Knowledge

ဘယ်သန်လက်ပိုင်ရှင်တွေဟာ သူများထက်ပိုထူးခြားသူတွေဖြစ်ကြောင်း လေ့လာမှုအတည်ပြု

ကိုယ့်ပတ်ဝန်းကျင်မှာ ညာသန်မဟုတ်ဘဲ ဘယ်လက်ကိုထူးထူးခြားခြားအာသန်သူတွေ တွေ့ဖူးပါလိမ့်မယ်။ ဘယ်သန်လက်ပိုင်ရှင်တွေနဲ့ပတ်သက်လို့ သုတေသနတွေအများကြီးလုပ်ခဲ့ဖူးတဲ့အတွက် ဘယ်နဲ့ညာမှာကွာခြားချက်ရှိတာကိုအတည်ပြုခဲ့ပေမဲ့ ပိုထူးခြားတာကို ဒီတခေါက်မှာအတည်ပြုနိုင်ခဲ့ပါတယ်။

အဲဒီအချက်က ဘယ်လက်ပိုင်ရှင်တွေဟာ ကမ္ဘာ့အထူးခြားဆုံးနဲ့ ဖန်တီးမှုအားကောင်းတဲ့လူနည်းစုထဲမှာ အမြဲရှိနေနိုင်တဲ့အချက်ဖြစ်ပါတယ်။ ၂၀၁၉မှာ လေ့လာမှုတခုက ကမ္ဘာ့လူဦးရေရဲ့ ၁၀ရာခိုင်နှုန်းကပဲဘယ်သန်ရှိနိုင်ပါတယ်။ အဲဒီအချက်အရ ဘယ်သန်တာဟာ ဦးနှောက်ကိုဆက်စပ်သွားပါတယ်။

Photo Credit

ဘယ်သန်တွေဟာ အတွေးအာရုံစိုက်တာ၊ ရည်မှန်းချက်အကောင်ထည်ဖော်တာစတဲ့ ဦးနှောက်ကလုပ်ဆောင်တဲ့လုပ်ငန်းတွေမှာ ညာသန်တွေထက်ပိုကိုအားသာပါတယ်။ နားလည်နိုင်စွမ်းမြင့်ပြီး၊ အရေးကြီးလုပ်ငန်းတွေကိုလုပ်ဆောင့်မယ့်အချိန်မှာ ဦးနှောက်ကပိုစွမ်းဆောင်နိုင်ပါတယ်။

Photo Credit

လီယိုနာဒိုဒါဗင်ချီ၊ ဘီလ်ဂိတ်တို့လို ဘယ်သန်တွေဟာ အကောင်းဆုံးဉပမာဖြစ်ပြီး၊ သမိုင်းတလျှောက်မှာ အရေးပါတဲ့ပြောင်းလဲမှုတွေကို ဘယ်သန်တွေကလုပ်နိုင်ထားပါတယ်။ ဘယ်သန်အနုပညာရှင်တွေက ညာသန်တွေထက် ဖန်တီးမှုပိုအားကောင်းတာကိုလည်း တွေ့ရပါတယ်။

Photo Credit

ဒီထပ်ပိုကောင်းတဲ့အချက်က ပြဿနာတွေကိုဖြေရှင်းဖို့ ခက်ခဲနေရင် ဘယ်သန်တွေဟာ ညာသန်တွေထက်ပိုကောင်းတာကိုလည်း အံ့အားသင့်ဖွယ်တွေ့ရပြန်ပါတယ်။ ဘဝအတွက် အကောင်းဆုံးအလုပ်အကိုင်တွေက နည်းပညာ၊ အနုပညာနဲ့ဆက်စပ်တဲ့လုပ်ငန်းတွေလို့ သုတေသနကဆိုပါတယ်။

Photo Credit

ဖက်ဒါရာလို ဘယ်သန်အားကစားသမားတွေနဲ့ ဘယ်လက်သန်အားကစားသမားတွေရှိနေတာကလည်း အားကစားဖက်ကိုစဉ်းစားရင်လည်း ဖြစ်နိုင်ပြန်ပါတယ်။ တခုရှိတာက ဦးနှောက်စွမ်းဆောင်ရည်ကပိုမြင့်သွားတာဖြစ်တဲ့အတွက် ဘယ်သန်ဖြစ်တိုင်းအောင်မြင်မယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ ဒီလေ့လာမှုကို IFL Science ဆိုတဲ့ ဝက်ဘ်ဆိုက်ကပြုစုပေးခဲ့တာဖြစ်ပါတယ်။

Ref: IFL Science

Leave a Comment