One Daily News

နေ့စဉ်ဘဝမှာ မှားယွင်းလက်ခံထားမိသော အချက်(၁၀)ချက်အတွက် ဆရာဝန်များ၏ အကြံပြုချက်

နေ့စဉ်ဘဝမှာ မှားယွင်းလက်ခံထားမိသော အချက်(၁၀)ချက်အတွက် ဆရာဝန်များ၏ အကြံပြုချက်

နှာခေါင်းသွေးလျှံလျှင်ခေါင်းမော့ထားခြင်း ၊ မြွေကိုက်ဒဏ်ရာမှ အဆိပ်ကိုပါးစပ်ဖြင့်စုပ်ထုတ်ခြင်း ၊ အစာစားပြီးပြီးချင်း သွားတိုက်ခြင်း စသည့် အရာများကို ကျွန်ုပ်တို့အား မှန်သည်မှားသည် မေးခွန်းထုတ်ခြင်းအလျဉ်းမရှိဘဲ တစ်သက်လုံးပြုမူနေကြပါတယ်။သို့သော် တချို့အရာများဟာ ကျွန်ုပ်တို့ ထင်နေသည်များနှင့် မတူပဲလွှဲမှားနေကြပါတယ်။

ဒီဆောင်းပါးကို ဖတ်ပြီးချိန်မှာတော့ အဆိုပါ ရိုးရာဓလေ့များအပေါ် သင်မေးခွန်းထုတ်စရာများ ရှိလာမှာဖြစ်ပါတယ်။

(၁) ကလေးအစားအစာများကို မမှုတ်ပေးပါနဲ့

ရှောင်ကြဉ်ရန်။ ။ကလေးများကို အစာကျွေးသည့်အခါ မှုတ်ပေးခြင်းဟာ မျက်စိဖြင့်မမြင်နိုင်သော ဘတ်တီးရီးယား ပိုးမွှားများဟာ အစားအစာမှတဆင့် ကူးစက်စေနိုင်ပါတယ်။
လိုက်နာရန် ။ ။ အစားအသောက် ၊ အချိုရည် ၊ သွားပွတ်တံ မည်သည့်အရာကိုမှ ကလေးငယ်များနှင့် မျှဝေမသုံးစွဲသင့်ပါဘူး။ အစားအစာများအေးစေလို့လျှင် အချိန်ခဏခန့်စောင့်ဆိုင်းနိုင်ပါတယ်။။

(၂) နှာခေါင်းသွေးလျှံချိန် ခေါင်းမမော့ထားရပါ

ရှောင်ကြဉ်ရန် ။ ။ ဦးခေါင်းမော့ထားခြင်းဖြင့်လည်ချောင်း၌ သွေးခဲပြီး အသက်ရှုကျပ်စေနိုင်ပါတယ်။
လိုက်နာရန် ။ ။ နှာခေါင်းရိုး‌ ပေါ်ကိုလက်ချောင်းများဖြင့်ဖိပါ ။ ဦး ခေါင်းကိုဖြောင့်ဖြောင့်ထားကာထိုင် ပြီးမေးစေ့ကိုကြမ်းပြင်နဲ့အပြိုင်ထားရပါမယ်။

(၃) မူးမေ့လဲသော လူနာကို ဆွဲမထူမတ်ရပါ

ရှောင်ကြဉ်ရန် ။ ။ လူအများစု မူးမေ့လဲစေတဲ့အကြောင်းအရင်းဟာ ရုတ်တရက်သွေး‌ပေါင်ချိန်ကျသွားပြီး ဦး နှောက်ကိုသွေးမရောက်တာ ကြောင့် ဖြစ်ပါတယ်။ ထိုလူကို ဆွဲမတ်ထူပါက သွေးမရောက်ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။
လိုက်နာရန် ။ ။ ထိုအခါမျိုးတွင် ဦး ခေါင်းသည်သူတို့၏ ရင်ဘတ်ထက်နိမ့်နေရန် အရေးကြီးပါတယ် ။ ၎င်းအနေအထားမှာ မိနစ်အတော်ကြာနေသင့်ပြီးမှ ပြန်မထခင်မှာကောင်းတယ်လို့ ခံစားရတယ်ဆိုတာသေချာမှ ထခွင့်ပြုရပါမယ်။

(၄) မြွေဆိပ်ကို ပါးစပ်ဖြင့်မစုပ်ထုတ်ရပါ။

 

ရှောင်ကြဉ်ရန် ။ ။ ယနေ့ခေတ်မှာ မြွေဆိပ်ဖြေဆေးများ များစွာတိုးတတ်နေတာကြောင့် မြွေကိုက်ဒဏ်ရာကြောင့် သေဆုံးရခြင်းများ ရှားပါးလာပြီး သေဆုံးနှုန်း (၀.၀၅) ရာခိုင်နှုန်းခန့်သာ ရှိပါတော့တယ်။မြွေဆိပ်ကိုစုပ်ထုတ်ခြင်းဟာ လူနာအတွက် ကောင်းကျိုးတစ်စုံတစ်ရာ မရှိစေပါဘူး။
လိုက်နာရန် ။ ။ အဆိပ်များ ခန္ဓာကိုယ်တွင်း မပျံ့နှံ့စေရန် လူနာကို လဲလှောင်းလျက်သာ ထားရမည်ဖြစ်ပြီး နီးစပ်ရာ ဆေးရုံသို့အမြန်ဆုံး ပို့ဆောင်ရပါမယ်။

(၅) အစားစားပြီးပြီးချင်း သွားမတိုက်ပါနဲ့

 

‌ဆိုးကျိုးများ ။ ။ သွားများကို ကာကွယ်ပေးသော အပေါ်ယံကြွေလွှာများကို ပျက်စီးစေပါတယ်။
လိုက်နာရန် ။ ။ မနက်စာမစားခင် တစ်ကြိမ်သွားတိုက်နိုင်ပြီး အစားစားပြီးချိန်တိုက်လိုပါက ရေတစ်ခွက်အဝသောက်ပြီးနောက် မိနစ်(၄၀) ခန့်ခြားပြီးမှ သွားတိုက်သင့်ပါတယ်။

(၆) အသက်ရှုကြပ်နေသည့်လူနာအား မတ်မတ်ထိုင်ပြီး ကျောမပုတ်ပေးရပါ

 

ဆိုးကျိုးများ ။ ။ မတ်မတ်ထိုင်လျက်ဖြင့် ကျောပုတ်ပေးခြင်းကြောင့် နင်နေသော အရာဝတ္ထုတစ်ခုခု ရှိပါကအတွင်းဘက်သို့ ပိုမိုဝင်‌သွားစေနိူင်ပါတယ်။
လိုက်နာရန် ။ ။ ခန္ဓာကိုယ်ကိုရှေ့သို့ ဦး ညွှတ် စေပြီးမှ ချောင်းဆိုးခိုင်းပါ။မသက်သာပါက ပုခုံးလက်ပျဥ်ရိုးများကြားတွင် နောက်ကျောကိုအကြိမ်ကြိမ်ရိုက် ပေးပါ ။ သို့သော် ခန္ဓာကိုယ်အား ရှေ့သို့ယိမ်းနေ‌စေရပါမယ်။

(၇) ဒဏ်ရာများပေါ်သို့ ရေခဲဖြင့်တိုက်ရိုက်မထိတွေ့ပါစေနဲ့

ဆိုးကျိုးများ ။ ။ အရေပြားဟာ အလွန်နူးညံ့သောကြောင့် ဤသို့ပြုလျှင်သွေးစီးဆင်းမှုကိုလျော့နည်းစေပြီး အနာကျက်ခြင်းကိုနှေးစေပါတယ်။
လိုက်နာရန် ။ ။ ရေခဲကိုပုဝါ (သို့) အခြားအ ၀ တ်တစ်ခုခု ပေါ်မှ ဒဏ်ရာရသောနေရာကိုရေခဲကပ်ပါ ။ သို့သော်ရေခဲကို ၁၀ မိနစ်ထက်ပိုမထားသင့်ပါဘူး။

(၈) အပူလောင်ဒဏ်ရာကို ထောပတ် (သို့) ရေခဲဖြင်ကပ်ခြင်း

 

ဆိုးကျိုး ။ ။ အပူလောင်ခြင်းကိုကုသခြင်းနှင့် ပတ်သက်၍ ထိုဓလေ့များက သင့်ကိုကူညီနိုင်လိမ့်မည်မဟုတ်ပါဘူး။ အပူလောင်ခြင်းဟာ သင်၏အရေပြားထဲသို့ နက်ရှိုင်းစွာထိခိုက်သွားတာကြောင့် နောက်ထပ်အရေပြားနှင့်တစ်ရှူးများ မပျက်စီးစေရန် သာမန်ရေဖြင့်သာ ဆေးကြောပါ။
လိုက်နာရန် ။ ။ အပူလောင်ဒဏ်ရာကို သာမန်ရေအေးအောက်တွင်သာ မိနစ် ၂၀ ခန့်ထားရန်အကြံပြုလိုပါတယ်။

(၉) နှင်းလောင်ခြင်းကို မပွတ်တိုက်ပါနဲ့

ရှောင်ကြဉ်ရန် ။ ။ ပွတ်တိုက်ခြင်း ၊ နှိပ်နယ်ခြင်း နှင့် ပူလောင်စေနိုင်သော တိုက်ရိုက်အပူဖြင့် ထိတွေ့ခြင်းတိုကို ရှောင်ကြဉ်ရပါမယ်။
လိုက်နာရန် ။ ။ အအေးလွန်ပြီး နှင်းလောင်နေသောနေရာများကို မပူလောင်သော ရေနွေး ( သို့ ) နွေးထွေးသောအရည်များသောက်ခြင်းဖြင့် ဂရုတစိုက်ပြန်လည်နွေးထွေးစေရပါမယ် ။ အအေးထဲသို့ပြန်သွားလိုလျှင် ၎င်းတို့ကိုဖုံးအုပ်ပြီးသေချာကာကွယ်ပါ ။ အခြေအနေဆိုးလာပါက ဆေးကုသမှုခံယူသင့်ပါတယ်။

(၁၀) ပလတ်စတစ်ဘူးများကို ရေပြန်ဖြည့်၍ အသုံးပြုခြင်း မလုပ်သင့်ပါ။

 

ဆိုးကျိုးများ ။ ။BPA ဟုခေါ်သောပလတ်စတစ်တွင်ပါ ၀ င်သော ဓာတုပစ္စည်းတစ်မျိုးဟာ ရေထဲသို့ယိုစိမ့်သွားပြီးအန္တရာယ်ရှိသောဘက်တီးရီးယားများပေါက်ဖွားစေပါတယ်။ ဒီဘက်တီးရီးယားများဟာ ကင်ဆာဖြစ်စေနိုင်ပါတယ်။
လိုက်နာရန် ။ ။ တစ်ခါ သုံး ရေဘူးများ (သို့) ပြန်လည်အသုံးပြုနိုင်သောရေပုလင်းများကိုသာ ၀ယ်ယူအသုံးပြုပါ။

သင့် ဘဝမှာလည်း နည်းမှန်လမ်းမှန်ကိုမသိခင်အထိ လုပ်မိလာခဲ့အယူအဆအမှားအချို့ရှိရင်လည်း အားလုံးနဲ့အတူ ပြုပြင်နိုင်အောင် ဝေမျှရေးသားပေးခဲ့နိုင်ပါတယ်။

Rft Brightside

Written One Daily Media

 

 

Leave a Comment