြူနဲ့ ပြောဆိုဆက်ဆံ ရမယ်လို့လဲ မှာလိုက်တယ်။ ဒါမှလည်း သေကြောင်းကြံကြောင်းကို ဘယ်သူမှ မသိမှာ ဖြစ်ကြောင်းလည်း ရှင်းပြလိုက်တယ်လေ။

ဒါကြောင့် အဆိပ်ဆေးရသွားတဲ့ ချွေးမဖြစ်သူဟာ နေ့တိုင်း သူ့ယောက္ခမ စားတဲ့ ထမင်းတိုင်းမှာ အဆိပ်ကို ထည့်ပါတယ်။ ဒီတော့ အဆိပ်ထည့်တဲ့ ကာလ အတွင်းတော့ အဆင်ပြေအောင် ပေါင်းရမယ် ဆိုပြီးတော့ ကောင်းမွန်စွာ ပြောဆို ဆက်ဆံပါတယ်။

ဒီလိုနဲ့ ပြောဆိုဆက်ဆံမှု ယဉ်ကျေးပြီး အလျော့ပေးတတ်တဲ့ ချွေးမကြောင့် ယောက္ခမလည်း ပြောင်းလဲ လာပါတယ်။ တဖြည်းဖြည်း အကောင်းမြင်ပေးတတ်လာပြီး အတ္တတွေနည်းလို့ အဆင်ပြေလာကြပါတယ်။

ပတ်ဝန်းကျင်မှာလည်း ချွေးမလိမ္မာကြောင်း၊ တော်ကြောင်းကို သတင်းကောင်းများ ပြောလေ့ ရှိပါတယ်။ ဒါကြောင့်မို့ သူတို့ မိသားစုလေးဟာ အတော်လေးသာယာပြီး အဆင်ပြေစွာ နေလာခဲ့ကြပါတယ်။ ဒီတော့ အဆိပ်ခတ်မိတဲ့ ချွေးမလုပ်သူဟာ နောင်တရမိနေသတဲ့။

ဒါကြောင့် ချွေးမဖြစ်သူဟာ သူ့အဖေထံ ပြန်သွားပြီး လက်ရှိ ခတ်ထားတဲ့ အဆိပ်ကို ပြေအောင်လုပ်နိုင်တဲ့ ဆေးပြန်ပေးပါလို့ တောင်းဆိုတော့တာပေါ့။ ဒါနဲ့ အဖေက ပြန်ဖြေပါတယ်။

” ငါ့သမီးကို ပေးလိုက်တာ အဆိပ်မဟုတ်ပါဘူး။ နေ့စဉ် ကျန်းမာစေဖို့ အားဆေးပါဝင်တဲ့ ဗီတာမင် ဆေးတွေပါ။ သမီးရဲ့ စိတ်ထဲမှာ ယောက္ခမ အပေါ်မှာ ကိန်းအောင်းနေတဲ့ ” အာဃာတ “ဆိုတဲ့ အဆိပ်ကိုသာ အဖေ ဖယ်ရှားပေးလိုက်တာပါ ” တဲ့ ။

လောကကြီးမှာ လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ဟိုလူမကောင်းဘူး၊ ဒီလူ မကောင်းဘူးလို့ ပြောနေမယ့် အစား.. အရင်ဆုံး ကိုယ့်ကိုယ်ကို ကောင်းအောင် အရင်ပြောင်းလဲ ကြည့်လိုက်ပါလို့ တိုက်တွန်းရင်း..

တဆင့်ပြန်လည် မျှဝေပေးလိုက်ပါရစေ။

crd

for zawgyi

မုန္းေနတဲ့သူကို အၾကင္နာအဆိပ္ခတ္ပါ

တစ္ခါတုန္းက အမ်ိဳးသမီးတစ္ဦးဟာ အိမ္ေထာင္က်ၿပီးေတာ့ အမ်ိဳးသားရဲ႕ အိမ္မွာေနရပါတယ္။ ဒီေတာ့ ေယာကၡမနဲ႔ ေန႔တိုင္း ေျပာဆိုဆက္ဆံရတဲ့အခါ ဘယ္လိုမွ မတည့္ဘူးတဲ့။ စကားမ်ားရတာေတြ၊ ရန္ျဖစ္ရတာေတြ ခဏခဏ ျဖစ္ၿပီး စိတ္လည္း အင္မတန္ ညစ္ေနရတာေပါ့ ။

ယဥ္ေက်းမႈ အရလည္းျဖစ္၊ ဘာသာေရးအရလည္းျဖစ္ေတာ့ ေယာကၡမကို ၾကည့္မရေပမဲ့လည္း ထမင္းခူးေပးရတယ္။ ၿပီးေတာ့ အစခပ္သိမ္း ျပင္ဆင္ေပးရတယ္ေပါ့။

တစ္ေန႔ေတာ့ ဒီဒဏ္ေတြကို မခံႏိုင္လို႔ ေခြၽးမျဖစ္သူ အမ်ိဳးသမီးက သူမရဲ႕ အေဖျဖစ္သူထံ သြားၿပီး အႀကံအဉာဏ္ေတာင္းတယ္။ အေဖျဖစ္သူကလည္း ေယာကၡမစားတဲ့ ထမင္းတိုင္းမွာ အဆိပ္ေဆးကို ေန႔စဥ္ နည္းနည္းစီခတ္ၿပီး ၆ လအတြင္း မသိမသာနဲ႔ ေသဆုံးသြားေအာင္ လုပ္ရန္ရေၾကာင္း နည္းလမ္းေပးလိုက္သတဲ့။

ၿပီးေတာ့ ေဆးလည္းေပးလိုက္ပါသတဲ့။ ေဆးခတ္ေနတဲ့ ၆ လအတြင္းမွာ ေယာကၡမကို ၾကည္ၾကည္ျဖဴျဖဴနဲ႔ ေျပာဆိုဆက္ဆံ ရမယ္လို႔လဲ မွာလိုက္တယ္။ ဒါမွလည္း ေသေၾကာင္းႀကံေၾကာင္းကို ဘယ္သူမွ မသိမွာ ျဖစ္ေၾကာင္းလည္း ရွင္းျပလိုက္တယ္ေလ။

ဒါေၾကာင့္ အဆိပ္ေဆးရသြားတဲ့ ေခြၽးမျဖစ္သူဟာ ေန႔တိုင္း သူ႔ေယာကၡမ စားတဲ့ ထမင္းတိုင္းမွာ အဆိပ္ကို ထည့္ပါတယ္။ ဒီေတာ့ အဆိပ္ထည့္တဲ့ ကာလ အတြင္းေတာ့ အဆင္ေျပေအာင္ ေပါင္းရမယ္ ဆိုၿပီးေတာ့ ေကာင္းမြန္စြာ ေျပာဆို ဆက္ဆံပါတယ္။

ဒီလိုနဲ႔ ေျပာဆိုဆက္ဆံမႈ ယဥ္ေက်းၿပီး အေလ်ာ့ေပးတတ္တဲ့ ေခြၽးမေၾကာင့္ ေယာကၡမလည္း ေျပာင္းလဲ လာပါတယ္။ တျဖည္းျဖည္း အေကာင္းျမင္ေပးတတ္လာၿပီး အတၱေတြနည္းလို႔ အဆင္ေျပလာၾကပါတယ္။

ပတ္ဝန္းက်င္မွာလည္း ေခြၽးမလိမၼာေၾကာင္း၊ ေတာ္ေၾကာင္းကို သတင္းေကာင္းမ်ား ေျပာေလ့ ရွိပါတယ္။ ဒါေၾကာင့္မို႔ သူတို႔ မိသားစုေလးဟာ အေတာ္ေလးသာယာၿပီး အဆင္ေျပစြာ ေနလာခဲ့ၾကပါတယ္။ ဒီေတာ့ အဆိပ္ခတ္မိတဲ့ ေခြၽးမလုပ္သူဟာ ေနာင္တရမိေနသတဲ့။

ဒါေၾကာင့္ ေခြၽးမျဖစ္သူဟာ သူ႔အေဖထံ ျပန္သြားၿပီး လက္ရွိ ခတ္ထားတဲ့ အဆိပ္ကို ေျပေအာင္လုပ္ႏိုင္တဲ့ ေဆးျပန္ေပးပါလို႔ ေတာင္းဆိုေတာ့တာေပါ့။ ဒါနဲ႔ အေဖက ျပန္ေျဖပါတယ္။

” ငါ့သမီးကို ေပးလိုက္တာ အဆိပ္မဟုတ္ပါဘူး။ ေန႔စဥ္ က်န္းမာေစဖို႔ အားေဆးပါဝင္တဲ့ ဗီတာမင္ ေဆးေတြပါ။ သမီးရဲ႕ စိတ္ထဲမွာ ေယာကၡမ အေပၚမွာ ကိန္းေအာင္းေနတဲ့ ” အာဃာတ “ဆိုတဲ့ အဆိပ္ကိုသာ အေဖ ဖယ္ရွားေပးလိုက္တာပါ ” တဲ့ ။

ေလာကႀကီးမွာ လူေတြနဲ႔ ေျပာဆိုဆက္ဆံတဲ့အခါ ဟိုလူမေကာင္းဘူး၊ ဒီလူ မေကာင္းဘူးလို႔ ေျပာေနမယ့္ အစား.. အရင္ဆုံး ကိုယ့္ကိုယ္ကို ေကာင္းေအာင္ အရင္ေျပာင္းလဲ ၾကည့္လိုက္ပါလို႔ တိုက္တြန္းရင္း..

တဆင့္ျပန္လည္ မွ်ေဝေပးလိုက္ပါရေစ။

 

Leave a Reply

Your email address will not be published. Required fields are marked *