Wed. Oct 27th, 2021

တစ်ခါက အလုပ်ရှင် တစ်ယောက်က အလုပ်သားငယ်တစ်ဦး အလိုရှိသည်ဟု ကြေညာလိုက်သည့် အခါ ယောကျာ်းလေး ၃၀ ခန့် အလုပ်လျှောက်ကြသည်။ သူက ဘောလုံးတစ်လုံးနှင့် ဘောလုံးပေါက်ရန် စက်ကွင်းတစ်ခု စီစဉ်ထားပြီး အလုပ်လျောက်လိုသူ အားလုံး တစ်ယောက်ကို ၇ ချက်ဆီ ပေါက်ပစ်စေသည်။

စက်ကွင်း အလည်ဗဟိုကို အများဆုံး ထိမှန်သူအား ရွေးချယ်ရန် ရည်ရွယ်ထားရာ မည်သူတစ်ဦး တစ်ရောက်မှ တစ်ချက်တစ်လေ မျှပင် မထိမှန်သောကြောင့် သူရွေးချယ်ရ ခက်သွားသည်။

” ကဲ.. မနက်ဖြန်ပြန်လာပြီး ပေါက်ကြအူးပေါ့ ကွာ”ဟု သူပြောပြီး လူငယ်များအား ပြန်ခိုင်းလိုက်သည်။

နောက်နေ့တွင် သည်လူစု ထဲမှ ခပ်ငယ်ငယ်ကောင်လေး တစ်ယောက်သာ ပြန်ရောက်လာသည်။ သူ့အား ပထမနေ့က အတိုင်း ဘောလုံးပေါက်ခိုင်းသည့် အခါ စက်ကွင်းအလည် ဗဟိုကို အကြိမ်ကြိမ် ထိမှန်တာ တွေ့ရသည်။

” ဟ.. တယ်ဟုတ်ပါလားကွ ” ဘယ်လို ဖြစ်သွားတာလည်း ဟု အလုပ်ရှင် က အံ့သြစွာ မေးလိုက်သည်။

ကျနော်အမေ့ကို ကူညီရမှာဆိုတော့ ဒီအလုပ်ကို သိပ်လုပ်ချင်ပါတယ်။ ဒါကြောင့် ညက ကျနော် အိမ်ဘေးအဖီထဲမှာ တစ်ညလုံး ဘောလုံးပေါက် လေ့ကျင့်ပါတယ်။ ကောင်လေးအကြောင်း သည်လောက်ဆို လုံလောက်ပါပြီ။

ဒီလို စိတ်ဓာတ်မျိူး ရှိသည့် လူငယ်တစ်ယောက်သည် အလုပ် မရမှာလည်း ပူစရာမလို ၊ရာထူးမတိုးမှာလည်း စိုးရိမ်စရာမရှိ။ သည်စိတ်ဓာတ်မျိူး ကိုသာ ဆက်လက် ထိန်းသိမ်းထားမည် ဆိုပါက မုဆိုးမမိခင်နှင့် ကြီးပြင်းခဲ့ ရသည်ဖြစ်စေ ကျောင်းပညာ အခြေခံ နည်းပါးခဲ့သည်ဖြစ်စေ ငြိုးငယ် တိမ်မြုပ်နေစရာ အကြောင်းမရှိ၊ တစ်ဖန်ရှုံးသော မူလအနေထားမှ ရုံးထွက်ကာ တစ်နေ့သောအခါ သူတစ်ပါး အံ့သြရလောက်အောင် ထူးခြားအောင်မြင်သူများ မုချဖြစ်လာမည်။

လူတစ်ရောက် ဖွံ့ဖြိုးတိုးတက်ဖို့တွင် အရေးကြီးသောအရာက.. ကိုယ်ဘာအလိုရှိသလဲ ၊ ဘာဖြစ်ချင်သလဲ ၊ အဲ့သည်အတွက် ဘာလုပ်ရမလဲ ၊ ဘယ်လိုအရည်အချင်းတွေ ရှိဖို့လိုအပ်သလဲ ဆိုတာ ရှင်းလင်းပြတ်သားစွာ သိဖို့နဲ့ လိုအပ်သမျှကို ဖြည့်ဆည်း မည်ဆိုသော “စိတ်” “ဇွဲ”ရှိဖို့ပဲ ဖြစ်တယ်။

 

for zawgyi

ေအာင္ျမင္မႈရဖို႔ ဆိုတာ

တစ္ခါက အလုပ္ရွင္တစ္ေယာက္က အလုပ္သားငယ္တစ္ဦး အလိုရွိသည္ဟု ေၾကညာလိုက္သည့္ အခါ ေယာက်ာ္းေလး ၃၀ ခန႔္ အလုပ္ေလွ်ာက္ၾကသည္။ သူက ေဘာလုံးတစ္လုံးႏွင့္ ေဘာလုံးေပါက္ရန္ စက္ကြင္းတစ္ခု စီစဥ္ထားၿပီး အလုပ္ေလ်ာက္လိုသူ အားလုံး တစ္ေယာက္ကို ၇ ခ်က္ဆီ ေပါက္ပစ္ေစသည္။ စက္ကြင္း အလည္ဗဟိုကို အမ်ားဆုံး ထိမွန္သူအား ေ႐ြးခ်ယ္ရန္ ရည္႐ြယ္ထားရာ မည္သူတစ္ဦး တစ္ေရာက္မွ တစ္ခ်က္တစ္ေလ မွ်ပင္ မထိမွန္ေသာေၾကာင့္ သူေ႐ြးခ်ယ္ရ ခက္သြားသည္။

” ကဲ.. မနက္ျဖန္ျပန္လာၿပီး ေပါက္ၾကအူးေပါ့ ကြာ”ဟု သူေျပာၿပီး လူငယ္မ်ားအား ျပန္ခိုင္းလိုက္သည္။ ေနာက္ေန႔တြင္ သည္လူစု ထဲမွ ခပ္ငယ္ငယ္ေကာင္ေလးတစ္ေယာက္သာ ျပန္ေရာက္လာသည္။ သူ႔အား ပထမေန႔က အတိုင္း ေဘာလုံးေပါက္ခိုင္းသည့္ အခါ စက္ကြင္းအလည္ ဗဟိုကို အႀကိမ္ႀကိမ္ ထိမွန္တာ ေတြ႕ရသည္။

” ဟ.. တယ္ဟုတ္ပါလားကြ ” ဘယ္လို ျဖစ္သြားတာလည္း ဟု အလုပ္ရွင္ က အံ့ၾသစြာ ေမးလိုက္သည္။

က်ေနာ္အေမ့ကို ကူညီရမွာဆိုေတာ့ ဒီအလုပ္ကို သိပ္လုပ္ခ်င္ပါတယ္။ ဒါေၾကာင့္ ညက က်ေနာ္ အိမ္ေဘးအဖီထဲမွာ တစ္ညလုံး ေဘာလုံးေပါက္ ေလ့က်င့္ပါတယ္။ ေကာင္ေလးအေၾကာင္း သည္ေလာက္ဆို လုံေလာက္ပါၿပီ။

ဒီလို စိတ္ဓာတ္မ်ိဴး ရွိသည့္ လူငယ္တစ္ေယာက္သည္ အလုပ္မရမွာလည္း ပူစရာမလို ၊ရာထူးမတိုးမွာလည္း စိုးရိမ္စရာမရွိ။ သည္စိတ္ဓာတ္မ်ိဴး

ကိုသာ ဆက္လက္ ထိန္းသိမ္းထားမည္ ဆိုပါက မုဆိုးမမိခင္ႏွင့္ ႀကီးျပင္းခဲ့ ရသည္ျဖစ္ေစ ေက်ာင္းပညာ အေျခခံ နည္းပါးခဲ့သည္ျဖစ္ေစ ၿငိဳးငယ္ တိမ္ျမဳပ္ေနစရာ အေၾကာင္းမရွိ၊ တစ္ဖန္ရႈံးေသာ မူလအေနထားမွ ႐ုံးထြက္ကာ တစ္ေန႔ေသာအခါ သူတစ္ပါး အံ့ၾသရေလာက္ေအာင္ ထူးျခားေအာင္ျမင္သူမ်ား မုခ်ျဖစ္လာမည္။

လူတစ္ေရာက္ ဖြံ႕ၿဖိဳးတိုးတက္ဖို႔တြင္ အေရးႀကီးေသာအရာက.. ကိုယ္ဘာအလိုရွိသလဲ ၊ ဘာျဖစ္ခ်င္သလဲ ၊ အဲ့သည္အတြက္ ဘာလုပ္ရမလဲ ၊ ဘယ္လိုအရည္အခ်င္းေတြ ရွိဖို႔လိုအပ္သလဲ ဆိုတာ ရွင္းလင္းျပတ္သားစြာ သိဖို႔နဲ႔ လိုအပ္သမွ်ကို ျဖည့္ဆည္း မည္ဆိုေသာ “စိတ္” “ဇြဲ”ရွိဖို႔ပဲ ျဖစ္တယ္။

 

Leave a Reply

Your email address will not be published. Required fields are marked *